နီးနေရက်နှင့် ဝေးနေခြင်း - ၃
Central Park ထဲ ကြာပန်း
အောင်သွှယ်တော် ညီမလေးဆုက ဖေ့ဘွှတ်မှာ အပ်လိုက်ပါလားအစ်မ မိတ်ဆွှေတစ်ယောက် တိုးတာပေါ့တဲ့။ ဘုရားရေ ... မင်းက နီးနီးလေးအကြောင်း ဘလော့ကနေ ကြေငြာမောင်းထုနေတာလား။ အေးလေ အဲဒီတော့ ဘာဖြစ်တုန်း ဒါမျိုးဆိုတာ တိုးတိုးတိတ်တိတ် လူမသိအောင် ကြိတ်လုပ်ရမှာ ဘယ်နှယ့် ညည်းအလှည့်ကျမှ တလောကလုံးသိအောင် ဘလော့ကနေ ကြေငြာမောင်းခတ်ရတယ်လို့အေ ကြားမကြားဖူးပေါင်။ အေး ခုကြားဖူးပြီ မဟုတ်လား ခေတ်ကာလသားသမီးများ သိပ်ခက်ပါ့အေ ဒါနဲ့ နီးနီးလေးက ရိပ်မိရောလား။ ဟ ဘယ်လိုလုပ် ရိပ်မိမှာလဲ နာမည်မှတပ်မရေးတာ သူ့ကို ကြိုက်နေမှန်းတောင် သိမယ်မထင်ဘူး။ ဟာ ဒုက္ခပါပဲ တော်ကြာ နီးနီးလေးက မင်း တခြားတစ်ယောက်ကို သဘောကျတယ်ထင်ပြီး ဖွှင့်ဟမလာတော့မှ ဒုက္ခ။ အဲဒါဆို အသားဖြူဖြူ ဆံပင်နက်နက် မျက်ခုံးထူထူနဲ့ကောင်လေးလို့ သဲလွှန်စပေးလိုက်ရမလား။ ဟေ အသားဖြူဆံပင်နက် မျက်ခုံးထူတဲ့ ယောက်ျားလေးတွေမှ အများကြီး ဘယ်လိုလုပ် သိမလဲ။ အဲဒါဆို ကိုယ့်ထက် အသက်နည်းနည်းငယ် ကိုယ့်ထက်အရပ်နည်းနည်းရှည် ကိုယ့်ထက်အသားနည်းနည်းဖြူ ကိုယ့်လို နိုင်ငံခြားမှာကျောင်းတက် ကိုယ့်လို .... တော်ပါတော့ အဲဒီကိုယ့်လိုဆိုတာတွေ။ အဲဒါဆို ဟိုအတင်းအဖျင်း စာစောင်တွေထဲကလို နာမည် ၃ လုံးအမည်တွင်တဲ့ သောကြာနံနဲ့စပြီး အင်္ဂါနံနဲ့ဆုံးတဲ့ ကောင်လေးလို့ hint ပေးရမလား။ နေပါဦး မေးပါရစေဦး ညည်းကို ကြိုက်တယ်ဆိုတာကရော သေချာလို့လား ဂေးများလား။ ဟဲ့ ဂေးဖြစ်မှတော့ ကိုယ့်ကိုကြိုက်မလားကွ ကောင်လေးကို ကြိုက်မှာပေါ့။ သိဘူးလေ ကျောင်းတုန်းက မင်းကိုကြိုက်နေတယ်လို့ ထင်တဲ့ကောင်လေး မိန်းမယူသွှားကတည်းက ညည်းထင်တယ်ဆိုတာတွေကို လုံးဝမယုံတော့တာ  တိန် ။
ကိုယ် ထင်တာတင် မဟုတ်ဘူးနော် အစ်မတစ်ယောက်က သူ ကိုယ့်ကိုသဘောကျနေတဲ့ပုံပဲလို့ ပြောတာကရော။ ဟ အဲဒီအစ်မက ညည်းကို ယောကျာ်းအရမ်းပေးစားချင်လို့ လှော်ပေးတာ နေမှာပေါ့။ မြံမြုံစိစိ လုပ်မနေနဲ့ ကြိုက်တယ်ဆိုလည်း အဆက်အသွှယ်လုပ် အုံ့ပုန်းလုပ်မနေနဲ့ သူ့မှာချစ်သူရှိနေလား ကိုယ့်လိုအုံ့ပုန်းလား အနည်းဆုံးတော့ အသိမိတ်ဆွေတစ်ယောက် ရတာပေါ့လို့ အောင်သွှယ်တော်ဆုက တိုက်တွှန်းတာနဲ့ ကိုယ်ကစအပ်လိုက်လို့ ဖေ့ဘွှတ်မှာ မိတ်ဆွှေတွေ ဖြစ်သွှားကြပေမဲ့ နှစ်ယောက်စလုံးက ဖေ့ဘွှတ်မှာ active မဖြစ် ပေါင်းသင်းဆက်ဆံရေး မကောင်းတဲ့သူတွေဆိုတော့ ဟိုင်းလို့တောင် မပြောကြဘူး။ ဟင် ဘာမှလည်း ဆက်သွှယ်မလာဘူး ဟ ကိုယ်တို့က အာရှသားတွေ စကားတွေပြောကြည့်မယ် ခင်မင်မယ် နောက်မှတစ်ဆင့် တက်မှာပေါ့ step by step လေ။ ကိုယ်က ညစာစားဖို့များ ဒိတ်လုပ်မလားလို့ ဟောတော့ ဒီတခါတော့ သိပ်ကိုအမေရိကန် ဆန်ချင်နေပါလား။ သူ့ page ကို ကြည့်ပြီး  စုံစမ်းထောက်လှမ်းရေး လုပ်ရသလောက်ကတော့ ရည်းစားရှိပုံမရဘူး အဲ long distance relationship ရှိနေရင်တော့ မသိဘူး။ Gym သွှားတယ် တက်တူးမထိုးထားဘူး ကိုယ် တကယ်သဘောကျတယ်ကွှ အောင်မလေး အဲဒါ ရောဂါ ရောဂါ။ အလုပ်အကြောင်း စာမေးပွှဲတွှေအကြောင်း မေးမြန်းရင်း အီးမေးလ်လိပ်စာကို သိလိုက်ရပေမဲ့ ဘာမှဖြစ်မလာမှာကို သိနေတော့လည်း .... တကယ်တော့ နီးနီးလေးဆိုတာ ကိုယ့်အတွှက်တော့ ဖြေရခက်တဲ့ ပဟေဋ္ဌိပုစ္ဆာ။ လာချင်ရင် အနီးကလေးပေမဲ့ မလာချင်သူတစ်ယောက် ဖြစ်နေတော့လည်း ကိုယ်တို့နှစ်ယောက်သား နီးနေရက်နဲ့ ဝေးနေဆဲ...။
စန်းထွန်း
စက်တင်ဘာ ၁၊ ၂၀၁၇။
3 comments:
Lorem Ipsum said...
:*
San San Htun said...
San San Htun said...
ဆုမြတ်မိုး said...
ဟိဟိ...state တူရင်..နောက် holiday မှာ နည်းနည်း adventure ဆန်တဲ့ ခရီးတစ်ခု တောင်တက်တာဖြစ်ဖြစ်ခေါ်ကြည့်ပါလား..။ ဒီတိုင်းတော့ ပလိန်းကြီးမခေါ်နဲ့ .... စာမွဲအကြောင်းတွေပြောရင်းနဲ့မှ.... ငါခုမှသတိရတယ်..ငါတို့တောင်တက်မယ်....အားရင် join ပါလား အဖော်တွေဘာတွေ ခေါ်ချင်ရင် ခေါ်ခဲ့..မအားလည်းကိစ္စမရှိဘူး no hard feeling ပေါ့...အာ့မျိူးလေးခေါ်ကြည့်လေ....မရရင်တော့ ignore သာလုပ်လိုက်တော့ ...တချို့တွေက လူပြိုကြီးဖြစ်ဖို့ ဇာတာပါပြီးသား...ဘယ်သူမှ မကယ်နိုင်ဘူး အဲဒါမျိူးဆိုရင်..ဟီးးးးးး
အောင်သွယ်တော်ဆုက နေ အသားကုန်လှော်ဆု ဖြစ်နေပြီ..။
:*
September 3, 2017 at 10:46 PM
San San Htun said...
တောင်တက်ဖို့ မခေါ်တော့ပါဘူး... မတုန်မလှုပ် ကျောက်ရုပ်... လူပျိုကြီးဇာတာပါတယ်ထင်တယ် :)
September 25, 2017 at 9:45 PM