ငှက်ပျောသီးတွေ ပိုနေလို့ အမေက ငှက်ပျောသီးကိတ်လုပ်တယ်။ အဖေက မုန့်ဖုတ်စက်ရှင်း၊ ကိုယ်က ကြီးကြပ်။ ဒုတိယအကြိမ် မုန့်ဖုတ်တာဆိုပေမဲ့ နည်းနည်းလေး ညှော်နံ့ထွက်တာနဲ့ သမီးရေ မီးများနေပြီလား မီးလျှော့ပါဦးနဲ့ တောသားမြို့တက် ဖြစ်နေကြတာ။ နာရီဝက် မကျက်သေးလို့ နောက်ထပ်နာရီဝက် ထပ်ဖုတ်။ မုန့်နံ့လေးမွှေးနေတာပဲ စားကြပါဦး။
Happy Juneteenth!
စန်းထွန်း
ဇွန် ၁၉၊ ၂၀၂၄။
1 comment:
စားချင်စရာလေးပါ အချိန်များသွားလို့ မုန့်မျက်နှာပြင် အက်ကွဲသွားတာ...
ချစ်တဲ့
မိုးငွေ့
Post a Comment