တနေ့တာ..

ပစ်ပစ် တဂ်စာ ကျွှေးလာတော့ စားရချီသေးတာပ။ ၂၀၁၂ ရဲ့ ပထမဆုံး တဂ်ပို့စ်လေးပါ။

အိပ်ယာကနိုးနိုးချင်းအရင်ဆုံးဘာလုပ်သလဲ...
မနက် ၇ နာရီ နိုးစက်နိုးတာနဲ့ဖုန်းနဲ့ပရိတ်တရားဖွင့်၊ ကွန်ပျူတာ ဖွင့်တယ်..ပြီးရင် မျက်နှာသစ်၊ သွားတိုက်..ရေနွေးအိုးတည်..ဘုရားသောက်တော်ရေကပ်၊ သစ်သီးကပ်ပြီး ၁၀ မိနစ်လောက် တရားထိုင်နိုင်အောင် ကြိုးစားနေပါတယ်..

မနက်စာကို  ဘယ်လိုအစားအစာ  စားရတာကြိုက်ပါသလဲ...
ကော်ဖီနဲ့ မြန်မာမုန့်(ကောက်ညှင်းပေါင်း၊ ဘိန်းမုန့်၊ မုန့်ဖက်ထုပ်၊ မုန့်ဟင်းခါး) စားရတာ ကြိုက်တယ်..မေ ရှိရင်တော့ သားတို့၊ သမီးတို့ ဘာစားမလဲ မေးရင် အိပ်ယာထဲကနေ မျက်စိမဖွင့် စားချင်တာကို မှာလိုက်ကြတယ်..မေ မရှိရင် မောင်နှမတွေ နင်သွားဝယ်၊ ငါသွားဝယ် ကပ်သတ်နေကြတာနဲ့ တခါတလေ မုန့်ငတ်တယ်..

မကြီးလက်ရာ ကောင်းခြင်းပေါင်း
.လောလောဆယ်နေ့တိုင်းစားဖြစ်နေတဲ့   မနက်စာ...
 Argio ကို သွား မနက်စာစားဖို့တောင် ဘီးစီးနေလို့ ဘီစကစ်၊ ပန်းသီးကိုက်ရင်း ရေနွှေးကြမ်းလေးနဲ့ မျောချနေရပါတယ့် အဖြစ်..

နေ့လည်စာကို   ဘယ်လိုနေရာမျိုးမှာစားရတာကြိုက်ပါသလဲ...
ဘယ်နေရာပဲဖြစ်ဖြစ် မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ သိုက်သိုက်ဝန်းဝန်း စားရတာ ကြိုက်တယ်..

အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ...
ချဉ်ပေါင်ကြော်..မစားရတာ ၁နှစ် ရှိတော့မယ်.. မြန်မာဟင်းဆို ဘာဖြစ်ဖြစ် ပြီးရော..

အလုပ်မှာကော်ဖီ  ဘယ်နှစ်ခွက်  သောက်ပါသလဲ...
မနက် တခွက်..နေ့လည် အိပ်ငိုက်ရင် နောက်ထပ် တခွက်..

ညနေစာကို ဘယ်မှာစားတတ်ပါလဲ...
အရင်တုန်းကတော့ အိမ်မှာ မိသားစုဝင်တွေစုံစုံညီညီနဲ့ စကားတွေ လုပြောရင်း စားတတ်တယ်.ခုတော့..အခန်းထဲမှာ နေ့လည် Argio က သယ်လာတဲ့ အရွက်တွေ ထည့်ပြီး ခေါက်ဆွဲပြုတ်ကို ကွန်ပျူတာကြည့်ရင်း စားတယ်..

ညနေစာစားရင်းနဲ့  အများဆုံးစဉ်းစားဖြစ်တတ်တဲ့  အကြောင်းအရာ...
ဖေ၊ မေ၊ မကြီး ချက်ကျွှေးတဲ့ ဟင်းတွေကို သတိရမိတာ..

အလုပ်ဆင်းတဲ့အချိန်မှာခံစားချက်...
မပြီးသေးတဲ့၊ အရေးကြီးတဲ့ အလုပ်တွေကို မနက်ဖြန် လုပ်မယ်လို့ တေးလိုက်တယ်..

အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ...
အိမ်အဝကနေ ဗိုက်ဆာလိုက်တာဗျို့လို့ အော်ပြီး မီးဖိုချောင်ထဲ တန်းဝင်သွားတယ်..:P..ခုတော့ အခန်းပြန်ရောက်ရောက်ခြင်း ကွန်ပျူတာ တန်းဖွင့်တာ..

ဒုတိယလုပ်မိတာလေး...
မြန်မာဆိုလို့ တယောက်တည်းရှိတဲ့ နေရာမှာ ကွန်ပျူတာ၊ ဘလော့သာ စန်းထွန်းရဲ့ သူငယ်ချင်း၊ မိတ်ဆွေပါ..အင်တာနက်ကွန်နက်ရှင်း ဒေါင်းရင်ဖြင့် ဘာလုပ်ရမှန်းမသိ ယောင်ချာချာ..

ညမအိပ်ခင်ကော်ဖီသောက်တတ်ပါသလား...
မသောက်တတ်ပါ..ကော်ဖီပြင်းရင် ရင်တုန်တတ်လို့ ညဖက်ကိုတော့ ဝှောင်ဝှောင်ရှေးတယ်..ဒီရောက်မှ တပတ်တခါပဲ ကော်ဖီသောက်ဖြစ်တယ်..ကော်ဖီပြတ်ရော..အဲ ရေနွှေးကြမ်းတော့ အမြဲသောက်တယ်..ရေအေးတောင် သောက်လို့မရ..
ရေနွှေးကြမ်းဂျိုးတက်နေလို့ ဝါကျင်ကျင်ဖြစ်နေတဲ့ ဖန်ခွက်ကို ကြည့်ပြီး ဆူနမ်က dirty. clean the glass ဆိုလို့ ရေနွှေးကြမ်းကြိုက်တဲ့ မိုင်းနဲ့ စန်းထွန်း ရယ်လိုက်ရတာ..ဆေးတုန်း ခဏဖြူပြီး ပြန်ဝါကျင်သွားတာကို ရေနွေးကြမ်း မသောက်တဲ့ ဆူနမ်က ညစ်ပတ်တယ် ထင်နေတာ..

ညအိပ်ယာထဲဝင်ဝင်ခြင်းအချိန်ဘာအရင်ဆုံးလုပ်ပါသလဲ...
ပုဆိန်ဦးချ ဘုရားကန်တော့ပြီး အိပ်တော့တာပဲ..မနက် ၁ နာရီခွဲ စာကြည့်ပြီးချိန်ဆို မျက်လုံးစင်းပြီး အိပ်ချင်နေပြီ..

အိပ်မပျော်တဲ့ညတွေမှာ  ဘာလုပ်သလဲ...
ပရိတ်တရားဖွင့် နာလိုက်တယ်..

တအားစိတ်ဓါတ်ကျလာတဲ့အခါမျိုး     စိတ်အားငယ်တဲ့အခါမျိုးတွေမှာ  ဘာလုပ်တတ်သလဲ...
ခြေထောက်တွေ နာတဲ့ အထိ လမ်းလျှောက်တယ်..ငိုတယ်..

အပြင်သွားတဲ့အခါ  အမြဲတမ်းသတိထားပြီးယူတတ်တဲ့ပစ္စည်း...
ကျောင်းသားကဒ်၊ သော့ ၊ ဖုန်း ၊ ပိုက်ဆံအိတ်.










မိသားစုဝင်တွေထဲမှာ   အချစ်ရဆုံးသောလူ...
ဖေ၊ မေ၊ မကြီး ၊ မောင်မောင်..
















သူစိမ်းတွေအထဲမှာ   မိမိအယုံကြည်ရဆုံးသူ...
ကိုယ့်ရဲ့သူငယ်ချင်းကောင်းတွေ..

အလုပ်ထဲမှာကိုယ်အခင်ဆုံးသူ...
ရုံးကလူတွေအကုန်လုံး ခင်ဖို့ ကောင်းတယ်..အခင်ဆုံးကတာ့ မလေးတရုတ်မ ထိန်ထိန်နဲ့ချစ်စရာကောင်းတဲ့ သမီးလေး Sophie Wynn ရဲ့ မေမေ မယမုံနာ..


















ကိုယ်မှာရှိတဲ့ပစ္စည်းတွေထဲကအကြိုက်ဆုံးပစ္စည်းလေးတခု..
လိုချင်တာက Canon EOS 550..ဝယ်နိုင်တာက Canon IXUS 300..ပိုက်ဆံရှိရင် ကင်မရာ အကြီးကြီး ဝယ်မယ်လို့ အမြဲကြုံးဝါးပေမဲ့ ပိုက်ဆံကလည်း အမြဲမရှိလေတော့  ကင်မရာအကြီးကြီးနဲ့ရွှေပြည်တော် မျှော်တိုင်းဝေး..
Emporio Armani ဖုန်းကိုတော့ လူတိုင်းဆီမှာ မတွေ့မိလို့ အကြိုက်ဆုံး..
နောက်တခုက ကိုယ့်ဘလော့ဂ်...ပင်ပန်းလွန်းတဲ့ နေ့ရက်တွေ၊ မြန်မာစကားငတ်တဲ့ အချိန်မှာ ဘလော့ဂ်လေးရယ်၊ မအားတဲ့ကြားထဲက အချိန်ပေး လာလည်သူတွေကြောင့်သာ ရှေ့ဆက်ဖို့ အားတင်းရင်း..



လက်ဆောင်ရထားတဲ့အထဲကအကြိုက်ဆုံးပစ္စည်းလေးတခု...
တကူးတက စဉ်းစားပြီးမှပေးတဲ့ လက်ဆောင်မို့လို့ အကုန်ကြိုက်တယ်..

ကိုယ့်ပတ်သက်ဖူးတဲ့သူတွေထဲမှာကိုယ့်ကို   နားလည်ခွင့်လွှတ်ပေးနိုင်ဆုံးသူ...
ဖေ၊ မေ..

အခုလောလောဆယ်အဖြစ်ချင်ဆုံးဆန္ဒ...
စာမေးပွဲ လွတ်လွတ်ကျွှတ်ကျွှတ်အောင်ပြီး အလုပ်မြန်မြန် ရချင်ပါတယ်..


ပျော်ရွှင်ဖွယ် တနေ့တာ ပိုင်ဆိုင်ကြပါစေ။

စန်းထွန်း
ဇန်နဝါရီ ၇၊ ၂၀၁၂။

34 comments:

ေမဓာ၀ီ said...

စန္းထြန္းေလးက လိမၼာလိုက္တာ။ မနက္ႏိုးႏိုးခ်င္း ပရိတ္ဖြင့္တယ္တဲ့။ အမဆို ကြန္ပ်ဴတာဖြင့္မိတာ။ :))
လိမၼာတဲ့ ညီမေလး စာေမးပြဲ လြတ္လြတ္ကၽြတ္ကၽြတ္ေအာင္ၿပီး အလုပ္ေကာင္းေကာင္း ရပါေစ လို႔ ဆုေတာင္းပါတယ္။

San San Htun said...

ဖုန္းနဲ ့ပရိတ္တရားဖြင့္ၿပီး ကိုယ္ကေတာ့ restroom သြားေနတာ..နတ္ေတြ နာေပါ့..:P

ညီလင္းသစ္ said...

