ဆုံလည်ထိုင်ခုံ၊ ဝိုင်ယာလက် ကီးဘုတ်၊ မောက်စ် ထပ်ဝယ်ရတယ်။ ခုတော့ မတ်တပ်ရပ်လုပ်ရတာ ကြိုက်နေတယ် မနက် ၈ နာရီခွဲကနေ ည ၆ နာရီအထိ မတ်တပ်ရပ် အလုပ်လုပ်တယ်။ ထမင်းစားချိန် နာရီဝက်၊ အစည်းအဝေးလောက်ပဲ ထိုင်တော့တယ်။ မတ်တပ်ရပ်လုပ်တော့ သွေးလည်ပတ်မှုကောင်းလို့လား မသိဘူး နေလို့ကောင်းတယ်။ အရင်ကလောက် ညောင်းညာကိုက်ခဲမနေတော့ဘူး။ ဇက်ကြောတက်လို့ မျက်စိဒီဂရီတက်သလားဆိုပြီး မကြီးက မျက်စိကို သွားစမ်းသပ်ခိုင်းနေတယ်။ ဇက်ကြောတက်သက်သာအောင် OSIM ဇက်ကိုနှိပ်တဲ့ဟာ ဝယ်လိုက်တယ်။ ကြိုက်သွားလို့ neck & back messenger ထပ်ဝယ်လိုက်တယ်။ အိမ်မှာ အမေနဲ့ကိုယ်က အနှိပ်မကြိုက်တဲ့သူ မကြီးနဲ့အဖေက အနှိပ်ကြိုက်တယ် အားရင်နှိပ်နေကြတယ်။ အနှိပ်မကြိုက်တဲ့ကိုယ်တောင် ကြိုက်တယ် မကြီးနဲ့အဖေဆို အဲ့ဒီထိုင်ခုံကနေ ဆင်းကြတော့မှာ မဟုတ်ဘူး။ အဲ ... အနှိပ်ခုံဝယ်ပြီးကာမှ ဇက်ကြောက မတက်တော့ဘူး။ OSIM က ခြေထောက်နှိပ်တဲ့ဟာ၊ ခေါင်းနှိပ်တဲ့ဟာနဲ့၊ မျက်စိနှိပ်တဲ့ဟာ ဝယ်ချင်နေတယ် စျေးချမှ ဝယ်ဦးမယ်။ ချွှေးထုတ်စက် ဝယ်ချင်နေတာ မကြီးက ဝယ်ထားပြီးပြီဆိုလို့ ချွှေးထုတ်ရတာလည်း ကြိုက်တယ်။ ကော့စကာရီကာနဲ့ အလာစကာ hot springs မှာ နှစ်နာရီလောက် ရေစိမ်တယ်။ ဆံပင်အတော်ရှည်နေပြီ မညှပ်တာ တစ်နှစ်ရှိပြီကိုး။ ဆံပင်ညှပ်ဆိုင်မသွားရဲတော့ ယူကျူကနေကြည့်ပြီးညှပ်တာ မညီလို့တိလိုက်ညှပ်လိုက် ညှပ်လိုက်တိလိုက်နဲ့ အတော်တိုသွားရော။ ကိုယ့်ဘာသာညှပ်ပြီး ကိုယ့်ဘာသာ သဘောတွေကျနေတယ်။ တသက်နဲ့တကိုယ် ဒီတခါပဲ ကိုယ့်ဘာသာ ဆံပင်ညှပ်ဖူးတယ်။ အိုင်အိုဝါကျောင်းမှာတုန်းက ကိုယ့်ရှေ့ခုံမှာထိုင်တဲ့ တရုတ်လေးတွေ အုံးမှုတ်ခွက်ကေလေးတွေနဲ့ တပုံစံတည်းဖြစ်နေလို့ ဘယ်လိုဖြစ်တာလဲလို့ မေးကြည့်လိုက်တော့ ဆံပင်ညှပ်ခသက်သာအောင်လို့ ရှောင်ပိုင်က ဆံပင်ညှပ်ပေးထားတာတဲ့။ ဟဲ့.. အဲ့ဒါဆို ငါလည်း ဆံပင်ညှပ်ခ သက်သာအောင် ငါ့ကိုညှပ်ပေးပါလားလို့ပြောတော့ မိန်းကလေးကို မညှပ်တတ်ဘူးတဲ့။ မချောသုခိတာညွှန်းတဲ့ ကူရှင်နဲ့ခေါင်းအုံး ဝယ်လိုက်တယ် အတော်ကြိုက်တယ်။ ဆရာမကြီးဒေါက်တာ ဒေါ်ခင်နွယ်ဝင်းညွှန်းလို့ ကော်ဖီသောက်တဲ့အခါ ကိုလာဂျင်မှုန့် သောက်နေတယ်။ ကော်ဖီမှုန့်တစ်ဇွန်း ရေနွှေးပူပူထည့်ပြီး နှစ်မိနစ်လောက်နှပ်။ ကော်ဖီမှုန့်စစ်ပြီး ဂီး၊ ကိုလာဂျင်မှုန့် ထည့်သောက်တယ်။ ရှီဆေးဒိုးက ကော်လာဂျင်ဗူး နာမည်ကြီးတယ် မသောက်ဖူးသေးဘူး။ စက်တင်ဘာ ၈ ရက်နေ့ NLD အောင်လံထူတဲ့နေ့ အားလုံးကအနီရောင်ဝတ်ပြီး ဓာတ်ပုံတင်နေတာကို အားကျလို့ အနီရောင်အင်္ကျီရှာဝတ်ပြီး အမှတ်တရ ဓာတ်ပုံရိုက်တယ်။ နှုတ်ခမ်းနီကတော့ ဝိုင်းမွေးနေ့လက်ဆောင်ပေးထားတဲ့ ရှယ်နယ်နံပါတ် ၉၈ Rough Coco Flash ။ အဲ့ဒီနှုတ်ခမ်းနီ ရှာပုံတော်အကြောင်း ၂၀၂၀ ခုနှစ်ရဲ့ ပထမဆုံးပို့စ်အဖြစ် ရေးဖူးပါသေးတယ်။
Stay Home! Stay Safe!
စန်းထွန်း
စက်တင်ဘာ ၁၈၊ ၂၀၂၀။
၂၀၂၀ စက်တင်ဘာ ၈ NLD အောင်လံထူတဲ့တဲ့နေ့ အမှတ်တရ |
DIY standing desk |
DIY sitting desk |
ယူကျူကြည့်ပြီး ဆံပင်ညှပ်တာ မညီလို့ တိလိုက်ညှပ်လိုက်နဲ့ တိုသွားရော....ကိုယ်ယ့်ဘာသာ သဘောတွေကျ |
ဒီခုံလေး ရွေးလိုက်တယ် |
ဒီကူရှင်လေးကို အရမ်းသဘောကျနေတယ် |
မချောသုခိတာ ညွှန်းတဲ့ ကျီးပေါင်းခေါင်းအုံးကို အရမ်းကြိုက်တယ် |
OSIM neck & back message |
ဝယ်ချင်နေတာ Portable Sauna tent မကြီးက ဝယ်ထားပြီးပြီ မဝယ်နဲ့ဆိုလို့ |
ကိုလာဂျင်ပေါင်ဒါမှုန့်နဲ့ ဂီး |
No comments:
Post a Comment