ဘိုလီးဘီးယားသွား တောလား - ၂

၂၀၁၉ နိုဝင်ဘာ ၆ ဗုဒ္ဓဟူးနေ့ တိုးဂိုက်က မနက် ၈ နာရီ လာခေါ်တယ်။ လမ်းတွေပိတ်ထားလို့ ကားတွေဝင်လို့မရဘူး။ နှစ်ဘလောက်လမ်းလျှောက် ကေဘယ်ကားဘူတာရုံနားက လမ်းမကြီးပေါ်ကနေ ဘတ်စ်ကားစီးတယ်။ ဘတ်စ်ကားတွေက ပေါင်မုန့်လုံးကား ကျဥ◌်းကျဥ◌်းနိမ့်နိမ့်လေး။ တိုးဂိုက်က တက်ဆိုတက် ဆင်းဆိုဆင်း တိုးဂိုက်ကို မျက်စိအောက်က အပျောက်မခံ မျက်စိဒေါက်ထောက် ကြည့်နေရတယ်။ လူရှင်းတဲ့နေရာရောက်တော့ တိုးကားရောက်လာတယ် တိုးရစ် ၁၀ ယောက်လောက်ပဲ။ အများစုက Chacaltaya ကို သွားကြမှာ။ ကိုယ်တို့က Moon Valley ပါ,ပါတယ်လို့ပြောတော့ တိုးဂိုက်က ဘောက်ချာကိုကြည့် တိုးကုမ္ပဏီကို ဖုန်းဆက်မေးကြည့်တယ်။ အပြန်ကျရင် Moon Valley ကို ပို့ပေးမယ်တဲ့။ တိုးဂိုက် မသေချာမရေရာတာကိုကြည့်ပြီး ကားဒရိုင်ဘာဘေးနားမှာထိုင်တဲ့ ပြင်သစ်လူမျိုးလို့ယူဆတဲ့ စုံတွဲက မလိုက်တော့ဘူးတဲ့။ ဟမ် … ဒီလောက် သွား‌ရေးလာရေးခက်နေတဲ့ဟာကို ဟိုတယ်ဆီ ဘယ်လိုများပြန်မလဲမသိဘူး။ ဝိုင်းကတော့ သူတို့မလိုက်တာ နာတာဘဲတဲ့။ ပထမဆုံးသွားရောက်မဲ့ နေရာကတော့ အမြင့်ပေ ၅,၄၂၁ မီတာ (၁၇,၇၈၅ ပေ) မြင်တဲ့ Chacaltaya တောင်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ဂလေရှာရေခဲတောင်ဟာ ၂၀၀၉ မှာ လုံးဝအရည်ပျော်သွားခဲ့တယ်။ Chacaltaya ဟာ ဘိုလီးဘီးယားနိုင်ငံရဲ့ တခုတည်းသော ski resort နှင်းလျောစီးစခန်းပါ။ သတ္ထုတွေထွက်လို့ ခုထိသတ္ထုတူးဖော်နေသေးတယ်။ တောင်တက်တောင်ဆင်း ကွေ့ကွေ့ကောက်ကောက် လမ်းကျဥ◌်းကျဥ◌်းလေးတွေ။  လိုအပ်တာတွေဝယ်ဖို့ စေ◌ျးဆိုင်လေးတခုမှာ ရပ်ပေးတယ်။ အမြင့်တက်မှာဆိုတော့ ကိုကာကန်ဒီဝယ်တယ်။ လမ်းကချိုင့်တွေနဲ့ အတော်ဆိုးတယ် ဝိုင်းဂလုန်းနေတာပဲ။ ရွှေပြည်သာကွေ့ကနေ လှော်ကားကွန်ပျူတာတက္ကသိုလ်လမ်း ကျနေတာပဲ။ ဝန်ကြီးလာမယ်ဆိုရင် လမ်းကောင်းသွားလို့ ခြောက်လတကြိမ် ဝန်ကြီးလာခိုင်းရမယ်လို့ ဟားခဲ့ကြဖူးတယ်။ လူနေအိမ်‌‌ခြေ မတွေ့ဘူး တခါတလေ အမှိုက်ပုံ၊ အပါကာအုပ်လိုက် တွေ့ရတယ်။ ရေခဲတောင်မြင်ရတဲ့နေရာမှာ ဓာတ်ပုံရိုက်ဖို့ ခဏရပ်ပေးတယ်။ ဓာတ်ပုံအရိုက်ဆုံးက ဘယ်သူတွေဖြစ်မယ် ထင်သလဲ။ ဓာတ်ပုံရိုက်မယ်ဆိုလို့ အနွှေးထည်အကင်္ီျချွှတ်တဲ့ ဝိုင်းက ချမ်းလို့တဲ့ အနွှေးထည်ပြန်ဝတ်တယ်။ ကိုယ်ကတော့ သူများတွေ မချမ်းရင်တောင် ချမ်းနေတတ် အမြဲအနွှေးထည်ဝတ်ရတဲ့သူဆိုတော့ ဒေါင်းဂျက်ကက်ဝတ်ထားတာတောင် ချမ်းနေလို့။ ဝိုင်းက ဒေါင်းဂျက်ကက်ဝတ်ထားရင် ဝ,ဝကြီးဖြစ်နေလို့ ဓာတ်ပုံထဲမလှဘူးတဲ့။ ဓာတ်ပုံထဲမလှရင်နေပါစေ၊ မစ်ဝမ်းဂျက်ကဒ်လို့ပြောရင် ပြောပါစေ အချမ်းတော့ မခံနိုင်ဘူးတော့။ တောင်တက်လမ်းက ကျဥ◌်းကျဥ◌်းလေး ဘေးတဖက်မှာချောက်ကြီး။ အသည်းယားစရာ လန့်စရာကြီး ကိုယ့်တို့အသက်ဟာ ကားဒရိုင်ဘာလက်ထဲမှာ။ အသက်၇နှစ်အရွယ်တုန်းက အဘွားဆုံးလို့ ရခိုင်သွားတုန်းက ရခိုင်ရိုးမတောင် ဖြတ်ကျော်တဲ့လမ်းလိုပဲ။ ကွေ့ကွေ့ကောက်ကောက် ကျဥ◌်းကျဥ◌်းလေး ဘေးတဖက်မှာချောက် တချက်မှားလို့ကတော့ သေပြီ။ အိမ်တွေက ချောက်ကမ်းပါးမှာ ဆောက်ထားတာ။ ညဖက်ကားတစီး ချောက်ထဲထိုးကြလို့ အကုန်သေ။ ရိုးတောင်မှာစားခဲ့တဲ့ ကောက်ညှင်းပေါင်းပူပူနဲ့ ပဲပြုတ်၊ မုန်လာချဥ◌်ဖတ် အနီရောင် အကြီးကြီးတွေကို မှတ်မိနေသေးတယ်။

တောင်ပေါ်တက်မှာမို့လို့ မလိုအပ်တာတွေ ကားပေါ်မှာထားခဲ့ဖို့ တိုးဂိုက်ကပြောတယ်။ အတက် ၄၅ မိနစ် အဆင်း ၂၀ မိနစ် နေ့လည် ၁၂ နာရီ တိုးကားဆီ အရောက်ပြန်ရမယ်။ ဟမ်မလေး … တောင်ထိပ်က အဝေးကြီး အမြင့်ကြီး မတ်မတ်ကြီး တက်လိုက် နားလိုက် ဝိုင်းတို့ကိုစောင့်လိုက် တက်လိုက် နားလိုက်။ မတော်တဆ ချော်လဲလို့ကတော့ တောင်အောက်ကိုကျသွားမှာ ရှင်ဖို့လမ်းမမြင်ဘူး။ အဲ့ဒီလိုတွေးမိတဲ့ ကြောက်လန့်သွားတယ် တကယ်လို့များ မတော်တဆ ပြုတ်ကျခဲ့ရင် သေသွားခဲ့ရင် …. ။ မတွေးနဲ့ အဲ့လိုမတွေးနဲ့ ‌‌ေ‌ဘေးဘီမကြည့်တော့ဘဲ ခြေထောက်ကိုကြည့် သေချာလှမ်း ဘယ်… ညာ … ဘယ် … ညာ။ ဝိုင်းတို့ကို လှမ်းကြည့်လိုက်တော့ မှုန်ပြပြလေး မြင်ရတယ်။ ဟန်က တက်နိုင်မယ်မထင်ဘူး။ တိုးဂိုက်က ကိုယ်နားရင် ခပ်လှမ်းလှမ်းကနေ စောင့်ကြည့်နေတယ် ကိုယ်တက်လာမှ ထပ်တက်တယ် ကိုယ့်ကိုမျက်‌ေ‌‌ခြမပြတ် စောင့်ကြည့်တယ်။ တောင်ထိပ်ရောက်ခါနီး အတော်မောလို့  လှည့်ပြန်ရမလားတောင် တွေးမိတယ်။ ဒါပေမဲ့ တောင်ထိပ်မရောက်ရောက်အောင် တက်မယ်ဆိုတဲ့စိတ်ကြောင့် တလှမ်းစီ ဆက်လှမ်းဖြစ်တယ်။ တောင်ထိပ်ရောက်တဲ့အခါ ရည်မှန်းချက်ကို ဖြစ်အောင်အကောင်အထည် ဖော်နိုင်လိုက်လို့ စိတ်လက်ပေါ့ပါး ပျော်သွားတယ်။ ကိုယ့်က အဲ့ဒီလိုတခုခုကို မဖြစ်ဖြစ်အောင် လုပ်တော့မယ်လို့ ဆုံးဖြတ်ပြီးရင် မဖြစ်မနေ ဇွဲနဘဲနဲ့လုပ်တတ်တယ် ခေါင်းမာတယ်ဆိုပါတော့။ တောင်ထိပ်မှာ ဘာမှမရှိပါဘူး အမြင့်ပေ ၅၄၃၅ ဆိုတဲ့ဆိုင်းဘုတ်လေး ရှိတယ်။ ရာသီဥတုကောင်းရင် ဘေးပတ်ဝန်းကျင်တခုလုံးကို ၃၆၀ ဒီဂရီမြင်ရလို့ ရှုခင်းတအားလှမှာ။ အဲ့ဒီလိုတောင်ထိပ်ကနေ မြင်ရတဲ့ရှုခင်းကို တအားကြိုက်တယ်။ ခုတော့ မြူတွေကျနေလို့ ဘာဆိုဘာမှ မမြင်ရဘူး။ တောင်ထိပ်မှာ ဓာတ်ပုံရိုက်ပြီးတာနဲ့ ပြန်ဆင်းကြတယ်။ ရုတ်တရတ် မိုးသီးကျပြီး နှင်းကျတယ် နှင်းထုက တလက်မခွဲလောက်ရှိတယ်။ ကိုယ့်ကင်မရာကို အကင်္ီျထဲဖို့ အန်ကယ်ကြီးတယောက်က စပိန်လို အမူအယာနဲ့ပြောတယ်။ အဆင်းမှာ ချော်လဲပြီး အောက်ဖက်ကို တရွတ်တိုက် ထိုးဆင်းသွားတယ်။ အတော်ထိတ်လန့်သွားတယ် တိုးဂိုက်က အဆင်ပြေလားလို့ မေးတယ်။ ပြန်ထပြီး ဆင်းတော့ ချော်လဲပြန်တယ်။ တိုးဂိုက်က ဘေးတိုက်ဆင်း နှင်းတွေကိုမနင်းနဲ့ ကျောက်တွေကိုနင်း။ တိုးဂိုက်ပြောသလို လိုက်လုပ်ပေမဲ့ ချောနေသေးလို့ တိုးဂိုက်က သူ့လက်ကိုတွဲပြီး ဆင်းဖို့ပြောတယ်။ တိုးဂိုက်လက်ကိုတွဲပြီး တရွတ်တိုက်ဆင်းသွားလိုက်တာ ကိုယ်က ဘုရားတပြီး ပါသွားတယ်။ တိုးဂိုက်က ရပ်လိုက်ပေမဲ့ ကိုယ်ကမရပ်နိုင်ဘဲ တိုးဂိုက်ကိုကျော်ဆင်းသွားလို့ တိုးဂိုက်က မနည်းဖမ်းဆွဲရတယ်။ တိုးဂိုက်က သူ့ကိုကျော်မသွားနဲ့ သူ့နောက်မှာပဲ နေပါတဲ့။ မျက်မှန်က ရေတွေနဲ့မို့ မျက်မှန်ကိုအိတ်ထဲထည့် တိုးဂိုက်လက်နှစ်ဖက်ကိုဆွဲပြီး တရွတ်တိုက်ပါသွားတယ်။ ကိုယ့်သူငယ်ချင်းနှစ်ယောက်က အဆင်းခက်တယ် သူတို့တော့ ဒုက္ခပါပဲ။ တိုးဂိုက်က စိတ်မပူပါနဲ့ သူကူပါမယ်တဲ့။


ဝိုင်းတို့ကို ကျော်သွားတယ် ကိုယ်ကားနားဆီရောက်တော့ တိုးဂိုက်က ရောက်ခါနီးဖြစ်တဲ့ ဝိုင်းတို့ကို သွားကူတယ်။ ဝိုင်းတို့က နှင်းကျတာနဲ့ လမ်းတွေချောမှာကိုသိလို့ ဆင်းလာတယ်တဲ့။ ကိုယ်ကြားဖူးတာတော့ တောင်ထိပ်မှာ မိုးတိမ်တွေညှို့နေရင် ချောင်းကိုဖြတ်ကူးတဲ့အခါ သတိထားရတယ် တောင်ကျရေတွေ အချိန်မရွေးကျလာနိုင်လို့တဲ့။ ကိုယ်တော့ တခါမှ မကြုံဖူးသေးဘူး။ ကိုယ့်အသက်ကို တိုးဂိုက် ကယ်လိုက်တာ။ ဝိုင်းက အတက်မှာ ဘရာဇီးကောင်လေးနဲ့ တွေ့တယ်တဲ့ သူကအဆင်း။ ဘရာဇီးကောင်လေးက မင်း ငါ့နောက် လိုက်နေတယ်လို့နောက်တော့ ဝိုင်းက ဟင့်အင်း … မင်းကသာ ငါတို့နောက် လိုက်နေတာလို့ ပြန်နောက်တယ်။ ငါတို့ မနက်ဖြန် Uyuni သုံးရက်ခရီး ချီလီနိုင်ငံ San Pedro de Atacama ဆန်ပက်ထရိုအက်တာကမာမှာ ဆုံးမှာ။ ဘရာဇီကောင်လေးက သူလည်း နောက်သုံးရက်အကြာမှာ အဲ့ဒီခရီးစဥ◌်အတိုင်း လာမှာတဲ့။ ကိုင်း … အဲ့ဒါဆိုရင် ဆန်ပက်ထရိုအက်တာကမာမှာ ဆုံကြတာပေါ့။ ပီရူးနိုင်ငံ မက်ချူးပီချူးမှာ ဆုံခဲ့တဲ့ ဘရာဇီးကောင်လေး ဘိုလီးဘီးယားနိုင်ငံ ချာတာကာရာတောင်မှာ လာဆုံတာ အံ့ြသစရာ။ ဆန်ပတ်ထရိုအက်တာကမာမှာ ထပ်ဆုံရင်တော့ ပြောမဆုံးဖြစ်တော့မယ်။ အဆင်းမှာ နှင်းတွေနဲ့မို့ ကားဒရိုင်မှာ အနှေးဆုံး သတိထားပြီးမောင်းတယ်။ လမ်းမှာနှင်းတွေရှိရင် လမ်းတွေချော်ပြီး မောင်းရတာ အင်မတန်ခက်တယ်။ အဖြူမလေးက ကားဒရိုင်ဘာကို အေးအေးဆေးဆေး သတိထားပြီးမောင်းနော် ကိုယ်တို့အသက်က မင်းလက်ထဲမှာ။ တိုးဂိုက်က စိတ်မပူပါနဲ့ သူက အတွေ့အကြုံများတယ်တဲ့။ ကားဒရိုင်ဘာဘေးမှာထိုင်တဲ့ ကိုယ့်ကင်မရာကို အကင်္ီျထဲထည့်ဖို့ပြောတဲ့ အန်ကယ်ကြီးက ကားမှန်ကို တစ်ရှူး၊ အဝတ်စနဲ့ သုတ်ပေးတယ်။ အန္တရာယ်အငွေ့အသက်ကို ခံစားမိလို့ တကားလုံး တိတ်ဆိတ်နေတယ်။ ကိုယ်လည်း ဘုရားစာတွေရွတ်။ တောင်ပြေပြေကို ရောက်မှပဲ အသက်ကို ရဲရဲရှူဝံ့တော့တယ်။ ဝိုင်းက ‌ပေါ်တိုရီကိုမှာ ‌တောင်တက်ခဲ့တာက ပိုကြောက်ဖို့ကောင်းတယ်တဲ့။ ကိုယ့်အတွက်ကတော့ ခုတောင်တက်ခရီးက ကြောက်ဖို့အကောင်းဆုံး။ ပေါ်တိုရီကိုမှာက တောင်ကမမြင့်ဘူး ကုတ်ဖက်တက်ရတာတခုပဲ ခြေချော်လို့လဲ မသေနိုင်ဘူး။ ဒီမှာက တချက်မှားတာနဲ့ သေပြီ အမြင့်ပေ ၁၇,၀၀၀ အမြင့်ဆိုတော့ မြင်ရတာနဲ့တင် အသည်းယားစရာ တောင်တက်နေတုန်းက တောင်အောက်ကို မကြည့်ရဲဘူး။ မိုးတွေက သည်းသည်းမည်းမည်းရွာ ဝိုင်းတို့က ရှူးပေါက်ချင်လို့ လမ်းမဘေးတနေရာမှာ ရပ်ပေးတယ်။ မိုးရွာနေလို့ လမ်းတွေချော ချော်လဲမှာစိုးလို့ Moon Valley ဝင်ခွင့်ပိတ်လိုက်တယ်။ ရာသီဥတုကြောင့်ပဲ တိုးအပြစ်မဟုတ်ပါဘူး။
ကလေးတွေ ကျောင်းဆင်းချိန်မို့ ကျောင်းကားတွေတွေ့တယ်။ မြို့လယ်ကောင်က ဆန်ဖရန်စစ္စကိုဘုရားကျောင်းနားမှာ ချပေးတယ်။ ဒီနေ့ ဆန္ဒပြသူတွေမရှိလို့ ရှင်းလင်းနေတယ်။ တိုးဂိုက်ကို တကယ်ကျေးဇူးတင်ကြောင်း ပြောခဲ့တယ်။ ခရီးသည်တွေ အန္တရာယ်ကင်းဘေးကင်း စိတ်ကျေနပ်အောင် ဆောင်ရွက်ပေးရတဲ့ တိုးဂိုက်အလုပ်က မလွယ်ဘူး။

ဆန်ဖရစ္စကိုဘုရားကျောင်းရှေ့မှာ ဓာတ်ပုံရိုက်ကြတယ်။ ခုံးကျော်တံတားကြီးကို ဖြတ်ကျော်ပြီး ဟိုတယ်ဆီပြန်တဲ့ လမ်းတလျှောက်က စားသောက်ဆိုင်တွေကို လိုက်ကြည့်ကြတယ်။ ဆိုင်တွေတိုင်းမှာက ဘိုလီးဘီးယားအစားအစာ၊ ပီဇာ၊ ကြက်ကြော်ချည်းပဲ။ ခရီးထွက်တာ တပတ်ကျော်လာပြီဆိုတော့ အာရှအစားအစာ လွမ်းလာပြီ။ မနေ့က လမ်းလျှောက်တိုးနဲ့ သွားတုန်းက တရုတ်ဆိုင်တဆိုင် တွေ့လိုက်တယ်။ ဒီကနေ ဝေးမယ်နဲ့တူပါရဲ့ ‌‌ေ‌မြေပုံကိုကြည့်လိုက်တော့ ဟိုဖက်လမ်းမှာ စားသောက်ဆိုင်ပိုများတယ်။ ဟန်က ဟိုတယ်ဆီသွားတဲ့လမ်းက ဟိုဖက်လမ်းလို့ ပြောနေလို့ ‌ေမြပုံပြန်ကြည့်လိုက်တော့ မှန်နေတယ်။ ဟန်က လမ်းမလျှောက်နိုင်တော့လို့ တွေ့တဲ့ဆိုင်မှာ ဝင်စားတယ်။ ကိုယ်က အမဲသားစွပ်ပြုတ် ဝိုင်းတို့က ထမင်းနဲ့အသားမှာတယ်။ မဆိုးပါဘူး စားဝင်တယ် အစားဝင်သွားလို့ နည်းနည်းအားရှိလာတယ်။ မနက်ဖြန် ယူရီနီကိုသွားမှာ ဒီနေ့လာပါ့ဇ်မှာ နောက်ဆုံးနေ့ လျော့ပင်းထွက်ရမယ်။ စေ◌ျးဆိုင်တွေ တဆိုင်ပြီးတဆိုင် ဝင်ကြည့်ကြတယ်။ ဘိုလီးဘီးယားဆိုတဲ့ အိတ်ဝယ်ရင် ကောင်းမလား၊ ခြုံစောင်၊ ပုဝါတွေ ဝယ်ရင်ကောင်းမလား၊ ကီးချိန်းဝယ်ရမလား၊ ဆွယ်တာဝယ်ရမလား။ နောက်ဆုံးတော့ ပုဝါအသေးလေး ၄ ခုဝယ်လိုက်တယ် ဒေါ်လာ ၁၀ အောက်ပဲ။ စေ◌ျးမဆိုးဘူး အပါကာသိုးမွှေး အရောင်တောက်တောက်ကြိုက်တဲ့ အမေ့အတွက် ပန်းဆီရောင်၊ မမီးအတွက် အပြာရောင်၊ မခိုင်အတွက် လိမ္မော်ရောင်၊ ကိုယ့်အတွက် အဝါအစိမ်း။ ဝိုင်းတို့လည်း လိုက်ဝယ်ကြတယ်။ ခုံခင်းအသေးလေး ဝယ်တယ် ဟန်က ရွေးပေးတယ်။ အပါကာဆွယ်တာ ၅၀ ရာခိုင်နှုန်းစေ◌ျးချလို့ကြည့်တာ နွှေးတယ်။ ဝိုင်းတို့က အရောင်ယဥ◌်တာ ဘိုဆန်တာ ရွှေးပေးတယ်။ ကိုယ်က အရောင်တောက်တောက် ကြောင်ကြောင်ကြားကြား ကြိုက်တယ်။ ကြိုက်တယ် ယူမယ်ဆိုတော့ ဆိုက်အသေးဆုံးက အများကြီးပွနေတယ်။ ဝိုင်းတို့က ပွတယ်ကြီးတယ် မယူနဲ့တဲ့။ စေ◌ျးတခွင် အနှံ့လည်ပေမဲ့ ကြိုက်တာမတွေ့ ပင်ပန်းနေပြီမို့လို့ ဟိုတယ်ပြန်ခဲ့ကြတယ်။ ညနေစာကိုတော့ လမ်းထိပ်က စားသောက်ဆိုင်မှာ စားကြတယ်။ ဝက်သားကြော်၊ ပြောင်းဖူးအကြီး၊ အမည်းရောင်အာလူး ဝက်သားကြော်ပဲစားခဲ့တယ်။ ပြောင်းဖူးနဲ့ အာလူးအမည်းက ဘာမှအရသာမရှိဘူး။ အဲ့ဒါ ဘိုလီးဘီးယားလူမျိုးတွေ ပုံမှန်စားလေ့ရှိတဲ့ အစားအစာ။ အစားအသောက်မရွေး အကုန်စားနိုင် ဘာမဆိုစားကောင်းတယ်ဆိုတဲ့ ကိုယ်တောင် ဘိုလီးဘီးယားမှာ မစားနိုင်ဘူး။ဒီညတော့ ဆန္ဒပြတာ တကယ်ကြမ်းတယ် အတိုက်အခံခေါင်းဆောင်က လာပါ့ဇ်ရောက်လာပြီတဲ့။ ဆန္ဒပြတဲ့သူတွေ လမ်းထိပ်ကနေ ဖြတ်သွားကြတယ်။ ဒိုင်းနမိုက်ခွဲသံတွေ တဒိုင်းဒိုင်း တရစပ်ပဲ။ နောက်ကျမှရောက်လာတဲ့ ဆယ်ကျော်သက်အရွယ် အဖြူတိုးရစ်နှစ်ယောက် ညစားသွားစားမလို့ ဒိုင်းနမိုက်သံတွေကြောင့် သွားမစားတော့ဘူး။ အဲ့ဒီညက လာပါ့ဇ်မှာနေရတာ လုံခြုံမှုမခံစားရဘူး လာပါ့ဇ်ကနေ အမြန်ဆုံးထွက်သွားချင်တယ်လို့ တွေးမိတယ်။

‌တောင်တက်ဖို့ ပြင်ဆင်နေတာ
ဟမ်မ‌လေး ... ‌တောင်ထိပ်က အဝေးကြီး မတ်မတ်ကြီး မြင့်မြင့်ကြီး

မနက်ဖြန် ယူရီနီကိုသွားဖို့ လေဆိပ်ဖွင့်ပါ့မလား၊ လေယာဥ◌်ထွက်ပါ့မလား၊ လာပါ့ဇ်မှာ ပိတ်မိနေရင်ဒုက္ခ။ ယူရီနီကိုသွားတဲ့လေယာဥ◌်ကလည်း လေယာဥ◌်ထွက်ချိန်နောက်ကျ၊ အချိန်မမှန်၊ လက်ကေ့အိတ်တွေ အချိန်မှီမရောက်ဘူးလို့ သတင်းကြီးတယ်။ ကိုယ်တို့က ချီလီအထိခရီးဆက်မှာဆိုတော့ လက်ကေ့အိတ်တွေ နောက်ကျမှရောက်လို့ သွားထုတ်ဖို့အဆင်မပြေဘူး။ နေ့စဥ◌်သုံးမရိှမဖြစ် လိုအပ်တဲ့ပစ္စည်း၊ အဝတ်တစုံစာကို ကျောပိုးအိတ်ထဲထည့်ထားတယ် လက်ကေ့အိတ်မရရင် ဒုက္ခမရောက်အောင်လို့။ ဝိုင်းကို ပြောပြတော့ အဆင်ပြေမှာပါတဲ့ သူက မပြင်ဆင်ဘူး။ ကိုယ်ကတော့ ပြင်ဆင်ထားလိုက်တယ် ဘာဖြစ်မလဲမသိဘူး။ လေဆိပ်ဖွင့်လား၊ လေယာဥ◌်အချိန်မှန်ထွက်လား၊ လက်ကေ့အိတ်တွေရလား၊ လေယာဥ◌်ဆိုက်ရောက်ချိန်နဲ့ နာရီဝက်အကြာမှာထွက်တဲ့တိုးကို မှီပါ့မလား ဆိုတာကတော့ နောက်ပို့စ်မှပဲ ဆက်ပါတော့မယ်။

Happy Traveling!
စန်းထွန်း
‌ဖေဖေါ်ဝါရီ ၂၁၊ ၂၀၂၀။

ကိုယ်တို့ဘွတ်တဲ့တိုး
https://www.viator.com/tours/La-Paz/Chacaltaya-and-Valley-of-the-Moon/d5027-171598P2

တိုးဂိုက်က တရွတ်တိုက် ဆွဲခေါ်ရတယ်
ဆန္ဒပြသူ‌တွေ မရှိလို့ ရှင်းနေတဲ့ မြို့လယ်‌ကောင်က ဆန်ဖရစစ္စကို ဘုရား‌ကျောင်း
အမဲသားစွပ်ပြုတ်
ဝက်သား‌ကြော်၊ ‌ပြောင်းဖူး၊ အာလူးအမည်း

No comments: