၂၀၂၄ ရေခြားမြေခြား ခရီးသွား - ၁၁

၂၀၂၄ မေ ၂၅ တနင်္ဂနွေနေ့ Pier 88 ဆိပ်ကမ်းမှာ USS Bataan (LHD-5) လေယာဥ်တင်သင်္ဘောကြီး သွားကြည့်တယ်။ နှစ်တိုင်း မေ ၂၂ ကနေ ၂၈ အထိ New York Fleet Week ရေတပ်သင်္ဘောတွေ နယူးယောက်လာတယ်။ ပြည်သူတွေ လေယာဥ်တင်သင်္ဘောကြီးကို ကြည့်လို့ရတယ်။ Pier 88 မှာရှိတဲ့ လေယာဥ်တင်သင်္ဘောကြီး Intrepid museum ကို ၃၆ ကျပ်ပေးရတယ်။ မမီးကတော့ တရက်လောက် သွားကြည့်ရအောင်တဲ့။ ခုကအလကားဆိုတော့ သွားကြည့်မယ် ၁၀၀ သက်သာမယ်။ လူတန်းကြီးက အရှည်ကြီး Pier 81 လမ်း ၄၀ ကနေစတယ်။ နေကတအားပူ တရွှေ့ရွှေ့ ရေလည်းအများကြီး မသောက်ရဲဘူး။ အိမ်သာခက် နေရာပျောက်သွားမှာ။ သတ္တိရှိတဲ့သူတွေက ကြားဖြတ်တဲ့သူတွေကို နောက်မှာသွားတန်းစီလို့ ပြောတယ်။ လူတိုင်း ကိုယ့်ရှေ့မှာဘယ်သူ နောက်မှာဘယ်သူဆိုတာသိတယ် ကျော်ဖြတ်တာနဲ့သိတယ်။ နေ့လည် တနာရီကနေတန်းစီတာ ညနေ ၅ နာရီခွဲမှ သင်္ဘောပေါ်တက်ရတယ်။ ၄ နာရီခွဲတန်းစီရတော့ ၃၆ ကျပ်ပေးရတာ တန်တယ်ဖြစ်သွားတယ်။ အဲ့လိုတန်းစီရမှန်းသိရင် ၃၆ ကျပ်ပေးပြီး သွားကြည့်တယ်။ သင်္ဘောကြီးက အကြီးကြီးပဲ တိုက်ခန်းတွဲ ၂ တွဲစာလောက်ရှိမယ်။ ခရူသင်္ဘောကြီးလိုပဲ။ အိုင်ဒီကဒ်ပြတော့ နယူးယောက်ကမို့လို့ တခြားလိုင်းတန်းထဲဝင်ခိုင်းပြီး ဘယ်နိုင်ငံကလဲမေးတယ်။ မြန်မာဆိုတော့ မသိဘူး တယောက်က မြန်မာ၊ ဘားမားလို့သိတယ်။ စက်မှာရှာကြည့်တော့ မြန်မာလို့တွေ့တယ်တဲ့။ လက်ဗွေနှိပ်တယ်။ အိမ်နီးချင်းနိုင်ငံက ဘာနိုင်ငံလဲ ထိုင်းဆိုတော့ သိတယ်။ နယူးယောက်ကမို့လို့ လိုင်းတိုတဲ့ line ထဲထည့်ပေးလိုက်တော့ ကိုယ့်ရှေ့ကလူတွေထက် အများကြီးရှေ့ကျနေတယ်။ စက်နဲ့ စကန်ဖတ်တော့ အဖေ့ဒူးစွပ်က အသံမြည်လို့ ရှင်းပြရတယ်။ ဂျစ်ကားတွေ လွှင့်ထွက်မသွားအောင် သံကြိုးကြီးနဲ့ ချိတ်ထားတယ်။ ဟောကြီးကအကျယ်ကြီး။ machine gun point 5 RGP တွေအကြောင်း ရှင်းပြတယ်။ အဲ့ဒါတွေ ပီဒီအပ်လေးတွေဆီ ပို့ချင်လိုက်တာ။ လုံခြုံရေးအရ အပေါ်ဆုံးထပ်ပဲ ဓာတ်ပုံရိုက်လို့ရတယ်။ အပေါ်ဆုံးဓာတ်မှာ ဟတ်စကီးတွေ ၆ စီးလောက်ရှိတယ်။ လူတွေကယ်ဆယ်ရေးမှာ သုံးတဲ့ရဟတ်ယာဥ်၊ ပစ္စည်းသယ်တဲ့ရဟတ်ယာဥ်။ လေယာဥ်မောင်းတဲ့သူက စက်ပစ္စည်းထိန်းသိမ်းတဲ့သူတွေလည်း အရေးပါတယ်တဲ့။ အပြန်အလှန်ယုံကြည်မှုနဲ့ လုပ်ရတာပါတဲ့။ Navy၊ Marines၊ Coast Guard အဖြူဝတ်စုံလေးတွေနဲ့ တချို့က သင်္ဘောကပ်ပတိန်ဦးထုပ်၊ တချို့က sailor ဦးထုပ်၊ အညိုရောင်နဲ့ နက်ပြာရောင် ယူနီဖောင်း၊ ကမ်းခြေစောင့်တပ်က နက်ပြာရောင်။ ယူနီဖောင်းလေးတွေက လှတယ်။ အစကတော့ Pier 88 US Bataan၊ Pier 90 က ၂ စီး သင်္ဘောသုံးစီးလုံး ကြည့်ပစ်လိုက်မယ်လို့ စိတ်ကူးထားတာ။ ခုများတော့ တစီးတောင် အနိုင်နိုင်။ fleet week အတွက် bar တွေမှာ navy ယူနီဖောင်းဝတ်ထားတဲ့သူတွေဆို ဘီယာအလကားတိုက်တယ်။ ၄ နာရီခွဲတန်းစီရတာ စောင့်ရကြိုးနပ်ပါတယ်။ တခါကြည့်ပြီးပြီ တော်ပြီ နောင်နှစ်တော့ သွားမကြည့်တော့ဘူး။

To all PDF, veterans and service members, thank you for your service to our country!

Happy Memorial Day!

စန်းထွန်း

မေ ၅၊ ၂၀၂၄။

ရေငုပ်သ​ေင်္ဘာ

No comments: