Minuet in G major..

June 1, 2025. Sunday. ဂစ်တာတီးသင်တယ် လက်ထိပ်နာတာ မခံနိုင်လို့ မတတ်..တယော တစ်နှစ်သင်တယ် C,D,E မခွဲတတ် high, low, sharp မသိလို့ ဆရာစိတ်တွေညစ်..မြေအောက်ဘူတာရုံမှာ သွားတီးရင် ပိုက်ဆံမရဘဲ ခဲထုခံရမယ် ရဲခေါ်ခံရမယ်.. ပီယာနို ၃ လသင်ပြီး ယူကျူကနေပဲ သင်တော့တယ်..တပုဒ်တီးတတ်ဖို့ ၃-၄ လ ကြာပြီး တပတ်လောက် မတီးတော့ရင် ပြန်မေ့သွားပြန်ရော..မမေ့ခင် ဖေ့ဘွတ်တက်ပြီး ကြွားထားဦးမှ..

J.S.Bach (1685-1750) ရဲ့ Minuet in G major.. နားဂွမ်းဆို့တော် မူကြပါခင်ညာ..😆

စန်းထွန်း

ဇန်နဝါရီ ၃၁၊ ၂၀၂၆။




No comments: