ဂျပန်သွား တောလား - ၁၅

Day 17 - Tokyo, the last day in Japan

April 6, 2025.

မနေ့ညကလဲ မနက်တနာရီလောက်အထိ လျှော့ပင်ထွက်။ မနက် ၉ နာရီလောက် လေဆိပ်လာပြီး စောစောချက်ကင်ပြီး လက်ကေ့အိတ်တွေအပ်။ တခြားသူတွေကတော့ အသွားအပြန် JAL ဆိုတော့ အွန်လိုင်းကနေ ချက်ကင်လုပ်လို့ရတယ်။ ကိုယ်က JAL with American Airline ဆိုတော့ အွန်လိုင်းချက်ကင်မရဘူး။ လက်ကေ့အိတ်က တအိတ်ပဲရတော့ ပိုတဲ့အိတ်ကို ဒေါ်လာ ၆၀ ပေးရတယ်။ စောစောကသာသိရင် အစ်မတွေနဲ့ စုပေါင်းချက်ကင်ဝင်ရင် အိတ်ဖိုးပေးရမှာမဟုတ်ဘူး။ အီးမေးလ်သေချာမဖတ်တဲ့အကျိုးတွေ။ ချက်ကင်ပြီးတော့ ရထားစီးပြီး Uniqlo ပတ်ရှာတာမတွေ့။ လေဆိပ်ကိုပြန်လာပြီး လေဆိပ်က Uniqlo မှာ အဖေ့အတွက် ဂျာကင်အပါးဝယ်။ အစ်မတွေက ဂျာကင်ဝယ်တော့ လိုက်ဝယ်တာ။ ပြီးတော့ lounge မှာသွားစား။ duty free ဆိုင်မှာ ချောကလက်၊ ငှက်ပျောသီးမုန့်ဝယ်တယ်။ လူနည်းတော့ တယောက်ခြားစီ ထိုင်ရတယ်။ Haneda airport ညဖက်လေယာဥ်ဆိုတော့ ဖူဂျီတောင် မမြင်ခဲ့ရဘူး။ ၂၀၂၅ နိုဝင်ဘာမှာ အစ်မတွေက ကျူးရှူးကျွှန်းနဲ့ ဟော့ကိုင်းဒိုးသွားလည်ကြတယ်။ အစက ကိုယ်လဲလိုက်မလို့ဘဲ ဒါပေမယ့် Nepal retreat မှာ Reiki Okuden တက်ခွင့်ပေးလို့ နီပေါသွားလိုက်တာနဲ့ မလိုက်ဖြစ်တော့ဘူး။ ဂျပန်ကို ထပ်သွားချင်သေးတယ် ဟော့ကိုင်းဒိုး၊ ကျိုတိုက Reiki စတင်မွေးဖွားရာတောင်ဖြစ်တဲ့ Mount Kurama၊ ငယ်ငယ်တုန်းက Oshin ဇာတ်လမ်းအရမ်းကြိုက်လို့ အိုရှင်းရဲ့ဇာတိ Yamagata၊ အသက် ၁၀၀ ဘိုးဘွားတွေရှိတဲ့ Blue Zone Documentaries ထဲက အိုကီနာဝါကိုသွားလည်ချင်တယ်။ ကိုရီးယားထက် ဂျပန်ကို ပိုကြိုက်တယ်။ Korean skincare ကိုကြိုက်ပေမယ့် ကိုရီးယားအစားအသောက်တွေက အရောင်တင်မှုန့်များ၊ လူတွေက materialist ဖြစ်လွန်းတယ်လို့ထင်တယ်။ သန့်ရှင်းသပ်ရပ်၊ သာယာလှပ၊ ရိုးရှင်းတဲ့ ဂျပန်လူမျိုးတွေရဲ့  ဓလေ့စရိုက်၊ အစားအသောက် အကုန်ကြိုက်တယ်။ ဂျပန်မှာ ၂ နှစ်လောက်နေချင်တယ်။

လေဆိပ်မှာ ဂျပန်ဝတ်စုံဝတ်ပြနေတာ..ဂျပန်ဝတ်စုံနဲ့ ဓာတ်ပုံမရိုက်ခဲ့ရဘူး
လေဆိပ်မှာဝယ်တဲ့ ငှက်ပျောသီးမုန့်..လှလို့ စားတောင်မစားရက်ဘူး
ကျိုတိုကဝယ်လာတဲ့ ဆီးသီး ဗီနီကာ..အရမ်းကောင်း..ငရုတ်သီး၊ dashi လဲ အင်မတန်ကောင်းတယ်

No comments: