နွေဦးတော်လှန်ရေး - ၃၄

၂၀၂၃ ဖေဖေါ်ဝါရီ ၁၁ စနေနေ့ သံအမတ်ကြီးဦးကျော်မိုးထွန်း၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုဝန်ကြီး ဦးမိုးဇော်ဦးတို့နဲ့ နယူးယောက်မြန်မာမိသားစုတွေ တွေ့ဆုံကြတယ်။ ဒေါ်ဇင်မာအောင် စကားပြောကောင်းတာ လက်ခုပ်သံတဖြောင်းဖြောင်းပဲ။ ဓာတ်ပုံရိုက်ချင်သူများလို့ ၁၀ယောက်တအုပ်ရိုက်ကြတယ်။ ၂၀၂၃ ဇူလှိုင် ၉ တနင်္ဂနွေ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ နယူးယောက်မြန်မာမိသားစု တွေ့ဆုံကြတယ်။ ၂၀၂၃ ဇူလှိုင် ၁၅ တယောက် $70 နဲ့တော်လှန်ရေးရန်ပုံငွေ cruise စီးကြတယ်။ မိုးတွေကရွာ ဒစ်စကိုတေးသံတွေနဲ့ ခေါင်းကိုက်တယ်။ classical music ငြိမ့်ငြိမ့်ညောင်းညောင်းလေးဆို ဘယ်လောက်ကောင်းမလဲ။ ညသန်းခေါင် တိုင်းစကွဲမှာ OFP ကအကိုတွေကို သွားတွေ့တယ်။ ဗော်လန်တီယာလုပ်တာ ၂ နှစ်ရှိပြီ ခုမှပဲအပြင်မှာ ဆုံတော့တယ်။ အလုပ်အရမ်းလုပ်တဲ့ OFP က အကိုအမတွေကို လေးစားတယ်။

အရေးတော်ပုံ အောင်ရမည် !

စန်းထွန်း

နိုဝင်ဘာ ၁၅၊ ၂၀၂၃။

ချစ်ခင်လေးစားရတဲ့ OFP က အကိုအမတွေနဲ့ တိုင်းစကွဲ မနက်တနာရီ

No comments: