ဂျပန်သွား တောလား - ၁၁

Day 12 - 3 hours Shinkansen bullet train from Fukuoka to Kyoto

- Temples, shopping in Kyoto

- the best & most expensive eels I had ever had

April 1, 2025

-ခုံက ရထားတွဲရဲ့ ရှေ့ဆုံး၊ နောက်ဆုံးခုံ မဟုတ်လို့ လွတ်တဲ့နေရာမှာ လက်ကေ့အိတ် ထားလို့်မရလို့ ထားလို့ရမလား မေးကြည့်တာ ရထားဝန်ထမ်းက no..no..no..ထိုင်ခုံရှေ့နဲ့ ထိုင်ခုံအပေါ်မှာပဲ ထားလို့ရတယ်..နောက်တခါ ရထားလက်မှတ်ဝယ်ရင် ရှေ့ဆုံး (သို့) နောက်ဆုံးခုံပဲဝယ်ဖို့ သင်ခန်းစာရ

-ကျိုတိုက နယ်မြို့လေး ကျူးရှူးကျွှန်းထက်စာရင်တော့ လူများတယ်

-ငရုတ်သီး၊ matcha ၊ plum juice တွေဝယ်တယ်..အင်မတန်စားကောင်းတယ်

-ညစာစားခဲ့တဲ့ eels ကတော့ စားဖူးသမျှထဲမှာ စားအကောင်းဆုံးနဲ့ စျေးအကြီးဆုံးပဲ..ပထမအခါက်က ထမင်းနဲ့ငါး၊ ဒုတိယအခေါက်က ကြက်သွန်မြိတ်နဲ့ ဝါစာပီ၊ တတိယအခေါက်က ဟင်းရည်ထည့်ပြီးစား၊ နောက်ဆုံးမှာတော့ ကိုယ်နှစ်သက်သလို စားနိုင်ပြီဆိုတဲ့ စားပုံစားနည်း ညွှန်ကြားချက် စာရွက်လေးအတိုင်း စားရတယိ

-ကျိုတိုမှာ ခြေလှမ်းပေါင်း နှစ်သောင်းကျော်တယ်..

ဆာမူရိုင်း ဓား၂ ချောင်းနဲ့ ခပ်ချေချေပဲ.. မိုက်ချက်
Geisha ရပ်ကွက်
ကျိုတိုမြို့က အိမ်ရှေ့တိုင်းမှာ တွေ့ရတဲ့အရုပ်
ဆုတောင်းစာ
အဲ့ဒီဆိုင်က ငရုတ်သီး၊ Dashi အရမ်းကောင်း
စားဖူးသမျှထဲမှာ စျေးအကြီးဆုံး အကောင်းဆုံး eels
ပထမအခါက်က ထမင်းနဲ့ငါး၊ ဒုတိယအခေါက်က ကြက်သွန်မြိတ်နဲ့ ဝါစာပီ၊ တတိယအခေါက်က ဟင်းရည်ထည့်ပြီးစား၊ နောက်ဆုံးမှာတော့ ကိုယ်နှစ်သက်သလို စားနိုင်ပြီဆိုတဲ့ စားပုံစားနည်း ညွှန်ကြားချက် စာရွက်လေးအတိုင်း စားရတယိ
Plum juice, cider juice အရမ်းကောင်း..plum wine မဝယ်မိတာ နာသကွာ
ဒေသခံတွေ တန်းစီနေလို့ ဝင်ဝယ်တာ အင်မတန်စားကောင်းတယ်..
Hakata station, Fukuoka
Bento box at Hakata station, Fukuoka

No comments: