January 11, 20, 2025 နှင်းတွေကျရင် ဓာတ်ပုံထွက်ရိုက်တယ်..ရိုက်ပေးမဲ့သူမရှိရင် တယောက်တလှည့် ရိုက်ကြတယ်..ချမ်းတတ်တဲ့တယောက်ကတော့ အေးလို့အလာဂျီကြောင့် နှာရည်ကျလို့ ဂူအောင်းပြီ..မချမ်းတတ်တဲ့တယောက်ကတော့ အိမ်မကပ်ဆဲ..သမီးဖြစ်သူက ဘာမှမချက် မိတ်ဆွေသိပ်မရှိ..သူတို့နှစ်ယောက်ကတော့ သူ့မိတ်ဆွေတွေကို မုန့်တီချက်ကျွှေး ဘောလုံးပွဲကြည့် စကားတွေပြောကြ ဖုန်းဆက်ကြ လက်ဆောင်ပေးကြ လက်ဆောင်ယူကြနဲ့ မိတ်ဆွေများ ပွဲတွေများပြီး အိမ်မကပ် အင်မတန်ဘီးစီးတဲ့နှစ်ယောက်..
စန်းထွန်း
ဇန်နဝါရီ ၃၊ ၂၀၂၆။


No comments:
Post a Comment