Boudhath Stupa, Kathmandu |
၂၀၂၄ နိုဝင်ဘာ ၁၃ နေထွက်ချိန် ဟိမဝန္တာတောင်အလှကို ထိုင်ကြည့်တယ်။ မချောတို့ညီအမတွေက reiki လေ့ကျင့်ကြရင်း ကိုယ့်ကို reiki ပေးတယ်။ third eye နေရာမှာ ပူတဲ့ energy ကိုခံစားရပြီး relax ဖြစ် ကိုယ်လက်ကိုက်ခဲနေတာတွေ သက်သာသွားလို့ reiki သင်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ မမွန်၊ တိုးဂိုက်နဲ့ ဟိုက်ကင်းထွက်ရင်း ဖုန်းပျောက်သွားလို့ ဟိုတယ်ဝန်ထမ်းတွေက လိုက်ရှာပေးတယ်။ find my phone နဲ့ရှာတော့ ဟိုတယ်ပတ်ဝန်းကျင်ပဲ။ ရဲစခန်းကိုတိုင်တော့ ရဲက အိုင်ဖုန်း serial number တောင်းလို့ icloud ကနေရှာရတယ်။ ရဲတိုင်စာနဲ့မှ အာမခံဆီမှာ ပြန်တောင်းလို့ရတယ်တဲ့။ ဟိုတယ်နောက်ဖက်က End of the world ဟိုတယ်ဆီ သွားလည်ဖို့စီစဥ်ထားတာ မလည်ဖြစ်တော့ဘူး။ ဆိုဖီယာအိမ်ဝင်ပြီး မချောတို့က လက်ကေ့အိတ်တွေယူ၊ ကိုယ်ကကျန်ခဲ့တဲ့ဦးထုပ်ယူ။ ဒူဘိုင်းက နန်းနွယ်ဆိုတဲ့ ညီမချောချောလေး ရောက်လာတယ်။ ပေါင်းထားတဲ့ မိုမိုအင်မတန်ကောင်းပဲ။ မိုမိုဆို ၂ ခုပဲစားတဲ့ ကိုယ်တော်တော်စားတယ် မဆလာသိပ်မပါလို့။ ကျွှဲကောသီး၊ ပန်းသီးကို ဒိန်ချဥ်ဆမ်း သကြား၊ ဆား၊ ငရုတ်သီးမှုန့်၊ ငရုတ်သီးစိမ်းဆီသတ်၊ ငရုတ်ကောင်းနည်းနည့်ထည့်ပြီး ရောနယ်ပြီးသုပ်ထားတာ အင်မတန်စားကောင်းတယ်။ ဒိန်ချဥ်လဲ အင်မတန်ကောင်းတယ်။ အားလုံးခုမှမြင်ဖူး စသိကြတာပေမဲ့ ခင်ခင်မင်မင် ရင်းရင်းနှီးနှီး ဟန်လုပ်ချည်းမရှိ အသားကုန်ဝါးတီးကြတဲ့သူတွေချည်းပဲ။ မြန်မာပြည်ကနေလာတဲ့ ၁၃ ယောက်အုပ်စုက Boudhath Stupa ဘုရားရောက်နေကြပြီ။ တိဘက်တွေအများကြီးပဲ ဘုရားကို လက်ယာရစ်ပတ်ပြီး ပုတီးစိတ်ကြ၊ ဘုရားစာရေးထားတဲ့ ခေါင်းလောင်းလေးကို လှည့်ကြနဲ့ အတော်စည်ကားတယ်။ တိုးဂိုက်က ရှင်းပြပေမဲ့ ဆူညံနေတော့ မကြားရဘူး။ မြန်မာကနေ တိုက်ရိုက်လေယာဥ်မရှိလို့ ဘန်ကောက်မှာ တညအိပ်ခဲ့ရတယ်တဲ့။ မြန်မာကလာတဲ့သူတွေက လေဆိပ်ကနေ ဘုရားဆီတန်းလာခဲ့ကြတာဆိုတော့ ဗိုက်ဆာနေကြမှာပဲ။
သူတို့စားနေတုန်းက ကိုယ်တို့က စျေးဝယ်ထွက်။ ချစ်ဖို့အရမ်းကောင်းတဲ့ သင်းလေးနဲ့ စျေးဝယ်ရတာ ပျော်ဖို့ကောင်း။ တနာရီအကြာ စားသောက်ဆိုင်ရှေ့မှာ ပြန်ဆုံကြပြီး evil eye လက်ကောက် ၅ ခုဝယ်တယ်။ ကိုယ့်ကိုမကောင်းကြံရင် evil eye က ကိုယ့်အစားခံပေးတယ်လို့ spiritual သမားတွေက ယုံကြည်ကြတယ်။ ပြုတ်သွားပျက်သွားတဲ့ evil eye လက်ကောက်ကို ပြန်မဝတ်သင့်ဘူး။ Turkey ဖက်မှာ evil eye အတော်ယုံကြည်ကြတယ်။ လက်ဆောင်ပေးမှ ပိုကောင်းတယ်ဆိုလို့ မမွန်နဲ့ လက်ဆောင်အချင်းချင်းပေးပြီး လဲဝတ်တယ်။ ပတ်စကပ်တွေ ဝယ်ကြတယ်။ နန်းနွယ်က evil eye ကို မျက်ပြူးလေးဆိုလို့ ရယ်လိုက်ရတာ။ သူလုပ်မှပဲ evil eye လဲ မျက်ပြူးလေးဘဝရောက်တော့တယ်။ KGH Patan ဟိုတယ်ဆီပြန် ကိုယ်ကကိုယ့်ဟိုတယ်ဆီပြန်။ ဟိုတနေ့ကတည်းတဲ့နေရာပဲ။ ဟိုတယ်ပိုင်ရှင်ကောင်လေးနဲ့ ရုပ်တူတဲ့ သူ့ညီမလို့ထင်ရတဲ့ ကလေးမလေးတယောက်က check in လုပ်ပေးတယ်။ အပ်ထားတဲ့ ဟမ်းကယ်ရီအိတ်တောင်း၊ ဟီတာ၊ ရေနွေးအိုးတောင်းတယ်။ ဆပ်ပြာမရှိလို့ ဆင်းတောင်းရတယ်။ ဟီတာက မီးလင်းတော့ အိပ်မပျော်ဘူး။ ဟီတာပိတ်၊ အထပ်ထပ်ဝတ်အိပ်ရတယ်။ ရေပူမလာလို့ ရေအေးနဲ့ပဲချိုးတာ ခိုက်ခိုက်တုန်။ ဒီမှာဒီနေ့နောက်ဆုံးနေ့မို့လို့ မပြောတော့ပါဘူး။ ချက်ကောက်တော့ ဟိုတယ်ပိုင်ရှင်ကောင်လေးနဲ့ ဆုံတယ်။ သူ့ညီမက မနေ့ကတော့ပြောတယ် သူကျောင်းသွားရမှာမို့လို့ သူ့အစ်ကိုဆီမှာ ချက်ကောက်လိုက်ပါတဲ့။ လမ်းထိပ်ကဆိုင်မှာ အာလူးပလာတာမှာတယ် မြန်မြန်လုပ်ဖို့ပြောရတယ်။ ရတာနဲ့ အမြန်စား မကုန်တဲ့ ၂ ချပ်ကိုပါဆယ်ထုပ်ခိုင်း ၉ နာရီအမှီပြေးရတယ်။
Happy Traveling!
စန်းထွန်း
ဇန်နဝါရီ ၂၅၊ ၂၀၂၅။
ကျွှဲကောသီး၊ ပန်းသီးသုပ် |
ဒိန်ချဥ် |
ဆိုဖီယာ့ဧည့်ခန်းထဲမှာ |
evil eye bracelet မျက်စိက အတော်ပြူးတဲ့ မျက်ပြူးလေး |
No comments:
Post a Comment