အင်္ဂလန်သွား တောလား - ၄

၂၀၁၈ အောက်တိုဘာ ၃ ဗုဒ္ဓဟူးနေ့ မနက် ၅ နာရီခွဲထ ရေချိုး မနက်စာစား လက်ဖက်ရည်သောက်။ မနက် ၆ နာရီ ၁၅ ဆိုတာနဲ့ ဟိုစတယ်ကနေထွက် ကင်းခရော့ခ်ဘူတာကို ဆယ်မိနစ်လောက် လျှောက်ရတယ်။ လတ်မှတ်ဝယ်တုန်းက ပေးချေထားတဲ့ကဒ်နဲ့ ရထားလက်မှတ်ထုတ်ရတယ်။ ရထားလက်မှတ်ထုတ်ပြီးတော့ စောနေသေးလို့ အိမ်သာသွားချင်ရင်သွားကြနော် အိမ်သာတခါဝင် ၂၅ ဆင့်။ ဆိုင်းဘုတ်မှာ ဂိတ်နံပါတ်မပေါ်သေးလို့ ဝန်ထမ်းကိုမေးကြည့်တယ်။ အထူးတန်း၊ စာရွက်လေးတွေ ထောင်ထားတဲ့အတွဲ၊ ဖန်ခွက်၊ ပန်းကန်တွေချထားတဲ့ အတွဲကိုရှောင်ရှား ဈေးသက်သာဆုံးအတွဲက ဂိတ်နဲ့အဝေးဆုံးမှာ။ မနက် ၇ နာရီနဲ့ ထွက်ရမဲ့ရထားဟာ တော်တော်နဲ့မထွက်ဘူး ရထားလမ်းချော်နေလို့ ပြင်နေတယ်တဲ့။ ကင်းခရော့ခ်ကနေ စကော့တလန် အက်ဒင်ဘာ့ခ်ကို မိုင် ၄၀၀ ဝေးပြီး ၄ နာရီခွဲစီးရပါတယ်။ စကော့တလန်ဟာ အင်္ဂလန်ပိုက်နက်မို့လို့ဗီဇာမလိုပါဘူး။ အိုင်ယာလန်သွားမယ်ဆိုရင်တော့ ဗီဇာလိုပါတယ်တဲ့။ ရထားလတ်မှတ်ဘွတ်ပြီးတော့မှ စကော့တလန်က အက်ဒင်ဘာ့ခ်ဆိုတာ သေချာအောင် trainline online chat မှာ မေးကြည့်ရသေးတယ်။ ဝိုင်းသွားတုန်းကလည်း ရထားလမ်းချော်လို့ လမ်းမှာရထား နောက်တစီးထပ်ပြောင်း အက်ဒင်ဘာ့ခ်ရောက်တော့ လေထန်ရာသီဥတုဆိုးလို့ အက်ဒင်ဘာ့ခ်ခံတပ် ပိတ်တယ်။ delay နောက်ကျတယ်ဆိုတာ တော်သေးတယ် cancel ဖျက်သိမ်းတယ်ဆိုမှ ဒုက္ခ။ တနာရီလောက်ကြာတော့ ရထားခရီးစဉ် ဖျက်သိမ်းလိုက်တယ်ဆိုတဲ့ ကြေငြာချက်ထွက်လာတယ်။ ရထားပေါ်ကဆင်းလာကြတဲ့ လူအုပ်ကြီးက ဘယ်ကိုသွားရမလဲ ဘယ်လိုလုပ်ရမလဲ ဝန်ထမ်းကိုမေးမြန်းကြတယ်။ တဘူတာအဝေးက Euston ဘူတာကိုသွား အဲ့ဒီမှာ ရထားလတ်မှတ်ပြပြီး စီးလို့ရတယ်တဲ့။ ဝန်ထမ်းကို Euston ဘယ်လိုသွားရမလဲ မေးမြန်းနေတုန်း ကြေငြာချက်ထွက်လာတော့ ဝန်ထမ်းက လက်ကာပြပြီး နားထောင်လို့အမူအယာပြတယ်။ အက်ဒင်ဘာ့ခ်ကိုသွားမဲ့သူတွေ ဂိတ်နံပါတ်ဘယ်လောက်ကိုသွားပါလို့အော်တော့ အဲ့ဒီဂိတ်နံပါတ်ဆီပြေးကြ။ National Rail နယ်ကိုသွားတဲ့ရထားတွေက အမေရိကန်က Amtrack ၊ NJ Transit ရထားတွေနဲ့ယှဉ်ရင် သေးတယ်။ ထုံးစံအတိုင်း အထူးတန်း၊ စာရွက်လေးတွေ ထောင်ထားတဲ့အတွဲ၊ ပန်းကန်တွေချထားတဲ့အတွဲကို ရှောင်ရှား ကိုယ်တို့ဝယ်ထားတဲ့ ဈေးအသက်သာဆုံးအတွဲက ဟိုးအဝေးဆုံးမှာ။

အယ်မလေး ... ဟိုဖက်ဒီဖက်ဂိတ်ပြောင်းတာကို လျှောက်ရတာနဲ့တင် တမိုင်လောက်လျှောက်ပြီးနေပြီ။ မနက် ၇ နာရီနဲ့ ၈ နာရီ ရထားနှစ်စီးပေါင်းဆိုတော့ ရထားမှာလူအပြည့်ပဲ။ ရထားတွဲမှာ ကွန်ပျူတာတွေတင်ဖို့ စားပွဲ၄ခုလောက်ပါတယ်။ ထိုင်ခုံတွေက အတော်သက်တောင့်သက်သာရှိတယ်။ လန်ဒန်ကနေအထွက် အာစင်နယ် အီးမရိတ်ကွင်းတွေ့တော့ အဖေ သွားလည်ချင်မယ်မှန်းသိလို့ နောက်ဆုံးနေ့မနက်ပိုင်းအားတယ် သွားလည်လို့ရတယ်နော်။ ရထားဟာ တနာရီမိုင် ၁၀၀ လောက်မောင်းတယ် ခုံပေါ်တင်ထားတဲ့ ရေဘူးဟာ လှုပ်တောင်မလှုပ်ဘူးလို့ အဖေကပြောတယ်။ ဂျပန်ကျည်ဆံရထား တနာရီမိုင် ၂၀၀ လောက်မောင်းတယ် ခုံပေါ်ကရေဘူး လှုပ်တောင်မလှုပ်ဘူး။ အက်ဒင်ဘာ့ခ်ကို သွားတဲ့လမ်းတလျှောက် သာယာလှပတယ် စိုက်ခင်းတွေ တမျှော်တခေါ်။ သိုးတွေ၊ နွားတွေ၊ မြင်းတွေ၊ ကျောက်တုံးတွေနဲ့ ဆောက်ထားတဲ့ လယ်ယာအိမ်လေးတွေ၊ သစ်ပင်တွေက အနီရောင်၊ အဝါရောင် ပြောင်းနေကြတယ်။ နယူးယောက်မှာ သစ်ပင်တွေ အရောင်မပြောင်းသေးဘူး။ အင်္ဂလန်က နယူးယောက်ထက် ပိုအေးနေတယ်။ နေ့လည် ၁၂ ခွဲ အက်ဒင်ဘာ့ခ်ကို ချောချောမောမော ရောက်တယ်။ မနက်က ထမင်းကြော်စားထားတော့ ဗိုက်မဆာဘူး။ အက်ဒင်ဘာ့ခ် အဆောက်အဦးတွေက ကျောက်တုံးတွေနဲ့ ဆောက်ထားတာ ပိုရှေးကျပုံရတယ်။ ခံတပ်ဟာ ဟိုးတောင်ကုန်းပေါ်မှာ ရှိမဲ့ပုံပဲ။ ဘုရားရှိခိုးကျောင်းတွေ အများကြီးပဲ တက္ကသိုလ်တခုဆို ၁၆ ရာစုကတည်းက တည်ဆောက်ထားတာ။ ပင်လယ်ကို လှမ်းမြင်ရတယ် လေထန်ပြီး အတော်အေးစိမ့်တယ်။ ခံတပ်နားနဲ့နီးလာလေ လူတွေစည်ကားလေ မြ ူးကြွတဲ့ စကော့ရိုးရာတေးသီချင်းသံတွေ ကြားရတယ်။ အလှုငွေထည့်ပြီး ခွေးအကြီးကြီးတကောင်နဲ့ ဓာတ်ပုံရိုက်ကြတယ်။ ခွေးက မပျော်မရွှင်တဲ့ ဖြစ်နေတဲ့မျက်နှာလေးနဲ့။ အဖေက ခံတပ်ကို ပထမဆုံးရောက်ဖူးတာတဲ့။ နယူးယောက် upstate ဖက်က ခံတပ်၊ နိုင်အာဂရာခံတပ်ကို ရောက်ဖူးတယ်။ ဒါပေမဲ့ အက်ဒင်ဘာ့ခ်ခံတပ်က အတော်ခိုင်ခံ့တောင့်တင်းတယ်။ ဟိုအရင်းတုန်းက အင်္ဂလန်၊ စကော့တလန်၊ အင်္ဂလန်၊ ပြင်သစ်၊ ရုရှ တဂျိမ်းဂျိမ်း စစ်တိုက်နေကြလို့ဖြစ်မယ်။ အမြောက်၊ သံချပ်ကာဝတ်စုံတွေ တွေ့ရတယ်။ အမြင့်ဆုံးတောင်ကုန်းဆိုတော့ လေအတော်ထန်တယ်။
အက်ဒင်ဘာ့ခ် ခံတပ်ဆီ သွားတဲ့လမ်းမှာ
မပျော်မရွှင်ဖြစ်နေတဲ့ပုံပေါက်နေတဲ့ ခွေးအကြီးကြီးနဲ့
ခံတပ်ရှေ့ 
ခံတပ်အဝင်ဝ

ခဏပတ်ကြည့်ပြီးတော့ အဖေတို့က အပေါ်ထိမလိုက်တော့ဘူး အထွက်နားမှာ စောင့်နေမယ်တဲ့။ ခံတပ်က သိပ်မကျယ်ဘူး ခံတပ်တခွင် အနှံ့လည်ပြီး အထွက်နားမှာ အဖေတို့ကိုတွေ့တယ်။ စကော့တလန်လက်နဲ့လုပ်တဲ့ ရေခဲမုန့်ကားတွေ့တော့ ရေခဲမုန့်စားချင်တယ်။ ဒီလောက်အေးတဲ့အချိန် ရေခဲမုန့်စားရတာ ဖီလင်တမျိုးပဲ။ ရေခဲမုန့်က စားကောင်းတယ် အလာစကာ portage မှာ ဟိုက်ကင်းထွက်တုန်းက စားခဲ့တဲ့ mountain huckleberry ရေခဲမုန့်ဟာ စားဖူးသမျှရေခဲမုန့်ထဲမှာ အကောင်းဆုံးပဲ။ ခံတပ်ရှေ့မှာ မကြီးကို follow me ဓာတ်ပုံရိုက်ပေးတော့ ဘာလုပ်နေပါလဲဆိုပြီး တချို့ကြည့်ကြတယ်။ ခံတပ်ရှေ့လမ်းမကြီးတလျှောက် ဈေးဆိုင်ခန်းတွေချည်ပဲ။ ခံတပ်နဲ့ကပ်လျက်ဆိုင်ကြီးမှာ လူတွေကြိတ်ကြိတ်တိုး။ ဝိုင်းပြောတဲ့အတိုင်းပဲ lampwool မာဖလာ ၄ ထည် ပေါင် ၆၀၊ ကက်ရှ်မီးယားပုဝါတွေ ဈေးကြီးမှကြီး။ စကော့တလန်ကွတ်ကီး ဝယ်စားကြတယ် အတော်လေးကောင်းတယ်။ တခြားဆိုင်တွေ ဝင်ကြည့်ပြီး ဈေးနှုန်းကြည့်လိုက်တော့ ဈေးကအတူတူပဲ။ ခံတပ်နဲ့ကပ်လျက်ဆိုင်ကြီးက ကျယ်တယ် ပစ္စည်းစုံတယ် အဲ့ဒီဆိုင်ကို ပြန်သွားတာကောင်းမယ် အဖေတို့ကို စောင့်ခိုင်းပြီး ချီတက်ကြတယ်။ ကိုယ့်ကို သမီးလေးလို၊ ညီမလေးလို ချစ်ခင်စောင့်ရှောက်ကြတဲ့ အစ်မသုံးယောက်အတွက်၊ ကိုယ့်အတွက် စကော့တလန်အမှတ်တရ လက်ဆောင်အဖြစ် lampwool မာဖလာလေးခုဝယ်တယ်။ ဖက်ရှင်အလှအပဂုရု မကြီးက ရွေးပေးတယ်။ စကော့တလန်ရိုးရာဝတ်စုံဝတ်ပြီး ရိုးရာတေးသွား တီးမှုတ်နေတဲ့သူတွေ့လို့ ဓာတ်ပုံရိုက်တယ်။ အသွားတုန်းက လမ်းအတိုင်းမဟုတ်ဘဲ တခြားလမ်းက ပြန်ကြတယ်။ ရထားဘူတာရုံကို အပေါ်ကနေ လှမ်းမြင်ရပေမဲ့ ဆင်းမဲ့နေရာ မတွေ့ ဖြစ်နေတာ မကြီးက ဒီနားကနေ လူတွေဆင်းသွားကြတယ်တဲ့။ ဆင်းလိုက်တော့ ဘူတာရုံတွေ့တယ် ဆိုင်းဘုတ်မှာ ဂိတ်နံပါတ်ဘယ်လောက်ဆိုတာကြည့် အိမ်သာဝင်။ ဗိုက်နည်းနည်းဆာလို့ အနီးအနားမှာ ဘယ်ဆိုင်တွေရှိလဲလို့ ရှာကြည့်တော့ KFC တွေ့တယ်။ အဖေတို့ KFC စားမလားမေးတော့ စားမယ်တဲ့ သူတို့ စင်္ကာပူက KFC ကြိ ုက်တယ်။ ကန်တက်ကီမှာ KFC ဆိုင်တွေ့လို့ ဝမ်းသာအားရ ဝယ်စားတာ ငန်လွန်းလို့ နောက်ဘယ်တော့မှ မစားတော့ဘူး။ အမေရိကန်မှာ အစားအသောက် တော်တော်များများ ငန်တယ်၊ ချိုတယ်။ အမေက ဘယ်ဟာမဆို စားနိုင်တယ် ဘယ်အချိန်ဘယ်နေရာမှာမဆို အိပ်ပျော်တယ် အတော်ကုသိုလ်ကံကောင်းတဲ့သူ။ အဖေက အစားအသောက် ဂျီးများတယ်၊ ဟင်းမကောင်းရင် မစားနိုင်ဘူး၊ အလင်း၊ အသံကြားရင် မအိပ်နိုင်ဘူး၊ ဟင်းအသစ်ကို မစားကြည့်ချင်ဘူး။

အမေက စားကြည့်တော့မှ ကြိုက်မကြိုက်သိမှာပေါ့လို့ပြောမှ အဖေက စားကြည့်တယ်။ အဖေတို့ဟာ ဘိုစာတွေကို မကြိုက်ပေမဲ့ ဖျစ်ညှစ်စားကြလို့ တော်သေးတယ်။ ဟင့်အင်း မစားဘူးလို့ ခေါင်းခါတဲ့သူမျိုးမဟုတ်၊ မနက် ၆ နာရီကနေ ည ၁၀ နာရီ လမ်းလျှောက်အတော်လျှောက်ရတဲ့ခရီးကို မညည်းမညူ လိုက်နိုင်ကြလို့၊ ကိုယ်တို့ပြောတဲ့စကားအတိုင်း အတိအကျ လိုက်နာကြလို့အဖေတို့နဲ့ ခရီးသွားရတာ အတော်အဆင်ပြေတယ် ဘာပြသနာမှ မရှိဘူး။ မေးမြန်းကြည့်တော့ KFC ဆိုင်က နီးနီးလေးတဲ့ ဓာတ်လှေကားစီး ညာဖက်ချိုး။ ညနေ ၄ နာရီ ခွဲ ရထားထွက်မဲ့အချိန် နီးနေပြီဆိုတော့ အပြေးအလွှား။ ဂိတ်နံပါတ်ရှာမတွေ့လို့ ဝန်ထမ်းကိုမေးကြည့်တော့ ဟိုစက်လှေကားစီး ဓာတ်လှေကားနဲ့အောက်ဆင်းတဲ့။ စက်လှေကားစီးဖို့ ကြည့်လိုက်တော့ မကြီးကိုမတွေ့ အဖေ့ကိုမေးကြည့်တော့လည်း မသိဘူးတဲ့။ ဟယ် ... ဘယ်ရောက်သွားပါလိမ့်  အရင်ဂိတ်နား ပြန်ရှာကြည့်မတွေ့ သူဂိတ်နံပါတ်သိတာပဲလေ သူ့ဘာသာရှာပြီး လာလိမ့်မယ်ဆိုပြီး စက်လှေကားပေါ်တက် သူကအပေါ်ထပ်မှာ စောင့်နေတယ်။ လန်ဒန်မြေအောက်ရထားစီးတော့ အဖေတို့ကို မှာထားတယ် ကိုယ်တို့က ပလက်ဖောင်းမှာ အဖေတို့က ရထားပေါ်ပါသွားခဲ့ရင် နောက်တဘူတာမှာဆင်းပြီး အဲ့ဒီနေရာမှာပဲစောင့်နေလို့ မှာထားတယ်။ ဖုန်းနံပါတ်၊ ဟိုတယ်လိပ်စာပါတဲ့ စာရွက်လေးတွေ ပေးထားတယ်။ ခရီးသွားရင် မထင်မှတ်တဲ့ အခက်အခဲတွေ ကြုံနိုင်တော့ တတ်နိုင်သလောက် ပြင်ဆင်ထားရတယ်။ ရထားလတ်မှတ်ဖြတ်ရမဲ့ဂိတ်လည်းမရှိ ရထားပေါ်တက် ဘေးနားကလူတွေ မေးကြည့်တော့ ရထားဝန်ထမ်းကလာပြီး လက်မှတ်လာစစ်လိမ့်မယ်တဲ့။ ရထားက အချိန်အတိအကျထွက်တယ် KFC စား ရှုခင်းတွေငေး အိပ်လိုက်ငိုက်လိုက်နဲ့ ကင်းခရော့ခ်ဘူတာကို ည ၉  နာရီကျော်မှာ ရောက်တယ်။ ထုံးစံအတိုင်း ယိုးဒယားဆိုင်မှာ နေ့လည်စာနဲ့ ညစာ ပေါင်းစားကြတယ်။ ဆိုင်ဝန်ထမ်းတွေကတောင် ကိုယ်တို့ကို မှတ်မိနေကြပြီ။ နောက်နေ့မနက်စာအတွက် ထမင်းဘူး ၂ ဘူးဝယ် ဟိုစတယ်ကို ည ၁၀ နာရီကျော် ပြန်ရောက်တယ် တချိုးတည်းတန်းအိပ်ကြတယ်။ နောက်နေ့ မန်ချက်စတာကို သွားလည်တဲ့အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling !
စန်းထွန်း
‌ဖေဖေါ်ဝါရီ ၂၃၊ ၂၀၁၉ ။


အေးတဲ့အချိန် ရေခဲမုန့်စားရတာ ဖီလင်တမျိုး
ခံတပ်ရှေ့လမ်းမတလျှောက်က ဆိုင်ခန်းတွေ
စကော့တလန်ရိုးရာနှဲနဲ့ ရိုးရာဝတ်စုံ

2 comments:

Anonymous said...

မမအိုင်အိုရာ

San San Htun said...

Anonymous said...
မိသားစုလိုက်သွားရတာ ပျော်စရာကြီးစန်းထွန်းရေ။
မမအိုင်အိုရာ
February 27, 2019 at 9:41 PM