လေးကြိမ်လောက် ရက်ပြောင်းပြီး နောက်ဆုံးမှာတော့ ၂၀၂၃ ဇူလှိုင် ၃၀ စနေနေ့ Liberty Island သွားဖြစ်တယ်။ မနက် ၉ နာရီသင်္ဘောဆိုတော့ အိမ်က ၇ ခွဲကတည်းကထွက်။ ပထမဆုံးထွက်တဲ့သင်္ဘောဆိုပေမဲ့လည်း လူအပြည့်ပဲ။ ကျွှန်းတပတ်ပတ် ရုပ်တုခေါင်းအထိတက်လို့ရတဲ့ လက်မှတ်ဆိုပေမဲ့ မတက်နိုင်တော့ဘူး။ ဓာတ်လှေကားစောင့်ရတာ အကြာကြီး။ မစောင့်နိုင်ရင် လှေကားနဲ့တက်ရမှာ မတက်နိုင်တော့ဘူး။ ၂၀၁၇ က လစ်ဘာတီရောက်ခဲ့တာဆိုတော့ မရောက်တာ ၆ နှစ်ရှိပြီ။ ဆူနမ်တို့နဲ့ တခါ၊ မိဘတွေနဲ့ ၂ ခါ၊ မကြီးနဲ့ တခါဆိုတော့ ခုတကြိမ် ၅ ခေါက်မြောက်။ ပြတိုက်ကအသစ်ဆိုတော့ ဝင်လည်တယ်။ ဗွီဒီယိုလေးတွေနဲ့ ရှင်းပြထားတာ အတော်စိတ်ဝင်စားဖို့ကောင်းတယ်။ နေ့လည် ၁၂ နာရီ အိမ်မပြန်ချင်သေးတော့ Ellis Island ပထမဦးဆုံးအကြိမ်အဖြစ် ဝင်လည်တယ်။ နေ့လည်စာအတွက် fish & chips ဝယ်တာ ငါးတုံးလေးက ပိစိလေးမို့ ကြက်ကြော်နဲ့ ပြန်လဲတယ်။ အဖေကတော့ အပြင်မှာစားဖို့ပြောသား။ အထဲမှာပဲစားရတယ်ထင်လို့ စားတာ ပူလိုက်တာ။ အပြင်မှာ ဇင်ယော်တွေနဲ့ လေကတဟူးဟူး။ တီကျွှတ်ပင်တွေ့လို့ ဝမ်းတွေသာ အားရပါးရနှုတ်။ Staten Island ferry လို ဖရီးရရင် အပတ်တိုင်းလာနှုတ်ပါတယ်။ အိမ်နားက အင်္ဂါနေ့တိုင်းဖွင့်တဲ့ လယ်သမားစျေးမှာ တီကျွှတ်ပင်တွေ့လို့ ဝယ်လာတယ်။ အရသာက ဖန်တန်တန်လေး ချဥ်ဟင်းချက်တာ အင်မတန်ကောင်းတယ်။
Happy Traveling!
စန်းထွန်း
နိုဝင်ဘာ ၂၂၊ ၂၀၂၃။
တီကျွှတ်ပင် အိမ်ထဲစိုက်တာ သေသွားတယ် |
No comments:
Post a Comment