၂၀၂၃ ရေခြားမြေခြား ခရီးသွား - ၁၃

၂၀၂၃ သြဂုတ် ၂၀ တနင်္ဂနွေနေ့ မနက် ၉ နာရီ Grand Central ဘူတာကို မြောက်ဖက်ကို တနာရီခွဲလောက် စီးပြီးတော့ Cold Springs မှာဆင်းတယ်။ ရထားက လူအပြည့်ပဲ Cold Springs မှာအများကြီး ဆင်းကြတယ်။ အမေကတော့ ၂၀၁၆ က ရောက်ဖူးပြီးသား။ ကိုယ်ကတော့ တစ်နှစ်တကြိမ် ပုံမှန်ရောက်တယ်။ Cold Springs က Hudson မြစ်ဘေးမှာ တောတောင်တွေနဲ့ အင်မတန်သာယာလှပတဲ့မြို့လေး။ သစ်ရွက်တွေ အရောင်ပြောင်းတဲ့ ဆောင်းဦးရာသီဆို မက်ဟန်တန်ကနေ Cold Springs အထိ Fall foliage cruise ရှိတယ်။ အသွားအပြန် ၁၀၀ လောက်ပေးရတယ်။ မြစ်ကမ်းနားဆီသွား လမ်းလျှောက် ထမင်းစား။ တောင်လည်းမတက်နိုင်တော့ နာရီဝက်လောက်ဝေးတဲ့ မြစ်ကမ်းနားဆီသွားတယ်။ ဘုတ်ကလေးတွေ၊ ရေကူးတဲ့သူ၊ canoe လှော်တဲ့သူနဲ့။ ရဲက ရေမကူးဖို့ လာပြောတယ်။ ရထားက တနာရီတစီးရှိတော့ ညနေ ၄ နာရီကျော် ရထားနဲ့ ပြန်ခဲ့တယ်။

Happy Traveling!

စန်းထွန်း

ဒီဇင်ဘာ ၉၊ ၂၀၂၃။

No comments: