၂၀၂၃ ရေခြားမြေခြား ခရီးသွား - ၉

၂၀၂၃ ဇူလှိုင် ၄ လွတ်လပ်ရေးနေ့ မီးရှူးမီးပန်ဖောက်ပွဲ သွားကြည့်တယ်။ အိမ်ကနေ နာရီဝက်ရထားစီးပြီး East River ကွင်းဖက်ခြမ်းမှာ။ လူတွေများလွန်းလို့ ရဲကကားလမ်းပိတ်ပြီး လမ်းညွှန်ပေးတယ်။ ရာသီဥတုအရမ်းပူပေမဲ့ ကွင်းပြင်မြစ်ဘေးမှာဆိုတော့ သိပ်မပူဘူး။ ည ၉ နာရီခွဲမှ မီးရူးမီးပန်းဖောက်တာဆိုတော့ ဟိုကြည့်ဒီကြည့်။ မီးရှူးမီးပန်းအတော်လှတာပဲ စောင့်ရကြိုးနပ်သွားပြီ။ အပြန်ကျတော့ လူတွေများလွန်းလို့ ရဲကလူအရေအတွက်ကြည့်ပြီး ရထားဂိတ်ထဲ ဝင်ခိုင်းတယ်။ ၂၀၁၂ ဇူလှိုင် ၄ မေရီလန်းကနေ နယူးယောက်ကိုလာပြီး မီးရှူးမီးပန်းဖောက်တာ လာကြည့်တယ်။ မက်ဟက်တန် အရှေ့ဖက်မြစ်ကမ်းဘေးမှာ ညနေ ၄ နာရီထဲက ဝင်လိုက်တာ ရှူးပေါက်ဖို့လဲခက်။ ခင်းစရာဖျာတွေလည်း ယူမလာတော့ သံမန်တလင်းမှာ ထိုင်ရတာဖင်နာ။ မီးရှူးမီးပန်းပျပျလေးပဲ မြင်ရတော့ မီးရှူးမီးပန်းကို စိတ်ကုန်သွားတော့တယ်။

Happy July 4th!

စန်းထွန်း

နိုဝင်ဘာ ၁၁၊ ၂၀၂၃။

No comments: