၂၀၂၅ နိုဝင်ဘာ ၂ မနက်စာစားပြီးတာနဲ့ လေဆိပ်သွားဖို့ပြင်တော့ အဖွဲ့ထဲက ၂ ယောက်က လက်ကေ့အိတ်အကြီးတွေနဲ့။ Ghandruk ကို လက်ကေ့အိတ်ကြီးတွေ သယ်လို့မရဘူး ဟမ်းကယ်ရီသေးသေး၊ ကျောပိုးအိတ်လောက်ပဲရတယ်။ တယောက်က စကဒ်ဒူးလောက်နဲ့ ဂျစ်ကားနဲ့ လမ်းကကြမ်းတာ။ သူတို့နှစ်ယောက်ကို မစောင့်နိုင်တော့ဘူး တီချယ်နဲ့ လေဆိပ်ထွက်လာတယ်။ ကံကောင်းချင်တော့ သူတို့နှစ်ယောက် လက်မတင်လေး ရောက်လာတယ်။ ခက်မန်ဒူလေဆိပ်တွေက မြန်မာပြည်အတိုင်းပဲ။ လေယာဥ်က ထုံးစံအတိုင်း တနာရီနောက်ကျတယ်။ ပိုခရာကို ၄၅ မိနစ်လောက်ပဲ စီးရတယ်။ ကားနဲ့ဆိုရင် ၆ နာရီဆိုပေမယ့် ၈ နာရီလောက် မောင်းရတယ် လမ်းမကောင်းရင် ပိုကြာတယ်။ လေယာဥ်ပေါ်ကနေ မြင်ရတဲ့ ရေခဲတောင်ရှူခင်းတွေက တအားလှတယ်။ ဂျစ်သမားက စောင့်နေတယ် ကိုယ်တွေကို အရင်လာနှုတ်ဆက်တယ် အနီရောင်ဂျစ်ကားလေး။ အရင်ဆုံး တိုးရစ်ရုံးသွားပြီး ပါမစ်အတွက်ဖောင်ဖြည့် ငွေသွင်း။ ဓာတ်ပုံပါမလာတဲ့ကိုယ်ကတော့ ၁၀ မိနစ် ဓာတ်ပုံအမြန်ရိုက်။ ပါမစ်လျှောက်တာ ၁၅ မိနစ်လောက်ပဲကြာတယ်။ သောကြာ၊ စနေရုံးပိတ်တယ်။ ပိုခရာမြို့ရေကန်နားက တရုတ်ဆိုင်ကြီးမှာ သွားစားတယ်။ Ghandruk တောင်တက်လမ်းက ကြမ်းတယ်။ ရေတံခွန်လေးမှာ ဓာတ်ပုံရိုက်ကြတယ်။ ၂၀၂၄ တုန်းက မြစ်ဘေးမှာ soul sisters တွေနဲ့ ကျောက်တုံးတွေ ကောက်ကြတာကို သတိရသွားတယ်။ soul sistersတွေကို သတိရမိတယ်။ Ghandruk က Hotel Mud & Rock မှာ မနှစ်ကရတဲ့အခန်းမှာပဲ တည်းရတော့ အခန်းဖော်မစန္ဒာကို သတိရသွားတယ်။ တိဘက်ရိုးရာခေါက်ဆွဲပြုတ် အင်မတန်စားကောင်းတယ်။ ဟိုတယ်မန်နေဂျာ၊ စားဖိုမှူးက အင်မတန်သဘောကောင်းတယ်။ ချောင်းဆိုးနေတဲ့ တီချယ့်အတွက် ရေနွေးပူ၊ ဆားထည့်ပြီး တိုက်တယ်။ မနှစ်ကလာတုန်းက ခွေးသေးသေးလေးက ခုတော့ ခွေးအကြီးကြီးဖြစ်ပြီး ကလေးတွေတောင် မွေးထားပြီး၊
တိဘက်ဘုန်းကြီးကျောင်းသွားတော့ တံခါးပိတ်ထားတယ်။ မကြာခင် ရွာသားတစ်ယောက် တံခါးလာဖွင့်ပေးတယ်။ တိဘက်ရိုးရာဗုံးတွေတီးနဲ့ ထင်တိုင်းကြဲကျတော့တာ။ ရေတံခွန်၊ စမ်းချောင်းလေးရှိတဲ့နေရာကို နာရီဝက်လောက် လျှောက်ရတယ်။ မြင်းတွေ ကျောက်တုံးတွေ သယ်နေတာမြင်တော့ သံဝေဂရမိတယ်။ ကြိုးတံတားလေးဖြတ်၊ ကျောက်တုံးကောက်၊ ခြေထောက်ရေစိမ်။ ဘေးပတ်ပတ်လည်း တောင်တွေကအမြင့်ကြီး။ မိုးကောင်းကင်နဲ့ နီးနေသလိုပဲ တိတ်ဆိတ်နေတာကို ကြိုက်လိုက်တာ။ နှစ်ယောက်က ပိုခရာပြန်မှာမို့လို့ ဂျစ်ကားသမားက ရောက်နေပြီ။ ဟိုတယ်ဆီပြန် မြန်တဲ့ခေါက်ဆွဲကြော်ခိုင်းပြီးစား။ တီချယ်နဲ့ကိုယ်က ရွာဟောင်းဆီ လမ်းလျှောက်သွားတယ်။ တောင်ကုန်းမြင့်တွေဆီ ကျောက်လှေကားထစ်တွေနဲ့ တက်ရတာ အင်မတန်မောတယ်။ ကော်ဖီဆိုင်မှာ ထိုင်နေတုန်း မြန်မာမိသားစုနဲ့ တွေ့တယ်။ သုံးရက်လောက်က မိုးရွာနေလို့ Ghandruk ကို လာလို့မရဘဲ ခက်မန်ဒူမှာ သောင်တင်နေတာတဲ့။ ကိုယ်တွေ ခက်မန်ဒူရောက်တဲ့နေ့မှ မိုးရွာတာရပ်သွားတာ ကံကောင်းလို့။ ဗျူးပွိုင့်ကိုသွားတာမှာ တောင်အမြင့်ကြီး တက်ရတယ်။ လမ်းတဝက်ရောက်နေပြီ ဆက်တက်ရင် အပြန်မှောင်မှာစိုးလို့ ပြန်လှည့်ခဲ့တယ်။ စားဖိုးမှူးက တီချယ်ကို ရေနွေးထဲ ဂျင်း၊ ပျားရည်ထည့်တိုက်တယ်။
Happy Traveling!
စန်းထွန်း
ဇွန် ၂၇၊ ၂၀၂၆။
![]() |
| View from Hotel Mud & Rock |
![]() |
| Annapura |
![]() |
| Mo Mo |
![]() |
| Thukpa noodles |
![]() |
| Thali ကြက်သားကလွဲရင် ကျန်တာအကုန်တောင်းလို့ရ |
![]() |
| Hotel Mud & Rock |














No comments:
Post a Comment