ဘိုလီးဘီးယားသွား ‌‌တောလား - ၁

၂၀၁၉ နိုဝင်ဘာ ၅ အင်္ဂါနေ့ မနက် ၈ နာရီခွဲ တိုးကလာခေါ်မယ်ဆိုလို့ ၈ နာရီ ၁၅ မိနစ်မှာ ဟိုတယ်ဧည့်ကြိုကောင်တာကို ဆင်းလာတော့ ကောင်တာကကောင်လေးက တိုးကဖုန်းဆက်တယ်တဲ့။ တိုးကိုဖုန်းပြန်ဆက်လိုက်တော့ ကားတွေမြို့ထဲလာလို့မရ ဘတ်စ်ကားဂိတ်တွေ ပိတ်ထားလို့ တိုးကိုဖျက်လိုက်တယ်တဲ့။ ဟယ် … တိုးကိုဖျက်လိုက်တယ်ဆိုတော့ ဘယ်လိုလုပ်ကြမလဲ တနေကုန်ဟိုတယ်ထဲမှာတော့ မနေနိုင်ပါဘူးတော်။ ကောင်တာကကောင်လေးကို မေးကြည့်တော့ ကိုယ့်ဘာသာသွားလို့ရတယ် ကေဘယ်ကားစီး ဘတ်စ်ကားစီးပြီး ဘတ်စ်တာမင်နယ်ဆီသွား။ အဲ့ဒီကနေ ဘတ်စ်ကားထပ်စီး သုံးနာရီလောက်စီးပြီးရင် ရောက်ပြီ တိုးကစေ◌ျးကြီးလိုက်တာတဲ့။ မြို့ပြင်မထွက်ဘဲ မြို့ထဲမှာပဲလည်ချင်တယ် မြို့ထဲမှာလည်လို့ရတဲ့နေရာ မရှိဘူးလား။ အခုမြို့ထဲမှာ ဆန္ဒပြနေကြတော့ မြို့ထဲလည်ပတ်ဆိုတာ အန္တရာယ်များတယ်။ အဲ့ဒါဆို ကေဘယ်ကားကရော ကေဘယ်ကားကတော့ ကောင်းကင်ကနေသွားတာဆိုတော့ အန္တရာယ်ကင်းတယ်။ အဲ့ဒါဆို မနက်ပိုင်း ကေဘယ်ကားစီးပြီး မှီရင် နေ့လည်ဖက်မှာ ၃ နာရီ လမ်းလျှောက်တိုးနဲ့ လာပါ့ဇ်မြို့ထဲကို လည်ကြမယ်။ ကေဘယ်ကားမှာ ဘယ်နေရာတွေက ရှုခင်းကောင်းလဲ ကောင်တာကကောင်လေးက မြေပုံနဲ့တကွရှင်းပြတယ်။ ကိုယ့်ဘာသာ ‌‌မြို့ထဲလည်ပတ်မှာဆိုတော့ ကင်မရာကို ဟိုတယ်မှာထားခဲ့တယ်။ မြေပုံကိုင်ပြီး သုံးဘလောက်လောက်လျှောက် လမ်းတွေကကျဥ◌်းကျဥ◌်းလေး တောင်တက်တောင်ဆင်းတွေနဲ့ တောင်ကြီးနဲ့တူတယ်။ လမ်းဘေးမှာ ဆန်းဒွတ်၊ မုန့်တွေ ရောင်းနေတယ်။ နယူးယောက်လို လူတွေရှုပ်ရှပ် လာပါ့ဇ်ဟာ အတော်စည်တာပဲ။ ပါလီမန်အဆောက်အဦးတခုရှေ့မှာ စစ်သားတွေ သေနတ်ကိုင်ပြီး စောင့်နေကြတယ်။ စတိတ်ကစစ်သားရဲတွေကို အထင်ကြီးလေးစားပေမဲ့ အာဏာရှင်နိုင်ငံက စစ်သားရဲတွေကို သောက်ငြင်ကပ်တယ်။ မေးမြန်းကြည့်တော့ ခရမ်းရောင်တာဝါတိုင်က ကေဘယ်ကားတဲ့ ဒေသခံတွေ ဘယ်လိုလက်မှတ်ဝယ်ကြသလဲ စနည်းနာ။ မြေပုံကိုကြည့်ပြီး ဘယ်ကိုသွားမယ်ဆိုတာ ဆုံးဖြတ်ကြတယ်။ တန်းစီတာတိုတဲ့လိုင်းကို ဝင်စီတော့ ဘေးလိုင်းက ကူညီတတ်ပုံရတဲ့အန်ကယ်ကြီးက မေးတယ်။ ဝိုင်းက ခုတို့ဆီနေတဲ့လိုင်းက unlimited လိုင်းတဲ့ ဘေးလိုင်းကိုဝင်စီ။ လက်မှတ်ဝယ်ပြီးတော့ ကောင်တာမှာဖြတ် ကေဘယ်ကားအတက်အဆင်းကို ဝန်ထမ်းတွေက ကူညီပေးတယ်။ အမြင့်ကိုတက်သွားတဲ့အခါ အပေါ်စီးကနေ မြို့ကိုမြင်ရတဲ့ရှုခင်းက အင်မတန်လှတယ်။ ဗီွဒီယိုရိုက်တော့ ဥ◌ီးလေးကြီးတွေက ဖယ်ပေးကြတယ်။ တနေရာမှာဆင်းပြီး ဘာလည်ပတ်စရာရှလဲလို့ ‌‌မြေပုံမှာကြည့် တပတ်ပတ်ကြည့်ကြတယ်။ တွေ့တဲ့ဘုရားရှိခိုးကျောင်းကို ဝင်မလားလို့ ပိတ်ထားတယ်။ တခါထပ်ပြီး ကေဘယ်ကားထပ်စီး ဒီတခါတော့ နည်းနည်းဝေးတယ်။

ဆန္ဒပြနေတဲ့လူတန်းကြီးကို တွေ့ရတယ်။ ရွေးကောက်ပွဲမှာ အတိုက်အခံပါတီက အနိုင်ရပေမဲ့ လက်ရှိသမ္မတက လက်မခံဘဲညစ်‌‌နေလို့ ပြည်သူတွေက တောင်းဆိုနေတာတဲ့။ ဒီလိုပဲ တိုင်းပြည်အပြောင်းအလဲ‌‌တွေကို ပြည်သူတွေပဲ တိုက်ယူရတာ။ ကိုယ်တို့နိုင်ငံမှာလည်း အာဏာရှင်စစ်အစိုးရလက်အောက်ကနေ ဒီမိုကရေစီရရှိရေးအတွက် ပြည်သူတွေ အသက်၊ သွေး၊ ချွှေးရင်းပြီး တိုက်ယူခဲ့ကြတယ်။ အန်ကယ်ကြီးက ပြောပြပေမဲ့ စပိန်စကားသိပ်မကွှျမ်း‌တော့ ဝိုင်းက သိပ်နားမလည်ဘူး။ ကေဘယ်ကား ငါးကြိမ်စီးပြီးတော့ Red cap walking tour ဆုံရာအရပ်ကို ကြည့်လိုက်တော့ ဟိုတယ်နားမှာပဲ။ maps.me ကနေ ကြည့်ပေမဲ့ ဘယ်ကွေ့ရမှန်း ညာကွေ့ရမှန်းမသိလို့ လုံခြုံရေးဝန်ထမ်းကို မေးကြည့်တာ ဘယ်ဖက်လို့ညွန်တယ်။ ‌‌မြေပုံမှာပြနေတာက ညာဖက် ဝိုင်းကို မဟုတ်ဘူးမှားနေတယ် ဒေသခံတယောက်ကို မေးကြည့်လိုက်တော့ ညာဖက်တဲ့။ San Pedro plaza ကို ၁၀ မိနစ်လောက် လျှောက်ရတယ်။ အဲ့ဒီတိုးက ဘွတ်စရာမလိုဘူး ၁၁ နာရီနဲ့ ၂ နာရီမှာ စုရပ်ကိုလာခဲ့ရုံပဲ။ အနီရောင်ကပ်ဥ◌ီးထုပ်ဆောင်း I hear La Paz တီရှပ်ဝတ်ထားသူကိုရှာတော့ မတွေ့ဘူး။ လူငါးယောက်လောက်ရှိတဲ့တိုးကို မေးကြည့်တော့ မသိဘူး။ ဟိုအဆောက်အဥ◌ီးမှာ လူတွေအများကြီးပဲ သွားကြည့်လိုက်ဥ◌ီးမယ်။ မိုးကတ‌ေ‌ဖြာက်ဖြောက် ဒေသခံတွေ၊ နိုင်ငံခြားသားတွေ မိုးခိုနေကြတယ်။ အလယ်ကလူကိုကြည့်လိုက်တော့ လား … လား အနီရောင်ဥ◌ီးထု်ဆောင်းထားပြီး I heart La Paz ဝတ်ထားတဲ့ အင်္ဂလိပ်လေယူလေသိမ်းကောင်းတဲ့ ခပ်ချောချောအမျိုးသမီးတယောက်။ ဝိုင်းတို့ကို လက်ပြလိုက်တော့ လိုက်လာကြတယ်။ ငါးမိနစ်လောက်လူစောင့်ပြီး ဒေသခံစေ◌ျးကို သွားလည်ကြတယ်။ နိုင်ငံခြားသားတွေအတွက်ကတော့ အထူးအဆန်းပေါ့ ကိုယ့်နိုင်ငံက စေ◌ျးတွေနဲ့အတူတူပဲလို့ ဝိုင်းကိုပြောတော့ ဝိုင်းက ဗီယက်နမ်နိုင်ငံ တောဖက်တွေမှာ ဒီလိုစေ◌ျးတွေ အခုထိရှိသေးတယ်။ ကိုယ်တို့တွေအတွက် မထူးဆန်းဘူး အဖြူတွေအတွက်ကတော့ ထူးဆန်းလိမ့်မယ်လို့ အတင်းအုပ်ကြတယ်။ ဘိုလီးဘီးယားသူတွေဟာ ခန္ဓာကိုယ်တောင့်တင်းသန်မာကြတယ်။ ကျစ်ဆံမြီးအရှည်နှစ်ဖက် ကျစ်ထားကြပြီး ဂါဝန်ကားကားကြီးတွေ ဝတ်ကြတယ်။ မဘုတ်ဆုံတင်ပါးဆုံကြီး လှည်းလုပ်လို့စီး … တင်ပါးကြီးကြီးကားကားတွေမှ လှတယ်လို့မြင်တယ်။ တင်ပါးကြီးကားမှ ကလေးများများမွေးနိုင်တာတဲ့။ ကလေးများများရှိတာဟာ ကံကောင်းခြင်းလို့ ယူဆကြတယ်တဲ့။ ‌‌ေ‌ခြေသလုံးကြီးမှ လှတာတဲ့ ခြေသလုံးကြီးလို့ မလှဘူးထင်နေသူများ နိုင်ငံမှားရောက်နေတယ်လို့ တွေးလိုက်ပါ။ ဘိုလီးဘီးယားမှာဆိုရင်တော့ ပေါ်ပြူလာဖြစ်မှာ အသေအချာ။ ခြေမျက်စိအောက်ရောက်တဲ့ ဂါဝန်ကားကားဝတ်လို့ ခြေသလုံးမမြင်ရပေမဲ့ လမ်းလျှောက်တဲ့အခါ လှစ်ခနဲပေါ်လာတတ်တဲ့ ‌ေခြသလုံးကို လှမ်းကြည့်တယ်တဲ့။ ဘိုလီးဘီးယားသူတွေ သေးငယ်တဲ့ဦးထုပ်လေးဆောင်းတာ ဗြိတိသျှခေတ်တုန်းက မှာလိုက်တဲ့ဥ◌ီးထုပ်လေးက ဆိုက်သေးနေတော့ ညဏ်ကြီးရှင်က အမျိုးသမီးတွေဆောင်းခိုင်း ဖက်ရှင်အဖြစ်စလိုက်တော့မှ ဥ◌ီးထုပ်တွေ ရောင်းစွံသွားတာတဲ့။ ဘိုလီးဘီးယားသူတွေက အရပ်ပုတော့ ချာလီချက်ပလင်ဥ◌ီးထုပ်လေးဆောင်းလိုက်တဲ့အခါ အရပ်ပိုရှည်သယောင်ထင်ရပြီး ဖက်ရှင်ကျတယ်လို့  မြင်ပါတယ်တဲ့။

အစိုးရအဆောက်အဥ◌ီးနဲ့တူတယ် သေနတ်ကိုင်စစ်သားတွေ စောင့်နေတယ်
ကေဘယ်ကားပေါ်မှာ သမ္မတဓာတ်ပုံ
ဆန္ဒပြတဲ့သူတွေ

witch market စုန်းမ‌‌စေ◌ျးမှာ ဆေးစိမ်ထားတဲ့ အကောင်တွေ၊ ထူးခြားဆန်းပြားတာတွေ တွေ့တယ်။ ဒိုင်းနမိုက်ဖောက်သံတွေ တဒိုင်းဒိုင်း လန့်စရာကြီး။ စေ◌ျးထဲမှာ ခဏရပ်ပြီး တိုးဂိုက်က ဘိုလီးယီးယားနိုင်ငံရဲ့ ပတ်ချာမားမား မိခင်မြေကြီးနတ်အကြောင်း ရှင်းပြတယ်။ ပြီးတော့ စေ◌ျးထဲမှာ အိမ်သာဝင် အအေး၊ မုန့်တွေစားပြီး ခဏအနားယူကြတယ်။ အိမ်သာဝမှာ ဝိုင်းတို့ကိုစောင့်နေတုန်း ဆောက်လုပ်ရေးအလုပ်သမားနှစ်ယောက်က အမျိုးသမီးအိမ်သာကိုကြည့်ပြီး စပိန်စကားနဲ့လာမေးနေလို့ အမျိုးသားအိမ်သာကို မေးတာနေမှာလို့မှန်းပြီး အမျိုးသားအိမ်သာဖက်ကို လက်ညှိုးညွှန်ပြလိုက်တယ်။ စောင့်ကြည့်လိုက်တော့ ကိုယ်မှန်းတာမှန်သဗျား အမျိုးသားအိမ်သာထဲကို တန်းတန်းမတ်မတ် ဝင်သွားကြတယ်။ တယ်တော်တဲ့ငါပါလားဆိုပြီး သဘောတွေကျ ပြုံးစိစိတွေဖြစ်လို့။ တိုးဂိုက်ညွန်တဲ့ဆိုင်မှာ အသီးမျိုးစုံပါတဲ့ ဗိုက်တာမင်ဖျော်ရည်သောက်ကြတယ် တော်တော်ကောင်းတယ်။ ဘိုလီးဘီးယားမှာ စေ◌ျးဝယ်သူနဲ့ စေ◌ျးရောင်းသူ ဆက်ဆံရေးက ယုံကြည်မှုနဲ့ ဆက်ဆံကြတာ။ ရောင်းတဲ့သူက ဖောက်သည်ကြီးတွေကို အကောင်းဆုံးပေးတယ် စေ◌ျးဝယ်သူကလည်း သစ္စာရှိတယ် အဲ့ဒီဆိုင်မှာပဲဝယ်တယ်။ တိုးဂိုက် ရည်စားနဲ့ကွဲတုန်းက စေ◌ျးသည်ကြီးကို ဖက်ပြီးငိုခဲ့တာတဲ့။ လာပါ့ဇ်မြို့လည်ကောင် ဆန်ဖရစ္စကိုဘုရားကျောင်းဘေးက စေ◌ျးကြီးက ခေတ်မှီစေ◌ျးဆိုပေမဲ့ အရင်သီရိမင်္ဂလာစေ◌ျးသာသာလောက်ပဲ။ ဆန်ဖရစ္စကိုဘုရားကျောင်းနား၊ လမ်းတလျှောက် ဆန္ဒပြနေကြတဲ့သူတွေနဲ့ ဒင်းကြမ်းပြည့်နေတယ်။ တိုးဂိုက်က ဘိုလီးဘီးယားသားတွေ ဒိုင်းနမိုက်ခွဲပြီး ဘယ်လိုဆန္ဒပြသလဲဆိုတာ ပြမယ်တဲ့။ ဟမ်မလေး … ဒိုင်းနမိုက်ခွဲသံ တဒိုင်းဒိုင်းနဲ့ ကြောက်လိုက်တာ တိုးဂိုက်နောက်က ထပ်ချပ်မခွာလိုက်တယ်။ ပုံမှန်တိုးဆို ဆန်ဖရစ္စကိုဘုရားကျောင်းထဲကို ဝင်လည်ကြပေမဲ့ ဒီနေ့တော့ ဆန္ဒပြ‌‌နေကြလို့ ဝင်လည်လို့မရဘူး။ တိုးဂိုက်က ပါလီမန်အဆောက်အဥ◌ီးဆီ ခေါ်သွားတယ်။ အစောင့်စစ်သားတွေ ဂျူတီချိန်လဲနေကြတော့ ဘာကင်ဟမ်နန်းတော်က  changing the guard လိုပဲဟေ့။ တိုးဂိုက်က ဘိုလီးဘီးယားနိုင်ငံ သမိုင်းကြောင်းကို ရှင်းပြတယ်။ အမေရိကန်နိုင်ငံသားကို သမ္မတ‌ေမြာက်တဲ့အကြောင်း၊ သမ္မတက လာဘ်စားလို့ ပြည်သူတွေက ပစ်သတ်ပြီးတာတောင် မကျေနပ်သေးလို့ အလောင်းကိုရင်ပြင်မှာ ချိတ်ဆွဲထားတယ်တဲ့။ ဟိုးဘေးနားက အဆောက်အဥ◌ီးမှာဆိုရင် ခုထိသေနတ်ရာတွေ ရှိသေးတယ်။ အခုသမ္မတက တိုင်းရင်းသားလူမျိုး ကိုကာစိုက်တောင်သူ သူကြောင့် တိုးတက်တာတွေလည်း ရှိပါတယ်။ ဘိုလီးဘီးယားမှာ သမ္မတက နှစ်ကြိမ်ဆက်တိုက် တာဝန်ထမ်းဆောင်ခွင့်ရှိတယ်။ ခုလက်ရှိသမ္မတက ဘိုလီးဘီးယားနိုင်ငံအမည် မပြောင်းခင်တုန်းက သမ္မတသက်တမ်းနှစ်ကြိမ်၊ နိုင်ငံအမည်အသစ်ပြောင်းပြီးတော့ နှစ်ကြိမ် ခုရွေးကောက်ပွဲမှာ အနိုင်ရတဲ့အတိုက်အခံပါတီကို အာဏာမလွဲပြောင်းချင်ဘူးတဲ့။ လူဆိုတာ အာဏာမက်တယ်ဆိုတာ အမှန်ပဲ။ အဲ့ဒါကြောင့် ပြည်သူတွေက တာဝန်ကနေအနားယူဖို့ ဆန္ဒပြနေကြတာတဲ့။ ဒီလိုဆိုတော့လည်း ဆန္ဒပြသင့်ပါတယ်။ မနက်ဖြန်ကျရင် အတိုက်အခံခေါင်းဆောင်က လာပါ့ဇ်လာမယ် ဆန္ဒပိုပြလိမ့်မယ် ပိုကြမ်းမယ်တဲ့။ ဘတ်စ်ကား၊ လေယာဥ◌်တွေ ပုံမှန်ပြေးဆွဲသလားဆိုတာ စုံစမ်းပြီးမှသွားသင့်တယ်တဲ့။ တိုးဂိုက်ကညွှန်းလို့ အစေ့အနှံလေးတွေ ဝယ်စားတာ စားလို့ကောင်းတယ်။

တိုးဂိုက်ညွှန်းလို့ စားတာ စားလို့တော်တော်ကောင်းတယ်
စုန်းစေ◌ျး

ပြီးတော့ ဆန်ဖရစ္စကိုဘုရားကျောင်းဖက် ပြန်သွားပြီး အိုင်းရစ်ဘားမှာ တိုးခရီးစဥ◌်ပြီးဆုံးတယ်။ အိုင်းရစ်ဘားက သက်တမ်းတရာကျော်ပြီ။ red cap တိုးထုံးစံအတိုင်း အဝါရောင်ခွက်ကလေးတွေကိုင်ပြီး တိုးဂိုက်ပြောသမျှလိုက်ပြော လုပ်ခိုင်းသလိုလိုက်လုပ်ပြီး တခါတည်းမော့ချလိုက်တာ ခေါင်းမူးနောက်နောက် ဖြစ်သွားတယ်။ အရက်ပါဝင်နှုန်းများတယ် ကိုယ်က အရက်သောက်လို့မရဘူး သူငယ်ချင်းတွေဆုံကြရင် ဝိုင်သောက်ပေမဲ့ နည်းနည်း‌‌သောက်ပြီး များများမူး တခွက်သောက်ပြီး တပုလင်းစာလောက် မူးနေတတ်တယ်။ ကျောင်းမှာတုန်းက သူငယ်ချင်းများနေ့အထိမ်းအမှတ် ဝိုင်တခွက်သောက်ပြီး တအားအန်လို့ မိုင်းဖန်၊ ဆူနမ်၊ ရာမား ဇရက်မင်းစည်းစိမ် ခံစားနေတာတွေ ကြက်‌‌ပျောက်ငှက်‌ပျောက်ဖြစ်ပြီး ကိုယ့်ကိုပြုစုရဖူးတယ်။ အဲ့ဒီကတည်းက ကိုယ်ဝိုင်သောက်မယ်ဆိုရင် ဆူနမ်က ကိုယ့်ကို အစာအရင်စားခိုင်းလေ့ရှိတယ်။ ခုတော့ လုပက်စ်အတွက် သောက်နေတဲ့ဆေးတွေက အရက်သောက်လို့မရဘူး။ တိုးဂိုက်ကို ယူအက်စ်ဒေါ်လာ ၃ ကျပ်အစား ဘိုလီဗီယာနို ၃၀ ပေးလို့ရတယ်။ ယူအက်စ်တဒေါ်လာကို ဘိုလီဘီယာနို ၉ ကျပ် ပေါက်စေ◌ျးရှိတယ်။ လိမ္မောရည်သောက်ပြီးတော့ ကိုယ့်မျက်နှာက ဖြူပက်ဖြူလျော်ဖြစ်သွားလို့ ဟန်က အိုင်းရစ်ဘားမှာပဲ စားမယ်တဲ့။ ကိုယ်က တိုးဂိုက်ညွှန်းတဲ့ နှစ်ဘလောက်အဝေးက ဒေသခံဆိုင်မှာ စားချင်တယ်။ ဆိုင်ကနှစ်ထပ် လူအပြည့်ပဲ နာမည်ကြီးတယ်တဲ့တူတယ် မကုန်မှာစိုးလို့ ဝိုင်းက မှန်းဆပြီးနှစ်ပွဲမှာလိုက်တာ မှန်သွားတယ်။ တပွဲလူနှစ်ယောက်စားလို့ရတယ် ဘိုလီးဘီးယားသားတွေ တကယ်အစားကြီးတယ်။ ပီရူးရောက်ရင် မဖြစ်မနေစားရမဲ့ guinea pig မစားခဲ့ရလို့ ယုန်သားမှာလိုက်တယ်။ အဆီများပြီး စားလို့မကောင်းဘူး ကိုယ်က ယုန်သားမစားဖူးဘူး။ ဝိုင်းနဲ့ဟန်က စားဖူးတယ် ဝိုင်းက