အင်တန်းဆင်းတုန်းက နေ့လည် စားသောက်ပြီး ဗိုက်ကလေးတင်းရင်ဖြင့် မနိုင်း၊ မမ ဘလော့တွေ ဖတ်ကာ ထမင်းစီလေ့ရှိပါတယ်။ ခြေလှမ်း ၅၀၀၀ ဆိုပြီး ဘလော့တခုမှာ ဖတ်လိုက်ရတယ်။ ပန်းခြံလေးခုကို ဖြတ်လမ်းလျှောက်တဲ့ အကြောင်းရေးထားတာ။ ဘလော့နာမည်တော့ မမှတ်မိတော့ဘူး။ အဲဒီပို့စ်ဖတ်ပြီး ဖလမ်းဖလမ်းထကြလေရော။ လူစုရာကနေ နောက်ဆုံးမှာတော့ အိအိနဲ့စန်းထွန်း နှစ်ယောက်ပဲ ကျန်တော့တယ်။
ဒီလိုနဲ့၂၀၁၀ ဖေဖေါ်ဝါရီ တရုတ်နှစ်သစ်ကူးပိတ်ရက်မှာ အကောင်အထည် ဖေါ်လိုက်ကြပါတယ်။ စုရပ်က Bona Vista MRT နားက မှတ်တိုင်မှာ (MOE (Ministery Of Education) မျက်နှာချင်းဆိုင်ဖက်အခြမ်း) မနက် ၉ နာရီ။ ၂၀၀ ကားစီး NUS (National University of Singapore) ကို ကျော်လို့ International School မှတ်တိုင်မှာ ဆင်းပြီး လမ်းလျှောက်တာနဲ့ Kent Ridge Park ရောက်ပါပြီ။
အပင်အုပ်အုပ်ဆိုင်းဆိုင်းက နေပြောက်တောင် မထိုး၊ ကျေးငှက်သံတွေ ကြားရပါပြီ။ တောအုပ်ထဲ ရောက်သွားသလို ခံစားရတယ်။ တင့်ကားတွေ တွေ့လို့ ရိုက်တယ်။ West Cost ကို လှမ်းမြင်ရပါတယ်။ မိသားစုတွေ အေးအေးဆေးဆေး ပစ်ကနစ်ထွက်ကြတယ်။
ကောင်းကောင်းမမန့်ရင် အဲဒီတင့်ကားနဲ့ ထုထည့်လိုက်မယ်..:P |
UCSY ၊ NUS အတူတူတက် ေတာင်အတူတူတက်တဲ့ အိအိ |
Alexandra Arch (White Bridge) တံတားကြီး ဖြတ်ပြီးရင်တော့ Telok Blangah Hill Park ထဲ ဝင်လာပါပြီ။ နည်းနည်းလည်း မောလာပြီ။ အရင်လို ခြေလှမ်းမသွက်တော့။ ပါလာတဲ့ရိက္ခာလေးတွေကို ဝိတ်လျှော့ပြီ။ သံတံတားတွေ အဆင့်ဆင့် ဖြတ်ပြီး တရွှေ့ရွေ့ချီတက်။
တောင်ထိပ်ရောက်တော့ တော်တော် မောနေပြီ။ရုံးပိတ်ရက်မှာ အိမ်မှာ ကောင်းကောင်းနှပ်မနေဘဲ ကိုယ့်ဒုက္ခ ကိုယ်လာရှာနေပါလားလို့တောင် တွေးမိတယ်။ အံမယ် ကိုယ်တယောက်တည်း မဟုတ်ဘူးနော် ကိုယ်လိုလူတွေ အများသား။ Kent Ridge Park နဲ့ Hot Park မှာတော့ လူနည်းပေမဲ့ Telok Blangah Hill Park ကနေ Handerson Wave Bridge အထိတော့ လူတော်တော်များသား။
ဆင်းလိုက်၊ တက်လိုက်၊ နားလိုက်နဲ့ Handerson Wave Bridge ရှိတဲ့ Mt Faber Park ရောက်ပါပြီ။ Handerson Wave တံတားက လှိုင်းပုံစံ ဆောက်လုပ်ထားတာမို့ သူ့ဒီဇိုင်းက တော်တော်ထူးခြားပါတယ်။ စလုံးမှာ အမြင့်ဆုံးတံတားပါတဲ့။
မိစိမ့်နဲ့အတူ RedHill ကနေ ကားစီး တံတားအောက်ရောက်ရင်ဆင်း ပြီးရင် တံတားပေါ်တက်၊ အဲဒီကနေ Harbour Front MRT ထိ ခြေဆန့်ဖူးသား။ တံတားကနေ ကြည့်ရင် ပင်လယ်ပြာပြာ၊ တောအုပ်စိမ်းစိမ်းမြင်ရတော့ ကျိုက်ထီးရိုးတောင်တက်ရတာကို သတိရမိသေးတယ်။
မိစိမ့်ရဲ ့လက်ရာ |
ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှာတုန်းက တီချယ်ဒေါ်မြင့်သီတာထွန်းပြောတာလေး သွားသတိရမိတယ်။ "မစွံတောင်တက် ခရီးထွက်"။ ပထမနှစ်နဲ့ မစွံရင် ဒုတိယနှစ်မှာ ခရီးထွက်၊ ဒုတိယနှစ်မှာ မစွံရင် တတိယနှစ်မှာ တောင်တက်တဲ့။ ဒုတိယနှစ်မှာ ကျောင်းကနေ ပုဂံ၊ ညောင်ဦး၊ ပုပ္ပားကို ဘုရားဖူးထွက်ရင်း ပုပ္ပားတောင်မကြီး တက်ခဲ့ပါတယ်။ မနက်ကတည်းက တက်လိုက်တာ ညနေစောင်းမှ တောင်အောက်ပြန်ရောက်တယ်။ တောင်ပေါ်ကို ပထမဆုံးရောက်တဲ့ အုပ်စုက ကိုယ်တို့အုပ်စု အဟတ် ..အဟတ်။ အဲဒါ အဲဒီတုန်းက။ ခုနေများ ဘိတ်ဆုံးမှ ရောက်မဲ့အုပ်စု ထင်ပါရဲ့။
ပုပ္ပားတောင်မ ြကီး |
အတွဲညီညီ တောင်တက်ခဲ့ကြတဲ့ အိကေနဲ့ အောင်ကြီးကတော့ တောင်တက်ရာကနေ သူငယ်ချင်းတွေဖြစ်၊ နောက်ချစ်သူတွေ ဖြစ်သွားကြပါတယ်။ တီချယ်ရေ ခရီးလည်း ထွက်ပြီးပြီး၊ တောင်လည်း တက်ပြီးပြီ။ မစွံသေးဘူးလို့ သွားပြောတော့ ညည်းက တခါတည်း ခရီးထွက်ရင်း တောင်တက်လိုက်တာကိုးတဲ့။ အဲဒီကတည်းက စိတ်နာနာနဲ့ စလုံးရောက်မှ တောင်တွေ ဖိတက်နေတယ် ။ ဒါလည်း မစွံသေးဘူး။ အားမလျှော့ပါဘူး။ စတိတ်မှာ တက်စရာတောင်တွေ အများကြီး။ ဆက်တက်ဦးမယ် :P။ အောက်က ကွန့်မန့်တွေကလည်း အပီအားပေးတယ်။ တက်စရာ ခါကာဘိုရာဇီ၊ ဂမ်လန်ရာဇီတောင်တို့ ကျန်သေးတယ်တဲ့။
ကျိုက်ထီးရိုးတောင် နှစ်ခေါက်ရောက်တာ နှစ်ခေါက်စလုံး ရသေ့တောင်ကနေပဲ တက်တယ်။ တခါလောက်တော့ ကင်မွန်းစခန်းကနေ တောင်ထိပ်အထိ တက်ချင်သား။ ဖိုးပြန်တောင်တို့၊ ရွှေရင်ဆို့တို့မှာ လေးဖက်ထောက် တက်ရမယ် ထင်ပါရဲ့။
လျှော့ပင်းသွားဖို့ဆိုရင် သူငယ်ချင်းတော်တော်များများ လိုက်ပေမဲ့ တောင်တက်ဖို့တော့ ရှားပါတယ်။ စန်းထွန်းမှာတောင် တောင်တက်ဖို့ခေါ်တိုင်း မငြင်းတဲ့ အိအိလို သူငယ်ချင်းရှိလို့ တက်ဖြစ်တာ။ စလုံးလို ကွျှန်းသေးသေးလေးမှာ တောင်တွေရှိမယ်လို့ ထင်မထားမိတာပါ။ သဘာဝပတ်ဝန်းကျင်ကို သေသေချာချာ ထိန်းသိမ်းထားတယ်။
ပိတ်ရက် အိမ်မှာ အေးအေးဆေးဆေး နှပ်မနေဘဲ စန်းထွန်းတို့လို ကိုယ့်ဒုက္ခကိုယ်ရှာ ဖလမ်းဖလမ်းထနိုင်ကြပါစေ :P
စန်းထွန်း
ဇန်နဝါရီ ၁၁၊ ၂၀၁၂။
19 comments:
ဒီစန္းထြန္းဟာေလ ေျခေဗြပါတယ္ေတာ႕ . ဟဟ အကုန္ႏွံ႕ခဲ႕တယ္ း)
ေရႊဒိုးေတာင္ Red Hill နဲ႕ Tiong Bharu မွာေနခဲ႕တာ အိမ္ကိုခ်စ္ခင္တြယ္တာလြန္းလို႕လား ကိုရင္႕ဘဲတြယ္တာလြန္းလို႕လားမသိ အဲကိုမေရာက္ခဲ႕ဘူးေတာ္ေရ
အျပင္အေပါင္းအသင္းနဲ႕တာလဲပါမယ္ထင္တာဘဲ .
(မေလးအိမ္မွာခ်ည္းေနတာလဲပါတာကိုးးေနာ း)
ေျပာရင္းနဲ႕ေပၚကုန္ေတာ႕မယ္
ခုထိမစြံေသးရင္ေတာ႕မဟုတ္ေသးဘူးေနာ္
စစ္ကူလိုရင္ေခၚလိုက္ပါ း)
ခ်စ္တဲ႕
မဒိုးကန္
သြား..သြား.. သြားႏိုင္လြန္းတယ္ေအ...
( ကိုယ္ ဘယ္မွ မသြားရလို႔... :)
“မစြံေတာင္တက္ ခရီးထြက္” ဆိုေတာ့ အခု စြံခဲ့ၿပီေပါ့.. မွန္မွန္ေျပာ....
"မစြံေတာင္တက္၊ ခရီးထြက္"တဲ့ ဟုတ္လား။ မွတ္သားစရာပဲ။ ဘုန္းဘုန္းလည္း ခရီးထြက္ေနတယ္ေနာ္ အခု။ ဟိ။ စကၤာပူကို ႏွစ္ႀကိမ္သာ ေရာက္ခဲ့ဖူးတယ္။ စန္းထြန္းေျပာတဲ့ေနရာကို မေရာက္ခဲ့။ ညံ့ခ်က္။ (ေသခ်ာမန္႔ခဲ့တယ္ေနာ္။ တင့္ကားနဲ႔ မထုေႀကး ဟုတ္ၿပီလား)
တက္ေတာ့တက္ခဲ့ဖူးရဲ႕.....အဲဒီ ဟတ္ဒါဆင္လိႈင္းမ်ား
တံတားေပၚကို....၊အတြဲေတြခ်ည္းမို႔လို႕ ဘုန္းေမာင္တစ္
ကိုယ္တည္းသမားခမ်ာ...အူေၾကာင္ေၾကာင္နဲ႕ျပန္ဆင္း
လာခဲ့ရပါေရာလား....:)။မစြံေတာင္တက္....ဆိုေပမယ့္....
:P
စန္းထြန္းပဲေကာင္းတယ္သြားခ်င္တဲ႔ေနရာ
အကုန္သြားလုိ႔ရတယ္ တားမယ္႔သူမရွိ
ရႈခင္းပုံေတြေရာလူပုံေတြပါအားလုံးေကာင္းတယ္
အမျမေသြးနီေျပသလုိလား
“မစြံေတာင္တက္ ခရီးထြက္” ဆိုေတာ့ အခု စြံခဲ့ၿပီေပါ့.. မွန္မွန္ေျပာ...
အာဘြားးးးးးးးးးးးးးးး
အဲဒီ Handerson တံတားႀကီးေပၚကို တခါေလာက္ေတာ့ ေလွ်ာက္ဖူးၾကည့္ ခ်င္တယ္..။ ဒီေတာင္ေလာက္နဲ႔ မရရင္ ခါကာဘုိရာဇီတို႔၊ ဂမ္လန္ရာဇီ တို႔လည္း ႐ွိေသးတယ္ဗ်...။ းP
သာမီးကေတာ့
ခပ္ျမင့္ျမင့္ဘဲမွန္းထားတယ္..
ခါကာဘိုရာဇီေလာက္မွတက္မယ္လို႕ အဟီးး
ပစ္ပစ္လည္းေတာင္တက္ခ်င္တယ္
ေလ႕လာေရးသေဘာမ်ိဳးေပါ့
ခက္တာက ကိုယ္က က်ိဳက္ထီးရိုးသြားတုန္းက
ရေသ့ေတာင္က ေန ေတာင္ေပၚတက္တာေတာင္
အနိုင္နိုင္ရယ္..
အဲတာနဲ႕ စိတ္နဲနဲေလ်ာ့ထားတာ ဟဲဟဲ..
ေတာင္တက္ရတာ ေပ်ာ္စရာေကာင္းသလို
ကိုယ့္ရဲ႕က်န္းမာေရးလည္း စစ္ၿပီးသားျဖစ္တယ္။
ေတာင္တန္းေတြျမင္ရင္စိတ္ၾကည္ႏူးတယ္ စန္းစန္းေရ။
အလည္အပတ္ေခၚသြားတဲ့အတြက္ ဗဟုသုတလည္းရ
စိတ္ေတြလည္းလန္းဆန္းေပါ့။ ေက်းဇူးေနာ္။
စိတ္ဓာတ္အစဥ္ၾကည္လင္ေအးျမပါေစကြယ္။
ေမတၱာျဖင့္
အန္တီတင့္
မစြံေတာင္တက္ဆုုိတာေတာ့သေဘာက်သြားျပီစန္းထြန္းေရ။ စန္းထြန္းကမစြံတာေတာ့မျဖစ္ႏုုိင္ဘူး။ အသဲမာတာဘဲျဖစ္ရမယ္။ း)
အရင္ကေတာ့ေရခဲေတာင္ကိုုေတာင္တက္ခဲ့တာပါ။ ခုုေတာ့ေလွခါးထစ္တက္ရင္ေတာင္ေမာခ်င္ျပီ။ း)
အိုုင္အိုုရာ
မဒိုးကန္ နီးတဲ့သူေတြက ဒီလိုဘဲဂ်..
မမၿမေသြး၊ ဂ်က္ဂ်က္ ေတာင္တက္လို ့ စြံမစြံ အေၿဖကို အေပၚမွာ ၿပန္ေၿဖထားတယ္ေနာ္..
ဘုန္းဘုန္းေတာက္ စလံုးေရာက္ရင္ အဲဒီတံတားေရာက္ေအာင္သြား ဘုရား..တကယ္လွတယ္..
ကိုညိမ္းႏိုင္ တေယာက္တည္းတက္ေတာ့ ဘယ္စြံမတုန္းဂ်..ေကာင္မေလးေတြကို ေဖးမတြဲေခၚမွေပါ့ ့
ကိုညီလင္းသစ္ ေၿပာသလို ခါကာဘိုရာဇီ၊ ဂမ္လန္ရာဇီေတာင္ေတြ တက္ရေတာ့မယ္ ထင္တယ္..:P
ပစ္ပစ္ ခပ္ၿမင့္ၿမင့္တက္ခ်င္ရင္ ဧရာဝတ္ေတာင္ တက္ပစ္လိုက္..:P
တီတင့္လိုမ်ိဳး ခရီးေတြသြား ဘုရားစံုဖူးခ်င္တာဂ်..
အိုင္အိုရာ ေရခဲေတာင္ တက္တဲ့အေၾကာင္းေတြ ေရးပါဦးဂ်
အဲဒီလိုလား
မစြံရင္ေတာင္တက္ရတယ္ဆိုတာ ၾကားဖူးသြားျပီ
ေနဦး.. တက္မဲ႔ေတာင္စာရင္း တန္းစီျပီး ခ်ေရးထားမယ္
မစြံမခ်င္း တစ္ေတာင္ျပီးတစ္ေတာင္ တက္ဦးမယ္ ..
ေျခသာ တိုမယ္ စြံမဲ႔ပံုေတာ႕ မျမင္ပါဘူးေလ... း)
မစြံေတာင္တက္ဆိုလို႔ ေက်ာင္းသားဘ၀တုန္းက ကခ်င္ျပည္နယ္ဖြန္ဂန္ေရခဲေတာင္ တက္မယ့္အဖြဲ႕ထဲ စာရင္းသြင္းၿပီး ေျခလ်င္ေတာင္တက္ အသင္း၀င္လုိက္မိပါရဲ႕...မနက္မနက္ကို ၄ နာရီေလာက္ထၿပီး မန္းေလးက်ဳံးတစ္ပတ္ပတ္၊ ၿပီးရင္ မန္းေလးေတာင္ထိပ္ကို ထပ္တက္ခိုင္းတာ တစ္ခါတည္းနဲ႔ မွတ္သြားေရာ...သူမ်ားေတြ ဖြန္ဂန္လိုက္ၾကေပမယ့္ ဦးဟန္ၾကည္ ဖြန္မဂန္လိုက္ရရွာဘူး...စန္းထြန္းေတာင္တက္ေနတာေတြ႕မွ အတိတ္ကို ျပန္သတိရမိပါေသး...
စန္းထြန္းတစ္ေယာက္ အင္တိုက္အားတိုက္ ေတာင္တက္ေနတာကို စြံၿပီးသား ဦးဟန္ၾကည္ အားေပးေနပါ၏...
ေန ့တိုင္း သြားၿပီး အတက္ အဆင္း လုပ္လုိ ့ မရဘူးလား ခင္ဗ်ာ။ ဒါမွ ေသြးလည္ပတ္မႈ မွန္ၿပီး အသက္ရွည္က်န္းမာ မွာေပါ့။
ဟီး.... ကိုယ္မတက္ရတုိင္း ၾကပ္သြားပါသီ။ :D
မေခ်ာ မစြံတာေတာ့မျဖစ္ႏုုိင္ဘူး။ အသဲမာတာဘဲျဖစ္ရမယ္။ (အိုင္အိုဝါမန္ ့ကို ၿပန္ကူးလိုက္သည္) :P
ဦးဟန္ၾကည္ အားေပသည္ဆို၍ အားရိွ၏
အလင္းစက္ သူမတက္ရတုိင္း သူမ်ားကို..ဒါသက္သက္..အေမွာင္စက္ ၿဖစ္သြားမယ္ေနာ္..:P
အဲလုိဖလမ္းဖလမ္း ထခ်င္ထာ း( အားက်လုိက္တာ ညီမေလးေရ..း)
ဒါဆို.ခုထိမစြံေသးဘူးေပါ့ အဟတ္ အဟတ္ း))
မစြံလည္းဘာဖစ္တုံးကြယ္
တစ္ေတာင္ေတာင္တက္ရင္းစြံမွာေပါ့
အားမေလွ်ာ့ပါနဲ႔..တက္သာတက္ပါ း)
တင့္ကားၾကီးနဲ႕ေတာ့ မထုနဲ႕ေနာ္..
ခ်စ္ခင္လွ်က္
မိစံ
စန္းထြန္းေရ
အမ လဲေတာင္တက္တာ ၀ါသနာပါတယ္ေတာ့ ။
ကိုယ္၀န္ ရလ နဲ႔ေတာင္ ေလွကြင္းေတာင္တက္တာ အမ က ေရွ့ ကဘဲေလ ။ စန္းထြန္း နဲ႔ အတူ ေတာင္တက္ခ်င္လိုက္တာ စကားတေညပာေၿပာ နဲံေပါ့ ။ ေမာရင္ ခန နားၿပီး ပါလာတဲ့ ထမင္းဘူး ဖြင့္စားမယ္ ခ်ဥ္ေပါင္ ကို ပုစြန္ဆိတ္ ေလး နဲ႔ ေၾကာ္တာ ထည့္လာမယ္ေလ။
ခ်စ္တဲ့ အမ ။
မဒမ်ကိုး said...
ဒီစန်းထွန်းဟာလေ ခြေဗွေပါတယ်တော့ . ဟဟ အကုန်နှံ့ခဲ့တယ် း)
ရွှေဒိုးတောင် Red Hill နဲ့ Tiong Bharu မှာနေခဲ့တာ အိမ်ကိုချစ်ခင်တွယ်တာလွန်းလို့လား ကိုရင့်ဘဲတွယ်တာလွန်းလို့လားမသိ အဲကိုမရောက်ခဲ့ဘူးတော်ရေ
အပြင်အပေါင်းအသင်းနဲ့တာလဲပါမယ်ထင်တာဘဲ .
(မလေးအိမ်မှာချည်းနေတာလဲပါတာကိုးးနော း)
ပြောရင်းနဲ့ပေါ်ကုန်တော့မယ်
ခုထိမစွံသေးရင်တော့မဟုတ်သေးဘူးနော်
စစ်ကူလိုရင်ခေါ်လိုက်ပါ း)
ချစ်တဲ့
မဒိုးကန်
January 11, 2012 at 3:08 AM
မြသွေးနီ said...
သွား..သွား.. သွားနိုင်လွန်းတယ်အေ...
( ကိုယ် ဘယ်မှ မသွားရလို့... :)
“မစွံတောင်တက် ခရီးထွက်” ဆိုတော့ အခု စွံခဲ့ပြီပေါ့.. မှန်မှန်ပြော....
January 11, 2012 at 4:02 AM
ဘုန်းဘုန်းတောက် said...
"မစွံတောင်တက်၊ ခရီးထွက်"တဲ့ ဟုတ်လား။ မှတ်သားစရာပဲ။ ဘုန်းဘုန်းလည်း ခရီးထွက်နေတယ်နော် အခု။ ဟိ။ စင်္ကာပူကို နှစ်ကြိမ်သာ ရောက်ခဲ့ဖူးတယ်။ စန်းထွန်းပြောတဲ့နေရာကို မရောက်ခဲ့။ ညံ့ချက်။ (သေချာမန့်ခဲ့တယ်နော်။ တင့်ကားနဲ့ မထုကြေး ဟုတ်ပြီလား)
January 11, 2012 at 5:42 AM
ညိမ်းနိုင် said...
တက်တော့တက်ခဲ့ဖူးရဲ့.....အဲဒီ ဟတ်ဒါဆင်လှိုင်းများ
တံတားပေါ်ကို....၊အတွဲတွေချည်းမို့လို့ ဘုန်းမောင်တစ်
ကိုယ်တည်းသမားခမျာ...အူကြောင်ကြောင်နဲ့ပြန်ဆင်း
လာခဲ့ရပါရောလား....:)။မစွံတောင်တက်....ဆိုပေမယ့်....
:P
January 11, 2012 at 7:46 AM
စံပယ်ချို said...
စန်းထွန်းပဲကောင်းတယ်သွားချင်တဲ့နေရာ
အကုန်သွားလို့ရတယ် တားမယ့်သူမရှိ
ရှုခင်းပုံတွေရောလူပုံတွေပါအားလုံးကောင်းတယ်
အမမြသွေးနီပြေသလိုလား
“မစွံတောင်တက် ခရီးထွက်” ဆိုတော့ အခု စွံခဲ့ပြီပေါ့.. မှန်မှန်ပြော...
အာဘွားးးးးးးးးးးးးးးး
January 11, 2012 at 8:04 AM
ညီလင်းသစ် said...
အဲဒီ Handerson တံတားကြီးပေါ်ကို တခါလောက်တော့ လျှောက်ဖူးကြည့် ချင်တယ်..။ ဒီတောင်လောက်နဲ့ မရရင် ခါကာဘိုရာဇီတို့၊ ဂမ်လန်ရာဇီ တို့လည်း ရှိသေးတယ်ဗျ...။ းP
January 11, 2012 at 8:15 AM
blackroze said...
သာမီးကတော့
ခပ်မြင့်မြင့်ဘဲမှန်းထားတယ်..
ခါကာဘိုရာဇီလောက်မှတက်မယ်လို့ အဟီးး
ပစ်ပစ်လည်းတောင်တက်ချင်တယ်
လေ့လာရေးသဘောမျိုးပေါ့
ခက်တာက ကိုယ်က ကျိုက်ထီးရိုးသွားတုန်းက
ရသေ့တောင်က နေ တောင်ပေါ်တက်တာတောင်
အနိုင်နိုင်ရယ်..
အဲတာနဲ့ စိတ်နဲနဲလျော့ထားတာ ဟဲဟဲ..
January 11, 2012 at 9:03 AM
mstint said...
တောင်တက်ရတာ ပျော်စရာကောင်းသလို
ကိုယ့်ရဲ့ကျန်းမာရေးလည်း စစ်ပြီးသားဖြစ်တယ်။
တောင်တန်းတွေမြင်ရင်စိတ်ကြည်နူးတယ် စန်းစန်းရေ။
အလည်အပတ်ခေါ်သွားတဲ့အတွက် ဗဟုသုတလည်းရ
စိတ်တွေလည်းလန်းဆန်းပေါ့။ ကျေးဇူးနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
January 11, 2012 at 12:08 PM
Iora said...
မစွံတောင်တက်ဆိုတာတော့သဘောကျသွားပြီစန်းထွန်းရေ။ စန်းထွန်းကမစွံတာတော့မဖြစ်နိုင်ဘူး။ အသဲမာတာဘဲဖြစ်ရမယ်။ း)
အရင်ကတော့ရေခဲတောင်ကိုတောင်တက်ခဲ့တာပါ။ ခုတော့လှေခါးထစ်တက်ရင်တောင်မောချင်ပြီ။ း)
အိုင်အိုရာ
January 11, 2012 at 4:31 PM
San San Htun said...
မဒိုးကန် နီးတဲ့သူတွေက ဒီလိုဘဲဂျ..
မမမြသွေး၊ ဂျက်ဂျက် တောင်တက်လို့ စွံမစွံ အဖြေကို အပေါ်မှာ ပြန်ဖြေထားတယ်နော်..
ဘုန်းဘုန်းတောက် စလုံးရောက်ရင် အဲဒီတံတားရောက်အောင်သွား ဘုရား..တကယ်လှတယ်..
ကိုညိမ်းနိုင် တယောက်တည်းတက်တော့ ဘယ်စွံမတုန်းဂျ..ကောင်မလေးတွေကို ဖေးမတွဲခေါ်မှပေါ့
ကိုညီလင်းသစ် ပြောသလို ခါကာဘိုရာဇီ၊ ဂမ်လန်ရာဇီတောင်တွေ တက်ရတော့မယ် ထင်တယ်..:P
ပစ်ပစ် ခပ်မြင့်မြင့်တက်ချင်ရင် ဧရာဝတ်တောင် တက်ပစ်လိုက်..:P
တီတင့်လိုမျိုး ခရီးတွေသွား ဘုရားစုံဖူးချင်တာဂျ..
အိုင်အိုရာ ရေခဲတောင် တက်တဲ့အကြောင်းတွေ ရေးပါဦးဂျ
January 11, 2012 at 5:27 PM
ချော(အစိမ်းရောင်လွင်ပြင်) said...
အဲဒီလိုလား
မစွံရင်တောင်တက်ရတယ်ဆိုတာ ကြားဖူးသွားပြီ
နေဦး.. တက်မဲ့တောင်စာရင်း တန်းစီပြီး ချရေးထားမယ်
မစွံမချင်း တစ်တောင်ပြီးတစ်တောင် တက်ဦးမယ် ..
ခြေသာ တိုမယ် စွံမဲ့ပုံတော့ မမြင်ပါဘူးလေ... း)
January 11, 2012 at 9:19 PM
ဟန်ကြည် said...
မစွံတောင်တက်ဆိုလို့ ကျောင်းသားဘဝတုန်းက ကချင်ပြည်နယ်ဖွန်ဂန်ရေခဲတောင် တက်မယ့်အဖွဲ့ထဲ စာရင်းသွင်းပြီး ခြေလျင်တောင်တက် အသင်းဝင်လိုက်မိပါရဲ့...မနက်မနက်ကို ၄ နာရီလောက်ထပြီး မန်းလေးကျုံးတစ်ပတ်ပတ်၊ ပြီးရင် မန်းလေးတောင်ထိပ်ကို ထပ်တက်ခိုင်းတာ တစ်ခါတည်းနဲ့ မှတ်သွားရော...သူများတွေ ဖွန်ဂန်လိုက်ကြပေမယ့် ဦးဟန်ကြည် ဖွန်မဂန်လိုက်ရရှာဘူး...စန်းထွန်းတောင်တက်နေတာတွေ့မှ အတိတ်ကို ပြန်သတိရမိပါသေး...
စန်းထွန်းတစ်ယောက် အင်တိုက်အားတိုက် တောင်တက်နေတာကို စွံပြီးသား ဦးဟန်ကြည် အားပေးနေပါ၏...
January 12, 2012 at 7:53 AM
...အလင်းစက်များ said...
နေ့တိုင်း သွားပြီး အတက် အဆင်း လုပ်လို့ မရဘူးလား ခင်ဗျာ။ ဒါမှ သွေးလည်ပတ်မှု မှန်ပြီး အသက်ရှည်ကျန်းမာ မှာပေါ့။
ဟီး.... ကိုယ်မတက်ရတိုင်း ကြပ်သွားပါသီ။ :D
January 13, 2012 at 4:15 AM
San San Htun said...
မချော မစွံတာတော့မဖြစ်နိုင်ဘူး။ အသဲမာတာဘဲဖြစ်ရမယ်။ (အိုင်အိုဝါမန့်ကို ပြန်ကူးလိုက်သည်) :P
ဦးဟန်ကြည် အားပေသည်ဆို၍ အားရှိ၏
အလင်းစက် သူမတက်ရတိုင်း သူများကို..ဒါသက်သက်..အမှောင်စက် ဖြစ်သွားမယ်နော်..:P
January 13, 2012 at 4:46 PM
ပန်းချီ said...
အဲလိုဖလမ်းဖလမ်း ထချင်ထာ း( အားကျလိုက်တာ ညီမလေးရေ..း)
January 14, 2012 at 9:49 PM
Anonymous said...
ဒါဆို.ခုထိမစွံသေးဘူးပေါ့ အဟတ် အဟတ် း))
မစွံလည်းဘာဖစ်တုံးကွယ်
တစ်တောင်တောင်တက်ရင်းစွံမှာပေါ့
အားမလျှော့ပါနဲ့..တက်သာတက်ပါ း)
တင့်ကားကြီးနဲ့တော့ မထုနဲ့နော်..
ချစ်ခင်လျှက်
မိစံ
January 14, 2012 at 10:17 PM
Thandar Lwin said...
စန်းထွန်းရေ
အမ လဲတောင်တက်တာ ဝါသနာပါတယ်တော့ ။
ကိုယ်ဝန် ရလ နဲ့တောင် လှေကွင်းတောင်တက်တာ အမ က ရှေ့ ကဘဲလေ ။ စန်းထွန်း နဲ့ အတူ တောင်တက်ချင်လိုက်တာ စကားတညေပာပြော နဲံပေါ့ ။ မောရင် ခန နားပြီး ပါလာတဲ့ ထမင်းဘူး ဖွင့်စားမယ် ချဉ်ပေါင် ကို ပုစွန်ဆိတ် လေး နဲ့ ကြော်တာ ထည့်လာမယ်လေ။
ချစ်တဲ့ အမ ။
January 17, 2012 at 8:03 AM
Post a Comment