ကျေးဇူးတော်နေ့ - ၂

ကျေးဇူးတော်နေ့နဲ့ တိုက်ဆိုင်သွားတဲ့ မွေးနေ့အထိမ်းအမှတ်အဖြစ် ကျေးဇူးတော်နေ့ဆိုပြီး ပို့စ်လေး ရေးဖြစ်ပါတယ်။ ဟော...မွေးနေ့ပြီးသွားပြန်တော့လည်း လာပြန်ပြီ ကျေးဇူးတော်နေ့ ၂။ ဘာတုန်းဟ ပြီးကို မပြီးနိုင်တော့ဘူး။ စီနီယာ ဦးဟန်ကြည်၊ ကိုညိမ်းနိုင်၊ မမကွန် (ခင်ဦးမေ)တို့ကို အားကျလို့။ အဟက်..အဟက် မဆီမဆိုင် သူတို့ကို ဆွဲထည့်လိုက်တယ်။

နိုင်ငံသားစိစစ်ရေးကဒ်နဲ့ ပတ်ပို့စ်မှာ ရှိတဲ့ မွေးနေ့နဲ့ တကယ့်မွေးနေ့က တနှစ်အတိကွာပါတယ်။ ဖြစ်ရပုံက ကလို။ ရခိုင်ပြည်နယ်က မေ့တို့ရွာမှာ မွေးဖွားခဲ့တဲ့ စန်းထွန်းမှာ မွေးစာရင်း မရှိပါဘူ။ "၁၃၄၄ တန်ဆောင်မုန်းလပြည့်ကျော် ...ရက် ဗုဒ္ဓဟူးနေ့ညနေတွင် မာတာမိခင်မှ မွေးဖွားသန့်စင်သည်။ အသက် ၁၂၀ ရှည်စေသော်"ဆိုတဲ့ ပေကညစ်လေးပဲ ရှိတာ။ နိုဝင်ဘာမှာ မွေးဖွားတဲ့ကလေးတွေ ကျောင်းအပ်ရင် ဒုက္ခရောက်ပါပြီ။ ကျောင်းဖွင့်တဲ့အချိန်မှာ အသက်က ကိုးလိုးကန့်လန့် ၄နှစ်ခွဲ အတိ။ မိဘတွေ ဦးနှောက်စားရပါပြီ။ ၄နှစ်ခွဲနဲ့ ကျောင်းအပ်လို့ ကလေးက တခြားကလေးတွေကို လိုက်မမှီရင် ဒုက္ခ။ နောက်တနှစ်စောင့်ပြီးမှ အပ်ရင် သူများကလေးတွေထက် နောက်ကျ။

ဒီလိုနဲ့ နောင်တနှစ် စောင့်စရာမလိုဘဲ နေ့ချင်းညချင်း တနှစ်ကြီးသွားပါတယ်။ ငါးတန်းနှစ်မှာ မှတ်ပုံတင် လုပ်ရပါတယ်။ လုပ်အားပေးတွေက ကျောင်းက ၈တန်း၊ ၉တန်း အတန်းကြီးတွေ။ သူတို့ခမျာလည်း အတော် အုန်းစားရှာတာ။ မြန်မာသက္ကရာဇ်ကနေ အင်္ဂလိပ် သက္ကရာဇ်ကို ပြောင်းရတာ လွယ်တာမဟုတ်။ ဘယ်လိုကနေ ဘယ်လိုဖြစ်တယ် မသိပါဘူး။ ၇တန်းလောက်ရောက်တော့မှ ကိုယ့်မွေးနေ့မှန်မမှန် နှစ်တရာ ပြက္ခဒိန်နဲ့ တိုက်ကြည့်တော့မှ လား...လား... မှတ်ပုံတင်မှာ ရှိတဲ့ မွေးနေ့၊ မွေးလ၊ မွေးသက္ကရာဇ်မှာ မွေးလ နိုဝင်ဘာဆိုတာပဲ မှန်ပြီး ကျန်တာက တလွဲတွေ။ ပြောင်းလို့မရတော့ဘူးတဲ့။ ရှိစေတော့ ရှိစေတော့။ အငယ်ကောင် မောင်မောင်ကျတော့ တမျိုး။ ဟိုင်းကြီးကျောင်း၊ စံပြကျောင်း၊ ရန်ကုန်ကျောင်း အကူးအပြောင်းမှာ မွေးသက္ကရာဇ်ကတော့ မှန်ပြီး မွေးနေ့နဲ့ မွေးလ မှားနေတယ်တဲ့။ သူကျတော့ လပိုငယ်သွားတယ်။

ငယ်ငယ်တုန်းက ဟိုင်းကြီးမှာတော့ မွေးနေ့တွေ ဘာတွေလည်း မလုပ်ပါဘူး။ မွေးနေ့ဆိုတာတောင် သတိရတာ မဟုတ်။ ဖေ၊ မေကလည်း စီးပွားရေးကို ဖိရှာနေရတာ။ အတော်ခေတ်မှီတဲ့သူလောက်ပဲ လုပ်တာ။ ရန်ကုန်ရောက်လာတော့ ရန်ကုန်လို ကျင့်ပါပြီ။ မွေးနေ့အထိမ်းအမှတ်အဖြစ် ဘဲကင်၊ ကြေးအိုးဆီချက် စားပြီး ဘုရားတက်ပါတယ်။ စင်ကြားပူရောက်တော့လည်း မွေးနေ့ဆို Eunos က ဘုန်းကြီးကျောင်းမှာ သင်္ကန်းကပ်၊ ဆွမ်းကပ်။ သူငယ်ချင်းတွေနဲ့အတူ Newton က Seafood Hawer မှာ ဝါးတီးတတ်ပါတယ်။



မနေ့ကတော့ Yanzi ကို မွေးနေ့အထိမ်းအမှတ် ကွျှေးမယ်ဆိုပြီး ဆူရှီဆိုင်သွားတာ ပိတ်တယ်။ တပတ်တခါ သွားစားနေကြ Family Buffet ၊ Ching Dow Buffet လည်း ပိတ်တယ်။ HyBee မှာ ဘူဖေး သွားစားမယ်ဆိုတော့လည်း ပိတ်တယ်တဲ့။ ကြက်ကြော်ရောင်းတဲ့နေရာမှာလည်း Qတန်းကရှည်။ မကြာခင် ပိတ်တော့မှာတဲ့။ ဘူဖေးမဟုတ်ရင် ကြက်ကြော် ၃ခုကိုတောင် ၇ ကျပ်ပေးရတာ။ ဂရမ်းဘူဖေးဆိုရင် ၁၂ ကျပ် ကြိုက်သလောက်စား။ PizzaHut ၊ Burger King၊ Pizza Ranch၊ Subway တို့ကို သွားချောင်းတော့လည်း ပိတ်တယ်။ McDonald တော့ မပိတ်လောက်ပါဘူးဆိုပြီး သွားတော့ ဘိုမတယောက်က သွားချောင်းပြီး လက်ကို ခရော့စ် ပိတ်တယ်ဆိုတဲ့ သင်္ကေတလုပ်ပြတော့ ကားပေါ်ကတောင် မဆင်းလိုက်ရဘူး။ တမြို့လုံးက ဆိုင်တွေ ပိတ်တာ။

မဖြစ်ချေဘူးဆိုပြီး Argio ထမင်းစားဆောင်ကို ပြေးရတယ်။ ဒါတောင် စိတ်က ထင့်နေသေးတယ်။ Argio သာ ပိတ်ရင် ငတ်ပြီ။ တော်သေးတယ် တမြို့လုံးမှာ မပိတ်တာဆိုလို့ ထမင်းစားဆောင်ပဲ ရှိတယ်။ Yanzi က သူတို့ တရုတ်ပြည်မှာဆို ဟောလီးဒေးဆို တမြို့လုံးဆိုင်တွေ ဖွင့်ပြီး ဈေးဝယ်ထွက်၊ အပြင်ထွက်စားနဲ့ ကြိတ်ကြိတ်တိုး စည်ကားတာတဲ့။ မြန်မာပြည်နဲ့ စလုံးမှာလည်း ဒီလိုပါပဲ။ အာရှနဲ့ မတူ အမေရိကန်တွေရဲ့ ဟောလီးဒေးကတော့ ကိုယ်ချက်မှ ကိုယ်စားရတဲ့ဘဝ။ မချက်ရင် ငတ်ပြီ။

အမေရိကန်လေသံနဲ့ ပြောရရင် What is the f****** holdiay ! S*** ! S***! Crap ! ။ စတိတ်ကို ရောက်တာ ၅ လလောက်ပဲ ရှိသေးတဲ့ ကျောင်းသားတွေ အရင်ဆုံးတတ်တဲ့ စကားလုံးက f***။ ကျောင်းသားအချင်းချင်း f*** u ဆိုတဲ့ စကားလုံး မပါမဖြစ်။ မိန်းကလေးမို့ f*** u အစား You sucked လို့ Chantrea က ပြောရင် စန်းထွန်းကလည်း You sucked လို့ ပြန်ပြောတာပါ။ အင်တာနေရှင်နယ် ကျောင်းသာတွေ အတွက်ကတော့ အချင်းချင်း နှုတ်ဆက်နောင်ပြောင်ကျီဆယ်တဲ့ စကားလုံးပေမဲ့ You sucked ဆိုတဲ့ စကားလုံးက အမေရိကန်တွေအတွက်ကတော့ တကယ့်ကို ခေါင်းကို ထုသလိုဖြစ်စေတဲ့ စကားလုံးပါ။ မိုင်းဆို တခါတလေ ဆူနမ်ကို လက်ခလယ်ထောင်ပြတတ်ပါတယ်။ ဆူနမ်ပြောလို့ ရာမားနဲ့ စန်းထွန်း ကြည့်လိုက်ရင် သူဘာမှ မလုပ်သလို၊ လက်မ၊ လက်ညိုး၊ လက်ခလယ်၊ လက်သူကြွယ်၊ လက်သန်းတွေကို တခုပြီး တခုထောင်ပြီး လက်ညောင်းလို့ လေ့ကျင့်ခန်းလုပ်နေသယောင် ဆောင်တတ်ပါတယ်။ အမေရိကန်တွေထက်ကို အမေရိကန်ပိုဆန်ကြတာပါ။

ကားတံခါးပိတ်ရင်း လက်မပါ ပိတ်မိလို့ လက်မမည်းသွားပါတယ်။ WallMart ပြေး ပလာစတာ၊ ဆေးဝယ်ကပ်ပေမဲ့ သွေးက ထွက်နေဆဲ။ ရာသီဥတုကလည်း အေးလို့ တဆစ်ဆစ် ကိုက်ပါတယ်။ ဒီနေ့မနက်ထိ သွေးထွက်နေတုန်းမို့ ကျောင်းဆေးခန်းကို ပြေးရပါတယ်။ သူနာပြုက မနေ့က ကျေးဇူးတော်နေ့မှာ ဟင်းချက်ရင်း ထိခိုက်မိတာလားဆိုလို့ ပြံုးမိသေးတယ်။ ပလာစတာရယ်၊ ရေခဲအိတ်ပေးပြီး ဂရုတစိုက် ကုပေးပါတယ်။ နွေဦးတုန်းက အလာဂျီဖြစ်တုန်းကလည်း သူပဲ ဆေးရုံကို လိုက်ပို့ပေးတာပါ။ တာဝန်အရတင် မဟုတ်ဘဲ တကယ့်ကို စေတနာနဲ့ လုပ်ပေးမှန်း ခံစားရပါတယ်။



ဖေ့ဘွတ်မှာ မွေးနေ့ဆုတောင်းတွေကို မလိုက်တဲ့ စန်းထွန်းကို ဆူနမ်က လိုက်သင့်တယ်လို့ ဆူပါတယ်။ လိုက်ရမှာ အရှည်ကြီးဟ ပျင်းတယ်။ မွေးနေ့ဆုတောင်းတွေကို လိုက်ရမယ်လို့ မည်သူပြောလဲ ပြန်ပက်တော့ မလိုက်ရင် တမျိုးကြီး။ လိုက်လိုက်တဲ့။ စိတ်မပါ လက်မပါ မလိုက်ချင်ဘဲ လိုက်ထားပါသည်။

ရတဲ့ မွေးနေ့လက်ဆောင်တွေကို ဓာတ်ပုံရိုက်ပြီး ဖေ့ဘွတ်ပေါ်တင်ကာ ကြွား ..အဲလေ ပေးတဲ့ သူတွေ ဝမ်းသာအောင်။ ဒီနှစ်တော့ ကြွားစရာ မွေးနေ့လက်ဆောင်ဆိုလို့ Yanzi ပေးတဲ့ ကိတ်သေးသေးလေးပဲ ရှိတယ်။ ကြွားမှာပဲ ကြွားမှပဲ ငါ့ကိုတော့ မတားနဲ့။ ဖေ့ဘွတ်က မွေးနေ့ဆုတောင်းတွေကို အမှတ်တရဖြစ်အောင် စုစည်းပြီး ကြွားလိုက်ပါတယ်။ (မလိုက်ချင်ဘဲ လိုက်ထားရတယ်ဆိုသေး.. မလိုက်ချင်ဘဲ လိုက်ထားသည်မို့သာ တော်၏..လိုက်များလိုက်လျှင် မလွယ်ရေးချ မလွယ်)။ ဘလော့ကနေ မွေးနေ့ဆုတောင်းပေးတာတွေကတော့ ကျေးဇူးတော်နေ့ပို့စ်မှာပါ။


Zar Che Kyaw- Happy Birthday Sis..........May today be filled with smiles, laughter,love and happiness.
Khin Thant Zin - Happy Birthday ...San Htun yay. May all you dreams come true and wish u all the best :))
BoBo Lwin - Happy Birthday!
Salwida Ph Damit- Happy B'day :)
Hnin Pwint Phyu Khine - Happy Birthday, Fri..!
Tint Win - happy birthday phwar san yae :D...
Swe Naing - Happy Birthday sis...
Theingi Ba - Happy Birthday San Htun Gyi, may happiness and your sweet smiles be with you always.
Celine Ong - Happy Birthday, San San!
Khin Khin Lin - Happy birth day sis ... wishing you a happy and cheerful life ahead :)
Khin San - Happy Birthday to my lovely sister, my everything...
Wishing ur dreams come true!
Sundy Thawdarr Shwe - Happy Birthday!! :D
Zin Mar- Happy Birthday My Friend!!!
Nyein Thwet Thwet Aung - Happy Birthday friend, wish u all the best!
War War Mon - Happy Birthday sis!
Aye Thet - Happy Birthday sis....:)
Hnin Pwint Phyu Khine - Happy Birthday.. Friend..!!
Yamin Myint - Happy Happy Birthday!!! Enjoy your special day! Hopefully no more culture shock for you :)
Ei Ei Mon - Happy birthday Friend
Khine Htwe - Happy Birthday Sister :)
Aye Myat Thu - Happy Birthday sister! ;)
Khin Lay Phyu - Happy Birthday San Htun All the best!! :)
Swe Yee Mon Soe - Happy birthday, fri!!! :)
Subas Shrestha - happy bday San Htun.
Win Win Thant - Happy Birthday....
Thwe Zin - Happy Birthday, Fri. Wish you all the best.
Nilar Thein - Happy Birthday :)
Ayenb Ae'ae'- Happy birthday a ma.many happy returns of the day..:)
Naam Honi - Happy B'day san san..........................waiting for treat........pizza ranch or pizza hut u decide ok.....................
Rama Khanal - Happy Birthday San San......tell me ur account i will transfer $1 as a gift before Mai Pham....bcoz i know she is going to do the same thing......hehehehehe.........................
Autumn Nectar - Happy Birthday!!!
Ganga Bohara- Happy Birthday San San!!
Pyone Myat Maw - Happy Birthday....sis May all your dreams come true...
Aung Kyaw Khaing - Happy Birthday Frd! :))
Ijaz Ahmad - happy birthday San... wish u all the best.
Saw Sandar - Sis, happy birthday..:)
Dwarson Wu - Happy Birthday,friend
Yanzi Luo -Happy birthday San~~!! Any celebration for today? XDDD
Lal Babu Sah -Happy B'day San! Enjoy!!!
Iddy Magohe - happy birthday
Aung Zayar Min - Happy Birthday Fri!!!!
July Lamin Lay - Happy Birthday, sis!!!
Phyu Phyu Aung - Happy Birthday! Have a wonderful day.
Maher Hujairi - Happy Birthday =)
Srinivasan Jayaraman - Happy bday San..Have a gr8 day and year ahead!
Thet Thet Zin - Happy Birthday!!
Abhishek Hada - Happy Bday San San...enjoy ur day..
Thin Zar Phyo - happy birthday, sis
Pont Pont Htoo - Happy Birthday !
Wah Mk - Happy Birthday! SH....Wish u all the best. ^_^
Suzzette Agustin Pilapil - Happy Birthday Sun..
Myatthu Maung - Happy Birthday
Hnin Nu Yin - Happy Birthday ~~~~~~ Dont eat alone..... Pls share with your sister...:)
Nyan Lin Myint - Happy birthday sister :) Have a blast !!
Hoa Le - San San, Happy birthday! Wish you are all the best
Khin Yeik Mon - Happy Birthday, friend. Be the happiest !!
Sai Aung Min - Happy Birthday Ko Gyi yay!
Jabarul Hassan - Happy Birthday SanSan!!
Lin Aung Thet - Happy birthday! :)
Yee Mon - Happy Birthday ... San Htun !!! Be always happy ... :)
San Lwin - Happy Birthday, San Htun!!!
Yedi Yirga - Happy brthday!!
Myat Thida Soe - Happy Birthday,frd.All the best to you!!
Khine Phyu Phyu Than - Happy Birthday ama! All the best !!!
Ei Wai - Happy Birthday,sis!!!
Zar Chi Thinn - Happy Birthday to u ♥♥♥
Godwin Anasigre - Happy bday San
魏伟 - Happy Birthday! Happy Thanksgiving holiday!
Asmita Sapkota - Happy birthday ..manche ;)
Firas Rasmy - Happy Birthday San :)
Parlayyar ပါေလ ရာ - Happy Birthday Sis...
Sara Lynn - Happy Birthday Ma :)
Diamond Flower - Happy Birthday, San.
Dipesh Man Joshi - HI San happy Birthday and wish you all the best. Also Happy Thanksgiving day
Kashif Kashi - Happy Birthday! wish you many many returns of the day
Yingjun Cui - happy birthday!
Yi Mon Thant - Hi fri... Happy birthday..
Zin Mar - happy birthday sis

တုံးဖလားရွှာက သူကြီးမင်း ကိုကိုမောင် ဆိုရင် သူ့မွေးနေ့မှာ ဆုတောင်းပေးတဲ့သူတွေကို ပြိုင်ပွဲလုပ်ပြီး ဆုပေးလိုက်သေးတယ်။ သူကြီးမင်းကို အားကျလို့ ဆုပေးလိုက်ဦးမယ်။ ဖေ့ဘွတ်မှာ ဆုရတာက မွေးနေ့တောင် မရောက်သေးဘဲ ဝီရိယကောင်းစွာ ပထမဆုံးမွေးနေ့ဆုတောင်းပေးတဲ့ ကျော်ကြီးလို့ ခေါ်ကြတဲ့ ဇာခြည်ကျော်။ ဘလော့မှာ ပထမဆုံး ဆုလာတောင်းပေးတာက ဂျင်ဆန်းမီနဲ့ အဝေးကကြည့်ရင် တော်တော်တူ (မမြင်ရလေ ပိုတူ)တဲ့ ဘလော့ဂ်မှာအိပ် ဘလော့ဂ်မှာစားလို့ ထင်ရလောက်အောင် ဘလော့ဂ်ဂင်းနိုင်သူ သမီးစံ။ ရွှီ.. ဖြောင်း..ဖြောင်း..ဖြောင်း။ အောက်က မွေးနေ့ကိတ် ၂ခုကို တယောက်တခု ဆုအဖြစ် ချီးမြှင့်လိုက်သည်။

ဖေ့ဘွတ်ကနေ မွေးနေ့ကိတ်ပို့ပေးတဲ့ Hnin Nu Yin၊ Happy Birthday par my friend ဆိုပြီး မအားတဲ့ ကြား၊ အုတ်လမ်းကို ကုက်တတ်ရတဲ့ မြန်မာပြည်ကနေ ဆုတောင်းပေးတဲ့ အိကေ၊ အီးမေးလ်နဲ့ တကူးတက ဘတ်ဒေးကဒ်ပို့လာတဲ့ လင်းလင်းဟန်၊ let's go to newton to eat seafood
et meet at newton mrt ဆိုပြီး ဘတ်ဒေး wish တဲ့ အိအိ၊ Happy 35 years birthday ဆိုပြီး ဆုတောင်းပေးတဲ့ ကောင်းကောင်း။ (သူများကို သက်သက်မဲ့...)

အီးမေးလ်နဲ့ တကူးတကွ ပို့ပေးလာတဲ့ လင်းလင်းဟန်ဆီက မွေးနေ့ကိတ်
ဖေ့ဘွတ်ကနေ Hnin Nu Yin ပေးတဲ့ မွေးနေ့ကိတ် တယောက်တည်း မစားနဲ့ မကြီးနဲ့ ရှယ်စားတဲ့။ စန်းထွန်း အစားပုတ်တာ သိပုံရတယ် ...:P
Dear Sansan:
Happy Birthday! Although this special day may find you many miles from your family and home, your ComPro family wishes for you deep personal happiness and abundant professional success. We are fortunate to have you with us, and appreciate you today -- and every day.
Best wishes of celebration,
All the ComPro faculty and staff
j0216588



ဒီနေ့ Black Friday ပါ။ ဈေးတွေ ထက်ဝက်ချလို့ မလိုတာရော၊ လိုတာရော ဝယ်လို့ နောင်တရနေသူမိတွေ၊ အွန်လိုင်းကနေ ကြည့်ပြီး ဟိုဟာလိုချင်၊ ဒီဟာလိုချင်ပေမဲ့ ဘတ်ဂျက်အခြေအနေကြောင့် ဘာဆိုဘာမှ မဝယ်ဘူးဆိုပြီး တင်းခံနေသူတွေ။

ပျော်ရွှင်သော Black Friday ဖြစ်ပါစေ။

P.S : ပူးပူး ရေ Newton Seafood Hawer က ဂဏ္ဏန်း၊ ငါးလိပ်ကျောက်စားပြီး ကိတ်မုန့်လေးကို အချိုတည်းလိုက်ပါနော်...:P

စန်းထွန်း
နိုဝင်ဘာ ၂၅၊ ၂၀၁၁။

7 comments:

Anonymous said...

လက်က.ခု.ဘယ်လိုနေလဲဟင်
အနာရင်းတတ်တယ်)
ခင်မင်စွာဖြင့်
မိစံ

စံပယ်ချို said...

ကြည့်ရတာညိုနေပြီ
ဂရုစိုက်နော်...

ညိမ်းနိုင် said...

မထင်ရဘုးနော်.....:PPP



Anonymous said...

ကွန်မန့် မပေါ်ဘူးကွာ။
အိုင်အိုရာ

San San Htun said...


San San Htun said...

Anonymous said...
ဂျင်ဆန်းမီကို..ကိတ်မုန့်ကျွေးပြီး
နရင်းအုပ်ထားတယ်ပေါ့လေ း)
လက်က.ခု.ဘယ်လိုနေလဲဟင်
ကြည့်ရတာတော့.အလတ်ကြီးရှိပါသေးတယ် :P
(အေးတယ်ဆိုရင်.ဂရုစိုက်ပါနော်၊
အနာရင်းတတ်တယ်)
လက်က.အဲလောက်ဖြစ်တာတောင်
ဘလော့ဂင်းနိုင်တဲ့.စန်းထွန်းက.
မိစံထက်..တစ်ဗန်းသာပါတယ်ကွယ်း)
ချမ်းမြေ့ဖွယ်..နေ့ပေါင်းများစွာနဲ့အတူ
စန်းထွန်း.အသက်ရာကျော်ရှည်ပါစေ
ဒီ့ထက်ပိုပြီး.ပိုပြီး..ကလိနိုင်
အဲလေ..ရေးနိုင်ပါစေသော်ဝ်.. း)
ခင်မင်စွာဖြင့်
မိစံ
November 26, 2011 at 12:06 AM
စံပယ်ချို said...
လက်ကတော်တော်ထိသွားတာပဲ
ကြည့်ရတာညိုနေပြီ
ဂရုစိုက်နော်...
စိတ်ချမ်းသာကိုယ်ကျန်းမာပြီး
အမြဲတမ်းအောင်မြင်မှုတွေရရှိပါစေလို့
ချစ်ချစ်ခင်ခင် jasmine
November 26, 2011 at 3:30 AM
ညိမ်းနိုင် said...
စန်းထွန်းတို့ကတော့ဖြစ်ရမယ်...၊အေးတော့ ပိုကိုက်မပေါ့၊
အင်း.....ကျွန်တော်တို့ငယ်တုန်းကတော့ ကျောင်းဖွင့်ချိန်
မှာ ကလေးအသက်က ကိုးလို့ကန့်လန့်ဖြစ်နေရင် အဲ့လို
ပဲ သက္ကရာဇ်ဖြိုကြတာပါပဲ...၊အလိုလိုနေရင်း အသက်တစ်
နှစ်ကြီးသွားသပေါ့.....၊အင်း....မွေးနေ့က ၃၅နှစ်လား..၊
မထင်ရဘုူးနော်.....:PPP
November 26, 2011 at 8:41 AM
ချော(အစိမ်းရောင်လွင်ပြင်) said...
ပျော်ရွှင်သော မွေးနေ့ပါညီမလေး..
မြို့ပတ်ရလို့ ပျော်စရာတစ်ဝက်လောက် လျော့သွားတယ်ထင်တယ်..
ဘဝတစ်လျှောက်လုံး စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာပါစေ..
ဖြစ်ချင်တဲ့ ဆန္ဒအားလုံးပြီးပြည့်စုံပါစေလို့ ဆုတောင်းပေးပါတယ်.နော်
November 26, 2011 at 3:13 PM
Anonymous said...
ကွန်မန့်မပေါ်ဘူးကွာ။
မနေ့က ဦ းဆုံး လက်မလေးအမြန်သက်သာပါစေလို့ရေးခဲ့တာ။
အိုင်အိုရာ
November 26, 2011 at 11:22 PM
San San Htun said...
ပထမတခေါက်တုန်းက အီးမေးလ်ထဲမှာ တွေ့ပြီး ဘလော့မှာ မတွေ့ဘူး..ခုတခေါက်တော့ ဘာမှ မတွေ့တာ..ကွန်းမန့် setting တခုခု ဖြစ်နေတယ် ထင်တယ်..နောက်တခါ ပြန်လာမန့်ပြီး ဆုတောင်းပေးတာ ကျေးဇူးဗျား..
November 26, 2011 at 11:25 PM