ဒီဇင်ဘာ seminar course တုန်းက Project Management နဲ့ System Design course ၂ခုရှိပေမဲ့ System Design ကို ဖြ ုတ်ပြီး Project Management ပဲသင်တဲ့အခါ သင်တဲ့ဆရာကလည်း မကောင်းတော့ ကျောင်းသားတွေ Useless လို့ ကွန်ပလိမ်းကြသေးတယ်။ စန်းထွန်းတို့အလှည့် seminar course ကတော့ ကောင်းတယ်။ Spring & Hibernate seminar course က တကယ့်ကို ဘီးစီးပါတယ်။ သင်ရတဲ့ ၂ပတ်က ၂လလောက်နဲ့ ညီတယ်။
ပရော်ဖက်ဆာ Michael က မိုင်း၊ ဆူနမ်တို့လို စာမေးပွဲကို never never do it again လို့ ဆိုလာပါတယ်။ သင်တဲ့စတိုင် ပြောင်းလိုက်တယ်။ ပထမတပတ် Spring ကို ရေးဖြေရော၊ ကွန်ပျူတာနဲ့ ဖြေရတယ်။ ဒုတိယ အပတ်ကို Hibernate သင်ပြီး ရေးဖြေ ဖြေရတယ်။ ပြီးရင် Spring နဲ့ Hibernate ပေါင်းတယ်။ တယောက်မှ စာမေးပွဲ မကျဘူး။ ဒီနည်းက ထိရောက်တယ်။
ပရော်ဖက်ဆာ Michael က နယ်သာလန်ကို ခွင့်ယူကာ ပြန်တာကြောင့် ပရောဂျက်ကို ပရော်ဖက်ဆာ Najeeb နဲ့ ဆက်လုပ်ရပါတယ်။ ပရောက်ဖက်ဆာ Michael က Console နဲ့ သင်သွားပေမဲ့ ပရော်ဖက်ဆာ Najeeb က web application လိုချင်တယ်ဆိုလို့ ကျောင်းသားတွေခမျာ ယက်ကန်ယက်ကန် ရေကူးကြရသေးတယ်။ စန်းထွန်းတောင် အိပ်မပျော်၊ စားမဝင် Stress လိုက်သေးတယ်။
Individual ပြီးလို့ အုပ်စုထဲက ပြီးတဲ့၊ ကောင်းတဲ့သူတွေရဲ့ project ကို enhance လုပ်တော့ စန်းထွန်းတို့ အုပ်စုက Security ၊ Benjamin တို့ အုပ်စုက Cloud ၊ Daniel တို့အုပ်စုက Mobile ၊ Adbul တို့အုပ်စုက Log ၊ Xiao Bai တို့အုပ်စုက Social Network ၊ Yanzi တို့ အုပ်စုက Ajax လုပ်ရပါတယ်။ ပရော်ဂျက်ပြီးလို့ presentation လုပ်ချိန်မှာ ရှင်းပြတော့ သိသွားတာပေါ့။ ပင်ပန်းရကျိုးနပ်တဲ့ course လေးပါ။
ကားမောင်းလိုင်စင်ကို လိုက်ပေးမဲ့သူ မရှိဘဲ တယောက်တည်း သွားဖြေတာ ၂ပတ် ဘမ်းလိုက်တယ်။ parallel parking မကွျှမ်းတာလဲ ပါတယ်။ ဒီတော့ Spring & Hibernate course ကို ပိုအာရုံစိုက်ဖြစ်တာပေါ့။
အခု Career Strategies course တက်နေရပါတယ်။ အင်တာဗျူးတာတွေ ဘယ်လိုဖြေရမလဲ အလုပ်မဝင်ခင် သိသင့်တာတွေ လေ့ကျင့်သင်ကြားပေးတဲ့ course ပါ။ မပင်ပန်းပေမဲ့ အလုပ်မရမှာ စိတ်ပူပြီး စိတ်ဖိစီးတယ်။
မနေ့ကပဲ စီဗွီကို job search ဆိုဒ်မှာ တင်တာ ဒီနေ့ ဖုန်းတွေ၊ အီးမေးလ်တွေ လာပြီ။ စလုံးနဲ့ကွာပါ။ စလုံးမှာဆို တလလောက်မှ ခေါ်တာကလား။ စတိတ်က recruiter တွေ သောက်ကျိုးနည်း တယ်အလုပ်လုပ်သကိုး။ သူတို့အလုပ်အရမ်းလုပ်တာ ကောင်းပေမဲ့ ကိုယ်တွေမှာတော့ စားနေတုန်း ဖုန်းလာပြန်ပြီ။ စားကောင်းခြင်း မစားရ၊ အိပ်ရာကတောင် မနှိုးသေးဘူး ဖုန်းလာပြန်ပြီ အိပ်ကောင်းခြင်း မအိပ်ရ။ မျက်လုံးမဖွင့်ဘဲ အင်တာဗျူးဖြေလိုက်သေးတယ်။ ဟိုဖက်ကတော့ အနံ့တွေများ ရမလား မသိ။ မကိုင်ရင်လည်း အခွင့်အရေးတွေ လွှတ်သွားမို့လို့နဲ့။ ဖုန်းပြောရမှာတောင် ကြောက်တယ်။ ဒါကြောင့် စီနီယာတွေက ပြောပါတယ် After you submit your resume at job search site, your life will be miserable တဲ့။
အလုပ်လျှောက်တာကလည်း ပင်ပန်းတကိုး။ ကိုယ်နဲ့ကိုက်တယ်ထင်ရင် စီဗွီတွေ ပစ်တင်၊ အင်တာဗျူးဖို့အတွက် စာတွေဖတ်၊ ကိုယ့် knowledge ကို update လုပ်နဲ့။ အလုပ်မရသေးတဲ့ စီနီယာတွေကို ကြည့်ကာ စိတ်ပူ၊ အလုပ်ရသွားတဲ့ သူငယ်ချင်းတွေကိုလည်း အားကျ။ တော်ပြီး အလုပ်မရသေးတဲ့သူတွေ၊ မတော်ပေမဲ့ အလုပ်ကောင်းရသွားတဲ့သူတွေ တွေ့ရတော့ ဆူနမ်ပြောသလို depends on luck ။
စီးပွားပျက်ကပ်ဖြစ်လို့ DBS ဘဏ်ကနေ IT Professionals ၉၀၀ကျော် ဖြ ုတ်တဲ့နှစ်မှာ စလုံးရောက်ပေမဲ့ ကျောင်းပြီးတဲ့အချိန် စီးပွားရေးပြန်ကောင်းလာတော့ ကျောင်းပြီးလို့ တလကျော်အတွင်း ကျောင်းသားအားလုံးနီးပါး အလုပ်ရပါတယ်။ NUS ကလည်း ကမ္ဘာ့မှာ ၂၄ ကိုး။ အလုပ်ရှာတုန်းကများဆို စန်းထွန်းတယောက် စားလိုက်၊ သောက်လိုက်၊ ကိုရီးယားကြည့်လိုက်၊ အလုပ်လျှောက်လိုက်၊ အင်တာဗျူးသွားလိုက်နဲ့ သိပ်စိတ်ဖိစီးရှာတယ်ထင်ပါ့ ဝဖီးလာတယ်။ ကပ်စားစရာ မကြီးတယောက်လုံး အနားမှာ ရှိနေတာကိုး။
အမျိုးတွေရှိတဲ့သူက အမျိုးတွေမှာ သွားနေပြီး အလုပ်ရှာ၊ ခင်ပွန်း၊ ချစ်သူရှိတဲ့သူတွေကလည်း သူတို့ချစ်ချစ်ဆီသွားပေါ့။ အမျိုးလည်းမရှိ၊ ချစ်ချစ်လည်း မရှိတဲ့ စန်းထွန်းခမျာ ဘယ်ဆီဘယ်ဝယ် သွားရမယ် မသိလို့ ယောင်ချာချာ။ တချို့တွေကတော့ New York မှ New York ။ Ohio က Offer ကမ်းရင်တောင် မယူတဲ့ New York crazy။ တချို့ကတော့ California မှ California ။ စန်းထွန်းကတော့ cali မှ မ cali ၊ New York crazy လည်း မဟုတ်။ ကပ်စားရအောင် မကြီးကလည်း မရှိတော့ တော်တော် စိတ်ပိန်တယ်။ လူပါ ပိန်သွားရင် ကောင်းမယ်။
ဆူနမ်၊ ရာမား၊ မိုင်းတို့ကလည်း ကားမောင်းလိုင်စင် အရေးကြီးတယ်။ လိုင်စင်ရအောင် လုပ်ဆိုတော့ တပူပေါ် နှစ်ပူဆင့်။ စနေနေ့ အတန်းပြီးချိန်ဆို ဘလော့တွေဖတ်လိုက်၊ ရုပ်ရှင်ကြည့်နဲ့ အေးအေးဆေးဆေး နှပ်ပေမဲ့ ခုတော့ စာပင်ပန်းတာလည်း မရှိဘဲ မအေးဆေးဘူးဗျား။ ပူနေတယ်။ ရုပ်ရှင်လည်း ကောင်းကောင်းမကြည့်နိုင်၊ ဘလော့ဂင်းတာလည်း စိတ်မဖြောင့်။
စလုံးမှာတုန်းကတော့ တော်တော်ပျော်တာဗျို့။ မကြီးက အရာရာစီစဉ်ပေး၊ ဘိုင်ပြတ်ရင် မကြီးဆီက တောင်းသုံး။ ကျောင်းမှာလည်း မြန်မာတွေက အများကြီး၊ အစားအသာက်ကလည်း အဆင်ပြေ၊ အလုပ်ကလည်း အဆင်ပြေဆိုတော့ ဘာအခက်အခဲမှကို မရှိခဲ့တာ။ စင်္ကာပူဆိုတာ မေ့ပြီး ရန်ကုန်လို့တောင် ထင်နေတာ။
သေချင်တဲ့ကျား တောပြောင်းတာလား မသိ။ ဒီကျောင်းရလို့ စတိတ်ကို ထွက်လာကတည်းက မပျော်တော့တာ ဘာလိုလိုနဲ့၁နှစ်တောင် ရှိပြီ။ မြန်မာဆိုလို့ တယောက်တည်း အမကျန် အဲလေ အထီးကျန်။ အစားအသောက်ကလည်း ကမ္ဘာပေါ်မှာ အဆိုးဆုံးအစားအစာကို ပြပါဆိုရင် ဒီကျောင်းက အစားအသောက်ကို ပြရမယ်။ ဘယ်သူမှ မစားနိုင်တဲ့ စန်းထွန်းလက်စွမ်းပြထားတဲ့ ဟင်းတောင် သူ့ထက် သာတယ်။ တကယ်ပြောတာ အဟုတ်။ သံပုရာသီးညှစ်၊ ဆားဖြ ူး modify လုပ်ပြီးမှ စားလို့ဝင်တယ်။ ဘယ်တော့မှ၊ ဘယ်လိုမှ မပိန်တဲ့ စန်းထွန်း ၄ပေါင်ကျတာကြည့်တော့။ အရင်တုန်းကတော့ ဆူနမ်တို့ ချက်ပြ ုတ်ရင် လိုက်ချက်ပေမဲ့ အခုတော့ တယောက်တည်းဖြစ်လို့ ပျင်းတာရော၊ မီးဖိုချောင်ကလည်း ပိတ်ထားတာ များလို့ ခေါက်ဆွဲပြ ုတ်နဲ့ပဲ နှစ်ပါးသွားဖြစ်တယ်။
ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်နဲ့ ယှဉ်ရင် ဒီကျောင်းက ကောင်းပါတယ်။ NUS နဲ့ယှဉ်ပြီး ဒီကျောင်းကို မကြိ ုက်ရေးချ လုံးဝမကြိ ုက်။ စလုံးမှာ နေလို့ ကွန်ပလိမ်းတတ်သွားတဲ့ စန်းထွန်း ကွန်ပလိမ်းရင် မကြိ ုက်တဲ့ မျက်နှာပေးတွေ မြင်ရတော့ စလုံးမှာပဲ ကွန်ပလိမ်းလို့ရမှန်း သိသွားတယ်။ အဓိပ္ပာယ် အကျိုးမရှိ၊ အရေးမပါတာတွေ သင်ရတယ်လို့ တွေးမိတဲ့အခါ၊ ကိုယ်ရွေးချယ်တာကို ဗီတိုအာဏာသုံးတဲ့အခါ အစာမကြေတာတွေ ကျိတ်မှိတ်မျိုချတတ်၊ မကြိ ုက်သော်လည်း ကြိ ုက်ချင်ယောင်ဆောင်။ စန်းထွန်းတယောက် မြိ ုချတတ်၊ ဟန်ဆောင်တတ်နေပြီ။
ရှုံးနိမ့်မှုဆိုတာကို ကြံ ုရတဲ့အခါ ကြံ့ကြံ့ခံတတ်အောင်၊ မတ်တပ်ရပ်နိုင်အောင် သင်ယူခဲ့တယ်။ တယောက်တည်း ရင်ဆိုင်ဖြေရှင်းတတ်အောင် သင်ယူခဲ့တယ်။ တခါတလေ တွေးမိတယ် ငါ့နှယ်နော် စလုံးမှာ နေမိတာ ကောင်းသား။ ဒုက္ခနဲ့ လှလှ အဲလေ စန်းထွန်း တွေ့ချင်လို့ စတိတ်ကို လာမိတာပါလားလို့ နောင်တရမိတယ်။
ပုသိမ်မှာ ကျောင်းတက်တုန်းက ထမင်းမဝဘူး မေကြီးရေလို့ ပြောလိုက်တာနဲ့ ဖေကြီးနဲ့ မေကြီးခမျာ ရွှေရင်ဆို့ကာ အိပ်တောင် မပျော်ဖြစ်တယ်။ သမီးတွေ ပညာတတ်စေချင်လို့ မြိ ု့မှာ ပညာသင်ခိုင်းမိတာ မှားပြီးလားပေါ့။ တောမှာ တဝတပြဲတီးခဲ့သူတွေ စကေးနဲ့စားတဲ့ မြိ ု့ရောက်တော့ Culture gap ဖြစ်သွားတာကိုး။ အခုလည်း အစားအသောက်မကောင်းဘူး ဖေကြီးရေ၊ မပျော်ဘူး မေကြီးရေ ဆိုတော့ မိဘတွေခမျာလည်း စိတ်ပူကြရှာတယ်။ အလိမ္မာတုံးလေး မိစန်းထွန်းကလည်း အဆင်ပြေတယ်လို့ မညာဘူးဗျား။
အခုလည်း ဘယ်ဆီဘယ်ဝယ်လွင့်မယ်ဆိုတာ မသိတဲ့ ရော်ရွှက်ဝါလိုပါပဲ။ ရှေ့ဘာဆက်ဖြစ်မလဲ မသိဘူး။ မှုန်ဝါးဝါးနဲ့ လမ်းပျောက်နေတယ်။ မသေချာဘူး၊ မရေရာဘူး၊ မပြီးဆုံးသေးဘူး။
ဒီမြိ ု့ကလူတွေက ရင်းနှီးဖော်ရွေကူညီတတ်၊ ဆူနမ်၊ ရားမား၊ မိုင်းတို့လို သူငယ်ချင်းတွေ ရလို့ တော်သေးတယ်။ မနေ့က ရာမားက အလုပ်ရတဲ့ အထိမ်းအမှတ်ဆိုပြီး ဆူနမ် Pizza Hut က ပီဇာရယ်၊ ကြက်ကြော်ရယ်ကို အွန်လိုင်းကနေ မှာပြီး ကွျှေးပါတယ်။ မိုင်းအလုပ်ရတုန်းကလည်း PizzaRanch မှာ တပျော်တပါး စားခဲ့ကြတယ်။ စတိတ်မှာ လက်ချိူးရေမှ စုစုပေါင်း ၃ယောက်သာရှိတဲ့ ၊ မိုင်ထောင်ချီအဝေးမှာရှိတဲ့ သူငယ်ချင်းက ခုလို သတိတရ၊ တကူးတက စားစေချင်လို့ မုန့်လှမ်းပို့ပေးတာ စန်းထွန်းတယောက် ဝမ်းသာလို့ မျက်ရည်ကျတယ်။
ပန်ဒါ Yanzi လေးကို အတူစားဖို့ သွားခေါ်ပေမဲ့ အပြင်ထွက်စားမို့လို့တဲ့။ ပီဇာလေးက အဖိုးမတန် ဈေးမကြီးပါဘူး။ ၁၁ကျပ်ပဲ ကျတယ်။ ဒါပေမဲ့ သူငယ်ချင်းတွေရဲ့ မေတ္တာကတော့ တန်ဖိုးကြီးတယ်။ အပြင်မှာ နှင်းဖွေးဖွေး၊ အေးစက်စက် ကြက်သားတုံးကို တယောက်တည်း စားရတဲ့အခါ မိသားစုတွေ၊ မောင်နှမတွေ၊ သူငယ်ချင်းတွေ စကားတပြောပြော လုစားခဲ့ကြတာ သတိရမိတယ်။ Discount Cupon လေးနဲ့Toa Payoh Pizza Hut ကနေ ပီဇာသေးသေးလေးဝယ်၊ ပန်းခြံလေးမှာ ထိုင်စားကာ ညီအမနှစ်ယောက် ခွျှေတာခြိ ုးခြံခဲ့ကြတဲ့အချိန်တွေကို သတိရမိတယ်။
ကိုနေဘုန်းလတ်က ထောင်ထဲမှာ နေရတုန်းက နံရံပေါ်မှာ ပေါ်လာတဲ့ လက်တဖက်လေးက သူတယောက်တည်း မဟုတ်ဘူး၊ အဖေါ်တွေ ရှိတယ်လို့ အားတက်စေခဲ့ပါတယ်တဲ့။ ပီဇာသေးသေးကလည်း တယောက်တည်း မဟုတ်ဘူး၊ သူငယ်ချင်းတွေ ရှိတယ်လို့ အားတက်စေပါတယ်။ သူငယ်ချင်းတွေရဲ ့ နွေးထွေးမှုလေးကို ခံစားရလို့ မျက်ရည်ကျကာ ပြံ ုးနေတဲ့ စန်းထွန်းကို မြင်ရရင် ရူးများသွားပြီလားလို့ ထင်မိမယ်။
စန်းထွန်းတယောက် ဒုက္ခအထူကြီးနဲ့ ရူးနေခဲ့ဖူးတယ်။ (မဒိုးကန် CopyRight နဲ့ တရားမစွဲကြေး)
စန်းထွန်း
ဇန်နဝါရီ ၁၉၊ ၂၀၁၂။
16 comments:
စန္းထြန္းနဲ႔ အမနဲ႔ တူလိုက္တာ။ အမလဲ ဘိလပ္ကို လာခဲ့တာ ဒုကၡနဲ႔လွလွ ေတြ႔ရတယ္ဆိုၿပီး ေနာင္တ ရေနတာ။ မိဘေတြကိုလဲ ကိုယ္အဆင္ေျပပါတယ္လို႔ တခါမွ မညာဘူး ဟိဟိ။ သူတို႔ခမ်ာ ကိုယ့္အတြက္ အျမဲပဲ စိတ္ပူေနရရွာတယ္။
အင္း ... မႈန္၀ါး၀ါးနဲ႔ လမ္းေပ်ာက္ေနတာလဲ တူျပန္ေရာ ... မေသခ်ာျခင္း မေရရာျခင္းေတြ အျပည့္နဲ႔ ... ဘယ္ေတာ့မွ ၿပီးဆံုးမလဲ မသိ ... ။ တူတူပါပဲ စန္းထြန္းေလးေရ ... ။
ဒိုု ့လည္းဒီလိုုပါဘဲ။
ျပည့္၀တဲ့ေပ်ာ္ရႊင္မွုုေတြေပ်ာက္ဆံုုးေနတယ္။
ေမာင္ႏွမေတြနဲ ့လုုစားခဲ့ရတာေတြဘဲေပ်ာ္တယ္။
အုုိင္အိုုရာ
ဟုတ္တယ္၊ ေက်ာင္းတက္တုန္းကလည္း ေက်ာင္းမို႔လို႔၊ ၿပီးခါနီးေတာ့လည္း အလုပ္႐ွာရမွာမို႔လို႔နဲ႔ ပူပန္မႈေတြက ကုန္ပဲ မကုန္ႏိုင္ဘူးဗ်ာ၊ ဒီလိုပဲ အျပန္အလွန္ အားေပး၊ ခရီးဆက္ၾကရမွာ ပါပဲ၊ ရီစရာေတြကို ပီဇာနဲ႔သာ ေတြးေပေတာ့ ညီမေရ...။ း)
ရံႈးနိမ့္မႈဆိုတာကို ၾကံ ုရတဲ့အခါ ၾကံ့ၾကံ့ခံတတ္ေအာင္၊ မတ္တပ္ရပ္ႏိုင္ေအာင္ သင္ယူခဲ့တယ္။ တေယာက္တည္း ရင္ဆိုင္ေၿဖရွင္းတတ္ေအာင္ သင္ယူခဲ့တယ္။
အဲတာအေကာင္းဆုံးပါပဲ စန္းထြန္းေရ
သစ္ပင္ပုံေလးေတြလွလုိက္တာေနာ္-----
ၾကည္႔ရင္းနဲ႔ လြင္ျပင္မ်က္ႏွာျမင္မိတယ္ ဂ်က္က လြင္ျပင္ကုိ
သစ္ပင္ေလးလုိ႔ေခၚတာေလ
ခ်စ္တဲ႔ jasmine
စန္းထြန္းေလးေရ..
အလုပ္ကိုနယူးေယာက္ longisland၊
မွာရခဲ့ရင္ လာခဲ့။
ကိုယ္တို ့လည္းအေပါင္းအသင္းရွိဘူး၊
ဒီလိုဘဲရုန္းကန္လုပ္ရွားေနၾကရတာဘဲေလ။
ဘယ္ေတာ့မွမေရာက္ႏိုင္တဲ့နက္ဖန္ဆိုတာ၊
မစဥ္းစားႏိုင္ေသးဘူး။
ေပ်ာ္ရာနဲ ့ေတာ္ရာဆိုတာနားလည္ေအာင္၊
ႀကိဳးစားေနဆဲပါကြာ..။
ခင္မင္တဲ့
တီတီမီး
လူတိုင္းပါပဲ စန္းထြန္းေရ..ဒုကၡအထူၾကီးေတြ ရွိေနၾကပါတယ္ ဖြင့္မေၿပာၾကလို႕သာ... (ထပ္ဆင့္ေကာ္ပီ....)..:P:P
အထြန္း
စိတ္ဓါတ္မက်ပါနဲ႕
ဆက္ႀကိဳးစားပါ
လူတိုင္းမွာအဆင္မေျပမႈ႕
အားငယ္မႈ႕ဆိုတာရွိေနတတ္ပါတယ္
အထြန္းတေယာက္တည္းမဟုတ္ပါဘူး
စန္းထြန္းေရ...
ေအာင္ျမင္မႈဆိုတာ ကိုယ္လိုခ်င္တာကို ရတာ
ေပ်ာ္ရႊင္မႈဆိုတာ ကိုယ္ရတာကို ေက်နပ္တာ တဲ့
ေအာင္ျမင္မႈနဲ႔ ေပ်ာ္ရႊင္မႈ တစ္ထပ္တည္းက်ပါေစလို႔ပဲ ဆုေတာင္းေပးရေတာ့မွာပ...
အေပၚပိုင္းက နည္းပညာေ၀ါဟာရေတြကို ဦးဟန္ၾကည္ခမ်ာ နားေ၀းရွာလြန္းလို႔ ဒစ္ရွင္နရီပါ လွန္ဖတ္ယူရသကြယ္...
စန္းစန္းေရ ပို႔စ္တစ္ခုမွာတီတင့္ေရးခဲ့ဘူးတယ္။
သူမ်ားေတြဘဝကိုလြယ္လြယ္ကူကူျဖတ္သန္းခ်ိန္မွာ
ကိုယ္ကခက္ခက္ခဲခဲျဖတ္သန္းတာကိုသည္းခံလိုက္ပါ။
တစ္ခ်ိန္မွာသူမ်ားတကာခက္ခဲေပမဲ့ကိုယ့္အတြက္
အဆင္ေျပလြယ္ကူစြာနဲ႔ဘဝေလးကို
ျဖတ္သန္းခြင့္ရမွာဧကန္ပါ။
စိတ္ဓာတ္အစဥ္ၾကည္လင္ေအးျမပါေစကြယ္။
ေမတၱာျဖင့္
အန္တီတင့္
အစစအရာရာအားလံုး အဆင္ေျပေခ်ာေမြ.ပါေစ။ေပွ်ာ္ရႊင္စြာနဲ. ျဖတ္သန္းႏိုင္ပါေစ လို .ေမာင္ေမာင္ ဆုေတာင္းေပးပါတယ္
စန္းထြန္းေရ....ဘဝဆိုတာဒီလိုပါပဲေလ....၊ေရစီးရယ္တစ္
ခါ...၊ေရသာရယ္တစ္လွည့္ေပါ့ေလ....၊ခုခ်ိန္မွာ ဒုကၡအထူ
ႀကီးကို အေႏြးထည္လိုဝတ္ထားရတာ....၊တစ္ခ်ိန္မွာ သက္
သာေပ်ာ္ရြင္ေက်နပ္စရာဘဝကိုပိုင္ဆိုင္ရဖို႕ပဲေလ...ေနာ့
Please let me know the job search sites addresses in USA.Thanks.
မေမနဲ ့စန္းထြန္း ဘဝတူ..
မမအိုင္အိုရာ ဆံုရင္ လုစားရေအာင္ေနာ္..:P
မမီးငယ္ အလုပ္ေလွ်ာက္ရင္း longisland ေတြ ့ေတာ့ မမီးငယ္ကို သတိရမိေသးတယ္..
လူဇိုး အိန္ဂ်ယ္လိႈင္ သူမ်ား ေကာ္ပီကူးတာကို သူက ထပ္ေကာ္ပီကူးတယ္ :D ...
ပစ္ပစ္ ဟုတ္ကဲ့ပါ ခင္ည..
ၾဆာဟန္ ေက်ာ္ဖတ္လို္က္တာ မဟုတ္ဘူး..ဒုကၡရွာလို ့ဗ်ာ :P...
တီတင့္ ဒီလိုပဲ ေမွ်ာ္လင့္ပါတယ္ဂ်ာ..
ေမာင္ေမာင္ ေပးတဲ့ဆု ၿပည့္ေစဗ်ား...
ကိုညိမ္းႏိုင္ ေရက အၿမဲ စီးေနေတာ့လည္း ခက္သားဂ်..
Anonymous အသက္သာ အေသခံမယ္..လံုးဝေၿပာဝူး :P...
ဟိုႏႈိက္ ဒီႏိႈက္.. ႏႈိက္စားသြားၿပီ...း)
မေဓာဝီ said...
စန်းထွန်းနဲ့ အမနဲ့ တူလိုက်တာ။ အမလဲ ဘိလပ်ကို လာခဲ့တာ ဒုက္ခနဲ့လှလှ တွေ့ရတယ်ဆိုပြီး နောင်တ ရနေတာ။ မိဘတွေကိုလဲ ကိုယ်အဆင်ပြေပါတယ်လို့ တခါမှ မညာဘူး ဟိဟိ။ သူတို့ခမျာ ကိုယ့်အတွက် အမြဲပဲ စိတ်ပူနေရရှာတယ်။
အင်း ... မှုန်ဝါးဝါးနဲ့ လမ်းပျောက်နေတာလဲ တူပြန်ရော ... မသေချာခြင်း မရေရာခြင်းတွေ အပြည့်နဲ့ ... ဘယ်တော့မှ ပြီးဆုံးမလဲ မသိ ... ။ တူတူပါပဲ စန်းထွန်းလေးရေ ... ။
January 20, 2012 at 2:45 AM
Anonymous said...
ဒို့လည်းဒီလိုပါဘဲ။
ပြည့်ဝတဲ့ပျော်ရွှင်မှုတွေပျောက်ဆုံးနေတယ်။
မောင်နှမတွေနဲ့လုစားခဲ့ရတာတွေဘဲပျော်တယ်။
အိုင်အိုရာ
January 20, 2012 at 3:12 AM
ညီလင်းသစ် said...
ဟုတ်တယ်၊ ကျောင်းတက်တုန်းကလည်း ကျောင်းမို့လို့၊ ပြီးခါနီးတော့လည်း အလုပ်ရှာရမှာမို့လို့နဲ့ ပူပန်မှုတွေက ကုန်ပဲ မကုန်နိုင်ဘူးဗျာ၊ ဒီလိုပဲ အပြန်အလှန် အားပေး၊ ခရီးဆက်ကြရမှာ ပါပဲ၊ ရီစရာတွေကို ပီဇာနဲ့သာ တွေးပေတော့ ညီမရေ...။ း)
January 20, 2012 at 6:54 AM
စံပယ်ချို said...
ရှုံးနိမ့်မှုဆိုတာကို ကြံ ုရတဲ့အခါ ကြံ့ကြံ့ခံတတ်အောင်၊ မတ်တပ်ရပ်နိုင်အောင် သင်ယူခဲ့တယ်။ တယောက်တည်း ရင်ဆိုင်ဖြေရှင်းတတ်အောင် သင်ယူခဲ့တယ်။
အဲတာအကောင်းဆုံးပါပဲ စန်းထွန်းရေ
သစ်ပင်ပုံလေးတွေလှလိုက်တာနော်-----
ကြည့်ရင်းနဲ့ လွင်ပြင်မျက်နှာမြင်မိတယ် ဂျက်က လွင်ပြင်ကို
သစ်ပင်လေးလို့ခေါ်တာလေ
ချစ်တဲ့ jasmine
January 20, 2012 at 9:05 AM
မီးမီးငယ် said...
စန်းထွန်းလေးရေ..
အလုပ်ကိုနယူးယောက် longisland၊
မှာရခဲ့ရင် လာခဲ့။
ကိုယ်တို့လည်းအပေါင်းအသင်းရှိဘူး၊
ဒီလိုဘဲရုန်းကန်လုပ်ရှားနေကြရတာဘဲလေ။
ဘယ်တော့မှမရောက်နိုင်တဲ့နက်ဖန်ဆိုတာ၊
မစဉ်းစားနိုင်သေးဘူး။
ပျော်ရာနဲ့တော်ရာဆိုတာနားလည်အောင်၊
ကြိုးစားနေဆဲပါကွာ..။
ခင်မင်တဲ့
တီတီမီး
January 20, 2012 at 1:13 PM
Angelhlaing(May everybody be happy and healthy! said...
လူတိုင်းပါပဲ စန်းထွန်းရေ..ဒုက္ခအထူကြီးတွေ ရှိနေကြပါတယ် ဖွင့်မပြောကြလို့သာ... (ထပ်ဆင့်ကော်ပီ....)..:P:P
January 20, 2012 at 1:54 PM
blackroze said...
အထွန်း
စိတ်ဓါတ်မကျပါနဲ့
ဆက်ကြိုးစားပါ
လူတိုင်းမှာအဆင်မပြေမှု့
အားငယ်မှု့ဆိုတာရှိနေတတ်ပါတယ်
အထွန်းတယောက်တည်းမဟုတ်ပါဘူး
January 20, 2012 at 2:04 PM
ဟန်ကြည် said...
စန်းထွန်းရေ...
အောင်မြင်မှုဆိုတာ ကိုယ်လိုချင်တာကို ရတာ
ပျော်ရွှင်မှုဆိုတာ ကိုယ်ရတာကို ကျေနပ်တာ တဲ့
အောင်မြင်မှုနဲ့ ပျော်ရွှင်မှု တစ်ထပ်တည်းကျပါစေလို့ပဲ ဆုတောင်းပေးရတော့မှာပ...
အပေါ်ပိုင်းက နည်းပညာဝေါဟာရတွေကို ဦးဟန်ကြည်ခမျာ နားဝေးရှာလွန်းလို့ ဒစ်ရှင်နရီပါ လှန်ဖတ်ယူရသကွယ်...
January 21, 2012 at 2:13 AM
mstint said...
စန်းစန်းရေ ပို့စ်တစ်ခုမှာတီတင့်ရေးခဲ့ဘူးတယ်။
သူများတွေဘဝကိုလွယ်လွယ်ကူကူဖြတ်သန်းချိန်မှာ
ကိုယ်ကခက်ခက်ခဲခဲဖြတ်သန်းတာကိုသည်းခံလိုက်ပါ။
တစ်ချိန်မှာသူများတကာခက်ခဲပေမဲ့ကိုယ့်အတွက်
အဆင်ပြေလွယ်ကူစွာနဲ့ဘဝလေးကို
ဖြတ်သန်းခွင့်ရမှာဧကန်ပါ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
January 21, 2012 at 4:59 AM
မောင်မောင် said...
အစစအရာရာအားလုံး အဆင်ပြေချောမွေ.ပါစေ။ပျှော်ရွှင်စွာနဲ. ဖြတ်သန်းနိုင်ပါစေ လို .မောင်မောင် ဆုတောင်းပေးပါတယ်
January 21, 2012 at 2:24 PM
ညိမ်းနိုင် said...
စန်းထွန်းရေ....ဘဝဆိုတာဒီလိုပါပဲလေ....၊ရေစီးရယ်တစ်
ခါ...၊ရေသာရယ်တစ်လှည့်ပေါ့လေ....၊ခုချိန်မှာ ဒုက္ခအထူ
ကြီးကို အနွေးထည်လိုဝတ်ထားရတာ....၊တစ်ချိန်မှာ သက်
သာပျော်ရွင်ကျေနပ်စရာဘဝကိုပိုင်ဆိုင်ရဖို့ပဲလေ...နော့
January 22, 2012 at 9:30 AM
Anonymous said...
Please let me know the job search sites addresses in USA.Thanks.
January 25, 2012 at 12:49 PM
San San Htun said...
မမေနဲ့စန်းထွန်း ဘဝတူ..
မမအိုင်အိုရာ ဆုံရင် လုစားရအောင်နော်..:P
မမီးငယ် အလုပ်လျှောက်ရင်း longisland တွေ့တော့ မမီးငယ်ကို သတိရမိသေးတယ်..
လူဇိုး အိန်ဂျယ်လှိုင် သူများ ကော်ပီကူးတာကို သူက ထပ်ကော်ပီကူးတယ် :D ...
ပစ်ပစ် ဟုတ်ကဲ့ပါ ခင်ည..
ဆြာဟန် ကျော်ဖတ်လိုက်တာ မဟုတ်ဘူး..ဒုက္ခရှာလို့ဗျာ :P...
တီတင့် ဒီလိုပဲ မျှော်လင့်ပါတယ်ဂျာ..
မောင်မောင် ပေးတဲ့ဆု ပြည့်စေဗျား...
ကိုညိမ်းနိုင် ရေက အမြဲ စီးနေတော့လည်း ခက်သားဂျ..
Anonymous အသက်သာ အသေခံမယ်..လုံးဝပြောဝူး :P...
January 28, 2012 at 8:19 PM
အဖြူရောင်နတ်သမီး said...
ဟိုနှိုက် ဒီနှိုက်.. နှိုက်စားသွားပြီ...း)
January 29, 2012 at 6:52 AM
Post a Comment