အီတလီမှာဆို ယုန်သားအမြဲစားတယ်တဲ့။ ဒီယုန်သားကတော့  စားလို့မကောင်းဘူး။ စေ◌ျးဆိုင်ခန်းတလျှောက်ပြီး ဘာဝယ်ရင်ကောင်းမလဲ စဥ◌်းစားကြတယ်။ ဘိုလီးဘီးယားအမှတ်တရပစ္စည်းတွေက အရောင်တောက်ပြီး ထူးခြားတယ်။ အမှတ်တရတခုခုတော့ ဝယ်ရမယ် ဘာဝယ်ရမှန်းမသိဘူး။ ‌‌ေ‌ခြေထောက်တော်တော်ညောင်းနေပြီမို့လို့ ဟိုတယ်ပြန်ခဏနား။ ညနေစောင်းတော့ အနီးအနားက စားသောက်ဆိုင်မှာ ကြက်စွပ်ပြုတ်သောက်ကြတယ်။ ကိုယ်က ခေါက်ဆွဲဖက်နဲ့ စွပ်ပြုတ်ရည်ပဲ သောက်နိုင်တယ် သုံးယောက်ထဲမှာ ကိုယ်မစားနိုင်ဆုံး။ တသက်နဲ့တကိုယ် တခါမှဒီလိုမျိုး မဖြစ်ဖူးဘူး။ ကိုယ်က အိမ်မှာ အစားနိုင်ဆုံး အရသာမရှိ မကောင်းလည်း ဘာမဆိုစားနိုင်တဲ့သူ။ ဒီလိုဖြစ်တာ ထူးဆန်းတယ်။ ဘေးစားပွဲမှာ ဖက်ထုပ်ပေါင်းစားနေတဲ့ အမျိုးသမီးကို ဘာတွေပါလဲလို့ မေးကြည့်တော့ လာကျွှေးတယ်။ ပြောင်းဖူး၊ ချိတ်စ်၊ တခြားအသီးအနှံတွေကိုရောပြီး ဖက်ထဲထည့် မီးကင်ထားတာ စားကောင်းတယ်။ မှာလိုက်တော့ မစားနိုင်ပြန်ဘူး။ ဒိုင်းနမိုက်သံ တဒိုင်းဒိုင်းကြောင့် ကောင်းကောင်းအိပ်မပျော်ဘူး။ အပူပေးစက်မရှိတော့ အေးလိုက်တာ အထပ်ထပ်ဝတ် စောင်ခေါင်းမြီးခြုံပြီး ကွေးရတယ်။ နောက်နေ့ Moon valley နဲ့ Chacaltaya သွားလည်တဲ့အကြာင်းကတော့ နောက်ပို့စ်မှပဲတင်ပါတော့မယ်။

Happy Traveling!
စန်းထွန်း
‌‌ဖေဖေါ်ဝါရီ ၁၄၊ ၂၀၂၀။

ကိုယ်တို့ဘွတ်တဲ့တိုး
https://www.findlocaltrips.com/tour-details/city-walking-tour-la-paz-red-cap-tours

ယုန်သား စားလို့မကောင်းဘူး
ကြက်စွပ်ပြုတ် မဆိုးပါဘူး ကိုယ်ကစားမဝင်တာ
အရသာမရှိတဲ့ ‌‌ပြောင်းဖူး၊ အာလူးမဲနဲ့ အရသာရှိတဲ့ ဝက်သား‌ကြော်...ဆိုင်တိုင်း အဲ့ဒီဟင်းရှိတယ်...
‌‌ပြောင်းဖူး၊ ချိတ်စ် အကင် မဆိုးပါဘူး မစားနိုင်ကြဘူး...
မနက်စာ ‌‌ပေါင်မုန့် ဆန်မုန်န့် ဒိန်ချည် ကိုကာတီး လိမ္မော်ရည်


No comments: