စန်းထွန်းရေ တောလားပို့စ်တွေ တော်တော်များနေပြီနော် တစုတစည်းတည်းဖြစ်အောင် စာအုပ်ထုတ်ပါလား ဒေါ်လာ ၁ ထောင်လောက်ကုန်မယ် အမှတ်တရပေါ့လို့ ပန်ဆယ်ဗေးနီးယားကမခိုင်က အကြံပေးလာပေမယ့် ဒေါ်လာ၁ ထောင်အကုန်ခံပြီး စာအုပ်ထုတ်မယ့်သတ္တိ ကျွန်မဆီမှာ မရှိခဲ့။ စီနီယာဘလော့ဂါ အစ်ကိုအစ်မတွေ စာအုပ်စုပေါင်းထုတ်ကြတာ အောင်မြင်ကြသည်။ သို့သော် ကျွန်မကိုယ်တိုင်က စာအုပ်ထုတ်ချင်လိုက်တာလို့ စိတ်ကူးမပေါ်ခဲ့။ အစ်မမြသွေးနီကြောင့် ၂၀၁၂ ဇူလှိုင် teen မဂ္ဂဇင်းရဲ့ blog digest မှာ စာကြည့်တိုက်ချစ်သူ ပို့စ်လေး ပါဖူးလို့ ပုံနှိပ်စာအုပ်ထက်မှာ ကျွန်မရေးထားတဲ့စာကို မြင်ဖူးတာကလွဲလို့ မဂ္ဂဇင်းတွေမှာ မပါခဲ့။ မဂ္ဂဇင်းတိုက်တွေကို စာမူလိုက်ပို့ဖို့ စိတ်ကူးမရှိသလို ကျွန်မစာတွေကလည်း မဂ္ဂဇင်းမှာ ရွေးချယ်ခံရလောက်အောင် မကောင်းတာလည်း ပါပါလိမ့်မည်။ မှတ်မှတ်ရရ ကျွန်မ ပထမဆုံးရေးဖြစ်သော အက်ဆေးသည် ရန်ကျော်အမည်ရှိ ကျွန်မတို့အိမ်က ခွေးလေးတစ်ကောင်အကြောင်း ဖြစ်သည်။ မဂ္ဂဇင်းမှာပါသည့် နှစ်သက်သည့် ကဗျာ၊ စာသားဆိုလျှင် စာအုပ်ထဲတွင် ကူးယူထားသည်။ ကျွန်မတို့မောင်နှမတွေ စာဖတ်ဝါသနာ ပါကြသည်။
ဘလော့ဆိုတာကို စတင်မိတ်ဆက်ပေးသူက ကျွန်မနှင့်အင်တန်းအတူဆင်းသည့် သူငယ်ချင်းတစ်ယောက်။ မနိုင်းနိုင်းစနေ၊ မမဘလော့တွေဖတ်ရင်း ဘလော့နှင့် အကျွှမ်းတဝင် ဖြစ်လာပေမယ့် ဘလော့ဂါဖြစ်လာလိမ့်မည်ဟု တခါမှမတွေးခဲ့။ ၂၀၀၉ ဟောင်ကောင်၊ မကာအိုခရီးမှအပြန် ဘလော့ဖန်တီးပြီး မကာအိုသွားတောလား ပို့စ်ရေးခဲ့ပေမယ့် မြန်မာစာဖောင့်မရိုက်တတ်လို့ ဘားဂလိချ်ကနေ ရိုက်ရသည်မှာ ပင်ပန်းလှသည်။ ၂၀၁၁ စတိတ်ကို ရောက်သောအခါမှ ဘလော့မှာ စာတွေပိုရေးဖြစ်သည်။ မြန်မာစာဖောင့် ရိုက်တတ်သွားတော့ ပို့စ်တွေ တဂျောင်းဂျောင်း ရိုက်တင်လေတော့သည်။ ၂၀၁၂၊ ၂၀၁၃ ဘလော့လောကသည် ပျော်စရာကောင်းသည် ကိုယ်ကလည်း သူများဘလော့သွားလည်၊ သူများကလည်း ကိုယ့်ဘလော့လာလည်၊ ကွန့်မန့်တွေပေးနှင့် ပျော်စရာကောင်းလှသည်။ နောက်ပိုင်း ဖေ့ဘွတ်ခေတ်စားလာသောအခါ ဘလော့သည် ပျင်းခြောက်ခြောက်ကြီး ဖြစ်ကျန်ခဲ့သည်။ အွန်လိုင်းမှာ ရေးချင်တာတွေကို တဂျောင်းဂျောင်း ရေးနေရလျှင် ကျေနပ်ပါပြီ။ ရေးချင်တဲ့အကြောင်းအရာ၊ အချိန်၊ ကျန်းမာရေးကောင်းလျှင်တော့ စာတွေရေးနေပါဦးမည် ထင်ပါသည်။
စန်းထွန်း
အောက်တိုဘာ ၂၄၊ ၂၀၁၅။
24 October 2015
21 October 2015
Flu ...
ရုံးမှာ ကိုယ်တို့အင်ဂျီနီယာဌာနရဲ့ အကြီးဆုံးဘော့စ်က ဖလူလျှော့ flu shot ထိုးပြီးတော့ ဖလူဖြစ်တယ်လို့ပြောလာတော့ ကိုယ်တို့မှာ ရယ်လိုက်ရတာ။ လက်မောင်းမှာ အညို၊ အမည်းတွေတောင် ဖြစ်တယ်တယ့်။ ၂၀၁၂ ကန်တက်ကီ ရုံးမှာတုန်းက ဖလူလျှော့ ထိုးဖူးတယ်။ သုံးရက်လောက် လက်မောင်းမြှောက်လို့ မရဘူး။ လက်မောင်းရင်းမှာလည်း ပူနေတယ်လို့ ခံစားမိတယ်။ အခန့်မသန့်ရင် နမိုးနီးယားတောင် ဖြစ်နိုင်တယ်လို့ကြားတော့ နောင်များဆို ဖလူလျှော့ဆို ဝေးဝေးရှောင်တယ်။ ဖလူဆိုလို့ ကိုယ်တို့ငယ်ငယ်တုန်းက တုပ်ကွေးချိန်ဆို တရွာလုံးက ကလေးတွေ ကွေးကြတော့တာပဲ။ ကိုယ်တို့မောင်နှမလဲ ဘယ်နေပါ့မလဲ။ ဟိုဖက်ကမ်း ကျောက်ချောင်းရွာက ဆရာဝန်ကြီး ဦးကြည်ဝင်းရဲ့ ဆေးခန်းမှာဆို လူအပြည့် ဆေးရုံမှာလည်း အပြည့်။ တုပ်ကွေးပြင်းရင် အသက်ပါသွားနိုင်တာကိုး။ ကြီးလာတော့ တုပ်ကွေးမဖြစ်တော့ဘူး။ စင်္ကာပူမှာတော့ စင်္ကာပူရန်းတွေက ဒန်းကီးလို့ခေါ်တယ့် သွေးလွန်တုပ်ကွေးကို သိပ်ကြောက်တာ။ NEA က အိမ်တွေကို လိုက်စစ်တယ် ပန်းအိုး၊ မီးဖိုချောင်တွေမှာ ခြင်ပေါက်ဖွားတာတွေ ရှိမရှိစစ်တယ်။ ခြင်တွေ့လို့ကတော့ ၃၀၀ ဒဏ်ရိုက်တယ်။ ကိုယ်တွေကတော့ ခြင်၊ ယင်တွေနဲ့ ဖက်ပြီးကြီးပြင်းခဲ့ရတော့သူတွေမလား။
ဆောင်းဝင်လာပြီဆိုတော့ လူတိုင်း နှာတရှုံ့ရှုံ့၊ ချောင်းဆိုးတာတွေ ဖြစ်ကြတယ်။ ကိုယ်ဆို ရာသီဥတုအေးရင် နှာခေါင်းက နှာရည်တွေ ကျလာတတ်လို့ လက်ကိုင်ပုဝါ အမြဲဆောင်ရတယ်။ အရင်တုန်းကတော့ ကျန်းမာတော့ ဖလူဖြစ်မှာ မကြောက်ပေမယ့် လူးပက်စ်ကြောင့် ကိုယ်ခံအားနည်းစေတယ့်ဆေးတွေ သောက်နေရတော့ ဖလူဝင်မှာ စိတ်ပူမိတယ်။ ဒီတော့ အိမ်သာကထွက်တိုင်း လက်ဆေး၊ santinizer ဆောင်ရတယ်။ အသိမိတ်ဆွေ ကိုထွန်းထွန်းဝင်းတို့အိမ်မှာ မမီးငယ်က ကျိုင်းတုံခေါက်ဆွဲ လက်စွမ်းပြတာကို သွားစားတော့ ကိုထွန်းထွန်းဝင်းအမျိုးသမီး မဆောင်းဆောင်းက Citron အသီးကို ပျားရည်နဲ့စိမ်ထားတာတစ်ဇွန်းကို ရေနွေးပူပူထဲထည့်ပြီး တိုက်တယ်။ သောက်လို့ကောင်းသား အဆီကျတယ်လို့ပြောတယ်။ သူ့မှာ နဂိုကတည်းက အဆီရှိတာမဟုတ်ဘူး တော်ကြာ ဒီဟာသောက်ပြီးမှ လူပါပျောက်သွားမှ ဒုက္ခဆိုလို့ ရယ်လိုက်ကြတာ။ ကိုရီးယားဆိုင် H Mart မှာ သွားဝယ်တာ တဘူး ၆ ကျပ်၊ ၇ ကျပ်လောက် ပေးရတယ်။ ချဉ်ပြုံးပြုံးလေးဆိုတော့ သောက်ကောင်းကောင်းနဲ့ သောက်လိုက်တာ တပတ်အတွင်း တဘူးကုန်သွားလို့ မနည်းဘရိတ်အုပ်နေရတယ်။
ရုံးကတရုတ်မယန်းကို ပြောပြတော့ သူ့မိဘတွေလာတုန်းက သံပုရာသီးကို ပျားရည်နဲ့ စိမ်ပေးခဲ့တယ်တယ့်။ ကိုယ့်ဘာသာလုပ်လို့ရတယ် လွယ်လွယ်လေး သံပယိုသီးကိုပြုတ် ရေအေးထဲထည့် အခွံကိုလှီး ပျားရည်ထဲထည့်။ သံပယိုသီးထက် ကောင်းတာက မင်းစားနေတယ့်အသီးလေ ဘာအသီးလဲ။ ကိုယ်ကလည်း စားတာစာနေတာ အင်္ဂလိပ်နာမည်မသိ ယန်းက တရုတ်လိုအရင်ရှာ အင်္ဂလိပ်လိုဘာသာပြန် ဂူဂယ်မှာ ဓာတ်ပုံနဲ့ ရှာပြတော့မှ ကျွှဲကောသီးကို ပြောနေတာ။ ကျွှဲကောသီးက အနီနဲ့အဖြူနှစ်ခုရှိတယ် အဖြူကပိုကောင်းတယ် အခွံကို ပျားရည်နဲ့စိမ်သောက်တာ ပိုကောင်းတယ် ဖလူကိုကာကွယ်နိုင်တယ်တဲ့။ လွယ်လွယ်လေး ကိုယ့်ဘာသာလုပ်လို့ရတယ်ဆိုပေမယ့် ကိုယ်ကငပျင်းဆိုတော့ ကိုရီးယားဆိုင်ကပဲ ဝယ်သောက်တော့တယ်။ ဖလူကာကွယ်တယ်၊ အဆီကျတယ်ဆိုပေမယ့် သောက်လို့ကောင်းလို့ကို သောက်နေမိတယ်။ ဖလူကင်းဝေးကြပါစေ။
စန်းထွန်း
အောက်တိုဘာ ၂၁၊ ၂၀၁၅။
17 October 2015
#TimeToChange #VoteForNLD
၁၉၉၀ ရွေးကောက်ပွဲတုန်းက ရှစ်နှစ်အရွယ်ကလေးဆိုတော့ မဲပေးခွင့် မကြုံခဲ့ဘူး။ ၂၀၁၂ ဧပြီတုန်းကလည်း နိုင်ငံခြားမှာနေတဲ့သူတွေ မဲပေးခွင့် မရှိတော့ မဲပေးခွင့် မကြုံခဲ့ဘူး။ ကြိုတင်မဲပေးဖို့အတွက် ဒီစီ၊ နယူးယောက် သံရုံးတွေကို အီးမေးလ်ပို့၊ ဖက်စ်ပို့တာ ဘာမှအကြောင်းမပြန်ဘူး။ တော်ကြာ သံရုံးကိုသွားပြီးမှ မဲပေးလို့မရဘူးဆိုရင် အချိန်ကုန်၊ လူပန်းဖြစ်မှစိုးလို့လွန်ခဲ့တယ့်အပတ်က သံရုံးကို ဖုန်းခေါ်ပြီး မေးကြည့်တော့ မဲလာပေးလို့ ရပါတယ်တဲ့။ အောက်တိုဘာ ၁၄ ဝါရှင်တန်ဒီစီသံရုံးကနေ ထုတ်ပြန်တယ့် မဲပေးလို့ရတယ့်စာရင်းမှာ ပါနေတော့ ဖုန်းဆက်ပြီး ဒီစီကိုလာပြီး မဲမပေးနိုင်တယ့်အကြောင်း၊ နယူးယောက်မှာမို့ နယူးယောက်မှာပဲ မဲလာပေးချင်တယ်လို့ ဖုန်းဆက်တော့ နယူးယောက်ရုံးမှာ လာပေးလို့ရပါတယ်။ ဒီစီအီးမေးလ်ကို ပို့လိုက်တော့ ဒီစီ၊ နယူးယောက် စာရင်းမှာပါနေတာ နေပါလိမ့်မယ်တယ့်။ စင်္ကာပူကနေ ထုတ်ပြန်တယ့် တကမ္ဘာလုံးမှာရှိတယ့် မဲပေးလို့ရတယ့်သူစာရင်းမှာ ပါတယ်လို့ မကြီးက သတင်းပေးလာတယ်။ စင်္ကာပူကမြန်မာတွေ မဲပေးဖို့အတွက် ညအိပ်တန်းစီစောင့်ရတယ့် သတင်း၊ မနက်စောစော ဘယ်တော့မှ မထတတ်တယ့် မကြီးက မဲပေးဖို့အတွက် မနက် ၄ နာရီ သံရုံးကို သွားနေပြီဆိုတော့ ကိုယ်တွေလည်း စောစောသွားမှဖြစ်မယ်။ ရေဘူး၊ မုန့်၊ ဦးထုပ်၊ ထီး လက်နက်ရိက္ခာအပြည့်အစုံနဲ့။ ဒီနေ့မှ ရာသီဥတုကလည်း အေးလိုက်တာ။ သံရုံးအပေါက်ဝရောက်တော့ အစ်မတစ်ယောက် စာရင်းမှာမပါလို့ ဘယ်လိုမဲပေးရမလဲလို့ ဖုန်းဆက်မေးနေတယ်။ မနေ့က နယူးယောက်ရုံးဝက်ဆိုဒ်မှာ ကြေငြာတယ့် မဲပေးလို့ရမယ့်လူစာရင်းကို ကြည့်တော့ ကိုယ့်နာမည်ပါတယ်။ သံရုံးအဝင်ဝမှာ မြို့နယ်အလိုက် မဲပေးလို့ရမယ့်စာရင်းကို တခေါက်ပြန်ကြည့်တော့ ကိုယ့်နာမည်တွေ့တယ်။
ဧည့်ခန်းမှာ ခဏထိုင်စောင့်ရင်း မဲဘယ်လိုပေးရလဲ နို့တစ်ဘုတ်မှာ ကပ်ထားတာတွေ ဖတ်ကြည့်တော့ သံရုံးကလူက အလယ်ကွက်ကိုဝင်အောင် အမှန်ခြစ်ပါတယ့်။ ကောင်တာ ၃ ခုရှိရာမှာ ကိုယ့်ကောင်တာက ကောင်တာ ၁။ လူက သိပ်မများဘူး စောသေးလို့လား မသိဘူး ၅ ယောက်လောက်ပဲ ရှိမယ်။ ကောင်တာ ၁ မှာ ပတ်စပို့စ်ပြ နာမည်လိပ်စာ၊ အသက်၊ မိဘအမည်ဖြည့် မဲစာရင်းမှာ အသက်နဲ့ လိပ်စာမှားနေတာကိုပြင် ဖုန်းနံပါတ်နဲ့ အီးမေးလ်လိပ်စာပေး။ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်အတွက် မဲ ၃ ခုရတယ်။ ရခိုင်တိုင်းရင်းသားမို့ တိုင်းရင်းသားပါတီမဲ ရမလားဆိုတော့ လှိုင်မြို့နယ်မှာ တိုင်းရင်းသားပါတီ မရှိဘူးတယ့်။ မဲရုံးမှုးလက်မှတ်ထိုးခိုင်း၊ လျှို့ဝှက်ခန်းကိုဝင်ပြီး NLD ပါတီကိုအမှန်ခြစ်၊ မဲစာရွက်ကို သုံးခေါက်ခေါက်၊ စာအိတ်ကို ကော်သေချာကပ်၊ မဲထည့် စာအိတ်ပြန်ပိတ်။ သံရုံးဝန်ထမ်းက ပြည်သူ့လွှတ်တော်ပုံး၊ အမျိုးသားလွှတ်တော်ပုံး၊ တိုင်းဒေသကြီးပုံးတွေမှာ မှန်မှန်ကန်ကန်ထည့်ဖို့ ကူညီပေးပါတယ်။ မဲပေးပြီးပြီဆိုတာ သက်သေအနေနဲ့ ညာဖက်လက်ညှိုးလက်သည်းခွံကို ခြစ်ပေးလိုက်တယ်။ သံရုံးဝန်ထမ်းတွေက ဖော်ဖော်ရွေရွေပါပဲ ကူညီပေးကြပါတယ်။ ကိုယ်တို့ရုံးက တရုတ်မကို စင်္ကာပူကမြန်မာတွေ ပလက်ဖောင်းကိုခေါင်းအုံး ညအိပ်တန်းစီစောင့်ပြီး မဲပေးကြတယ့်အကြောင်း ပြောပြတော့ မင်းတို့မြန်မာတွေ ခရေဇီပါပဲတဲ့။ ဟုတ်ပါတယ် ကိုယ်တို့မြန်မာတွေ ဒီလိုခရေဇီဒုက္ခခံပြီး မဲပေးကြတာ နောင်မျိုးဆက်အတွက် တိုင်းပြည်ကို ပြောင်းလဲစေချင်လို့ပါ။ နိုင်ငံသားတိုင်းရဲ့ အခွင့်အရေးဖြစ်တယ့် မဲပေးခွင့်နဲ့ ကိုယ်ယုံကြည်တယ့်ပါတီကို မဲပေးခွင့်ရတုန်း ကိုယ်တို့ပြည်သူတွေဖက်က တာဝန်ကျေပါတယ်။ မဲခိုး၊ မဲလိမ်၊ မဲညစ်တာတွေ ရှိလာနိုင်ပေမယ့် နိုဝင်ဘာ ၈ ရက်ကို ရင်ခုန်စွာနဲ့ စောင့်ဆိုင်းရတော့မှာပဲ။
#TimeToChange #VoteForNLD
စန်းထွန်း
အောက်တိုဘာ ၁၇၊ ၂၀၁၅။
(ဘဝမှာ ပထမဆုံး NLD ပါတီကို မဲပေးခွင့်ရတယ့်နေ့ အမှတ်တရ)
Photos : credit to Google
14 October 2015
ညမီးကျီး...
ကျွန်မနှစ်သက်တယ့် ဆရာမဂျူးရဲ့ ဝထ္ထုတိုလေး တစ်ပုဒ်ပါ။ တောင်ကြီးတန်ဆောင်တိုင် ညမီးကျီးလွှတ်တင်တယ့်အချိန်မှာ ပေါက်ကွဲတော့ ထွက်ပြေးရင်း အစောဆိုတယ့် မိန်းကလေးရဲ့ အတွေးတွေကို ရေးဖွဲ့ထားတယ့် ဝထ္ထုတိုကောင်းလေးတစ်ပုဒ်။ ကျွန်မ မှတ်မိသလောက်တော့ ကျွန်မတို့ ငယ်ငယ်တုန်းက မီးရှူးမီးပန်း ဖောက်တယ်ဆိုတာ မရှိသလောက်ဘဲ။ သီတင်းကျွှတ်ဆိုရင် မီးပန်းကလေးတွေ မီးရှို့တာတော့ ရှိတယ်။ ဗျောက်အိုးဖောက်ရင် ထောင်သုံးနှစ်ဆိုတော့ မဖောက်ကြတာများတယ်။ ဗျောက်အိုးကွဲတယ့် အသံကလည်း ကြောက်စရာကြီး။ နိုင်ငံရပ်ခြားမှာ နှစ်သစ်ကူးချိန်ဆို မီးရှူးမီးပန်းတွေဖောက်တာ အရမ်းလှတာပဲ တီဗွီမှာမြင်ဖူးတယ်။ မီးရှူးမီးပန်းဖောက်တာကို တကယ့်မျက်စိနဲ့ မြင်ရတာက ၂၀၀၈ စင်္ကာပူကို ရောက်တယ့်အချိန်မှာပေါ့။ စင်္ကာပူအမျိုးသားနေ့၊ နှစ်သစ်ကူးဆို မီးရှူးမီးပန်းတွေ ဖောက်တယ်။ မီးရှူးမီးပန်းဖောက်တာကို အကောင်းဆုံးမြင်ကွင်းကနေ မြင်ချင်တယ်ဆိုရင် စောစောစီးစီးသွားပြီး နေရာယူဖို့လိုတယ်။ မီးရှူးမီးပန်းတွေ ကောင်းကင်မှာ လှလှပပ ပေါက်ကွဲတာ ကြယ်လေးတွေ မြင်ရသလိုပဲ။ အိုင်အိုဝါမှာ ကျောင်းတက်တုန်းကတော့ ကျောင်းနားက ရေကန်နားမှာ ဂျူလှိုင် ၄ မီးရှူးမီးပန်း လွှတ်ပေမယ့် သွားမကြည့်ဖြစ်ဘူး။ ကန်တက်ကီကိုရောက်တော့ ကန်တက်ကီဒါဘီပွဲပြီးရင် မြောက်အမေရိကမှာ အကြီးကျယ်ဆုံး မီးရှူးမီးပန်းပွဲတော်ဖြစ်တယ့် Thunder over Louisville ရှိတယ်။ ရုံးကစီစဉ်ပေးလို့ အိုဟိုင်းရိုးမြစ်ဘေးနားမှာ တဲထိုး၊ မုန့်တွေကျွှေးမွေး၊ ကလေးတွေကဆော့ကစား။
လေယာဉ်ပျံတွေက တဝီဝီ ည ၉ နာရီခွဲမှာ မီးရှူးမီးပန်းလွှတ်တယ် တော်တော်လှတာပဲ။ မကြီးကိုပြောတော့ အဲဒါနင်တို့ဆောင်တဲ့ အခွန်တွေကို မီးရှို့ပစ်နေတာတဲ့။ ၂၀၁၂ ဘော်စတွန် ရာမားတို့အိမ်နားမှာ ဂျူလှိုင် ၄ မီးရှူးမီးပန်းလွှတ်တော့ သွားကြည့်ကြသေးတယ်။ ကမ်းခြေတလျှောက် လူတွေမှ အများကြီး အေးကအေးနဲ့ ဒုက္ခခံပြီး စောင့်နေလိုက်ကြတာ။ ကလေးတွေကတော့ ပျော်တာပေါ့။ ၂၀၁၃ ဂျူလှိုင် ၄ နယူးယောက်မေစီ မီးရှူးမီးပန်းလွှတ်တာကို သွားကြသေးတယ်။ ကျွန်မတို့ရောက်သွားတယ့်အချိန်က ညနေစောင်း ၅ နာရီလောက် ဟတ်ဆန်မြစ်တလျှောက်မှာ လူတွေပြည့်နေပြီ။ တော်တော်အဝေး တနေရာမှာရတယ်။ ၉ နာရီခွဲ မီးရှူးမီးပန်းဖောက်တော့ ပျပျလေးပဲ မြင်ရတယ်။ Thunder over Louisville လိုပွဲမျိုးကို နွှဲဖူးထားတော့ တခြားပွဲတွေက စိတ်ဝင်စားစရာ မကောင်းတော့ဘူး။ ဒါပေမယ့်လေ မီးရှူးမီးပန်းဖောက်ရင် ကောင်းကင်ကို မကြည့်ဘဲ မနေနိုင်ဘူး။ မီးရှူးမီးပန်းတွေဖောက်တာ ကြယ်ကလေးတွေ ကြွေသလို အဲဒီတဒင်္ဂမှာ စိတ်ပျော်ရွှင်မိသလိုပဲ။ မြန်မာပြည်ရဲ့ တန်ဆောင်တိုင်ပွဲတော်တွေထဲမှာ အထင်ရှားဆုံးကတော့ တောင်ကြီးတန်ဆောင်တိုင်လို့ ဆိုရမယ်။ ၂၀၀၃ ကျောင်းကနေ ရှမ်းပြည်လေ့လာရေး ခရီးထွက်တော့ တောင်ကြီးကို ရောက်ခဲ့ပေမယ့် သီတင်းကျွှတ်ဆိုတော့ မီးပုံးပျံပွဲနဲ့ မကြုံလိုက်ဘူး။ မနေ့က မဇ္ဈိမရဲ့ Tasty Trip ခရီးသွားတယ့် အစီအစဉ်မှာ တောင်ကြီးမီးပုံပျံအကြောင်း ကြည့်လိုက်ရတယ်။ တောင်ကြီးမီးပုံပျံပွဲမှာ နေ့လည်ဖက် အလှလွှတ်တင်တယ့်ပွဲ၊ ညဖက်မှာတော့ စိန်နားပန်နဲ့ ညမီးကျီး။ စိန်နားပန်က မီးအလှဆင်ထားတာတွေ လှလှပပ အောင်အောင်မြင်မြင်နဲ့ တက်နိုင်ဖို့လိုတယ်။
ညမီးကျီးကတော့ အလှအပထက် မီးရှူးမီးပန်းတွေ သတ်မှတ်ထားတယ့်အချိန်မှာ လှလှပပ အောင်အောင်မြင်မြင် ပေါက်ကွဲနိုင်ဖို့လိုတယ်။ ငါးကလေးတွေ လူးလွန့်သလို ပေါက်ကွဲတာမျိုး၊ ကြယ်ကလေးတွေ ဖြာဆင်းသလို ပေါက်ကွဲတာမျိုး၊ အရောင်တွေ ဖြာဆင်းနေတာမျိုး။ ကိုယ့်မီးပုံးပျံ လှလှပပအောင်အောင်မြင်မြင် တက်သွားပြီးရင် ကျေနပ်ပီတီဖြစ်ရတာတော့ အတူတူပဲ နေပါလိမ့်မယ်။ မီးပုံးပျံခြင်းအတူတူမှာတောင် ညမီးကျီးက လှလှပပ ပေါက်ကွဲပြတော့ စိန်နားပန်ထက် ရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းတာထင်တယ်။ ညမီးကျီးတလုံးအတွက် အနည်းဆုံးအောက်ထစ် ၂၅ သိန်း ကုန်တယ်။ ယမ်းပိသာချိန် ၄၀ လောက်လိုသလို အန္တရာယ်လည်းများတယ်။ ယမ်းတွေက မတော်တဆ ထပေါက်ကွဲနိုင်တာကိုး။ တခြားပြည်နယ်ကသူတွေက ဒီတောင်ကြီးသားတွေ မိုက်လိုက်ပါဘိ ပိုက်ဆံတွေ မီးရှို့နေတယ်လို့ တွေးကြမယ်။ တောင်ကြီးသားတွေကတော့ တန်ဆောင်တိုင်ရောက်ရင် မီးပုံးပျံမလွှတ်ဘဲ မနေနိုင်ပါဘူးတဲ့။ သင်္ကြန်ကလွဲလို့ တခြားပွဲတော်တွေကို မီးပုံးပျံလွှတ်တာပဲတဲ့။ ဒီလိုတောင်ကြီးသားတွေ မီးပုံပျံခရေဇီဖြစ်ကြလို့သာ တောင်ကြီးတန်ဆောင်တိုင်က စည်ကားနေတာလို့ ထင်မိတယ်။ ကိုယ်တို့ဆောင်နေတဲ့ အခွန်တွေကို မီးရှို့နေတာ ဆိုပေမယ့် နှစ်သစ်ကူး၊ ဂျုလှိုင် ၄ နေ့တွေမှာဖောက်မယ့် မီးရှူးမီးပန်းတွေကို ကျွန်မတို့တွေ တကူးတက သွားတန်းစီစောင့်ဆိုင်း ကြည့်ရှူနေကြမှာ အသေအချာပဲပေါ့။
စန်းထွန်း
စက်တင်ဘာ ၁၄၊ ၂၀၁၅။

Labels:
Thought
11 October 2015
ရင်ခုန်စရာ နိုဝင်ဘာ ...
ဘလော့ကို ပစ်ထားတာ တော်တော်ကြာပြီ ၁ လလောက်တောင် ရှိတော့မယ်ထင်တယ်။ စာရေးချင်တယ့်စိတ်သာရှိပြီး ခန္ဓာကိုယ်ကကိုက်ခဲ အနားယူ အိပ်နေရတာများတော့ ကွန်ပျူတာတောင် မဖွင့်ဖြစ်ဘူး။ လွန်ခဲ့တယ့်နှစ်ပတ်က နယူးဂျာဆီပြည်နယ် မြန်မာဘုန်းကြီးကျောင်းမှာ နိဗ္ဗာန်ဈေးပွဲတော်ရှိတော့ ဘလော့ဂါ မမီးငယ်က သူ့အိမ်မှာ တညလာအိပ် နိဗ္ဗာန်ဈေးပွဲတော် သွားရအောင်လို့ ဖိတ်ခေါ်တာနဲ့ ရောက်ဖြစ်သေးတယ်။ ဘလော့ပရိတ်သတ် ပန်ဆယ်ဗေးနီးယားပြည်နယ်က မခိုင်တို့နဲ့လည်း တွေ့ရတော့ ပျော်စရာကြီး။ ပွဲဈေးတပတ် ပတ်လျှောက်ပြီး မြန်မာမုန့်တွေဝယ် မုန့်ငမ်းနေတာနဲ့ ဦးထုပ်ဆောင်းဖို့မေ့သွားတယ်။ နေ့လည် ၁၁၊ ၁၂ နာရီမှာ နာရီဝက်လောက် ဦးထုပ်မဆောင်းဘဲ နေလိုက်တာ ညနေဖက် အိပ်ပြန်ရောက်တော့ နှာခေါင်းအောက် ပါးစပ်အထက်နား၊ နဖူး၊ နားထင်တွေ နီပြီးယောင်နေလို့butterfly rash ပြန်ဖြစ်ပြီလားလို့ လန့်သွားတာပဲ။ ဘော့စတွန်ခရီးကအပြန် butterfly rash ဖြစ်လို့ ကုနေရတာ ၆ လလောက်ရှိပြီ။ မျက်နှာပေါ်က မည်းမည်းတွေ တော်တော်ပျောက်သွားပေမယ့် နည်းနည်းတော့ ကျန်သေးတယ်။ အရေပြားဆရာဝန်ပေးထားတယ့် ဆေးတွေလိမ်း နောက်နေ့ မျက်နှာနီမနေတော့မှ ဟင်းချနိုင်တယ်။ နိဗ္ဗာန်ဈေးပွဲတော်မှာ ရောင်းရသမျှငွေတွေ အားလုံးကို ဘုန်းကြီးကျောင်းကို လှုဒါန်းပါတယ်။ နိဗ္ဗာန်ဈေးပွဲတော်မှာ မုန့်တွေဝယ်စားပြီး ရေငတ်လာတော့ လက်ဖက်ခြောက်ရောင်းတယ့်ဆိုင်မှာ ရေနွေးကြမ်း မြည့်ကြည့်မယ်နော်ဆိုပြီးမြည်းတာ ရေနွေကြမ်းက သောက်လို့ကောင်းတော့ လက်ဖက်ခြောက်တဘူးဝယ်တယ်။ ရေငတ်တယ်ဆိုရင် အဲဒီလက်ဖက်ခြောက်ဆိုင်မှာ ရေနွေးကြမ်းသွားတောင်းကြတယ်။ ရေနွေးကြမ်းတွေ အလကားသောက်နေတာ အားနာစရာကြီးဆိုပြီး ဝယ်တာလား၊ စမ်းကြည့်မယ်ဆိုပြီး ဝယ်တာလားတော့မသိဘူး တယောက်တဘူး ဝယ်ကြတယ်။
မျိုးဆက် ၃ ဆက်ရှိပြီဆိုတယ့် ကျောက်မဲဖက်က လက်ဖက်ခြောက်က ဘူးနဲ့၊ တခါသောက်အထုပ်လေးတွေနဲ့ဆိုတော့ အမြင်လှ၊ လက်ဆောင်ပေးလို့လည်းကောင်း။ လက်ဖက်ခြောက် အရသာလည်း တော်တော်ကောင်းတယ်။ ဘာဆိုးဆေးမှမပါ သဘာဝအတိုင်း။ ၂၀၀၃ ကျောင်းကနေ ရှမ်းပြည်ဖက်ကို လေ့လာရေးခရီးထွက်တော့ ပင်းတယဖက်မှာ သောက်ခဲ့ရတဲ့ လက်ဖက်ခြောက် အရသာအတိုင်းပဲ။ လက်ဖက်ခြောက်ကသာ ကျောက်မဲက၊ ထုပ်ပိုးတာအားလုံး ယူအက်စ်မှာပဲ လုပ်တာတဲ့။ Whole Foods ဆိုင်တွေမှာ တင်နေပြီ shanvalley.com ကနေလည်း ဝယ်ယူနိုင်ပါတယ်။ နိဗ္ဗာန်ဈေးပွဲတော်က ဝယ်လာတယ့်လက်ဖက်ခြောက် ကုန်သွားလို့ အွန်လိုင်းကနေမှာတာ မနေ့က ရောက်လာပြီ။ လူးပက်စ်က အရင်လက ၅၈ ခုလမှာ ၇၂ active ဖြစ်နေလို့ ကီမိုသရဖီဆေးသောက်နေရတယ်။ အဲဒီဆေးသောက်နေတဲ့အချိန်အတွင်း ကိုယ်ဝန်ဆောင်လို့မရ၊ အရက်သောက်လို့မရဘူး။ အသည်းကို ထိခိုက်နိုင်လို့ Folic Acid ဆေးသောက်ရတယ်၊ သွေးနီဥ၊ သွေးဖြူဥအားနည်းလို့ သံဓာတ်အားဆေး သောက်ရတယ်။ ဆံပင်အရမ်းကျွှတ်တယ်။ အရင်ကထက်စာရင် အများကြီးသက်သာလာပေမယ့် နာကျင်တာတွေက လုံးဝပျောက်မသွားဘူး။ ဆေးပြင်းလို့လားတော့ မသိဘူး နည်းနည်းလေး ပင်ပန်းတာနဲ့ အိပ်ပြီးအနားယူရတယ်။ ကိုယ်လက်တွေနာတော့ ဘာမှမလုပ်ချင်။ သောက်ရတယ့်ဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုးက မျက်စိကို ခြောက်သွေ့စေတော့ ၆ လ တခါ မျက်စိဆရာဝန်နဲ့ ပြရတယ်။ စာဖတ်ရင် မျက်စိခြောက်သွေ့တာ တော်တော်သိသာတယ်။ စာဖတ်တာကနည်းနည်း မျက်စိညောင်းလို့ အနားယူရတာကများများ။
ဂျက်စတင်ဘီဘာရည်းစားဟောင်း အဆိုတော်၊ သရုပ်ဆောင် ဆီလီနာဂိုမတ်လည်း လူးပက်စ်ဖြစ်လို့ သြစတေးလျ၊ ဂျပန် ဖြေဖျော်ပွဲတွေကို မနှစ်က ဖျက်လိုက်ရပြီး ကီမိုသရဖီကုထုံးနဲ့ ကုသခဲ့ရတယ်တဲ့။ ရပ်ပါအဆိုတော် မစ်ဆီအဲလီယက်လည်း လူးပက်စ်ဖြစ်နေတယ်။ ကြိုတင်မဲပေးဖို့အတွက် ဖောင် ၁၅ ကို အီးမေးလ်နဲ့ပို့၊ ဖတ်နဲ့ပို့တာ သံရုံးကနေ ဘာမှအကြောင်းပြန်မလာဘူး။ နောက်တပတ်ဆိုရင်ပဲ မဲပေးရတော့မယ် မဲပေးလို့ရရဲ့လား၊ တော်ကြာ သံရုံးကိုသွားပြီးမှ မဲပေးလို့မရဘူးဆိုရင် အချိန်ကုန် လူပင်ပန်းမယ်ဆိုပြီး သံရုံးကို ဖုန်းဆက်မေးကြည့်တော့ မဲလာပေးလို့ရတယ်တဲ့၊ အီးမေးလ်တွေကိုတော့ အကြောင်းမပြန်တော့ပေမယ့် စာပို့ပါတယ်တဲ့၊ အကြောင်းတခုခုကြောင့် စာမရောက်တာ နေပါလိမ့်မယ်တဲ့ (ပြောတာလည်း မင်းပါပဲ)။ နယူးယောက်၊ နယူးဂျာဆီ၊ ကွန်နပ်တီကပ်ပြည်နယ်တွေမှာ နေတဲ့သူတွေက နယူးယောက်ကမြန်မာသံရုံးမှာ မဲပေးလို့ရပြီး တခြားပြည်နယ်မှာ နေတဲ့သူတွေက ဝါရှင်တန်ဒီစီက မြန်မာသံရုံးမှာ မဲပေးရမယ်တဲ့။ အင်ဒီယားနားပြည်နယ်၊ ကန်တက်ကီပြည်နယ်တွေမှာ နေတဲ့သူတွေဆိုရင် ဘယ်လိုလုပ် ဝါရှင်တန်ဒီစီကိုလာပြီး မဲပေးနိုင်ပါ့မလဲ အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းပါဘိ။ စင်္ကာပူမှာတုန်းက စင်္ကာပူက မြန်မာသံရုံးကို သိပ်အမြင်ကပ်တာ။ double income tax မယူပါဘူးဆိုပြီး မြန်မာနိုင်ငံက သဘောတူလက်မှတ်ထိုးတားပေမဲ့ စင်္ကာပူမြန်မာသံရုံးကတော့ အကျုံးမဝင်ဘူးနဲ့ တူပါရဲ့။ ပတ်စ်ပို့စ်သက်တမ်းကုန်လို့ သက်တမ်းသွားတိုးတာ ပေး ၆လစာ ၊ အလုပ်ဝင်တာ ၁ လပဲ ရှိသေးတယ်၊ လစာလည်း အဲဒီလောက် မကောင်းပါဘူး၊ ပိုက်ဆံများ နည်းနည်းလျော့မလားလို့ ပြောကြည့်တာ ၆ လစာ မပေးရင် ပတ်စ်ပို့သက်တမ်း မတိုးပေးနိုင်ဘူးတဲ့ ဒမြတိုက်တာ ကျနေတာပဲ။
မနက်အစောကြီး သွားတန်းစီရ၊ သံရုံးဝန်ထမ်းတွေ အော်ငေါက်တာလည်း ခံရသေးတယ်။ စင်္ကာပူမြန်မာသံရုံးက တော်တော်မျက်မုန်းကျိုးစရာ။ ခုတော့ ပြောင်းလဲနေပြီလားမသိ။ စင်္ကာပူက သူငယ်ချင်းတွေကို မေးကြည့်ရဦးမယ်။ အမေရိကန်မှာ ပတ်စ်ပို့သက်တမ်း တိုးရတာ အင်မတန်လွယ်တယ်။ ဖောင်ဖြည့်၊ မန်နီအော်ဒါ ၁၀၀၊ ပြန်ပို့ဖို့စာအိတ်ပို့လိုက်ရင် နှစ်ပတ်၊ တလအတွင်း ပြန်ရတယ်။ ဆူနမ်တို့တွေ ပတ်စ်ပို့သက်တမ်းကုန်တော့ နီပေါသံရုံးကို ပတ်စ်ပို့ ပို့လိုက်တာ ဘယ်တော့မှ ပြန်ရမလဲမသိဘူးတဲ့ နှစ်ပေါက်သွားနိုင်တယ်တဲ့။ အယ်မလေး ကိုယ့်သံရုံးကို ဆိုးလှပြီထင်တာ သူတို့သံရုံးက ပိုဆိုးနေတယ်။ ယူအက်စ်မှာလည်း ၂၀၁၆ သမ္မတရွေးပွဲရှိတော့ သမ္မတလောင်းတွေ အပြန်အလှန်ထိုးနှက် မဲဆွယ်ကြတာ ကျွန်မအတွက်တော့ ဖြေဖျော်မှုတခု ကြည့်ရသလိုပဲ။ အတိုက်အခံ ဟီလာရီကလင်တန်သမီး မင်္ဂလာဆောင်ကို မင်းကတက်တယ်၊ မင်းက ဟီလာရီကလင်တန်နဲ့ ဓာတ်ပုံတွဲရိုက်တယ်နဲ့ တယောက်ကိုတယောက် ပြစ်ရှာ debate လုပ်ကြတာ တကယ့်ဟာသ။ မြန်မာပြည်က တနပ်စားခိုင်းတယ့် ဝံကြီး၊ လမ်းတခြမ်းခင်းတယ့် ဝံကြီး၊ ဖယောင်းတိုင်ထွန်ခိုင်းတယ့် ဝံကြီး၊ နယ်လှည့်ပါးရိုက်မယ့် ဝံကြီး၊ ကမ္ဘာကျော်အနမ်း အနမ်းမခံရလို့ မနာလိုဖြစ်နေတယ့် ဝံကြီး တကယ့်ကို ဟာသတွေပဲ။ မဲညစ်၊ မဲခိုး၊ မဲလိမ်တာတွေ ရှိနိုင်ပေမယ့် မဲပေးရမှာတော့ ကျွန်မတို့တာဝန်ပါ။ NLD ကို နိုင်စေချင်ပါတယ် NLD ကိုပဲ မဲပေးမှာပါ။ နိုဝင်ဘာလဟာ ရင်ခုန်စိတ်လှုပ်ရှားစရာ ကောင်းနေမှာ အသေအချာပဲပေါ့။
စန်းထွန်း
အောက်တိုဘာ ၁၁၊ ၂၀၁၅။

Subscribe to:
Posts (Atom)