၂၀၂၃ ရေခြားမြေခြား ခရီးသွား - ၂

Jet leg ဖြစ်လို့ အဖေက နေ့လည်ဆိုအိပ်ပြီး ညဆိုမအိပ်နိုင်ဘူး။ အမေက တချိန်လုံးအိပ်နိုင်တယ်။ ၂၀၂၃ မတ် ၂၅ မအိပ်အောင် Oculus ၊ World Trade Center ခေါ်သွားပြတယ်။ ရထားပေါ်မှာ အိပ်ကြတယ်။ Oculus ရောက်တာနဲ့ မိုးကတအားရွာ အတော်အေးတာ လက်တောင်ကျင်တယ်။ 911 memorial ground zero pool နားရောက်ပြီး အိုးကတနေကုန် တအားရွာမှာဆိုတော့ ပြန်ခဲ့ကြတယ်။ အစက Brooklyn Bridge တောင်သွားမလို့ မသွားနိုင်တော့ဘူး။ တနင်္ဂနွေနေ့ အန်တီ့ကို လိုက်ပို့ရမှာ ရထားက ဖျက်သိမ်းလိုက်လို့ တနင်္လာနေ့မှ လိုက်ပို့ရမယ်။ တနင်္လာနေ့ အရေးကြီးမီတင်ရှိပေမဲ့ ခွင့်မယူလို့မရလို့ ချက်ချင်းယူလိုက်ရတယ်။ Penn Station မှာ တနာရီလောက်ထိုင်စောင့် ရထားထွက်ခါနီး ၁၅ မိနစ်လောက်မှ ဂိတ်ဖွင့်တော့ လက်ကေ့အိတ်အကြီးကြီး ၃ အိတ်နဲ့ အပြေးအလွှား အသည်းအသန်။ ရထားပေါ်နေရာချပြီးတာနဲ့ အတင်းထိုးထွက်ခဲ့ရတယ်။ နယူးဂျာစီရထားလည်း အဲ့လိုပဲ ထွက်ခါနီး ၁၀ မိနစ်လောက်မှ ဂိတ်နံပါတ်ကြေငြာတော့ အသည်းအသန် ပြေးရတာပါပဲ။ မနေ့က ဖုန်းကဒ်ဝယ်ပေးလိုက်တော့ အန်တီက သူ့သမီးနဲ့ အဆက်အသွယ်ရမှာဆိုတော့ စိတ်တော့မပူပါဘူး။ သူလည်းစီးဖူးနေတာပဲဆိုတော့။ မတ် ၃၁ Naturalization Ceremony ရှိတယ်။ မြန်မာအန်တီတယောက်နဲ့ဆုံတယ်။ အမေရိကန်ကတော့ dual citizenship လက်ခံပေမဲ့ မြန်မာဖက်က လက်မခံ။ မြန်မာပတ်စ်ပို့စ်ကိုင်ချင်ပေမဲ့လည်း ဘယ်သွားသွား ဗီဇာလို၊ ဗီဇာခက်တဲ့ ပတ်စ်ပို့စ်ကိုင်ထားလို့ ဘာမှအကျိုးမရှိလို့ မကိုင်တော့ဘူး။ စစ်တီဇင်ဖြစ်ရင် မိဘကို ဂရင်းကဒ်လျှေက်ပေးလို့ရတယ်။ ကိုယ်ဖြစ်ချင်တဲ့ milestone တွေ တခုပြီးတခု ဖြစ်လာပြီ။ ကိုယ့်ရုံးက တရုတ်တွေကတော့ စီတီဇင်မလျှောက်ဘူး။ ဂရင်းကဒ်နဲ့ပဲနေတာ တရုတ်ပတ်စ်ပို့စ်က အရမ်းခက်တယ်တဲ့။ တရုတ်တ်တန်းလိုက်ပို့ ကိုယ်စားချင်တာလေးတွေ ဝင်ဝယ်။

Happy Traveling!

စန်းထွန်း

စက်တင်ဘာ ၂၊ ၂၀၂၃။

Oculus ရထားတွေ၊ လျှော့ပင်းဆိုင်တွေ၊ စားသောက်ဆိုင်တွေရှိတဲ့နေရာ
World Trade Center နဲ့ကပ်လျက်
မနက် တရုတ်ဆိုင်၊ ည ကုလားဆိုင် စျေးသွားနိုင်သူ
နွှေဦးပေါက်မို့ ပန်းကလေးတွေပွင့်
City Hall subway station၊ နောက်က ဘရွှတ်ကလင်းတံတား
Naturalization Ceremony..၁၂ နှစ်အကြာ အခက်အခဲပေါင်းစုံ ကျော်လွှားပြီးတော့ အမေရိကန်စီတီဇင်ဖြစ်ပြီ 
China Town

1 comment:

Anonymous said...

nice view

Poe Poe