ရပ်ကွက်ထဲမှာ‌တော့ဗျာ - ၅

အောက်တိုဘာEntryအတွက် ကျောင်းသား၅၀ကျော် ရောက်လာတော့ စန်းထွန်းတို့လည်း စီနီယာအဖြစ် ရာထူးတိုးသွားပါပြီ။ စန်းထွန်းဘေးခန်းကို ရောက်လာတာက အီဂျစ်က ခေါင်းမြီးခြုံမလေး။ မနက်အစောကြီး ၅နာရီလောက် ဝုန်း...ဒိုင်း... အသံတွေကြောင့် လန့်နိုးလာပြီး ဘာဖြစ်တာပါလိမ့်။ တော်နေဒိုးလား..မိုးရွာတာလား ဘာလား ညာလား။ စပ်စုကြည့်တော့ လား..လား ဘေးခန်းက မနေ့ကမှ ရောက်လာတဲ့ အသစ်ကလေးက ပစ္စည်းတွေ နေရာချနေတာကိုး။ မိုင်သောင်းချီ ခရီးနှင်လာပြီး မောမောနဲ့ အိပ်ပျော်သွားတယ်နဲ့ တူပါရဲ့။ နိုးလာချိန် နာရီကြည့်လိုက်တော့ အီဂျစ်စံတော်ချိန်အရ ညနေစောင်းနေပြီ။ ပစ္စည်းတွေနေရာချဦးမယ်ဆိုပြီးတော့မှ အကောင်အထည်ဖော်နေလေရဲ့။

ညည်းမခံနိုင်တဲ့အဆုံး ကွန်ပလိမ်းGirl ပီသစွာ တံခါးခေါက်ပြီး သွားပြောတော့မှ ဆောရီးတဲ့။ ခဏငြိမ်သွားပေမဲ့ ပြီးတော့လည်း ဆက်နေရာချနေတုန်းပါပဲ။ ပစ္စည်းတွေနေရာချပြီးသွားမှ နေလို့ထိုင်လို့ ကောင်းသွားမယ်နဲ့ ထင်ပါရဲ့။ ရှိစေတော့ ရှိစေတော့ ပထမဆုံးနေ့ပဲ သည်းခံလိုက်မယ်။ စိတ်ပူနေတဲ့ သူ့မိဘတွေနဲ့လည်း ချောချောမောမော ရောက်ကြောင်း ပြောကြ၊ဆိုကြ။ ကိုယ်ချင်လည်း စာပါတယ်။ မိဘတွေခမျာလည်း စိတ်ပူနေရှာမှာပေါ့။ ကိုယ့်တုန်းကလည်း စတိတ်ရောက်တဲ့အချိန် စလုံးစံတော်ချိန် မနက်၄နာရီ မကြီးထပြီး ဖုန်းဆက်သေးတာ။ ချောချောမောမော ရောက်တယ်ဆိုမှ စိတ်အေးပြီး အိပ်နိုင်တာ။ အဲဒီနေ့ကတော့ အိပ်ရေးမဝလို့ တနေကုန် ခေါင်းကိုက်နေတောပေါ့။


ဆူနမ်တို့ကို ပြောပြတော့ မိုင်းလည်း ရောက်စက မနက်၄နာရီလောက် နှိုးလာတော့ ပစ္စည်းတွေ နေရာချတယ်တဲ့။ နေ့နဲ့ညနဲ့ ၃ရက်လောက် မှားနေတယ်။ အီဂျစ်မက တော်သေးတယ်တဲ့။ နောက်၂ရက်အကြာ ဆူနမ်၊ ရာမား၊ မိုင်းတို့ ကျောင်းကနေ ထွက်ခွာသွားတော့မှပဲ စန်းထွန်းမှာ အားတော့တယ်။ နောက်ဆုံးရက်တွေမှာ နှုတ်ဆက်ပွဲတွေ နေ့တိုင်းနွှဲနေတာကိုး။ အားတော့မှ သွားမိတ်ဆက်ပြီး ဘာကူညီပေးရလဲ၊ ရေဘယ်က ရနိုင်မလဲ၊ ဆောင်ရန်၊ ရှောင်ရန်တွေ ပြောမလို့ဟာ သူ့ဘေးခန်းက အီရန်မ Nikoo က ရောက်ရောက်ချင်းပဲ လာပြောပြတယ်တဲ့။ အံမယ် အီရန်မက ကူညီတတ်သားပဲ။

ဆူနမ်၊ ရာမား၊ မိုင်းတို့ ထားခဲ့တဲ့ ပစ္စည်းတွေကို အငယ်တွေကို ခွဲခြမ်းပေးဝေ။ မိုင်းက သူ့ထမင်းပေါင်းအိုးကို ဗီယက်နမ်ကို ဦးစားပေးပြီး ပေးဖို့မှာထားပေမဲ့ ဂျူနီယာတွေထဲမှာ ဗီယက်နမ်ဆိုလို့ ကောင်လေးတယောက်ပဲ ပါတာမို့ သူ့ထမင်းပေါင်းအိုးကို ဖား(ဖိလစ်ပိုင်)မလေးကို ပေးလိုက်ပါတယ်။ ဂျူနီယာကျောင်းသား ၅၀ကျော်မှာ မိန်းကလေး ၄ယောက်ပါပါတယ်။ အီသီယိုးပီးယား ၁၊ အီသီးယိုးပီးယားလူမျိုးပေမဲ့ အမေရိကန်နိုင်ငံသား ၁၊ ဖိလစ်ပိုင် ၁၊ အီဂျစ် ၁။ ည၁၂ကျော်မှာ ကမ္ဘောဒီယား Samnang Cheng အခန်းတံခါးခေါက်ပြီး ဗိုက်ဆာလို့အကို ဘာများ စားစရာရနိုင်မလဲ ဆိုပြီး တောင်းလာတာက ညနေစောင်းကမှ ရောက်လာတဲ့ ဘေးခန်းက ဂျူနီယာဗီယက်နမ်ကောင်လေး။


ကျောင်းရောက်ခါစ စာတွေကလည်း မများသေးတော့ ဂျူနီယာတွေ အားနေပေမဲ့ စီနီယာတွေကတော့ ပရောဂျက်တွေ၊ စာတွေပိလို့ ဖိစီးနေချိန်ပါ။ ဘေးခန်းက အီဂျစ်မလေး Aryat (အာရပ်) နဲ့ စန်းထွန်းတို့က ကွန်ပျူတာသုံးရင် မျက်နှာချင်ဆိုင် ထိုင်ကြတာပါ။ နံရံပဲခြားတယ်။ မနက်၂နာရီထိုးတဲ့အထိ ချက်တော့ တိတ်ဆိတ်ချိန်မှာ အကျယ်ကြီးကြားရတာပါ။ ၁နာရီကျော်ရင်အိပ်တဲ့ စန်းထွန်း သည်းခံပြီး အိပ်ဖို့ ကြိုးစားပါတယ်။ ဘယ်လိမ့်တယ်၊ ညာလိမ့်တယ်၊ နားကို ခေါင်းအုံးနဲ့ ပိတ်ကာ အိပ်ဖို့ ကြိုးစားတယ်ခင်ဗျ။ မရပါဘူးခင်ဗျာ။ ဒီလိုနဲ့ နားကြပ်လေးထည့်ကာ အိပ်ဖို့ ကြိုးစားပြန်တယ်။ အာရပ် ရယ်သံက နားကြပ်ကို ကျော်လွန်ကာ နားစည်ကို လာရိုက်ပါတယ်။ နာရီကြည့်လိုက်တယ်။ မနက်၂နာရီခွဲနေပြီ။ လွန်လွန်းတယ်။ အိပ်ယာက ဝုန်းကနဲထကာ တံခါးသွားခေါက်တယ်။ ဘာမှ ပြန်အသံမပေးဘူးခင်ည။ စိတ်တိုတယ်၊ ဒေါသအလိပ်လိုက် ထွက်တယ်။ တံခါး ဝုန်းကနဲ ဆောင့်ပိတ်တယ်။

မနက်သန့်စင်ခန်းမှာ သွားတိုက်ရင်း အာရပ်နဲ့ ဆုံတော့ ညက သူချက်တာ အိပ်လို့မရတဲ့အကြောင်း ကွန်ပလိမ်းတယ်။ တံခါးလာခေါက်သေးတယ် ဘာမှ အသံမပေးဘူးဆိုတော့ သူ့နားကြပ်တပ်ထားလို့ မကြားလို့ပါတဲ့။ သူတို့က အားယားနေပေမဲ့ တို့များက ဖိစီးနေတယ်။ စာမေးပွဲတွေရှိလို့ အရေးကြီးနေတယ်။ အိပ်ရေးဝဖို့လိုတယ်။ မနက်၁နာရီအထိ ချက်လို့ရတယ်။ ၁နာရီကျော်ရင်တော့ RA(အဆောင်မှုး)ကို သွားပြောမယ်လို့ ခြိမ်းခြောက်လိုက်တယ်။ ဒီကတည်းက ချမ်းချမ်းသာသာ စက်တော်ခေါ်တော်မူလို့ ရသွားပါတယ်။

ဒါပေမဲ့လည်း လူဆိုတာလည်း ခက်သားလားနော်။ ကျောင်းဆင်းချိန် ဆုံလို့ ပြုံးပြရင် အာရပ်က ပြန်မပြုံးပြနိုင်ဘူးဗျား။ အဖုအထစ်လေးတွေ ရှိနေတာကိုး။ တနေ့တော့ သန့်စင်ခန်းမှာ ဆုံတုန်း ချမ်းချမ်းသာသာ စက်တော်ခေါ်လို့ရလို့ ကျေးဇူးတင်ကြောင်း မြွှက်ကြားလိုက်တယ်။ တာသွားတယ် ခင်ညား။ ဒီတော့လည်း အာရပ်ခမျာ နောင်များဆို အနော့်ကို ပြန်းပြုံးပြတယ် ခင်ည။ ကျောင်းကနေ ထွက်ခါနီး နှုတ်ဆက်ပွဲပါတီတွေ စီနီယာတွေ ကျင်းပတာကို ဂျူနီယာတွေက သည်းခံရသလို ဂျူနီယာတွေ နားမလည်သမျှကိုလည်း စီနီယာတွေ သည်းခံရပါတယ်။

အခုတက်နေတဲ့ course က Software Engineering (SWE) ပါ။ သင်တဲ့ ပရော်ဖက်ဆာကတော့ ကျောင်းသားတိုင်း ဖိန့်ဖိန့်တုန်ကြတဲ့ Solomon Seifu ။ ပရော်ဖက်ဆာ Seifu သင်တဲ့ ဘာသာကို တက်နေတယ် ဆိုလိုက်ရင်ပဲ စီနီယာတွေက Good Luck & God bless you. လို့ ပြောကြပါတယ်။ Vladimir ဆိုရင် Software Testing ဘာသာတုန်းက Seifu နဲ့ သင်ဖူးတော့ ASD (Advanced Software Development) course ကို ယူကာ Seifu ရဲ့ SWE course ကို ရှောင်သွားပါတယ်။ Seifu ဘာလို့ နာမည်ကြီးပြီး ဘာလို့ ဖိန့်ဖိန့်တုန်ကြပါလိမ့်...

စာသင်ချိန်မှာ ကြိုက်တာလုပ်လို့ရတဲ့ ပရော်ဖက်ဆာ Najeeb နဲ့ ကြုံထားတဲ့ တို့တွေ စာသင်ချိန်မှာ အိပ်မငိုက်ရ၊ မချက်ရ သူ့သင်တာကိုပဲ အာရုံစိုက်စေချင်တဲ့ ပရော်ဖက်ဆာ Seifu နဲ့ တွေ့တော့ ဒီဆရာ စည်းကမ်းတင်းကျပ်လွန်းတယ်။ အိပ်ချင်နေတဲ့သူဆိုရင် သန့်စင်ခန်းသွားပြီး မျက်နှာသစ်ခိုင်းပါတယ်။ စာသင်ချိန်မှာ စာနဲ့ ပတ်သက်တာတွေလည်း လေ့လာစေချင်ပါတယ်။ No facebook။ တနေ့ကို စာတွေအများကြီး သင်ပါတယ်။ ဖတ်ရမှာ တနေ့ slide ၈၀ ကျော်ပါတယ်။ ပရောဂျက်တွေလည်း အရမ်းလုပ်ရပါတယ်။ ကျောင်းသားတွေကို Successful ဖြစ်ချင်တဲ့ Seifu က အသားကုန်မောင်းတာပါ။ လူတိုင်းစေ့ မေးခွန်းမေးပါတယ်။

မနက်ချိန် ကြိုက်တဲ့နေရာ ထိုင်လို့ရပေမဲ့ နေ့လည်ချိန်ဆို Team members တွေ အတူတူ ထိုင်ရပါတယ်။ အုပ်စုထဲက ကိုယ်နံ့ပြင်းတဲ့ အာဖရိကန် အမေရိကန်နိုင်ငံသား TesfaMicheal အနားလာထိုင်ရင် ခေါင်းကိုက်လို့ Biao ဘေးနား ထိုင်ခိုင်းရတယ်။ Team work က အရေးကြီးပါတယ်။ တကိုယ်ရည် အစွမ်းပြလို့ မရပါဘူး အားလုံးက team ကို ကိုယ်စားပြုပါတယ်။ သူလုပ်တဲ့အပိုင်းမှားတာလို့ ပြောလို့မရပါဘူး။ အရာရာ team နဲ့ တိုင်ပင်ပြီးမှ လုပ်ရတာမို့ ငြင်းကြ၊ ခုန်ကြ၊ ကိုယ်လုပ်ထားတွေ Server ပေါ်တင်၊ တခြားတယောက်က Server ပေါ်ကနေ update မလုပ်ဘဲ လုပ်ချင်တာလုပ်၊ ပြီးရင် Server ပေါ်တင်၊ တခြားတယောက် လုပ်ထားတာတွေ ပျောက်ကုန်။ တယောက်လုပ်တာ တယောက်က စိတ်တိုင်းမကျ။ စိတ်ရှည်၊ သည်းခံ၊ လမ်းကြောင်းမှန်ပြီး လုပ်ရတာပါ။

အတူနေ သူငယ်ချင်းတွေ ပြသနာဖြစ်လို့ကွဲရင်ကွဲ၊ မကွဲရင် အရမ်းချစ်သွားကြပါတယ်။ team မှာလည်း တယောက်လုပ်တာ တယောက်မကြိုက်နဲ့ ကွဲရင်ကွဲ မကွဲရင်တော့ အရမ်းခင်သွားကြမှာပါ။ ခုလည်း Tesfa နဲ့ ဖိုက်ပြီးပြီ :)။ ပရောဂျက် အစပိုင်းတော့ ငြင်းတယ်၊ ခုန်တယ်၊ ဖိုက်တယ်။ အလယ်ပိုင်းရောက်လာတော့ ငြင်းရမှာ မောလာပြီ အကောင်းဆုံး မဟုတ်တောင် မှန်နေရင်၊ မမှားရင် လက်ခံတယ်။ အဆုံးရောက်တော့ အားကုန်သွားပြီ ဘာလာလာ Agreeပဲ :D။

May God bless me for Professor Seifu class (Software Engineering) tomorrow onwards !
(or)
May God bless Seifu for having San San in class !
:) :D :P
Anteneh Mariye, Mai Pham, Ijaz Ahmad and 2 others like this.
Mohammad Nazmi - good luck:)
魏- God bless you -:)
Ijaz Ahmad - Lollz.... nice san
Ijaz Ahmad - God bless you both.
Anteneh Mariye - God bless three of you, the student, the teacher and the course!!

Don't click the mouse.
Don't type.
Don't use facebook.
Don't be sleepy in the Seifu class. Otherwise need to go to the restroom and wash the face. :) :D :P

Kashif Kashi, Gelila Sahle, Ijaz Ahmad and 2 others like this.
Ganga Bohara - So... You washed your face?
Ijaz Ahmad - hahaha....
Kashif Kashi - lolz...otherwise he will scold you also!

ဒီဖက်ခန်းက SWE ကျောင်းသားတွေက Seifu ထောင်းသမျှ လိမ့်နေအောင် ခံရသလို Seifu ကို ကြောက်လို့ ASD ယူတဲ့ ကျောင်းသားတွေလည်း ဂျွှမ်းပစ်နေကြပါတယ်။ ASD သင်တဲ့ ပရော်ဖက်ဆာ ဒေါက်တာ Guthire က ကျောင်းမှာ အကြီးဆုံး။ သူစာသင်တာ အရမ်း အရမ်းကောင်းပေမဲ့ ASD က ခက်ခဲနက်နဲလွန်းလို့ DC တုန်းက တော်လို့ TA ခန့်ခံရတဲ့ ဘင်္ဂလားဒေ့ရှ်က Saifu ဆို ခေါင်းလေးတခါခါနဲ့ နားမလည်နိုင်ဘူးလို့ ညည်းရတာပါ။


Waleed Yasin
can anyone explain this?

Jensen Ma, Lingyun Bao, Mohammad Nazmi and 3 others like this.
Yasmeen Al-saeed - فن تجريدي ؟ ههههه ! اكيد شي يتعلق بالدراسه :P
Yasmeen Al-saeed -‎:/ يآآخ .. ما عجبني الشرح ! شلون تتذكر اي دائرة هي الاولى ! هههههه يبيلك شرح بس للمخطط
Maher Hujairi - i was asleep when the teacher draw it .. so it came in my dream .. i know all about it ..it starts from the circle in the other board :P
Daniels Newball - Now I understand everything :)
Yasmeen Al-saeed - هههههههههههههه حلوووة دي يا ماهر من الدائرة إلي في السبورة الثانيه
Anteneh Mariye - It can be reduced to Traveling Salesperson Problem at polynomial time.
魏伟 - I am totally blown by this maze -:)
Waleed Yasin ‎-Anteneh Mariy,e this is not a problem ... it's the solution!
Yingjun Cui- blue,red,black,line,arrow,circle,letters. that's it
Tricia Walrond-
Guys this is called a decision tree, what you need to do is find the expected value of the investment at the end and work your way back to determining the Net present value (NPV) of the investment. When you do that and take into considerat...
Maher Hujairi ‎- Tricia Walrond, thats what i was telling them in class .. but no one is listening to me .. people this is the investment class we should go to network class.
Tricia Walrond - hahahhahahahhaha they secretly want to be financial analysts that's all.
Tesfamichael Habte -hey who is cust4? Dani or Waleed?
Mohammed Al-Banna -looooooooool very nice photo Waleed Yasin .. I admit it was a big mistake to think Networks as easy course
Syed Anas -Can anyone help me figuring out why 'CUST4' is not in a circle? :S
Roby Yan -I am completely lost...
Maher Hujairi ‎-Roby Yan, just broadcast you are lost and you will get the routers guiding you to be more lost
Wei Rui -doodle

Yanzi Luo ရဲ ့ ရင်ဖွင့်သံ
try my best to pass this course!!!! try my best to pass this course!!!! try my best to pass this course!!!! try my best to pass this course!!!! try my best to pass this course!!!! try my best to pass this course!!!! try my best to pass this course!!!! try my best to pass this course!!!! try my best to pass this course!!!! try my best to pass this course!!!! try my best to pass this course!!!! try my best to pass this course!!!! try my best to pass this course!!!!

You, Daniels Newball, Ijaz Ahmad, Syed Anas and 3 others like this.
Samnang Cheng - Yeah, you can do it! Ja You!!
Yanzi Luo - THANKS!!!! You must be a very nice man if I past this course!!!!
Sheikh Abdul Ghani Sheikh -Is this your "mantra"?
Yanzi Luo - yea i think so! ;)
San Htun - yes. u can do it. i believe in u.

ASD ကျောင်းသားတွေက too difficult to understand လို့ ညည်းကြသလို SWE ကျောင်းသားတွေကလည်း too difficult to breathe...no air လို့ ညည်းကြတယ်။

တလကြာပြီးတဲ့ အချိန်မှတော့ Algorithms အမှတ်စာရင်း ထွက်လာပါပြီ။ မှန်းထားတဲ့အတိုင်းပါပဲ။ ကျောင်းသား ၃၀မှာ အရမ်းတော်တဲ့ ကျောင်းသား၃ယောက် B- ရပါတယ်။ စန်းထွန်း၊ ကမ္ဘောဒီယားက Chantrea နဲ့ နောက်တယောက်။ စန်းထွန်းက midterm မှာ အောင်ပြီး final မှာ P=NP နားမလည်လို့ ဘာမှကို မဖြေနိုင်တာပါ။ Chantrea ကတော့ midterm ကတည်းက အမှတ်နည်းတာပါ။ နည်းနည်းရေးရင် အမှတ်များများပေးတဲ့ ပရော်ဖက်ဆာ Ruby ကိုတောင် B-ရအောင် ဖြေတဲ့ စန်းထွန်း။ Ariam က ငါလည်း P=NP နားမလည်ဘူး။ ဒါပေမဲ့ စာရွက်မှာ စာရှိရင် ပရော်ဖက်ဆာက အမှတ်ပေးတယ်။ ဆူနမ်၊ ရာမား၊ မိုင်းနဲ့သူ B ရတယ်တဲ့။ Because I am so stupid လို့ နှက်မှပဲ ပါးစပ်ပိတ်သွားတော့တယ်။

တက်ခဲ့သမျှ ကျောင်းထဲမှာ ဒီကျောင်းက စာအလုပ်ရဆုံး၊ အပင်ပန်းဆုံး၊ အခက်ခဲဆုံးပါ။ ဘဝမှာ တခါမှ ဒီလောက် မပင်ပန်း၊ မဆင်းရဲခဲ့ပါဘူး။ အချိန်တိုင်း၊ ပြန်တွေးကြည့်ရင် နောင်တမရအောင်ကို စာကြိုးစားခဲ့တာပါ။ စာကို တကယ့်ကို လိုလိုချင်ချင်နဲ့ ကိုယ်ကြိုးစားတာ ကိုယ်အသိဆုံးမို့ ကိုယ့်ကိုကိုယ့်တော့ မမုန်းဘူးဗျား။ အဲ ကျောင်းကိုတော့ မုန်းတယ်။

I really, definitely, absolutely ,totally hate MUM (university now studying at USA)
I hate..
Sunam... me to san san.. I hate US..F1 visa..should get green card for the sake of good thing.

San San.. me to Sunam..I hate US..F1 visa..should give us green card.


အဲဒီနေ့ကတော့ စိတ်ဓာတ်တွေ ကျကာ အားလုံးကို မုန်း။ ပရော်ဖက်ဆာ Ruby က B- ရလည်း ကိစ္စမရှိပါဘူး။ နောက် course တွေမှာ B+ ရရင် နောက်ထပ်၁လ ကျောင်းမှာ ဆက်နေစရာ မလိုပါလို့ ဆိုလာပါတယ်။ ကျောင်းသားတွေကို အရမ်းနားလည်ပေးတဲ့ ပရော်ဖက်ဆာပါ။ မကြီးက တတ်နိုင်သလောက်လုပ် အများကြီးမတွေးနဲ့တဲ့။ B+ ရအောင် ရေကုန်ရေခန်း လုပ်နေလို့ အရင်လို ဘလော့မဂင်းနိုင်တော့ပါ။

တနေ့နေ့လည်စာစားရင်း ဂျော်ဒန်က Waleed Yasin နဲ့ လေပန်းပါတယ်။ အပေါ်က ASD သင်နေတုန်း ဓာတ်ပုံရိုက် ဖေ့ဘွတ်ပေါ်တင်ကာ ဖွတဲ့ကောင်ပေါ့။ မြန်မာဆိုတာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်းနိုင်ငံကြားမှာ ရှိတဲ့နိုင်ငံကလို့ မိတ်ဆက်တော့ သိတယ်တဲ့။ သူ ယိုးဒယား သွားလည်တုန်းက အယုဒ္ဓယလည်း ရောက်ရော တိုးရစ်ဂိုက်က အပျက်အစီးတွေကို လက်ညှိုးညွန်ပြီး ဒါဗမာတွေ စစ်လာတိုက်ခဲ့တာ ပြောသတဲ့။

တို့နိုင်ငံလည်း တရုတ်တွေလာတိုက်လို့ ပုဂံပြည် ပျက်ဖူးတယ်။ အင်္ဂလိပ်၊ ဂျပန်တွေ လာတုန်းကလည်း တိုင်းပြည် ဖွတ်ဖွတ်ညှက်ညှက်ကြေတယ်။ ဒါပေမဲ့ တို့ဘယ်သူကိုမှ မမုန်းဘူးလို့ ပြန်ချေပရတယ်။ Waleed က ဟုတ်တယ် အရင်က အကြောင်းတွေ ထားလိုက်တဲ့။ ဂျော်ဒန်ရဲ့ အထင်ကရနေရာတွေကတော့ Dead Sea နဲ့Petra တဲ့။



Dead Sea က ပင်လယ်ရေမျက်နှာပြင်အောက် အနိမ့်ဆုံးမှာ ရှိတာပါ။ ရေက ငန်လွန်းလို့ ဘာသက်ရှိမှ အသက်မရှင်နိုင်လို့ Dead Sea လို့ ခေါ်တာပါ။ ရေအောက်ကို ဘယ်လောက်နှစ်နှစ် မြုပ်မသွားပဲ ဖောလောလေးပေါ်နေတာပါ။ ရေကငန်လွန်းလို့ မျက်စိထဲဝင်ရင် အရမ်းကို ခံရခက်ပါသတဲ့။



ခရစ်တော်မပေါ်မှီ ဘီစီ၆ရာစုလောက်ကတည်းက ကျောက်တောင်ကို ထွင်းပြီး ဘုရားကျောင်းဆောက်ထားတာက Petra ပါ။ စွန့်စားရှာဖွေသူ Swiss လူမျိုးတယောက်က ရှာဖွေတွေ့ရှိပြီး the rock-carved rose-red city လို့ တင်စားပါတယ်။ UNESCO world heritage site and one of The New 7 Wonders of the World မှာ ပါဝင်ပါတယ်။



ဂျော်ဒန်မှာ ဘုရင်ရှိပြီး ဘုရင်က အစစအရာရာ အားလုံးကို ထိန်းချုပ်ထားတာပါ။ သေးငယ်တဲ့ ဂျော်ဒန်နိုင်ငံလေးမှာ spring ၊summer ၊autumn ၊winter ရာသီလေးမျိုး ရှိပေမဲ့ နှင်းတော့ မကျပါဘူးတဲ့။ အစ္စရေး၊ ပါလက်စတိုင်း၊ ရုရှားက ချေချင်းညှာလူမျိုးတွေ နှစ်ပေါင်းများစွာကတည်းက ရေကြည်ရာမြက်နုရာ ရွှေ့ပြောင်းကြရင်း ဂျော်ဒန်ကို ရောက်လာပါတယ်။ လေဆိပ်ကို ရောက်တာနဲ့ ခေါင်းမြီးခြုံခိုင်းတဲ့ Saudi Arbia နဲ့ Dabai ရှိတဲ့ United Arab Emirates (UAE) ကို ရှင်းပြသွားပါတယ်။ နှုတ်မဆက်၊ ကြည့်တောင်မကြည့်၊ ယောကျာ်း၊မိန်းမ ခွဲခြားမူပြင်းထန်တဲ့ စီနီယာ ဂျော်ဒန်တွေနဲ့ ခြားနားစွာ မိန်းကလေးကို တလေးတစားဆက်ဆံ ဖော်ရွှေတဲ့ စိမ်းဖန့်ဖန့် မျက်လုံးပိုင်ရှင် Waleed နဲ့Mohammad Nazmi ဂျူနီယာဂျော်ဒန်၂ကောင်ကို ကြုံရပါမှ အရင်က အမြင်တွေ ပြောင်းပါတော့တယ်။

ပါကစ္စတန်တွေက ဖော်ရွှေပြီး မေးခွန်းလည်း အရမ်းမေးကြတဲ့ Question Machine တွေပါ။ MBA က ပါကစ္စတန်မလေးကတော့ အသားဝါဝါ၊ မျက်ခုံးမျက်လုံးက ပါကစ္စကတန်တွေလောက် မပြူး၊ နှာတံပေါ်ပေါ်လေးနဲ့ ချောပါတယ်။ ပါကစ္စတန်မလေး အများစုက အရွယ်ရောက်ရင် အိမ်ထောင်ပြုပြီး အိမ်တွင်းအောင်းကြပေမဲ့ ဒီပါကစ္စတန်မလေးက တမူထူးခြားစွာ နိုင်ငံခြားထွက် ပညာသင်တာမို့ Anas နဲ့Ijaz လည်း အံ့သြနေတာပါ။

I am just an ordinary guy! လို့ Anas ဆိုပေမဲ့ သူများတွေထက် ထူးခြားပါတယ်။ စကားကို nonstop break လုံးဝမရှိဘဲ ပြောတတ်သလို စာလည်းတော်ပါတယ်။ ဟန်လည်း များတယ်။ ဆံပင်ကို လက်နဲ့ ဖြီးတဲ့ စန်းထွန်းနဲ့ yanzi ရှေ့ကနေ ဘီးထုတ်ဖြီးနေတဲ့ Anas ကို မြင်ရင် တယောက်ကိုတယောက် မျက်စပစ်ကာ ပြုံးကြပါတယ်။ Before & After ဘာမှ မကွာဘူးလို့ စရင် outfit ကို အရေးထားတဲ့ Anas ခမျာ မချိပြုံးပြုံးရှာပါတယ်။ သူရှိရင် ရယ်သံတွေ ဝေစည်နေတဲ့ အတန်းရဲ့ Mr.Bean လေးပါ။

 am so Happy...
.
.
I am getting married after Eid...
.
.
ဆိုပြီး ဖေ့ဘွတ်မှာ status တော့ ကွန်ကရက်ကျူလေးရှင်းကြတာပေါ့။ See More.. အောက်မှာက
..
(",)

>\
But I don't know which Eid... :(
၁၁.၁၁.၁၁ Single Day မှာ သူရဲ့ Silver Jubliee Birthday ပါသတဲ့။ ကျောင်းရောက်တာ တလတောင် မပြည့်သေးတဲ့ ဂျူနီယာ ဖား(ဖိလစ်ပိုင်)မလေးက အာရပ်တယောက်ကို ချိတ်လိုက်ပါပြီ။ လက်သွက်ခြေသွက်တဲ့ အငယ်တွေကြောင့် စီနီယာ စန်းထွန်းနဲ့ yanzi နှစ်ကောင်သား နောက်ကား ကျော်တက်တာ မဖြစ်ချေဘူး အမြန်ချိတ်မှလို့ ဟားကြပါတယ်။ yanzi က homework ၊ individual project ၊ team project တွေနဲ့ ဒီလောက်အလုပ်များတာ သူဘယ်လိုများ project management လုပ်ပါလိမ့်တဲ့။

ဘူဖေး သွားစားကြတုန်း တယောက်တည်းပါတဲ့ စန်းထွန်းရှေ့မှာ ယောကျ်ားလေးတွေ သဘာဝ မိန်းကလေးတွေအကြာင်း ပြောနေလိုက်တာ။ Samneng Cheng က ဟေ့ဟေ့ stop စန်းစန်းက မိန်းကလေးကွ ဆိုတော့ ESL လည်းအတူတူ၊ Team လည်းတူလို့ ငြင်းခုန် နပန်းသတ် လည်ပင်းညှစ်ဖော်ညှစ်ဖက် သူငယ်ချင်း ပန်ဒါ Biao က စန်းစန်းကို တခါမှ မိန်းကလေးလို့ မတွေးမိဘူးတဲ့။ ယောကျ်ားလေးလို့ပဲ ထင်နေတာတဲ့။ ကောင်းရော။

နယူးယောက် အရှေ့ဖက်ကမ်းခြေဖက်မှာတော့ နှင်းကျနေပြီလို့ ကြားပေမဲ့ ဒီမှာတော့ နှင်းမကျသေးပါဘူး။ တရက်ကတော့ နှင်းမိုးရွာတယ်။ သိသိသာသာ အေးလာပြီ။ ဆောင်းတွင်းမို့လို့ မနက် ၇နာရီဆို နေထွက်ပြီး ညနေ ၅ နာရီဆို နေဝင်ပြီ။ ည၆ နာရီဆို လုံးဝမှောင်နေပြီ။ တန်ဆောင်မုန်းလပြည့်နေ့မှာ ကထိန်သင်္ကန်းလည်း မလှုရ၊ ဘုရားလည်း မသွားရ၊ မုန့်ဈေးတန်းလည်း မလျှောက်ရ၊ ကျီးမနိုးပွဲလည်း မလုပ်ရတော့ ဘဇာလုပ်သနည်း။



ဝင်းဝင်းပပသာနေတဲ့ လမင်းကြီးကို ဓာတ်ပုံရိုက်သည်။

ပျော်ရွှင်သော တန်ဆောင်တိုင် ဖြစ်ပါစေ...

စန်းထွန်း

နိုဝင်ဘာ ၁၃၊ ၂၀၁၁။

19 comments:

Iora said...

သိပ်ဖတ်လို့ ကောင်းတာဘဲစန်းထွန်းရေ.
ဗဟုသုတလည်းရ ရယ်လည်းရယ်ရ..စိတ်ဖိစီးမှုတွေလည်း ပြန်လည်ခံစား..ပျော်ရွှင်မှုတွေလည်းကူးစက်..ကိုယ့်ရဲ့ အင်တာနေရှင်နယ်သူငယ်ချင်းတွေလည်း ပြန်သတိရ..
စာရေးကောင်းတဲ့စန်းထွန်း..ဘီပလပ်စ်ရပါစေလို့ ...

ကိုကိုမောင်(ပန်းရနံ့) said...

ရှည်ပေမဲ့ ဖတ်ပျော်ပါတယ်။
ဟုတ်တယ်ဗျ။ နောက်ကား ကျော်မတက်စေနဲ့။ ကြိုးစားထား။း)

ခင်မင်လျှက်

ညီလင်းသစ် said...

ခဲရာခဲဆစ် ကြိုးစားရလို့ တခါတခါ မုန်းသလို ဖြစ်မိပေမယ့် အခုလို ရယ်စရာကောင်းတဲ့ သူငယ်ချင်းတွေ၊ ဂျူနီယာတွေ အကြားမှာ ဒီလိုပဲ B+ ရပြီး ကျော်ဖြတ်သွားမှာပါ၊ ဖတ်လို့ကောင်းတယ်..။

စံပယ်ချို said...

ရေးထားတာရှည်တယ်ဒါပေမဲ့ ဖတ်ရတာစိတ်ဝင်စားပြီး
ပျော်တယ်အသိတွေတိုးတယ် ဗဟုသုတတွေရတယ်
စန်းထွန်းကစာရေးကောင်းတဲ့သူပဲနော်
ချစ်တဲ့ အမဂျက်စမင်း
ခုတော့ ကက်စမင်းဖြစ်သွားပါပြီကွယ်အကြောင်းသိရအောင်ပုံလေး
တွေလာကြည့်ပါဦး စန်းထွန်းတို့တွေလဲပါတယ်သိလား

San San Htun said...

ကိုကိုမောင်နဲ့  ဂျက်ရေ
နောင်များဆို တိုတို ရေးပါ့မယ်
ဟိုဟာသလေးကို သတိရပြီး ပြုံးမိတယ် :)
ဘုန်းဘုန်း တရားတိုတို ပေးပါဆိုတော့ သိပြီးသားသူတွေက မသိတဲ့လူတွေကို ရှင်းပြလိုက်တဲ့

ချော(အစိမ်းရောင်လွင်ပြင်) said...

စန်းထွန်းပိုစ့်လေးတွေဖတ်ပြီး ကျောင်းသားဘဝကို ပြန်လိုချင်မိတယ်
စာမေးပွဲနီးတဲ့အချိန်သာ စိတ်တွေက တအားဖိစီးပေမဲ့ ကျန်တဲ့အချိန်တွေကတော့ ပျော်ဖို့ကောင်းတယ်နော်..
စန်းထွန်းကို အားကျတယ်.။ တကယ်
တိုက်တိုက်ဆိုင်ဆိုင်
ညတုန်းက ဆောင်းပါးတစ်ပုဒ်မှာ dead sea အကြောင်း အသေးစိတ်ရေးထားလို့ လိုက်ဖတ်မိရင်း စိတ်ဝင်စားတာနဲ့
တို့လဲ Dead sea နဲ့ Galilee ပင်လယ် အကြောင်း ရေးဖြစ်လိုက်သေးတယ်။ မရောက်ဖူးပေမဲ့ ရောက်ဖူးချင်သေးတယ်..
ပေါလောလေးပေါ်ရင်းး စာဖတ်ချင်သေးတယ်လေ.. :P

မေသိမ့်သိမ့် ကျော် said...

သူငယ်ချင်းတွေနဲ့ ပျော်နေပုံပဲး)။ Dead Sea ကို တော်တော်စိတ်ဝင်စားမိတယ်။ အီဂျစ်ဆိုတော့ ပိရမစ်ကြီးတွေဆီ သွားလည်ချင်တဲ့စိတ် မရိုးမရွဖြစ်လာတယ်။ ဖတ်လို့ ကောင်းတယ် စန်းထွန်းရေ။ ဗဟုသုတတွေလည်းရလို့ ကျေးကျေးနော်။

Anonymous said...

ဝေ..
တမျှော်တခေါ်ကြီးပဲ.
ဖတ်လို့ကောင်းထှာ
(အင်္ဂလိပ်စာတွေတော့.ကျော်ကျော်ဖတ်တယ်း)
ဆန်းထွန်းဘီပလတ်ရအောင်
ဘေဘီဗိုက်တာ.သောက်
ဒါမှမှုတ်ရင်BaBသောက်ပြီး
စာကြည့်း)
ပုံ/
မိစံး)

ဟန်ကြည် said...

ပို့စ်က မရှည်ပါဘူးလေ...ဖတ်လို့ကောင်းတာကြောင့် အားမလိုအားမရတောင် ဖြစ်သေးတယ်...စာရေးရင် ဘယ်လောက်ရေးမယ်လို့ မှန်းမထားဘဲ ရေးချင်သလောက်သာ ရေးချပစ်လိုက်...ဒါမှ ရေးရတာ အားရတယ်...ကျေနပ်တယ်...ဦးဟန်ကြည်တော့ အဲဒီမူနဲ့ပဲ ချတာပါပဲ...

ဘီပလပ်စ်ရဖို့တောင် အတော်ကြိုစားယူရတာ သိရတော့ အမှတ်ကို ပစ်စလက်ခတ် ဖောဖောသီသီပေးတတ်တဲ့ ဦးဟန်ကြည်တို့ရဲ့ ရွှေ့ပြည်က ဆရာ့ဆရာကြီးတွေကို လွမ်းမိသေးတော့...

ရပ်ကွက်ထဲမှာဗျာ အမှတ်စဉ်ပေါင်းများစွာကို စောင့်မျှော်နေပါကြောင်းဗျား...

ဟန်ကြည် said...

ပို့စ်က မရှည်ပါဘူးလေ...ဖတ်လို့ကောင်းတာကြောင့် အားမလိုအားမရတောင် ဖြစ်သေးတယ်...စာရေးရင် ဘယ်လောက်ရေးမယ်လို့ မှန်းမထားဘဲ ရေးချင်သလောက်သာ ရေးချပစ်လိုက်...ဒါမှ ရေးရတာ အားရတယ်...ကျေနပ်တယ်...ဦးဟန်ကြည်တော့ အဲဒီမူနဲ့ပဲ ချတာပါပဲ...

ဘီပလပ်စ်ရဖို့တောင် အတော်ကြိုစားယူရတာ သိရတော့ အမှတ်ကို ပစ်စလက်ခတ် ဖောဖောသီသီပေးတတ်တဲ့ ဦးဟန်ကြည်တို့ရဲ့ ရွှေ့ပြည်က ဆရာ့ဆရာကြီးတွေကို လွမ်းမိသေးတော့...

ရပ်ကွက်ထဲမှာဗျာ အမှတ်စဉ်ပေါင်းများစွာကို စောင့်မျှော်နေပါကြောင်းဗျား...

အိမ့်ချမ်းမြေ့ said...

အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ်..
ရေပေါ်မှာ ပေါ်တာကို စိတ်အ၀င်စား ဆုံးပါပဲ..

San San Htun said...

Dead Sea အကြောင်း မချော ရေးထားတဲ့ ပင်လယ်သေလို လူစားများ
http://www.missgreenlady.com/2011/11/blog-post_14.html
က ပိုစုံပြီး message ပိုပေးတယ်ဗျ..

mstint said...

စန်းစန်းပို့စ်လေးတွေ ဖတ်ရတာ စိတ်ဝင်စားဘို့ကောင်းသလို ကြည်နူးစရာကောင်းတယ်။
အတိတ်ကိုလည်း ပြန်တွေးမိတယ်။
စာရေးကောင်းတယ်လို့ပြောရမယ်။ နောက်ကို တိုတိုရေးမယ်မပြောနဲ့နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

တောက်ပကြယ်စင် said...

အယုဒ္ဓယက အပျက်အစီးတွေဆိုလို့ ဘုန်းဘုန်းရောက်ခဲ့တုန်းကလည်း ဦးအောင်ဇေယျရုပ်တုကို ကြည့်ချင်နေပေမယ့် ဒေသခံတွေကို မမေးရဲဘူး ဖြစ်နေခဲ့တယ်။

San San Htun said...

မမေးတာ မှန်သွားတာပေါ့ ဘုရား..တော်ကြာ ပြေးပေါက်မှားနေဦးမယ်.. :)

ညိမ်းနိုင် said...

အဲ.....ငါးကိုမမြင်မိဘူး...ခုမှရောက်တယ်...စန်းထွန်းရေ၊
ဗဟုသုတလေးတွေရော၊ရယ်မောစရာလေးတွေနဲ့အတူ
စန်းထွန်းရဲ့စိတ်ဖိစီးမှုလေးတွေကိုပါတွေ့မြင်ရတယ်..၊
ကြိုးစားထားညီမရေ......တောင့်ထား....။

Anonymous said...

အမ အရမ်း ဖတ်လို.ကောင်းတယ်
အဲအဲ

မဒမ်ကိုး said...

စန်းရေ ခုမှအေးဆေးလိုက်ဖတ်ရတော့တယ်
နေမကောင်းတာရယ် အလုပ်ရှုပ်တာရယ်နဲ့
ကျောင်းသားဘ၀ကိုရေးထားလိုက်တာများ
တကယ် အာစီတူးတုန်းက ဘ၀တွေကိုပြန်တောင်သတိရလာတယ်

နှင်းတွေနဲ့ ဘာတွေလုပ်နေပြီတုန်း

ခင်တဲ့

မဒိုးကန်

Anonymous said...
This comment has been removed by a blog administrator.