ခ်ဥ္ေပါင္ေၾကာ္ တမ္းတသူ တစ္ေယာက္လည္း ေတြ႔ျပန္ၿပီ..၊ း) ညီမရဲ႕ မိသားစု ဓါတ္ပံုေလးက ခ်စ္စရာ ေကာင္းတယ္..။

ကုိကုိေမာင္(ပန္းရနံ႔) said...

အေမးအေျဖအတုိဆုံးဆု ဆုခ်ရမယ္။ း)

San San Htun said...

ရွည္တုန္းကလည္း ရွည္လို ့.. တိုေတာ့လည္း တိုလို ့တဲ့..တဂ်ီးမင္းေနာ္.. ဟြင္း..ဟြင္း..

Iora said...

ကိုုယ္စိတ္ဓါတ္က်ရင္လူေတြနဲ ့ခဏေရွာင္တယ္။ စကားေျပာမိရင္ မ်က္ရည္က်မွာစုုိးလိုု ့။
စာေမးပဲြလြတ္လြတ္ကၽြတ္ကၽြတ္ေအာင္ျပီးအလုုပ္ေကာင္းေကာင္းအျမန္ဆံုုးရပါေစလိုု ့။
အိုုင္အိုုရာ

San San Htun said...

ဟုတ္တယ္ အိုင္အိုရာ..စကားေၿပာရင္း ငိုေတာ့တာပဲ..ေမးတဲ့သူကလည္း ဘာလုပ္လို ့ ဘာကိုင္ရမွန္း မသိ..ခဏေရွာင္တာ ေကာင္းတယ္..
တဂ်ီးမင္း အတိုဆံုးဆိုလို ့ ထပ္ထည့္လိုက္တယ္..ဘယ္ရမလဲ..ဟြင္း..ဟြင္း..ေတာ္ၾကာ အရွည္ဆံုးဆု ၿဖစ္သြားမယ္ေနာ္..:P

ညိမ္းႏိုင္ said...

အလို...ခ်ဥ္ေပါင္ေၾကာ္ တယ္ေရာင္းေကာင္းေနပါလား..:))
ဟုတ္တယ္....ဗ်....ႏိုင္ဂံဂ်ားေရာက္တဲ့ ဘယ္ျမန္မာမဆို
ခ်ဥ္ေပါင္ေၾကာ္ေလးစားခ်င္ၾကတာခ်ည္းပဲရယ္။ဒီမွာေတာ့
စန္းထြန္းသိတဲ့အတိုင္းပဲ...အကုန္ဝယ္ရေနေတာ့ေတာ္
ေသးတယ္...။အင္း..စန္းထြန္းတို႕ဆီမွာကေတာ့ လြယ္ဘူး
ထင္ရဲ႕...။စန္းထြန္းရဲ႕တစ္ေန႕တာေလးက ရိုးရိုးရွင္းရွင္းနဲ႕
သေဘာက်စရာေလး....၊အဲ...တိုလည္းတိုသြားတယ္...:P

Candy said...

တဂ္စာ လာစားတာ စန္းထြန္းေရ...

မိသားစုပုံေလးကို သေဘာက်သြားတယ္ :D :D

San San Htun said...

ဟဲဟဲ အဲဒီပံုကို အေနာ္ရိုက္ေပးထားတာဂ်.. အမွတ္ဝင္ယူလိုက္တယ္..၂၀၀၉ စက္တင္ဘာတုန္းက Golden Mile Plaza မွာ ေဖ၊ေမ၊ေမာင္ေမာင္တို ့ကို ယိုးဒယားလိုက္ေကႊ်းတာ..အၿပန္ SBS bus ေပၚမွာ..အဲဒီတုန္းက Formulat One ၿပိ ုင္ပြဲရိွေတာ့ မီးဆုိင္းေတြနဲ ့ ထိန္ထိန္လင္းေနတာ မွတ္မိေသးတယ္

မိစံ said...

စာေမးပြဲကို.လြတ္လြတ္နဲ႕ကၽြတ္ကၽြတ္ေအာင္ျပီး
လိုရာပန္းတိုင္..ျမန္ျမန္လွမ္းႏိုင္ပါေစ။
ေပ်ာ္ရႊင္ဖြယ္တစ္ေန႕တာေလးပါအစ္ကိုစန္းထြန္းေရ
(ႏႈတ္က်ိဳးေနျပီဗ်ိဳ႕..ရေတာ့၀ူး :P)

San San Htun said...

ေခၚခ်င္သလို ေခၚေအ..အစ္ကိုစန္းထြန္းၿဖစ္ၿဖစ္၊ ကိုစန္းထြန္းၿဖစ္ၿဖစ္၊ ကိုၾကီးစန္းထြန္းၿဖစ္ၿဖစ္ စန္းထြန္းက စန္းထြန္းပါပဲ..

Anonymous said...

ကဲ ကဲ ကဲ အလုပ္ျမန္ျမန္ရ အဟင္းဟင္းး .....လဲ ျမန္ျမန္ရပါေစေတာ္ း)


ဟိဟိ

ခင္တဲ႕

မဒိုးကန္

San San Htun said...

ေပးတဲ့ဆုနဲ ့ ၿမန္ၿမန္ ၿပည့္ပါေစဗ်ား..း)

စံပယ္ခ်ိဳ said...

စန္းထြန္းေရ
အခုဂ်က္တုိ႔ေနတဲ႔ေနရာမွာခ်ဥ္ေပါင္ရြက္ေတြေပါခ်က္ကေတာ႔
တစ္စည္းကုိ မေလးပုိက္ဆံ ၁က်ပ္ပဲအိမ္မွာေၾကာ္ျပီးသားေတာင္ရွိတယ္နီးရင္လာပုိ႔ေပးတယ္ လူၾကဳံရွိရင္လဲေျပာပါေျခာက္ေျခာက္ေလးေၾကာ္ျပီးပုိ႔ေပးမယ္
ေလာကြတ္လုပ္တာမဟုတ္ဘူး အတည္ေျပာတာ
ကုိယ္ခ်င္းစာတယ္ ကုိယ္လဲစားခ်င္တဲ႔ဟာဆုိရင္စားလုိက္ရမွ

ဘုိျဖဴ said...

အမစန္းထြန္း ကခ်ဥ္ေပါင္စားခ်င္ေနတာကုိး ကြ်န္ေတာ္တုိ႔ေနရာမွာေတာ႔ရပါတယ္ဗ်ာ
ကုိိယ္တုိင္မလုပ္တတ္ေတာ႔လဲ၀ယ္စားလုိ႔ရတယ္
ထုိင္းနဲ႔မေလးမွာေတာ႔ ျမန္မာစာနဲနဲတူေတာ႔အဲတာေတြရတယ္----မိသားစုပုံေလးကုိလဲစိတ္၀င္စားတယ္ေပ်ာ္စရာၾကီေနာ္

ပန္းခ်ီ said...

ခ်ဥ္ေပါင္ေၾကာ္ း( မစားရတာၾကာျပီ။
ပြင့္လင္းလိုက္တဲ့ တစ္ေန႔တာေလး..။

မအိမ္သူ said...

ေပါ့ေပါ့ပါးပါး တစ္ေန႔တာေလး ဖတ္သြားတယ္.. း)
ခမာျပည္မွာလဲ ခ်ဥ္ေပါင္မရဘူး။ ျခံထဲမွာေတာ့ အပင္ရွိတယ္။ အဲဒီကခူးစားတယ္။ မ်ဳိးရွိေနလို႔လားေတာ့မသိဘူး။ အပင္က ေသသြားလိုက္ ေနာက္နဲနဲၾကာရင္ သူ႔ဟာသူ ျပန္ေပါက္လာလိုက္နဲ႔.. ေသသြားတဲ့အခ်ိန္ဆိုရင္ေတာ့ ၂လ ၃လ မစားရဘူးေပါ့။ ေနာက္အပင္ေပါက္ေလး တစ္ပင္ ႏွစ္ပင္ ျပန္ေပါက္လာရင္ ျပန္ခူးစားလို႔ရေရာ... ကံေကာင္းတာ.. း)

San San Htun said...

ဂ်က္ဂ်က္ သိုင္းက်ဴးပါရွင္..လူၾကံ ုကလည္း ရွားတယ္..ၿမန္မာမ်ားတဲ့ ဖို ့ဝိန္းမွာေတာ့ ခ်ဥ္ေပါင္ရတယ္..စန္းထြန္းတို ့ဖက္မွာ အာရွသားနည္းေတာ့ Asianဆိုင္ေတာင္ မရိွ ..ၿမိ ု ့ၾကီးၾကီးေတြမွာမွ ရိွတယ္..စတိတ္ကလည္း အသား၊ အသီးအရြက္သယ္ဖို ့ ေတာ္ေတာ္က်ပ္တယ္..
ဘိုၿဖ ူ စလံုး၊ မေလး၊ ထိုင္းမွာေတာ့ ၿမန္မာကလည္း မ်ား၊ အစားအေသာက္ကလည္း ၿမန္မာနဲ ့တူေတာ့ အစားအေသာက္အတြက္ ဒီေလာက္ဒုကၡမေရာက္ဘူး..စတိတ္မွာေတာ့ အေမရိကန္စာေတြက ငန္ရင္ငန္၊ မငန္ရင္ခ်ိဳ..တရုတ္စာေတာင္မွ အေမရိကန္ေတြအၾကိ ုက္ ခ်ိဳရဲေနတာ..
မပန္းခ်ီ..အေနာ္က ငတ္ေနတာကိုးဂ်
မအိမ္သူ ကံေကာင္းလိုက္တာ..အပင္စိုက္ရက်ိဳး နပ္သဗ်ား

blackroze said...

စာေမးပြဲကိုလြတ္လြတ္နဲ႕ကြ်တ္ကြ်တ္ေအာင္ျပီး
အလုပ္ကိုလည္း ျမန္ျမန္နဲ႕လွစ္လွစ္ေနေအာင္
ရပါေစလို႕ ဆုေတာင္းေပးတယ္..
အထြန္းေရ...

ကိုစန္းထြန္းေခၚရေကာင္းနိုးနိုး
မစန္းထြန္းေခၚရေကာင္းနိုးနိုးနဲ႕
ေနာက္ဆံုးေတာ့သူမ်ားဘာသာဘဲနာမည္
ေပးလိုက္တယ္ " အထြန္း " လို႕
ႀကိဳက္တယ္ဟုတ္..

Angelhlaing(May everybody be happy and healthy! said...

ခ်ဥ္ေပါင္ေၾကာ္ ပရိသတ္ အင္အားလာၿဖည့္တယ္ စန္းထြန္း...:)
ၿမန္မာဆိုလို ့ တေယာက္တည္းရိွတဲ့ ေနရာမွာ ကြန္ပ်ဴတာ၊ ဘေလာ့သာ စန္းထြန္းရဲ ့ သူငယ္ခ်င္း၊ မိတ္ေဆြပါ..အင္တာနက္ကြန္နက္ရွင္း ေဒါင္းရင္ၿဖင့္ ဘာလုပ္ရမွန္းမသိ ေယာင္ခ်ာခ်ာ.. အဲဒါလည္း အတူတူပဲ ..:(

စန္းထြန္းရဲ႕ ဆႏၵေလးေတြ အၿမန္ဆံုး ၿပည့္ပါေစလို႕..

San San Htun said...

ပစ္ပစ္ ေပးတဲ့ဆု အၿမန္ဆံုး ၿပည့္ေစဗ်ား..UCSY တုန္းက သူငယ္ခ်င္းေဝ က အထြန္းလို ့ေခၚတဲ့ ေကာင္ေလးကို ၿမင္ရင္ စန္းထြန္းကို အထြန္းလို ့ ေခၚတယ္..ဟိုက လွည့္ၾကည့္ရင္ ဒီအထြန္းကို ေခၚတာဆိုၿပီး ဗရုတ္က်ခဲ့ၾကတယ္..အဲဒီနာမည္လည္း ၾကိ ုက္ပါတယ္..က်န္းက်န္းတြန္းလို ့ ေခၚေသးတယ္..ႏိုင္ငံၿခားသားေတြကေတာ့ စန္းတြန္းတဲ့..
အိန္ဂ်ယ္ေရ ခ်ဥ္ေပါင္အသင္းဖြဲ ့လို ့ရၿပီ..အားမငယ္နဲ ့ေနာ္..ဘဝတူေတြ ရိွတယ္

Nandar said...

စာေမးပြဲေတြေအာင္ျပီး အလုပ္ျမန္ျမန္ရပါေစ။

Nandar

ညယံ said...

ရည္မွန္းခ်က္ေတြ အၿမန္ဆံုးၿပည့္ပါေစေနာ္ ..
မိသားစုေတြ အၿပံဳးကိုယ္စီနဲ ့ပံုေလးၾကည့္ၿပီး အိမ္ေတာင္လြမ္းသြားဘီ ..

...အလင္းစက္မ်ား said...

သူလည္း ကင္မလာ ခေရဆီ ပါပဲလား။ :P ပစ္ပစ္တုိ ့ ရိုက္ခ်က္ ဘေလာ့ဂါ ေလာက တုန္လႈပ္ေလတယ္ကြယ္ :D

ေခ်ာ(အစိမ္းေရာင္လြင္ျပင္) said...

ဖုန္းေလးက တကယ္ကို ခ်စ္စရာေလး
လုိခ်င္လိုက္တာ..
သူမ်ားပစၥည္းလာျပီး သြားရည္က်ေနျပန္ျပီေနာ္..
စာေမးပြဲကို အေကာင္းဆံုးေျဖႏိုင္ျပီး လိုခ်င္တဲ႔အလုပ္ကို အျမန္ဆံုးရပါေစ စန္းထြန္းေရ..
အဲ ကင္မရာၾကီးၾကီးလည္း ရပါေစေနာ္.

ခ်ယ္ရီေျမ said...

ကုိစံထြန္းေရ.. ေလာေလာဆယ္အျဖစ္ခ်င္းဆံုးဆႏၵျဖစ္တဲ့ စာေမးပဲြ လြတ္လြတ္ကြ်တ္ကြ်တ္ေအာင္ၿပီး အလုပ္အျမန္ဆံုးရပါေစဟု... ဆုေတာင္းေပးပါတယ္

ခ်မ္းေျမ့ပါေစေၾကာင္း
ခ်ယ္ရိေျမ

San San Htun said...

Nandar ေပးတဲ့ဆု ၿမန္ၿမန္ၿပည့္ေစဗ်ား
ညယံ ဓာတ္ပံုထဲမွာသာ ၿပံ ုးေနတာ..အၿပင္မွာဆိုရင္ ေမာင္ေမာင္နဲ ့ စန္းထြန္းက ေတြ ့ရင္ ကိုက္ၾက..အဲေလ သတ္ၾကေရာ..:P
အလင္းစက္လို ကင္မရာလက္ေဆာင္ေပးမဲ့ အမရိွတာ တယ္နိပ္သဗ်ား..အေနာ္ကေတာ့ ကိုယ္ဘာသာဝယ္မွ..အဟင့္
မေခ်ာ ကင္မရာအၾကီးၾကီး ဝယ္ရင္ေတာင္ မေခ်ာလို စိတ္ရွည္လက္ရွည္ ၄ရက္ ေတာင္ေပၚတက္ ဓာတ္ပံုရိုက္ၿဖစ္မယ္ မထင္ဘူးဗ်..စန္းထြန္းက ငပ်င္း..
ဘုန္းဘုန္းခ်ယ္ရီ ေပးတဲ့ဆုနဲ ့ တလံုးတဝတည္း အၿမန္ဆံုး ၿပည့္ပါေစ..

မီးမီးငယ် said...

ခ်ဥ္ေပါင္ေလးေၾကာ္ထားနဲနဲက်န္ေသးတယ္။
ပို ့လိုက္မယ္ေလ။
လိပ္စာေျပာ..:P

ဟန္ၾကည္ said...

စန္းထြန္းကမွ ပရိတ္နာျဖစ္ေသးတယ္...ဦးဟန္ၾကည္ျဖင့္ ပရိတ္မနာျဖစ္တာေတာင္ၾကာေပါ့...႔ပရိတ္ႀကီး ၁၁ သုတ္လံုးကို အာဂံုေဆာင္ထားၿပီးေတာ့ ႀကီးက်ယ္ေနလို႔ေလ...ကိုယ့္ဖာသာကိုယ္ ရြတ္လို႔ရသားပဲလို႔ ေစ်းကိုင္ေနရင္းကေန ပရိတ္ႀကီးေတြလည္း အေငြ႕ပ်ံကုန္ေရာ...

ကိုင္းဗ်ာ...
စာေမးပြဲကို ပထမတန္းကေအာင္...အလုပ္ခ်က္ခ်င္းရၿပီး လူငါးေယာက္ေလာက္ထမ္းရတဲ့ ကင္မရာႀကီးေတြ ေဟာတစ္လံုး ေဟာတစ္လံုး၀ယ္ၿပီး ေပါက္ခြဲပစ္ႏိုင္တဲ့ ဘ၀မ်ဳိးကို အျမန္ေရာက္ပါေစဗ်ား...

San San Htun said...

မီးမီးငယ္ တကယ္..တကယ္ၾကီးလားဟင္င္ငင္..
ၾဆာဟန္ စန္းထြန္းက ပရိတ္ပဲ ဖြင့္တာ..နာတာက နတ္ေတြ..ကင္မရာၾကီးတလံုးပဲ ရစမ္းပါ..ေပါက္မခြဲဘူး..တရိုတေသ သိမ္းမွာ..ဦးဟန္ၾကည္ၾကီး ေပးတဲ့ဆု ၿမန္ၿမန္ၿပည့္ပါေစဗ်ား...

ေမာင္မ်ိဳး said...

အလုပ္ျမန္ျမန္ရပါေစ း)

San San Htun said...

မေဓာဝီ ...စန်းထွန်းလေးက လိမ္မာလိုက်တာ။ မနက်နိုးနိုးချင်း ပရိတ်ဖွင့်တယ်တဲ့။ အမဆို ကွန်ပျူတာဖွင့်မိတာ။ :))
လိမ္မာတဲ့ ညီမလေး စာမေးပွဲ လွတ်လွတ်ကျွတ်ကျွတ်အောင်ပြီး အလုပ်ကောင်းကောင်း ရပါစေ လို့ ဆုတောင်းပါတယ်။
San San Htun...ဖုန်းနဲ့ပရိတ်တရားဖွင့်ပြီး ကိုယ်ကတော့ restroom သွားနေတာ..နတ်တွေ နာပေါ့..:P
ညီလင်းသစ် ...ချဉ်ပေါင်ကြော် တမ်းတသူ တစ်ယောက်လည်း တွေ့ပြန်ပြီ..၊ း) ညီမရဲ့ မိသားစု ဓါတ်ပုံလေးက ချစ်စရာ ကောင်းတယ်..။
ကိုကိုမောင်(ပန်းရနံ့) ...အမေးအဖြေအတိုဆုံးဆု ဆုချရမယ်။ း)
San San Htun...ရှည်တုန်းကလည်း ရှည်လို့.. တိုတော့လည်း တိုလို့တဲ့..တဂျီးမင်းနော်.. ဟွင်း..ဟွင်း..
Iora ...ကိုယ်စိတ်ဓါတ်ကျရင်လူတွေနဲ့ခဏရှောင်တယ်။ စကားပြောမိရင် မျက်ရည်ကျမှာစိုးလို့။
စာမေးပွဲလွတ်လွတ်ကျွတ်ကျွတ်အောင်ပြီးအလုပ်ကောင်းကောင်းအမြန်ဆုံးရပါစေလို့။ အိုင်အိုရာ
San San Htun...ဟုတ်တယ် အိုင်အိုရာ..စကားပြောရင်း ငိုတော့တာပဲ..မေးတဲ့သူကလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ..ခဏရှောင်တာ ကောင်းတယ်..
တဂျီးမင်း အတိုဆုံးဆိုလို့ ထပ်ထည့်လိုက်တယ်..ဘယ်ရမလဲ..ဟွင်း..ဟွင်း..တော်ကြာ အရှည်ဆုံးဆု ဖြစ်သွားမယ်နော်..:P
ညိမ်းနိုင်...အလို...ချဉ်ပေါင်ကြော် တယ်ရောင်းကောင်းနေပါလား..:)) ဟုတ်တယ်....ဗျ....နိုင်ဂံဂျားရောက်တဲ့ ဘယ်မြန်မာမဆို ချဉ်ပေါင်ကြော်လေးစားချင်ကြတာချည်းပဲရယ်။ဒီမှာတော့
စန်းထွန်းသိတဲ့အတိုင်းပဲ...အကုန်ဝယ်ရနေတော့တော်သေးတယ်...။အင်း..စန်းထွန်းတို့ဆီမှာကတော့ လွယ်ဘူးထင်ရဲ့…။ စန်းထွန်းရဲ့တစ်နေ့တာလေးက ရိုးရိုးရှင်းရှင်းနဲ့
သဘောကျစရာလေး....၊အဲ...တိုလည်းတိုသွားတယ်...:P
Candy...တဂ်စာ လာစားတာ စန်းထွန်းရေ...မိသားစုပုံလေးကို သဘောကျသွားတယ် :D :D
San San Htun...ဟဲဟဲ အဲဒီပုံကို အနော်ရိုက်ပေးထားတာဂျ.. အမှတ်ဝင်ယူလိုက်တယ်..၂၀၀၉ စက်တင်ဘာတုန်းက Golden Mile Plaza မှာ ဖေ၊မေ၊မောင်မောင်တို့ကို ယိုးဒယားလိုက်ကွျှေးတာ..အပြန် SBS bus ပေါ်မှာ..အဲဒီတုန်းက Formulat One ပြိ ုင်ပွဲရှိတော့ မီးဆိုင်းတွေနဲ့ ထိန်ထိန်လင်းနေတာ မှတ်မိသေးတယ်
မိစံ …စာမေးပွဲကို.လွတ်လွတ်နဲ့ကျွတ်ကျွတ်အောင်ပြီး လိုရာပန်းတိုင်..မြန်မြန်လှမ်းနိုင်ပါစေ။ ပျော်ရွှင်ဖွယ်တစ်နေ့တာလေးပါအစ်ကိုစန်းထွန်းရေ (နှုတ်ကျိုးနေပြီဗျို့..ရတော့ဝူး :P)
San San Htun...ခေါ်ချင်သလို ခေါ်အေ..အစ်ကိုစန်းထွန်းဖြစ်ဖြစ်၊ ကိုစန်းထွန်းဖြစ်ဖြစ်၊ ကိုကြီးစန်းထွန်းဖြစ်ဖြစ် စန်းထွန်းက စန်းထွန်းပါပဲ..
Anonymous...ကဲ ကဲ ကဲ အလုပ်မြန်မြန်ရ အဟင်းဟင်းး .....လဲ မြန်မြန်ရပါစေတော် း) ဟိဟိ ခင်တဲ့ မဒိုးကန်
San San Htun...ပေးတဲ့ဆုနဲ့ မြန်မြန် ပြည့်ပါစေဗျား..း)
စံပယ်ချို…စန်းထွန်းရေ…အခုဂျက်တို့နေတဲ့နေရာမှာချဉ်ပေါင်ရွက်တွေပေါချက်ကတော့ တစ်စည်းကို မလေးပိုက်ဆံ ၁ကျပ်ပဲအိမ်မှာကြော်ပြီးသားတောင်ရှိတယ်နီးရင်လာပို့ပေးတယ် လူကြုံရှိရင်လဲပြောပါခြောက်ခြောက်လေးကြော်ပြီးပို့ပေးမယ် လောကွတ်လုပ်တာမဟုတ်ဘူး အတည်ပြောတာ ကိုယ်ချင်းစာတယ် ကိုယ်လဲစားချင်တဲ့ဟာဆိုရင်စားလိုက်ရမှ
ဘိုဖြူ ...အမစန်းထွန်း ကချဉ်ပေါင်စားချင်နေတာကိုး ကျွန်တော်တို့နေရာမှာတော့ရပါတယ်ဗျာ ကိုယ်တိုင်မလုပ်တတ်တော့လဲဝယ်စားလို့ရတယ် ထိုင်းနဲ့မလေးမှာတော့ မြန်မာစာနဲနဲတူတော့အဲတာတွေရတယ်——မိသားစုပုံလေးကိုလဲ စိတ်ဝင်စားတယ် ပျော်စရာကြီနော်

San San Htun said...

ပန်းချီ...ချဉ်ပေါင်ကြော် း( မစားရတာကြာပြီ။ ပွင့်လင်းလိုက်တဲ့ တစ်နေ့တာလေး..။
မအိမ်သူ...ပေါ့ပေါ့ပါးပါး တစ်နေ့တာလေး ဖတ်သွားတယ်.. း) ခမာပြည်မှာလဲ ချဉ်ပေါင်မရဘူး။ ခြံထဲမှာတော့ အပင်ရှိတယ်။ အဲဒီကခူးစားတယ်။ မျိုးရှိနေလို့လားတော့မသိဘူး။ အပင်က သေသွားလိုက် နောက်နဲနဲကြာရင် သူ့ဟာသူ ပြန်ပေါက်လာလိုက်နဲ့.. သေသွားတဲ့အချိန်ဆိုရင်တော့ ၂လ ၃လ မစားရဘူးပေါ့။ နောက်အပင်ပေါက်လေး တစ်ပင် နှစ်ပင် ပြန်ပေါက်လာရင် ပြန်ခူးစားလို့ရရော... ကံကောင်းတာ.. း)
San San Htun ...ဂျက်ဂျက် သိုင်းကျူးပါရှင်..လူကြံ ုကလည်း ရှားတယ်..မြန်မာများတဲ့ ဖို့ဝိန်းမှာတော့ ချဉ်ပေါင်ရတယ်..စန်းထွန်းတို့ဖက်မှာ အာရှသားနည်းတော့ Asianဆိုင်တောင် မရှိ ..မြိ ု့ကြီးကြီးတွေမှာမှ ရှိတယ်..စတိတ်ကလည်း အသား၊ အသီးအရွက်သယ်ဖို့ တော်တော်ကျပ်တယ်..ဘိုဖြ ူ စလုံး၊ မလေး၊ ထိုင်းမှာတော့ မြန်မာကလည်း များ၊ အစားအသောက်ကလည်း မြန်မာနဲ့တူတော့ အစားအသောက်အတွက် ဒီလောက်ဒုက္ခမရောက်ဘူး..စတိတ်မှာတော့ အမေရိကန်စာတွေက ငန်ရင်ငန်၊ မငန်ရင်ချို..တရုတ်စာတောင်မှ အမေရိကန်တွေအကြိ ုက် ချိုရဲနေတာ..မပန်းချီ..အနော်က ငတ်နေတာကိုးဂျ...မအိမ်သူ ကံကောင်းလိုက်တာ..အပင်စိုက်ရကျိုး နပ်သဗျား
blackroze …စာမေးပွဲကိုလွတ်လွတ်နဲ့ကျွတ်ကျွတ်အောင်ပြီး အလုပ်ကိုလည်း မြန်မြန်နဲ့လှစ်လှစ်နေအောင် ရပါစေလို့ ဆုတောင်းပေးတယ်..အထွန်းရေ...
ကိုစန်းထွန်းခေါ်ရကောင်းနိုးနိုး မစန်းထွန်းခေါ်ရကောင်းနိုးနိုးနဲ့ နောက်ဆုံးတော့သူများဘာသာဘဲနာမည် ပေးလိုက်တယ် " အထွန်း “ လို့ ကြိုက်တယ်ဟုတ်..
Angelhlaing...ချဉ်ပေါင်ကြော် ပရိသတ် အင်အားလာဖြည့်တယ် စန်းထွန်း...:) မြန်မာဆိုလို့ တယောက်တည်းရှိတဲ့ နေရာမှာ ကွန်ပျူတာ၊ ဘလော့သာ စန်းထွန်းရဲ့ သူငယ်ချင်း၊ မိတ်ဆွေပါ..အင်တာနက်ကွန်နက်ရှင်း ဒေါင်းရင်ဖြင့် ဘာလုပ်ရမှန်းမသိ ယောင်ချာချာ.. အဲဒါလည်း အတူတူပဲ ..:( စန်းထွန်းရဲ့ ဆန္ဒလေးတွေ အမြန်ဆုံး ပြည့်ပါစေလို့..
San San Htun ...ပစ်ပစ် ပေးတဲ့ဆု အမြန်ဆုံး ပြည့်စေဗျား..UCSY တုန်းက သူငယ်ချင်းဝေ က အထွန်းလို့ခေါ်တဲ့ ကောင်လေးကို မြင်ရင် စန်းထွန်းကို အထွန်းလို့ ခေါ်တယ်..ဟိုက လှည့်ကြည့်ရင် ဒီအထွန်းကို ခေါ်တာဆိုပြီး ဗရုတ်ကျခဲ့ကြတယ်..အဲဒီနာမည်လည်း ကြိ ုက်ပါတယ်..ကျန်းကျန်းတွန်းလို့ ခေါ်သေးတယ်..နိုင်ငံခြားသားတွေကတော့ စန်းတွန်းတဲ့..အိန်ဂျယ်ရေချဉ်ပေါင်အသင်းဖွဲ့လို့ရပြီ..အားမငယ်နဲ့နော်..ဘဝတူတွေ ရှိတယ်
Nandar...စာမေးပွဲတွေအောင်ပြီး အလုပ်မြန်မြန်ရပါစေ။ Nandar
ညယံ...ရည်မှန်းချက်တွေ အမြန်ဆုံးပြည့်ပါစေနော် ..မိသားစုတွေ အပြုံးကိုယ်စီနဲ့ပုံလေးကြည့်ပြီး အိမ်တောင်လွမ်းသွားဘီ ..
...အလင်းစက်များ...သူလည်း ကင်မလာ ခရေဆီ ပါပဲလား။ :P ပစ်ပစ်တို့ ရိုက်ချက် ဘလော့ဂါ လောက တုန်လှုပ်လေတယ်ကွယ် :D
ချော(အစိမ်းရောင်လွင်ပြင်)...ဖုန်းလေးက တကယ်ကို ချစ်စရာလေး လိုချင်လိုက်တာ.. သူများပစ္စည်းလာပြီး သွားရည်ကျနေပြန်ပြီနော်..
စာမေးပွဲကို အကောင်းဆုံးဖြေနိုင်ပြီး လိုချင်တဲ့အလုပ်ကို အမြန်ဆုံးရပါစေ စန်းထွန်းရေ..အဲ ကင်မရာကြီးကြီးလည်း ရပါစေနော်.
ချယ်ရီမြေ ...ကိုစံထွန်းရေ.. လောလောဆယ်အဖြစ်ချင်းဆုံးဆန္ဒဖြစ်တဲ့ စာမေးပွဲ လွတ်လွတ်ကျွတ်ကျွတ်အောင်ပြီး အလုပ်အမြန်ဆုံးရပါစေဟု... ဆုတောင်းပေးပါတယ်
ချမ်းမြေ့ပါစေကြောင်း ချယ်ရိမြေ
San San Htun...Nandar ပေးတဲ့ဆု မြန်မြန်ပြည့်စေဗျား...ညယံ ဓာတ်ပုံထဲမှာသာ ပြံ ုးနေတာ..အပြင်မှာဆိုရင် မောင်မောင်နဲ့ စန်းထွန်းက တွေ့ရင် ကိုက်ကြ..အဲလေ သတ်ကြရော..:P
အလင်းစက်လို ကင်မရာလက်ဆောင်ပေးမဲ့ အမရှိတာ တယ်နိပ်သဗျား..အနော်ကတော့ ကိုယ်ဘာသာဝယ်မှ..အဟင့်...မချော ကင်မရာအကြီးကြီး ဝယ်ရင်တောင် မချောလို စိတ်ရှည်လက်ရှည် ၄ရက် တောင်ပေါ်တက် ဓာတ်ပုံရိုက်ဖြစ်မယ် မထင်ဘူးဗျ..စန်းထွန်းက ငပျင်း….ဘုန်းဘုန်းချယ်ရီ ပေးတဲ့ဆုနဲ့ တလုံးတဝတည်း အမြန်ဆုံး ပြည့်ပါစေ..
မီးမီးငယ်…ချဉ်ပေါင်လေးကြော်ထားနဲနဲကျန်သေးတယ်။ ပို့လိုက်မယ်လေ လိပ်စာပြော..:P
ဟန်ကြည်...စန်းထွန်းကမှ ပရိတ်နာဖြစ်သေးတယ်...ဦးဟန်ကြည်ဖြင့် ပရိတ်မနာဖြစ်တာတောင်ကြာပေါ့...့ပရိတ်ကြီး ၁၁ သုတ်လုံးကို အာဂုံဆောင်ထားပြီးတော့ ကြီးကျယ်နေလို့လေ...ကိုယ့်ဖာသာကိုယ် ရွတ်လို့ရသားပဲလို့ ဈေးကိုင်နေရင်းကနေ ပရိတ်ကြီးတွေလည်း အငွေ့ပျံကုန်ရော...ကိုင်းဗျာ...စာမေးပွဲကို ပထမတန်းကအောင်...အလုပ်ချက်ချင်းရပြီး လူငါးယောက်လောက်ထမ်းရတဲ့ ကင်မရာကြီးတွေ ဟောတစ်လုံး ဟောတစ်လုံးဝယ်ပြီး ပေါက်ခွဲပစ်နိုင်တဲ့ ဘဝမျိုးကို အမြန်ရောက်ပါစေဗျား...
San San Htun...မီးမီးငယ် တကယ်..တကယ်ကြီးလားဟင်င်ငင်..ဆြာဟန် စန်းထွန်းက ပရိတ်ပဲ ဖွင့်တာ..နာတာက နတ်တွေ..ကင်မရာကြီးတလုံးပဲ ရစမ်းပါ..ပေါက်မခွဲဘူး..တရိုတသေ သိမ်းမှာ..ဦးဟန်ကြည်ကြီး ပေးတဲ့ဆု မြန်မြန်ပြည့်ပါစေဗျား...
မောင်မျိုး...အလုပ်မြန်မြန်ရပါစေ း)