၂၀၂၄ ရေခြားမြေခြား ခရီးသွား - ၁၂

၂၀၂၄ မေ ၂၆ တနင်္ဂနွေနေ့ နယူးဂျာစီပြည်နယ် ဗုဒ္ဓပူဇနိယပွဲတော်ရှိတယ်။ အိမ်ကနေ မနက် ၇ နာရီထွက် နယူးယောက် Penn Station ဘူတာကို ၈ နာရီလောက်ရောက်။ ၈ နာရီ ၂၀ ရထားနဲ့ နယူးဂျာစီပြည်နယ် အက်ဒီဆင်ဘူတာကို ၉ နာရီ ၃၀ လောက်ရောက်တယ်။ ဘူတာမှာ မမီးလာကြိုတယ် အဲ့ဒီကနေ ဘုန်းကြီးကျောင်းကို နာရီကျော်လောက် မောင်းရတယ်။ ၁၀ နာရီ ဘုန်းကြီးကျောင်းရောက်တော့ ဘုန်းကြီးကျောင်းဘေးက စာသင်ကျောင်းကားဝင်းမှာလည်း ကားတွေအပြည့်။ စတုဒီသာ အလကားကျွှေးတာဆိုတော့ လူအများကြီးလာတယ်။ မခိုင်နဲ့တွေ့ မုန့်စျေးတန်းပြေး မုန့်တွေတန်းစီစား။ မမီးနဲ့မခိုင်က ဘုန်းကြီး ၂၅ ပါး သိမ်ဆင်းလောင်း။ နယူးယောက်ကနေ ကား ၈ နာရီလောက် မောင်းရတဲ့၊ နိုင်အာဂရာရေတံခွန်နား Buffalo မြို့ကနေလာတဲ့ ကရင်အဖွဲ့က အကြော်စုံနှစ်တိုင်း လာလှူတယ်။ တန်းစီရမှာ အရှည်ကြီးမို့ တန်းမစီရတဲ့ မုန့်ဟင်းခါး၊ ခေါက်ဆွဲသုပ်၊ မကျည်းဖျော်ရည်၊ ဖရဲသီးစားတယ်။ ချဥ်ပေါင်ကြော်နဲ့ ထမင်း၊ ဟင်းကတော့ လူတန်းကြီးအရှည်ကြီးပေမဲ့ တန်းစီတယ် ဗိုက်ဆာနေပြီကိုး။ ဖျာ၊ ခုံတွေနဲ့ ကလေးတွေက ဆော့လို့ ပျော်ပွဲစားလာထွက်နေသလိုပဲ။ လူတအားစည်တယ် နေလည်းပူလို့ အပင်အောက်မှာနေရတယ်။ ညနေ ၂ နာရီ ပြီးတာနဲ့ ပြန်တယ် ရထားနှစ်ဆင့် အိမ်ကို ည ၆ နာရီလောက်မှ ပြန်ရောက်တယ်။ ပင်ပန်းပေမဲ့ ချစ်တဲ့သူတွေနဲ့ တွေ့ရ၊ မုန့်တွေလည်း တဝစားခဲ့ရလို့ ပျော်ပါတယ်။

စန်းထွန်း

မေ ၈၊ ၂၀၂၄။

No comments: