Living with Lupus - 5

လုပက်စ်ဆိုတာ Systemic Lupus Erythematosus ရောဂါရဲ့ အတိုကောက်နာမည် ဖြစ်ပါတယ်။ လုပက်စ်ဆိုတာကို စကြားဖူးတာက ၂၀၀၉  စင်္ကာပူရုံးမှာ လုပ်ဖော်ကိုင်ဖက် အစ်မက သူ့ခန္ဓာကိုယ် နာကျင်ကိုက်ခဲတယ်လို့ ပြောတုန်းက ကိုယ်တို့က စနောက်နေကြတာ။ နောက်တော့ သူ့မိဘတွေ မြန်မာပြည်ပြန်တော့ လေဆိပ်လိုက်ပို့ပေးအပြီးအပြန်မှာ ဆေးရုံတခါတည်း တန်းတင်လိုက်ရတယ်။ ရောဂါက လုပက်စ်တဲ့ autoimmune disease ကိုယ်ခံအားစနစ်က ကောင်းတဲ့တစ်ရှူးဆဲလ်တွေကို ခွဲခြားမသိတော့ဘဲ ပြန်တိုက်ခိုက်တဲ့ရောဂါ။ ကီမိုသရဖီဆေးတွေ သောက်ရလို့ ဆံပင်တွေကျွှတ် မျက်လုံးခြောက်သွှေ့လို့ မျက်စိဆရာဝန်နဲ့ပြ နေ့လည်ထမင်းစားဖို့သွှားကြရင် ထီးဆောင်းတယ်။ ၂၀၁၄ ဒီဇင်ဘာမှာ လက်ဆစ်တွေ ကြီးလာလို့ ဂေါက်ဖြစ်တာလားထင်ပြီး ဆရာဝန်သွှားပြတာ လုပက်စ်တဲ့။ လုပက်စ်ကလည်း အရိုးအဆစ်တွေ ယောင်ရမ်းတာမို့ လေးဖက်နာနဲ့တော်တော်လေး ဆင်တူပြီး ဆရာဝန်တွေ တော်တော်ခွှဲခြားရ ခက်ပါတယ်။ ကိုယ့်ဆရာဝန်က လုပက်စ်ရောဂါလို့ စစ်ဆေးတွေ့ရှိပြီးတော့ Rheumatologist ဆီ ပို့လိုက်ပါတယ်။ လုပက်စ် ဘာကြောင့်ဖြစ်ရတာလည်းဆိုတာ ခုထိအဖြေမရှိသေးပါဘူး။ နျူးကလီးယား၊ စစ်ဒဏ်ခံရတဲ့ဒေသမှာ ကြီးပြင်းခဲ့လို့၊ မျိုးရိုးဗီဇ၊ နေထိုင်မှုပုံစံကြောင့် ဖြစ်နိုင်တယ်လို့ ပြောပါတယ်။ စစ်ဒဏ်ခံရတဲ့ ကချင်၊ ရှမ်း၊ ကရင်ဒေသမှာ ကြီးပြင်းခဲ့တာလားလို့မေးတော့ ဟင့်အင်း ကိုယ်က ဧရာဝတီတိုင်းမှာ ကြီးပြင်းခဲ့တာ။ မျိုးရိုးထဲမှာလည်း လေးဖက်နာဖြစ်တဲ့သူလို့ မကြားဖူးဘူး။

နေထိုင်မှုပုံစံကလည်း အသီးအနှံ အရမ်းကြိုက်၊ ကိုကာကိုလာ၊ အာလူးကြော်မကြိုက်၊ အဆီတွေမစား ၊ ရေနွှေးကြမ်း အမြဲသောက်၊ စားတာသောက်တာ ကျန်းမာရေးနဲ့ ညီညွှတ်တယ်။ လမ်း ၄၊ ၅ မိုင် ၊ တောင် ၇ မိုင် တက်တယ်၊ ဂျော့ကင်းပြေးတယ်၊ ကိုယ်ဘယ်လိုနေထိုင် စားသောက်တယ်ဆိုတာသိတဲ့ ဝိုင်းက မင်း ဒီလောက် ကျန်းမာရေးနဲ့ ညီညွှတ်အောင် နေတဲ့သူတောင် ရောဂါဖြစ်တယ်ဆိုတာ မယုံနိုင်စရာဘဲတဲ့။ အဲ စိတ်ဖိစီးမှုကတော့ အင်မတန်များတယ် ယူအက်စ်ရောက်ပြီးကတည်းက ပူလိုက်ရတဲ့စိတ် စာမေးပွဲကျလို့၊ သတ်မှတ်ထားတဲ့ ဂရိတ်တွေရပြီး စာမေးပွှဲတွေအောင်ဖို့၊ အလုပ်ရဖို့၊ အလုပ်ထဲမှာလည်း အဆင်ပြေဖို့၊ ပြည်နယ်တွေပြောင်း၊ အလုပ်တွေပြောင်း၊ အရင်တုန်းက ဆင်အော်ရင်တောင်မနိုး အအိပ်ပုတ်တဲ့သူဟာ ယူအက်စ်ရောက်ကတည်းက အိပ်မပျော်တော့ဘူး။ ကိုယ်ကလည်းကိုယ် အလုပ်ထဲမှာ အဆင်မပြေရင် တချိန်လုံးအဲဒါကို စိတ်ရောက်နေတာ အိမ်မက်ထဲမှာတောင် ကုတ်တင်း (ကွှန်ပျူတာပရိုဂရမ်းမင်း) တွေ ရေးနေတတ်တယ်။ အလုပ်ကို အလုပ်မှာထားခဲ့ အချိန်တန်ရင် ပြီးသွှားမှာပဲလေလို့ စိတ်မထားနိုင်ဘူး Stress Management ညံ့တယ်ဆိုပါတော့။ လုပ်တဲ့ကုမ္ဗဏီကလည်း တရုတ်ကုမ္ဗဏီ အသေခိုင်း ပရောဂျက် ၂၊ ၃ ခုလောက်ကို တချိန်တည်း လုပ်ရတော့ ခေါင်းကအမြဲ မီးတောက်နေတယ်။ စိတ်ဖိစီးမှုကြောင့် ဖြစ်တယ်လို့ပဲ ယူဆလိုက်တယ်။ ကိုယ်ခံအားစနစ်က ကောင်းတဲ့ဆဲလ်တစ်ရှူးအော်ဂင်တွေကို မခွှဲခြားနိုင်တော့ဘဲ ကိုယ့်ခန္ဓာကိုယ်ကို ပြန်တိုက်တဲ့ရောဂါ။ ကုသနိုင်တဲ့ဆေး မပေါ်သေးဘူး ဆေးတွေသောက်ပြီး လူ့သက်တမ်းစေ့ နေထိုင်သွှားနိုင်တယ် အိမ်ထောင်သားမွှေး ပြုနိုင်တယ်။

ဆနွှင်း၊ Carlson Cod Liver Oil ၊ Apple Cider Vinegar
ဘယ်လိုလူတွေ ဖြစ်သလဲဆိုတော့ ငယ်ရွှယ်တဲ့ အမျိုးသမီးတွေမှာ အဖြစ်များတယ်။ ကော့ကေးရှန်းတွေ အဖြစ်နည်းတယ်တဲ့။ အဆိုတော်သရုပ်ဆောင် ဆီလီနာဂိုမက်၊ ရပ်ပါအဆိုတော် မစ်ဆီအစ်လီရက်၊ America Got Talent အစီအစဉ်တင်ဆက်တဲ့ နစ်ကင်နွှန်တို့လည်း လုပက်စ်ရောဂါ ရှိတယ်။ သူများကို မကူးစက်တတ်ပါဘူး အေအိုင်ဒီအက်စ်က ခုခံအားကျဆင်းပြီး လုပက်စ်ကတော့ ခုခံအားကောင်းလို့ ဖြစ်တာပါ။ ဘယ်အချိန် ဘယ်နေရာကို တိုက်ခိုက်မလဲ မသိနိုင်သလို တယောက်နဲ့တယောက် မတူဘူး။ အဆစ်တွေကိုက်ခဲယောင်ယမ်းမယ်၊ အရေပြားမှာ နေလောင်သလို ဖြစ်မယ်၊ မောမယ်။ တီဗွီမရှိဘူးဆိုတာ စစ်ဆေးပြီးမှ Hydroxychoroquine တိုက်တယ်။ အဲဒီဆေးက ငှက်ဖျားဆေးအဖြစ် သုံးခဲ့တာ နှစ်ပေါင်း ၃၀ အတွင်း လုပက်စ်အတွှက် FDA အတည်ပြုတဲ့ တစ်ခုတည်းသောဆေးပါ။ ဆိုးကျိုးက မျက်စိခြောက်သွှေ့လို့ မျက်စိဆရာဝန်နဲ့ ခြောက်လတစ်ခါ စစ်ဆေးရပါတယ်။ အမြဲနာကျင်ကိုက်ခဲနေပြီး မသက်သာလို့ prednisone စတိုက်ပါတယ်။ ဆိုးကျိုးက အရိုးပါးစေတာမို့ ကယ်လစီယမ် သောက်ရပါတယ်။ immunesupressive drug ကြောင့် ကိုယ်ခံအားနည်းလာပြီး shingles မီးလောင်ဖုလိုမျိုးတွေ ဖြစ်တယ်။ အစားအသောက်ပျက် ဘာမှစားမဝင် ပင်ပန်းနွှမ်းနယ် ည ၉  နာရီဆို ခေါင်းကဒေါင်ချာဆိုင်း ဒူး လက်ဆစ် ခြေကျင်းဝတ်တွေ ယောင်လို့ လမ်းလျှောက်ရင် ကွှတကွှတ လိပ်နှုန်းနဲ့လျှောက်ရတယ်။ ဘော်စတွန်ဟာဘားခရူစီးဖို့ နေပူထဲမှာ နာရီဝက်လောက်စောင့်၊ တနာရီလောက် ခေါင်မိုးထပ်ကနေစီးတော့ ပါးနှစ်ဖက်နဲ့ နှာခေါင်းမှာ နေလောင်ကွှက် butterfly rash ဖြစ်တာ တစ်နှစ်ကျော်လောက် ကုယူရတယ်။

အဲဒီကတည်းက လက်ရှည်၊ ဘောင်းဘီရှည်ဝတ်၊ ဦးထုပ်အကြီးကြီးဆောင်း၊ နေကာမျက်မှန်တပ်၊ နေကာခရမ်လိမ်းနဲ့ နေရောင်ကို သတိထားရတယ်။ အသားအရေခြောက်လို့ အဖတ်အဖတ်ကွှာတယ် ဂရစ်စလင်း လိမ်းတောင်မရဘူး။ ငှက်ဖျားဆေးကလည်း sun exposure ရှိတယ် နေရိပ်ထဲမှာနေလည်း နေကာခရမ်လိမ်းရတယ်။ နာကျင်ကိုက်ခဲတာ မသက်သာတော့ Methotrexate ကီမိုသရဖီဆေး တိုက်တယ်။ ဆံပင်ကျွှတ်တယ် တဖြည်းဖြည်း ပိန်လာတယ် လှေကား ၁၀ ထစ်တောင် မတက်နိုင်ဘူး မောလို့။ ရင်ဘတ်အောင့်တယ် အိပ်ရင် ပက်လက်ပဲအိပ်လို့ရတယ် ဘယ်ညာစောင်းလို့ မရဘူး။ အဆုတ်ကိုထိတယ်ထင်လို့ အဆုတ်ဆရာဝန်ပြတာ အဆုတ်က နည်းနည်းကျုံ့သွှားတယ် ယောင်ယမ်းပေါက်ကွှဲထားတဲ့ ဒဏ်ရာလေးတွေရှိတယ် အဆုတ်အားနည်းတယ်တဲ့။ ဒီဆရာဝန်နဲ့မဖြစ်တော့ဘူးဆိုပြီး မွှေးစားအမေ သမီးအငယ်ပြနေတဲ့ ဆရာဝန်ဆီပြောင်းတော့ ဆရာဝန်မက ပါကစ္စတန်သူ တရုတ်ဆရာဝန်က သူ့တပည့်တဲ့။ prednisone 60 mg နဲ့ ကိုယ်ခံအားကို ဖိချလိုက်တော့ မျက်နှာကြီး ဖောင်းကားလာတယ် တချိန်လုံးဆာနေ စားနေတော့ ဝိတ်တက်လာတယ် Shingles ဝင်တယ်။ နှစ်လတခါ ဆရာဝန်နဲ့တွေ့ပြီး သွှေးဖောက် prednisone ကို လျှော့တယ် ဒါပေမဲ့ ခန္ဓာကိုယ်တွှင်း ယောင်ယမ်းတဲ့ C-reactive protein CRP က အတော်လေးမြှင့်နေတယ်။ ကံကောင်းတာက ကျောက်ကပ်မထိသေးဘူး။ မကြီးညွှန်လို့ ဆရာမကြီးဒေါက်တာဒေါ်ခင်နွှယ်ဝင်း ဖေ့ဘွှတ်ကို ဖတ်တယ် ယူကျူမှာ နားထောင်တယ်။ autoimmune disease အများစုက အူမကောင်းလို့ ဖြစ်ရတာတဲ့ Probiotics သောက် မသောက်နိုင်ရင် အိမ်မှာလုပ်တဲ့ ချဉ်ဖတ်စားဆိုလို့ ပဲပင်ပေါက်ချဉ်ဖတ်၊ မုန်လာဥချဉ်ဖတ် တည်စားတယ် Probiotics သောက်တယ်။

Life Extension က ထုတ်တဲ့ဆေးတွေ ကိုယ်သောက်နေတာ
ဆရာမကြီးပြောတဲ့ ဆေးတွေအကုန်လုံးပဲ

D3 5000 ၂ လုံးသောက်တယ် Carlson cod liver oil ကို ဆနွှင်းနဲ့ တနေ့ ၂ ကြိမ်သောက်တယ်။ Apple cider vinegar ကို အစာမစားခင် ရေအေးနဲ့သောက်တယ်။ အရိုးပြုတ်ရည်သောက် gluten ရှောင် အရွှက်ပြုတ်ဖျော်ရည်သောက် ငါးကြီးဆီ Maganesium ၊ Zinc ၊ Selenium ၊Super K ၊ B12 ၊ မျက်စိအတွက် MacuGuard သောက်တယ်။ LifeExtension ဆိုဒ်မှာ ဈေးချတော့ နှလုံးအတွှက် CoQ10 ၊ အရိုးအတွက် Glocosamine Chondroitin ၊Alpha-Lipoic Acid ၊ ခန္ဓာကိုယ်ယောင်ရမ်းတာအတွက် Black Cumin Seed Oil ၊ ကင်ဆာပျောက်တယ်လို့ ပြောနေကြတဲ့ Dandelion Root သောက်တယ်။ အားလုံးက ဆရာဝန်ဆေးစာရွှက် မလိုဘဲ supplement အနေနဲ့ဝယ်လို့ရတယ်။ အဖေက ခြေထောက်နာလို့ ညတိုင်း ခြေထောက်ကို Epsom Salt နဲ့ရေနွှေးနဲ့စိမ်တယ် သက်သာတယ်လို့ပြောတယ်။ အလင်းရောင်မြင်ရင် အသံကြားရင် ချွှပ်ချွှပ်သံကြားရင် အိပ်မပျော်တဲ့ အိပ်ရေးဆတ်တဲ့ အဖေ့အတွက် အဝတ်စထဲ ဆားခါးထည့်ပြီး ခေါင်းအုံးလုပ်ပေးထားတယ် အိပ်ပျော်တယ်ဆိုပဲ။ Dr.Teals က ထုတ်တဲ့ ဆားခါး ရေချိုးဆပ်ပြာ၊ လိုးရှင်းလိမ်းတယ်။ ဆရာမကြီးပြောတဲ့အတိုင်း လိုက်နာကျင့်သုံးကြတယ်။ အလုပ်အပြောင်းအလဲဖြစ်ပြီး အလုပ်သစ်ဝင်တာ ၃ လလောက်မှာ ကျန်းမာရေး အာမခံကဒ်ရတာမို့လို့ ၆ လလောက် ဆရာဝန်မပြဖြစ်ဘူး။ အဲဒီအတွင်း ကိုက်တာခဲတာ ဘာမှမရှိဘူး တောင် ၇ မိုင်တက်နိုင်လို့ မကြီးက နင် လုပက်စ်ဖြစ်နေတယ် ဆိုလို့သာ သာမာန်လူတွေထက်တောင် ကျန်းမာသေးတယ်တဲ့။ Rheumatologist က ဘာဆေးတွေသောက်လဲမေးတော့ ဆနွှင်းနဲ့ cod liver oil သောက်တယ်ဆိုတော့ အရမ်းကောင်းတယ်တဲ့။

ရှေ့အပတ်သွှေးစစ်တဲ့ အဖြေအရ ၂ နှစ်ခွဲလောက် လုံးဝမကျတဲ့ ယောင်ယမ်းတဲ့ CRP တွေ ကျလာတယ် သွှေးအားနည်း 7.8 ပဲရှိလို့ သွှေးဆရာဝန်နဲ့ ပြခိုင်းတယ်။ မူးလဲနေမှာစိုးလို့ ဖုန်း ၂ ခါတောင် ဆက်တယ်။ ပုံမှန်ဆို 9 ရှိနေတာ ဒီတခါတော့ တအားနည်းနေလို့ ဆရာဝန်မက စိတ်ပူနေတာ လုပက်စ်က သွှေးကို တိုက်နေတယ်ထင်နေတယ်။ သွှေးအားနည်းတယ်ဆိုပေမဲ့ ကိုယ်တော့ မူးတယ်မောတယ် မခံစားရဘူး။ သွှေးအားနည်းနေတယ်ဆိုတော့ သွှေးအားကောင်းစေတဲ့ အစားအစာတွေစား Iron သောက် ခန္ဓာကိုယ်မှာ လိုအပ်တဲ့ဓာတ်တွေ ဖြည့်ပေါ့။ မျက်စိဆရာဝန်၊ နှလုံးဆရာဝန်နဲ့ပြတော့ အားလုံးကောင်းတယ်။ နှလုံးက မာမာသံတောင် မကြားရလို့ အပ်ခိုး၊ အီကေဂျီတနေကုန်တောင် မဆွဲခိုင်းတော့ဘူး။ နှလုံးဆရာဝန်မနဲ့ ဆနွှင်း သဘာဝဆေးတွေအကြောင်း ပြောဖြစ်တယ်။ သူလည်း အဲဒါတွေသောက်တယ်တဲ့။ နောက်အပတ်ကျရင် အဆုတ်ဆရာဝန်နဲ့ ပြရမယ်။ ကောင်းမယ်လို့ထင်တယ် ခု 5K ၃ မိုင် ပြေးဖို့ လေ့ကျင့်နေတာမို့ အမောခံနိုင်တယ် အဆုတ်ကောင်းတယ်လို့ ထင်တယ်။ ချစ်အမကြီးမခိုင် 5K ပြေးမယ် လိုက်မလားခေါ်တော့ လိုက်မယ်ပေါ့ ကိုယ်တိုင်ပြေးကြည့်မှ အယ်မလေး ၁ မိုင်တောင် မနည်းပြေးရတယ် ၃ ခါလောက် နားပြီးတော့။ နောက်တော့ 5 K အတွက် ဘယ်လိုပြင်ဆင်ရမလဲ ဆောင်းပါးတွေဖတ်တော့ ဖိနပ်ကအရေးကြီးတယ်။ အားကစားပစ္စည်းတွေ ရောင်းတဲ့ဆိုင်မှာ မဝယ်ဘဲ အပြေးအတွှက် သီးသန့်ရောင်းတဲ့ဆိုင်မှာ ဝယ်ပါတဲ့။ Jack Rabbit ဆိုင်ကိုသွှားပြီး ငါ 5K အတွှက် လေ့ကျင့်နေတယ် ဈေးသိပ်မကြီး ပေါ့တဲ့ဖိနပ်ပေးပါလို့ပြောတော့ ခြေထောက်ကိုတိုင်း Treadmill မှာ လမ်းလျှောက်ခိုင်း ဆိုင်ထဲမှာ လမ်းလျှောက်ခိုင်း ကိုယ်ရဲ့ခြေထောက်ပုံစံ လမ်းလျှောက်တဲ့ပုံစံကိုကြည့်ပြီး သင့်တော်တဲ့ဖိနပ် ၄၊ ၅ ရံ လာချပေးတယ်။

5K run အတွက် အပြေးဖိနပ်
Nike Zoom Structure 20 ဖိနပ်အသစ်နဲ့ အရင်ကထက် ပြေးနိုင်လာတယ်။ ခြေအိတ်လည်း အရေးကြီးတယ် ခန္ဓာကိုယ်က တဖြည်းဖြည်း လေ့ကျင့်ရင် ရပါတယ်။ ၃ မိုင်ကို မိနစ် ၄၅ ၊ ၅၀ မိနစ်လောက် ပြေးရတယ်။ MapMyRun Apps ကို သုံးပါတယ် တပတ် ၃ ရက် ပိတ်ရက်တွေမှာရော အားရင်အားသလို သွှားပြေးတယ်။ ဖုန်းကျမကွှဲအောင် လက်မှာပတ်ထားတဲ့ဟာ၊ Sport bra နဲ့ပြေးတဲ့ gear တွေ ဝယ်ရသေးတယ်။ အောက်တိုဘာ ၇ ရက်နေ့မှာ 5K run မှာပါ ပန်းဝင်ခဲ့ရင် ဆုတံဆိပ်ကို ကြွှားမယ်နော်။ အဆုတ်ဆရာဝန်နဲ့ တွေ့ပြီးမှပဲ ကိုယ်ထင်တာတွေ မှန်မမှန် သိရမယ်။ ၃ မိုင် ပြေးပြီးရင် တောင်ထိပ်က မြက်ခင်းစိမ်းစိမ်းလေးမှာ ဖိနပ်မပါ၊ ခြေအိတ်မပါဘဲ ၁၀ မိနစ်လောက် လမ်းလျှောက်တယ် ဆရာမကြီးပြောတဲ့အတိုင်း မြေကြီးဓာတ်ယူတာ။ မကြီးက သိုင်းရွှိုင်းတစ်လုံး ထုတ်ထားတယ် ဆရာမကြီးပြောတဲ့ သိုင်းရွှိုက်ဆေးသောက်တာ ဆံပင်ကျွှတ်တာ သက်သာတယ် အမောခံနိုင်လာတယ်တဲ့။ အဖေအမေလည်း ယူအက်စ်ကိုလာတော့ ပန်းသီးရှလကာရည်၊ ဆနွှင်းနဲ့ cod liver oil ကို မျက်စိမှိတ် သောက်ကြတယ်။ မြန်မာပြည်ပြန်ရောက်တော့ ပန်းသီးရှလကာရည် ဝယ်သောက်တယ်တဲ့။ ကိုယ်ကျန်းမာရေး ကောင်းလာတာ မြင်ရတော့ ဆရာမကြီးကို သိပ်ကျေးဇူးတင်ကြတယ်။ Rheumatologist  တွေက prednisone ကို တိုးလိုက်လျှော့လိုက် တိုက်ကြတာပါ။ ကိုယ်ကျန်းမာလာတာ ဆရာမကြီး ညွှန်ကြားတဲ့အတိုင်း နေထိုင်စားသောက်လို့ပါ။

ဆရာမကြီးက သူပြောတာတွေ ယုံလို့လည်း မပြောဘူး လိုက်လုပ်ကြည့် အဆင်ပြေရင်ဆက်လုပ် အဆင်မပြေရင် ရပ်လိုက်။ MMR ဆေးနဲ့ အော်တစ်ဇင် ဆက်နွှယ်ချက် သုတေသနတွေ့ရှိချက်ကို ရှယ်တာပါ သူ့မြေးလည်း အဲဒီဆေး မထိုးမနေရလို့ ပြောပြီးသား။ အဲဒါကို ဘာဖြစ်တယ် ညာဖြစ်တယ်နဲ့ အပြစ်တင်ရေးသားချက်တွေကို တွေ့ရတော့ အတော်စိတ်မကောင်းဘူး။ မြန်မာလူမျိုးတွေဟာ ကင်ဆာအဖြစ်အများဆုံး ကင်ဆာမဖြစ်အောင် ကျန်းမာအောင် ဘယ်လိုနေထိုင် စားသောက်ရမယ်ဆိုတာ စေတနာနဲ့ဟောပြောတော့လည်း အပြောခံရတယ် စေတနာနဲ့မတန်တဲ့သူတွေ အတော်စိတ်ပျက်စရာပဲ။ ကိုယ်တွေကတော့ ဆရာမကြီးကြောင့် ရောဂါသက်သာလာတာ ကိုယ်တွေ့ဆိုတော့ ဆက်လုပ်သွှားမယ်။ လုပက်စ်အတွက် သတင်းကောင်းတစ်ခုကတော့  ရှိပြီးသားဆေးတစ်မျိုးနဲ့ ဆေးအသစ်ကို ကြွှက်တွေမှာ စမ်းသပ်ကြည့်တာ အောင်မြင်တယ်လို့ ဆိုပါတယ်။ နှစ်အနည်းငယ်အတွှင်းမှာ ဆေးအသစ်ကို လူတွေမှာ Trial စမ်းသပ် အောင်မြင်ရင် FDA အတည်ပြုချက်ရယူပြီး အန္တာရာယ်အနည်းဆုံး ဈေးသက်သက်သာသာနဲ့ ဖြန့်ဖြူးနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ ဆေးအသစ် မထွက်ခင် ဆရာမကြီးပြောသလို ခန္ဓာကိုယ်ကြီး မယောင်ရမ်းအောင် သံချီးမတက်အောင် ကိုယ်ခံအားတွေ ကောင်းအောင်လုပ်ပြီး ကျန်းမာအောင် နေသွှားကြရအောင်။

စန်းထွန်း
သြဂုတ် ၂၀၊ ၂၀၁၇။

ရေးခဲ့ပြီးတာတွေက
Lupus - ၁
Lupus  - ၂
Living with Lupus - 1 
Living with Lupus  - 2
Living with Lupus - 3 
Living with Lupus - 4 

Lupus Cure News
http://www.achieveclinical.com/news/cure-lupus-coming-soon/

Autoimmune disease အတွှက် Dr.Axe ရေးထားတဲ့ ဆောင်းပါး
https://draxe.com/4-steps-to-heal-leaky-gut-and-autoimmune-disease/
https://draxe.com/top-5-lupus-natural-treatment-remedies/

ကိပ်ကော့သွှား တောလား - ၄

၃ ရက်ခရီးစဉ်ရဲ့ နောက်ဆုံးနေ့ရာသီဥတုခန့်မှန်းချက်ကို ကြည့်လိုက်တော့ မိုးရွှာမယ်တဲ့ ကောင်းကင်ကို ကြည့်လိုက်တော့ တိမ်ထူပြီး မှောင်မှိုင်းနေတယ်။ ဟိုတယ်ကနေ မာတာဘင်းရပ်ကျွှန်းဆီသွှားမဲ့ ဖယ်ရီကိုစီးဖို့ မက်ဆာချူးဆက်ပြည်နယ် Flamouth မြို့လေးကို နာရီဝက်လောက် မောင်းရပါတယ်။ တန်းစီပြီး ခုံကိုရွှေးတော့ မြင်ကွှင်းရှုခင်းကောင်းတဲ့ အပေါ်ထပ်ကို မရွှေးတော့ဘူး အောက်ထပ်လေလုံ ပလတ်စတစ်အကြည်ရောင် ကာထားတဲ့ဦးပိုင်း လေလုံတဲ့နေရာမှာ ရွှေးထိုင်လိုက်ကြတယ်။ တရုတ်အဘွှားကြီးက လွှတ်နေတဲ့ ကိုယ်တို့ဘေးနားမှာ လာထိုင်ချင်တဲ့ပုံ ပေါက်နေတော့ လာထိုင်လေလို့ ခေါ်လိုက်တယ်။ အသက် ၂၅ နှစ်အထက်လောက် ရှိပုံရတဲ့ သူ့မြေး ၂ ယောက်ကိုပါ ထိုင်ခိုင်းမဲ့ပုံပေါက်နေတော့ ကိုယ်တို့တွေ ထပေးရမဲ့ပုံပဲလို့ တိုးတိုးလေး ဟားကြသေးတယ်။ မျက်နှာချင်းဆိုင်မှာ အမေရိကန်အဘွှားကြီးတွေ ထိုင်နေကြတာကို တရုတ်မကြီးတွေက ဘာမပြောညာမပြော ဝင်ထိုင်ကြတာ မကြိုက်တဲ့ပုံပဲ။ သူ့မြေးမက နေရာကောင်းရသွှားတော့ သူ့အဘွှားကို လာထိုင်ခိုင်းတယ် သူက ကိုယ်တို့ဘေးနားက သူ့အဘွှားနေရာမှာ လာထိုင်တယ်။ မနေ့က ကိုယ်ရိုက်ထားတဲ့ ဝေလငါးဗွီဒီယိုတွေကြည့်ပြီး မင်းရိုက်ထားတာ ဝေလငါးလည်း မတွေ့ဘူး ဘာတွေရိုက်ထားမှန်းလည်း မသိဘူးတဲ့။ ဟုတ်ပါတယ် ကိုယ်က ဗွီဒီယိုကို အသေအချာရိုက်တာ မဟုတ်ဘူး ဝေလငါး ပေါ်လာမယ်ထင်တဲ့ နေရာကို ဗွီဒီယိုရိုက်နေရင်း ငေးချင်ရာငေးနေတာ။ ဝိုင်းကတောင် လှိုင်းမူးလို့အိပ်နေတုန်း တချက်လေး ခေါင်းထောင်ကြည့်လိုက်တဲ့အချိန် ဝေလငါးအမြီးကို မြင်လိုက်ရသေးတယ်တဲ့။ အဲဒီတုန်းက ကိုယ်က ညာဖက်အခြမ်းမှာ တိုးဂိုက်မလေး ကြေငြာတာ ကြားလိုက်ရတယ်။

ဆယ်မိနစ်လောက် မောင်းပြီးတော့ လှိုင်းတွေပုတ်လို့ သင်္ဘောကနိမ့်လိုက်မြင့်လိုက်။ ဝိုင်းက ထိုင်ခုံမှာ မထိုင်နိုင်တော့ဘူး အမှိုက်ပုံးဘေးနားမှာ သွားရပ်နေတယ်။ အန်ချင်လာရင် ထိုးအန်လို့ ရအောင်လို့တဲ့။ သူ့လိုပဲ ၄၊ ၅ ယောက်လောက် အမှိုက်ပုံးဘေးနားမှာ သွားရပ်နေတယ်။ တရုတ်အန်တီကြီးတစ်ယောက်ကတော့ လှိုင်းမူးလို့အန် သူ့အမျိုးသားက ကျောကုန်းကိုထုပေး မျက်ရည်တွေထွက်။ လေကထန် မိုးကရွှာ လှိုင်းကကြီးဆိုတော့ ရှုခင်းအလှကိုလည်း မခံနိုင်တော့ဘူး။ ရာသီဥတုသာ သာယာရင် အင်မတန်လှတဲ့ကျွှန်း ပင်လယ်ပြာပြာ တောတောင်စိမ်းစိမ်း သင်္ဘောလေးတွေနဲ့။ တခြားတိုးကားက နယူးယောက်မှာနေတဲ့ ဂျမေကာလူမျိုး အန်ကယ် အန်တီကြီး ၅ ယောက်၊ ကိုယ်တို့၂ ယောက်၊ မက်ဆီကန်မလေး ၄ ယောက်အတွက် ဗန်ကားသေးသေးလေးက စောင့်နှင့်နေပါတယ်။ ကျန်တဲ့တရုတ်တိုးတွေကတော့ တိုးကားအကြီးကြီးနဲ့ ချီတက်ကြပါတယ်။ တခြားတိုးကားက တိုးဂိုက်မလေးက ဟယ်လင်တဲ့ အဖေ၊အမေတို့နဲ့ ဒီစီ၊ နိုင်အာဂရာရေတံခွန်ကို သွားတုန်းကတိုးဂိုက်မလေး။ အာကာသပြတိုက်မှာ လည်ပြီးတော့ တိုးကားကို ရှာမတွေ့လို့ နောက်ကျနေတာကို ကိုယ့်ကိုမစောင့်ဘဲ တက္ကစီနဲ့ ပတ်တိုးမတ်ခရူသင်္ဘော စီးမဲ့နေရာကို လာခိုင်းတဲ့ တိုးဂိုက်မလေး။ အဲဒီတုန်းက ခြေထောက်ပတ်တီးနဲ့မို့ Watkins Glen အမျိုးသားဥယျာဉ် တောင်ဆင်းလမ်းကို ၁ မိုင်ဆင်းရတဲ့အချိန် မဆင်းနိုင်တာမို့ လက်ထောက်ဂိုက်မလေးတစ်ယောက်ကို ခေါ်ခဲ့တယ်။ အရပ်ရှည်ရှည် ပိန်ပိန်သွှယ်သွှယ်နဲ့ ချောမောသလို ခရီးသည်တွေကိုလည်း အတော်ဂရုစိုက်တယ်။


ဗင်ကားလေးမောင်းပြီး မာတာဘင်းရပ်ကျွှန်းတဂိုက်ကို လိုက်ပြတဲ့တိုးဂိုက်က အမေရိကန်အန်ကယ်ကြီး အသက် ၆၀ ကျော်လောက်ရှိပြီ။ ဟာသနှောပြီး ရယ်စရာတွေပြော ကျွှန်းအကြောင်းတွေလည်း သေသေချာချာ ရှင်းပြတယ်။ ဘယ်နှစ်ကျွှန်း ဘယ်နှစ်မြို့ရှိတယ်လို့ ရှင်းပြပေမဲ့ မမှတ်မိတော့ဘူး။ ဟယ်လင်တိုးဂိုက်မလေးက ဘယ်နေရာတွေကို လိုက်ပြလို့ ပြောပေမဲ့ ဒီ့ထက်စုံအောင် လိုက်ပြပေးမယ် အဲဒီကားပေါ်ကလူတွေ ထိုင်ငိုသွှားစေရမယ် ဟေး......။ ကျွှန်း ‌ေ ပေါ်က အိမ်လေးတွေက တကယ်ချစ်စရာကောင်းတယ်။ ဒီကျွှန်းမှာ အိမ်ဈေးတွေ ဘယ်လောက်ရှိလဲ အိမ်ငှားခဆိုပါတော့လို့ ဂျမေကာအန်တီကြီးကမေးတော့ တိုးဂိုက်အန်ကယ်ကြီးက ဘယ်ရာသီကို မေးတာလဲ ဒီမှာက အိမ်ငှားခက ရာသီပေါ်မူတည်တယ်။ နွှေရာသီဆို ၄ ထောင်လောက်ကို လူအများကြီးနဲ့ ရှယ်နေရမယ် ဆောင်းရာသီဆို ၁ ထောင်လောက်နဲ့ရတယ်။ ဒီ zip code ရပ်ကွှက်ကုတ်နံပါတ်က အိမ်ခြံမြေဈေးကွှက် ဈေးကြီးတဲ့စာရင်းထဲမှာပါတယ်။ ဒါက ရဲရုံး၊ ဆေးရုံ၊ ဒီအိမ်က ရဲမင်းကြီး ဘယ်သူ့အိမ်။ အိုဘာမား ဂေါက်ရိုက်ခဲ့တဲ့နေရာကို ပြပါဦး။ ဒါကတော့ သိုးခြံ မျိုးရိုးလေးဆက် လုပ်ကိုင်လာတာ။ မီးပြတိုက်ကို ဝင်လည်ပြီး ဓာတ်ပုံရိုက် မိုးကရွှာ လေကတအားတိုက်တော့ ထီးမလွှင့်သွားအောင် သေသေချာချာ ကိုင်ထားရတယ်။ မီးပြတိုက်က ခုထိအလုပ်လုပ်နေတုန်းထင်တယ် မီးကလည်နေတယ်။ တောင်ထိပ်ကနေ မြင်ရတဲ့ရှုခင်းက အင်မတန်လှတယ်။

မင်္ဂလာဆောင်ဓာတ်ပုံတွေ အရိုက်အများဆုံး နံပါတ်တစ်က ဟာဝိုင်အီ၊ နံပါတ်နှစ်က မာတာဘင်းရပ်တဲ့။ Acceories တွေရောင်းတဲ့ဆိုင်၊ နေးတစ်အင်ဒီယန်းတွေ လက်မှုပစ္စည်း၊ လက်ဝတ်ရတနာတွေရောင်းတဲ့ဆိုင်၊ ကော်ဖီဆိုင်တွေ ရှိပေမဲ့ ဝင်မကြည့်ဖြစ်တော့ဘူး။ ချမ်းလို့ ကားနားမှာစောင့်နေပေမဲ့ ကားကမဖွင့်သေးဘူး တိုးအန်ကယ်ကြီး မရောက်သေးဘူး။ ဝိုင်းက အိမ်သာသွား ပြန်ရောက်လာတော့ တိုးအန်ကယ်ကြီးရောက်လို့ တံခါးဖွင့် ကားပေါ်တက်ထိုင် အားလုံး ချမ်းနေကြတယ်။ အချိန်စေ့ပေမဲ့ မက်ဆီကန်မလေးတွေ မလာသေးလို့ ဘေးဘီကို ရှာဖွေကြတော့ ဟိုးအဝေးမှာ ဓာတ်ပုံရိုက်နေကြတုန်း။ သူတို့ဆီကို ကားမောင်းပြီး လိုက်ခေါ်ရတယ် အဲဒီလို အချိန်မတိကျတဲ့သူတွေကို ဝိုင်းက သိပ်အမြင်ကပ်တာ။ ရာသီဥတု သာယာလို့ဆို ထားပါတော့ မိုးကရွှာ လေကထန်နေရတဲ့အထဲ ဝါသနာကိုး။ မာတာဘင်းရပ်မှာ အင်တာနက်စစ်ကနယ် သိပ်မမိဘူး ဖုန်းကိုထောင်ပြီး ဟိုရွှေ့ဒီရွှေ့စစ်ကနယ်လိုက်ရှာနေတာ မာတာဘင်းရပ်သားတွေရဲ့ အလုပ်တခုပါတဲ့။ မီးပြတိုက်မရောက်ခင် တလမ်းလုံး ကိုယ်က အိမ်ငိုက်တယ် ကားမူးလို့နဲ့တူပါရဲ့။ ဝိုင်းက ကိုယ်ဘာလို့ မျက်လုံးတချိန်လုံး မှိတ်နေပါလိမ့်လို့ တွေးနေတာတဲ့။ မီးပြတိုက်ပြီးရော ဝိုင်းက အိပ်ငိုက်တော့တာပဲ။ နောက်ကျနေပြီမို့ ဖြတ်လမ်းကမောင်းတယ် လမ်းက ဗွက်တွေ၊ ချိုင့်တွေနဲ့ဆိုတော့ ဂလုံးဂလွှမ်းမြည် ကိုယ်တို့လည်း ထိုင်ခုံကနေ လေထဲမြောက်ခနဲ မြောက်ခနဲ။ မင်းတို့တိုင်းပြည်မှာ ဒီလိုလမ်းမျိုးရှိသလားလို့ တိုးဂိုက်အန်ကယ်ကြီးကမေးတော့ အိုး သိပ်ရှိတာပေါ့လို့ ဖြေကြတယ်။


ဆုံရပ်ရောက်တော့ ဟယ်လင်တို့အုပ်စုက ရောက်နှင့်နေပြီ။ ဟယ်လင်က ပြေးလာပြီး တိုးဂိုက်ကို တကျပ်၊ ၂ ကျပ် တစ်ဖ်ပေးကြပါလို့မှာတယ်။ ဝိုင်းက တစ်ဖ်ပေးသင့်တယ်လို့ ပြောလို့ ကိုယ်က ၂ ကျပ် ထုတ်ထားပြီးသား။ ကိုယ်တို့ဂိုက်ကတော့ တုပ်တုပ်မှမလှုပ် ဟယ်လင်နဲ့များ ကွှာလိုက်တာ။ နေ့လည်စာစားဖို့ ၂ နာရီအချိန်ပေးတော့ အေးရှန်းစာရှာတာ မတွေ့တာနဲ့ တိုးဂိုက်ညွှန်းတဲ့ဆိုင်မှာ သွားစားတော့ မိနစ် ၂၀ စောင့်ရမယ်တဲ့ ဘားမှာထိုင်နေတဲ့ တိုးဂိုက်ကလာပြီး သူ့ခရီးသွှားတွေမို့ နေရာရအောင် လုပ်ပေးပါလို့ ဝိတ်တာမလေးတွေ ပြောပေမဲ့ နေရာမှမရှိတာ။ ဘားမှာထိုင်ပြီး စားလို့ရတယ်လို့ အကြံပေးတော့ ဘားမှာသွှားထိုင်ပြီး ဆူရှီလိပ်နဲ့ ငါးဆာရှစ်မီ မှာစားတာ တကယ်ကောင်းတယ်။ ကျွှန်းဆိုတော့ ငါးတွေက အရမ်းလက်ဆတ်တယ်။ စားကောင်းတာနဲ့ Eel ဆူရှီလိပ် ထပ်မှာစားကြတယ်။ ကိုယ်တို့ရှေ့က စားဖိုမှုးက ချက်ချင်းလုပ်ပေးတာ။ စားဖိုမှုးတွေကို ဂျပန်လို့ထင်နေတာ တရုတ်ဖြစ်နေတယ်။ စားပြီးတော့ စားဖိုမှုးကို အရမ်းအရသာရှိကြောင်း စားကောင်းကြောင်းပြောပြီး ကမ်းခြေနားကို လမ်းလျှောက်။ လေတိုက်ပြီး အရမ်းအေးလာလို့ အမှတ်တရပစ္စည်းတွေ ရောင်းတဲ့ဆိုင်ထဲဝင်ပြီး ဝင်းဒိုးလျှော့ပင်းလုပ်ပြီး နွှေးအောင်လုပ်။ မေလကုန်ခါနီးနေပြီ ရာသီဥတုက အေးချင်နေတုန်း။ တိုးကားကလူတွေ ဝင်နေကြတဲ့ ကော်ဖီဆိုင်ကိုဝင်တော့ ကော်ဖီနံ့က မွှေးလွှန်းလို့ သောက်မလားမှတ်တယ်  ထိုင်ခုံမရတာနဲ့ မသောက်ဖြစ်တော့ဘူး။ ၁၀ မိနစ်လောက် အချိန်ကျန်သေးတော့ ဟိုဖက်ခြမ်းက ဆိုင်တွေကို သွှားကြည့်မလားမှတ်တယ် ဆိုင်ရှေ့မှာ ထိုင်ခုံရထားတော့ မထချင်တော့ဘူး။

တိုးဂိုက် လာခေါ်တော့ ဖယ်ရီဆီ ချီတက်ကြတယ် လူတွေက အများကြီးဆိုတော့ ထိုင်ခုံနေရာမရဘူး။ ဝိုင်းကတော့ သူ့အခြေအနေကိုသိလို့ အမှိုက်ပုံးဘေးနားကနေ တဖဝါးမှ မခွာဘူး ကိုယ်ကတော့ လူသိပ်မကျပ်တဲ့ အိမ်သာအနီးမှာ။ ကိုယ့်ကို လာလာမေးကြတယ် အိမ်သာအတွက် တန်းစီနေတာလားတဲ့။ ကိုယ်ရှေ့က တယ်ရီယာ ခွှေး ၂ ကောင်မှာ တကောင်က တကိုယ်လုံး တဆတ်ဆတ်တုန်ကာ ကြောက်နေလို့ သူ့သခင်က ပွှတ်သပ်ပေးနေရတယ်။ Golden Retriever ခွှေးလေးတစ်ကောင်ကတော့ အင်မတန် ချစ်စရာကောင်းတယ် သခင်နားမှာ ငြိမ်ဝပ်နေတယ်။ သူ့ကို အားလုံးက ချင်ခင်စိတ်နဲ့ ပြံပြုံးကြည့်ကြတယ်။ ကိုယ်လည်း ခွှေးလေးတစ်ကောင်လောက် လိုချင်ပေမဲ့ ခွှေးမကျောင်းနိုင်တာရယ်၊ ပြောင်းရွှေ့နေရတယ်နဲ့ မမွှေးနိုင်သေးဘူး။ လစဉ်အာမခံကြေး၊ ခွှေးအစားအစာ၊ ကာကွှယ်ဆေး၊ အသုံးအဆောင်ပစ္စည်းတွေ ဈေးကြီးမှကြီး ခွှေးတစ်ကောင်ရဲ့ စရိတ်က မနည်းဘူး။ ဝိုင်းက ကျွှန်းမှာ နေရတာ ပျင်းစရာကြီး သူ့တော့ မနေနိုင်ပါဘူး အသက်ကြီးလာရင်လည်း မြို့လယ်ကောင်မှာပဲ နေချင်တာတဲ့။ ကိုယ်ကတော့ ဟိုင်းကြီးကျွှန်းမှာ ကြီးပြင်းခဲ့တဲ့သူဆိုတော့ ပျင်းစရာကောင်းတယ်လို့ မထင်ဘူး။ အပြင်ကလူတွေကတော့ ပျင်းစရာကောင်းတယ်ထင်ပေမဲ့ ကျွှန်းသူကျွှန်းသားတွေကတော့ သူ့နည်းသူ့ဟန်နဲ့ ပျော်နေကြတာပဲလေ။ ကျေးရွှာကလူတွေက ရိုင်းပင်းကူညီကြတယ် တယောက်ကိုတယောက်လည်း သိနေကြတယ် ဆိုတော့လေ။ မြို့ကြီးတွေကတော့ လူငယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်း ပေါများပေမဲ့ အငြိမ်းစားယူရင်တော့ နယ်မြို့လေးတွေမှာ နေချင်တယ်လို့ ကိုယ်ပြောတော့ ဝိုင်းက အငြိမ်းစားယူမှ မြို့မှာ ပိုနေရမှာ မြို့မှာဆို ပြဇာတ်တွေ၊ အနုပညာပြပွှဲတွေ ရှိတယ်လေတဲ့။ တယောက်တမျိုးစီ တွေးကြတာပေါ့လေ ကိုယ်တွေးတဲ့အတိုင်း၊ ကြံစည်ထားတဲ့အတိုင်း၊ မျှော်လင့်ထားတဲ့အတိုင်း ၊ ဖြစ်ချင်တဲ့အတိုင်း ဖြစ်ချင်မှလည်း ဖြစ်လာမှာကိုး။

စန်းထွန်း
သြဂုတ် ၁၃၊ ၂၀၁၇။

ကိပ်ကော့သွား တောလား - ၃

Plimoth Grist Mill ကနေ ဝေလငါး သွားကြည့်မဲ့ Plymouth မြို့ကို နာရီဝက်သာသာလောက်ပဲ မောင်းရပါတယ်။ နေ့လည်စာစားပြီး ၁၂ နာရီ ၄၅ မှာ ဒီမှာပြန်ဆုံမယ်လို့ တိုးဂိုက်ကမှာပြီး နေ့လည်မှာစားဖို့ ရှာကြတော့ စားသောက်ဆိုင်တွေက ဈေးကြီးပြီး အတော်လေး စောင့်ရမဲ့ပုံ ရှိနေတော့ တိုးဂိုက်ညွှန်တဲ့ ဈေးမှာပဲ နေ့လည်စာစားမယ်လို့ ဆုံးဖြတ်လိုက်ကြတယ်။ ဈေးဆိုလို့ ဆိုင်ခန်းတွေရှိတဲ့ ဈေးလို့ထင်ရင် မှားပါလိမ့်မယ် ဈေးဆိုင်လေးက ဆိုင်သေးသေးလေးပါ။ ပုဇွှန်ကြော်နဲ့ထမင်း၊ ဆော်လမွန်ငါးနဲ့ အာလူးကြော် မှာပြီး ထိုင်ခုံနေရာရှာတာ မရဘူး။ ကိုယ်ညွှန်လို့ ၆ ယောက်ထိုင်ခုံမှာ တစ်ယောက်တည်း ထိုင်နေတဲ့ တရုတ်မကို ရှယ်ထိုင်လို့ရမလားလို့ ဝိုင်းက သွားမေးတာ မရဘူးတဲ့။ အတော်ရိုင်းတဲ့ တရုတ်မ ရှယ်ထိုင်ရမယ်ဆိုတာ မသိဘူးလား ဘာလားနဲ့ အတော်ဒေါပွ လိုက်ရသေးတယ်။ ကိုယ့်နောက်က မှာတဲ့သူတွေတောင် ရနေပြီ ကိုယ်တို့က မရသေးပါလား။ သွှားမေးတော့ ဆော်လမွန်ငါးကို ကင်တာမှာတာလား၊ ကြော်တာမှာတာလား။ ကင်တာမှာထားတာ အဲဒါဆို မိနစ် ၂၀ စောင့်ရမယ်တဲ့ တိန်။ စောင့်နေတုန်း ထိုင်ခုံလိုက်ရှာတော့ ဟိုအန်တီကြီးက လေးယောက်ထိုင်ခုံမှာ တစ်ယောက်တည်း ထိုင်နေတယ် သွားမေးရအောင်။ သွားမေးမနေနဲ့ထိုင်ခုံမှာ တစ်ရှူးလေးတွေ ချထားတယ်တွေ့လား အဲဒါ ၃ ယောက်ထိုင်မယ်လို့ စင်ကနယ်ပြထားတာ။

ထိုင်ခုံမရလေ တရုတ်မကို ဒေါသထွက်လေ တရုတ်မကို မျက်စောင်းထိုးကြည့်။ တရုတ်မက ကိုယ်တို့ ဒေါသအလိပ်လိုက် ထွက်နေမှန်းတောင် မသိဘူး သူ့ကိုကိုနဲ့ အကြည်ဆိုက်လို့။ လူလိုမသိတတ်တဲ့ တရုတ်မ ရုပ်လှပြီး စိတ်ပုပ်လိုက်တာ အေးလေ။ အဲဒီလို ထိုင်ခုံနေရာ မပေးတာနဲ့ ကိုယ်တို့တွေ ကြိမ်ဆဲနေလိုက်ကြတာ။ ဘော်စတွန် ကွင်စီဈေးမှာ ညနေစာစားတော့ ဒီထိုင်ခုံမှာ ဘယ်နှစ်ယောက်ထိုင်သလဲလို့ မင်းမေးတော့ ရှေ့ကကောင်မလေးက ၂ ယောက်လို့ ပြန်ဖြေတာကို မင်းက နားမလည်လို့ ထပ်မေးတာကို ဘေးမှာထိုင်နေတဲ့သူက မင်း ဝင်ထိုင်လို့ရတယ်လို့ပြောတာ မှတ်မိလား အဲဒီလို ဖြစ်ရမှာပေါ့ တတ်နိုင်သလောက် နှုတ်နဲ့စောင်မရမှာပေါ့။ စားစရာတွေကို to go အပြင်မှာစားမယ်လို့ ပြောလိုက်တော့ စက္ကူအိတ်တွေနဲ့ ထုပ်ပေးလိုက်တယ်။ နေရောင်အရမ်းခံလို့ မရတဲ့ကိုယ့်အတွှက် ဝိုင်းက စဉ်းစားပြီး နေရိပ်တဲ့နေရာ ရှာနေတာ မတွှေ့တာနဲ့ ဝိုင်းရေ မရှာနဲ့တော့ နေက အရမ်းမပူဘူး နေလောင်ခံခရမ်၊ လက်ရှည်၊ ဦးထုပ်ဆောင်းထားတယ် ဒီမှာပဲ စားရအောင်ဆိုပြီး ဆိုင်ဘေးနားက တံတားပေါ်မှာ စားလိုက်တော့တယ်။ အတော်လေး စောင့်ရတဲ့ ဆော်လမွှန်ကင်မို့ထင်တယ် စားကောင်းသား။ ဆော်လမွှန်ကင်ကို ပါတဲ့သံပုရာသီး ဖြန်းလိုက်တော့ ဝိုင်းက မစားတော့ဘူး သူက ဆော်လမွှန်ငါးကို ဒီအတိုင်းပဲ စားတာတဲ့။ ၁၂ နာရီ ၄၀ ရှိနေပြီ ဆိုင်ရှေ့မှာ လူတွေလည်း မတွေ့ပါလား ဆိုင်ရှေ့မှာ ကိုယ်တို့လို ယောင်နေတဲ့ အန်တီကြီး ၂ ယောက်တွေ့တယ်။ ရှေ့ခပ်လှမ်းလှမ်းမှာ လူတန်းရှည်ကြီးတွေ့တယ် ဝေလငါးသင်္ဘောကို တန်းစီနေကြတာလား မသိဘူး။

လှိုင်းလေထန်တဲ့ ဝေလငါးသင်္ဘော ၄ နာရီ မစီးခင်ကတော့ အဲဒီလို ပြံ ုးနိုင်တာပေါ့လေ

သွားကြည့်တော့ ဟုတ်ပါ့ တိုးဂိုက်က လက်မှတ်တွေ ဝေနေတယ်။ တိုးဂိုက်က ဒီဆိုင်ရှေ့မှာ ဆုံမယ်လို့ ပြောလိုက်တာမလား အေး ဒီတိုးဂိုက် အင်္ဂလိပ်စကားကို မရှင်းမလင်း ပြောပုံနဲ့တော့ ဒုက္ခပါပဲ။ ဟိုအန်တီကြီး ၂ ယောက်ကို တိုးဂိုက် သွှားခေါ်တယ်။ အပေါ်ထပ် သင်္ဘောဦးမှာ နေရာရတယ်။ မြို့လေးက သာသာယာယာရှိတဲ့ ပင်လယ်ဆိပ်ကမ်းမြို့လေး။ ကိုယ့်ဇာတိ ဟိုင်းကြီးကျွှန်းနဲ့တောင် တူတယ်။ သင်္ဘောစထွက်တာနဲ့ လေတအားတိုက်လို့ ကုပ်နေရတယ်။ မိနစ် ၂၀ လောက်ကြာရော မခံနိုင်တော့ဘူး နောက်ခုံကို သွားထိုင်ရတယ်။ နောက်ခုံမှာလည်း လူတွေ မရှိတော့ဘူး ချမ်းလို့ လေလုံတဲ့ အောက်ထပ်ကို ဆင်းပြေးကြပြီ။ လေထန်ပြီး လှိုင်းရိုက်လို့ ချွှဲချွှဲစို အစီအစဉ်ပြောပြသူ ကောင်မလေးက ကပ္ဗတိန်ကို ပြောပြလို့ ကပ္ဗတိန်က လမ်းကြောင်းနည်းနည်း ပြောင်းလိုက်တော့ လှိုင်းပုတ်တာ သက်သာသွားတယ်။ ဒါပေမဲ့လည်း လေထန်လို့ သင်္ဘောက နိမ့်လိုက်မြင့်လိုက် သင်္ဘောမစီးဘူးတဲ့သူအတွက်ဆို ကြောက်စရာကြီး။ ကိုယ်ကတော့ ဟိုင်းကြီးကျွှန်းသူဆိုတော့ ဟိုင်းကြီးနဲ့ ပြင်ခရိုင် သင်္ဘောစီးရင် အဲဒီလိုမျိုး လှိုင်းကြီးလေထန်တာကို ကြုံဖူးနေကျဆိုတော့ အေးဆေးပဲ။ ဝိုင်းက မူးလို့အောက်ထပ်ဆင်းရအောင်တဲ့။ လှိုင်းထန်လို့ အတော်လေး သတိထားပြီး ဆင်းရတယ်။ ထိုင်ခုံအလွှတ်တွေ့လို့ အားလားလို့ မေးတာကို အဖြေမစောင့်နိုင်တော့ဘူး ဝိုင်းက ထိုင်ချပြီး လက်ပေါ်မှာ ခေါင်းကိုမှောက်တင်ပြီး တချိုးတည်း အိပ်တော့တာပဲ။

လေလုံခန်းထဲမှာ ထိုင်နေရတာ မူးလာလို့ အပေါ်တက်တော့မယ်ဆိုပြီး တက်လာခဲ့တယ်။ ၂ နာရီလောက် မောင်းပြီးတဲ့အခါ ဝေလငါးတွေ ကျက်စားတဲ့ ရေနက်ပိုင်းကို ရောက်လာပြီမို့ ဝေလငါးတွေ သတိထားပြီး ရှာကြပါတယ်။ ပေါ်လိုက် ပျောက်သွားလိုက် နှာခေါင်းကနေ ရေတွေမှုတ်ထုတ်တာတွေ မြင်ရပေမဲ့ တကိုယ်လုံးတော့ မမြင်ရဘူး။ ဝေလငါးကို မြင်ရဇောနဲ့ကိုယ်တို့လည်း ဟိုဖက်ပြေးလိုက် ဒီဖက်ပြေးလိုက်နဲ့ ဖတ်ဖတ်ကိုမော။ ဝေလငါးအမြီးထောင်ပြီး ထိုးဆင်းသွားတာက ဘယ်ဖက်ခြမ်း ကိုယ်ရောက်နေတာက ညာဖက်ခြမ်း။ အစီအစဉ် ကြေငြာသူက အတော်လေး သွှက်သွှက်လက်လက် ချက်ချက်ချာချာ ရှိပါတယ်။ ကပ္ဗတိန်က နောက်ထပ် ၁၅ မိနစ် အချိန်ပေးတယ် သွှက်သွှက်ကလေး ရှာကြနော်တဲ့။ အပြန်လမ်းမှာတော့ လူတွေလည်း ခြေကုန်လက်ပန်းကျလို့ အလာလမ်းလောက် မသွှက်လက်ကြတော့ဘူး။ အရမ်းအေးလာလို့ အောက်ထပ်ကို ဆင်းတော့ အောက်ထပ်မှာ လူအပြည့်။ ဝိုင်းအနားတောင် မရောက်လိုက်ဘူး လှေကားနားတင် ရပ်နေရတယ်။ မိနစ် ၂၀ လောက် မတ်တပ်ရပ်ပြီး နည်းနည်းနွှေးလာတာနဲ့ အပေါ်ထပ်ကို ပြန်ထပ်။ အပေါ်ထပ်မှာ ပင်လယ်လေကို ရှူရှိုက်ပြီး အဆုံးမရှိ ကျယ်ပြောတဲ့ ပင်လယ်၊  ကမ်းရိုးတန်းဒေသက ပင်လယ်ကမ်းခြေမြို့လေးကို လွှမ်းမောငေးမောရင်း ဇာတိမြေကို သတိရမိတယ်။ သင်္ဘောက ဆိပ်ကမ်းကပ်ခါနီး အောက်ထပ်ကိုဆင်း ဝိုင်းနားရောက်တော့ ကျွပ်ကျွပ်အိတ်ကို ထောင်ပြပြီး အန်ထားတာတဲ့ ဟေ။ မင်း ထိုင်ခုံနေရာအားလားလို့ မေးတာ အဖြေတောင် မစောင့်နိုင်တော့ဘူး ကိုယ် တချိုးတည်း ထိုးအိပ်ချရတယ်။

Plymouth,MA
ရေနွှေးငွေ့သင်္ဘောလို့ ထင်တယ်
နေ့လည်စာစားတုန်းက ပိုလို့ယူလာတဲ့ အာလူးကြော်ထုပ် ထည့်လာတဲ့ ကျွပ်ကျွပ်အိပ်ထဲကို အန်တာ။ ဘေးနားက အန်ကယ်ကြီးက ကျွပ်ကျွပ်အိတ် ထပ်ပေးတယ် အတော်လေး ဂရုစိုက်ကြပါတယ်။ ကိုယ်တော့ စားသမျှတွေ အကုန်အန်တော့ စားရမှာတောင် ကြောက်နေမိတယ်။ သူငယ်ချင်းက ဂရုစိုက်ဖို့ လိုအပ်နေချိန်မှာ ကိုယ်မရှိခဲ့တာကို အပြစ်မကင်းသလို ခံစားမိပေမဲ့ ကိုယ်က အောက်ထပ်မှာ နေလို့မရ မူးလာတော့လည်း အပေါ်ထပ်ကို တက်ရမှာပေါ့။ တောင်မင်း မြောက်မင်း မကယ်နိုင် ကိုယ့်ကိုကိုယ် အပြစ်တင်လို့မှ မရတာပဲလေဆိုပြီး စိတ်ဖြေရတယ်။ ဝိုင်းက သူ အီတလီမှာတုန်းက ဒီလိုမျိုး အကြာကြီး သင်္ဘောစီးဖူးပါတယ် ဘာမှမဖြစ်ဘူး ဒီတခါတော့ တကယ့်ကိုပဲ။ ဟ အဲဒီတုန်းက ရာသီဥတု သာသာယာယာ လှိုင်းလေငြိမ်သက်ပြီး ဒီလိုမျိုး ၄ နာရီ စီးရလို့လား။ ခုက လှိုင်းကထန် ၄ နာရီတောင် စီးရတာ မင်းရဲ့ limit ထက် ကျော်သွားလို့ နေမှာပေါ့။ ဟုတ်တယ် နောင်ဆို ကိုယ်သတိထားရတော့မယ်။ ကိုယ်ကတော့ ပင်လယ်သူ ဒါမျိုး ငယ်ငယ်ကတည်းက ကြုံဖူးနေကြဆိုတော့ မဆန်းတော့ဘူး။ တက္ကသိုလ်တက်တုန်းက ကိုယ့်သူငယ်ချင်းမြို့သူတွေ ကိုယ့်ဇာတိမြေကို လိုက်လည်ကြတာ သင်္ဘောစီးရတာ ကြောက်လို့တဲ့။ အတင်းတင်၊ အတင်းသုတ်၊ ဒုံးပျံနှုန်းနဲ့ ပြိုင်မောင်းကြတဲ့ ရန်ကုန်က ဘတ်စ်ကားတွေကမှ ကြောက်ဖို့ကောင်းတာကွလို့ ကိုယ်ပြောတော့ ရယ်လိုက်ကြတာ။ ညနေစာကို တိုးဂိုက်ညွှန်တဲ့ ဟိုတယ်နားကဆိုင်မှာ စားဖြစ်တယ်။ တရုတ်ဆိုင်ရှိပေမဲ့ နယူးအင်္ဂလန်ဒေသရောက်ရင် လော်စတာ၊ ချော်ဒါစွပ်ပြုတ်က စားကိုစားရမဲ့ အရာတွေမို့လို့စားဖြစ်အောင် စားပါတယ်။

ပျစ်ခဲနေတဲ့ ချောင်ဒါစွှပ်ပြုတ်ကို တဇွန်းမြည်းကြည့်ပြီး ဝိုင်းက သူမကြိုက်ဘူး မစားဘူးတဲ့။ သူ ဇွှန်းသန့်နဲ့ နှိုက်ထားတာမို့ အသန့်ပါ စားချင်ရင်စားပါတဲ့။ ကိုယ်က အစားအသောက် ဂျီးများသူမဟုတ်၊ ဘာမဆို အကုန်စားနိုင်ပြီး အကုန်စားကောင်းသူမို့ ချောင်ဒါကိုအပြတ်ရှင်းလိုက်ပါတယ်။ ဝိုင်းကတော့ နေ့လည်က လှိုင်းမှုးပြီး အန်ထားလို့ တို့ကနန်းဆိတ်ကနန်းပဲ စားတယ်။ ဝေလငါးကြည့်ချင်လို့ ဒီခရီးစဉ်ကို ရွှေးချယ်ခဲ့တာဖြစ်ပြီး ဝေလငါးကြည့်တဲ့ခရီးမှာပဲ အတော်လေးခံစားရတာမို့လို့ နောက်ဆို ဒီလိုမျိုး ပင်လယ်ထဲကို အကြာကြီးသွားတဲ့ခရီးကို ရှောင်ပါတော့မယ်တဲ့။ cruise ပင်လယ်ကူးသင်္ဘောကြီးတွေကျတော့ ဘယ်လိုနေမလဲ ဒီလောက်ဘယ်လူးလိမ့်ပါ့မလဲ ပင်လယ်ကူးသဘောၤက အကြီးကြီးလေ။ အေးနော် အဲဒါကြောင့်မို့ အသက် ၆၀၊ ၇၀ ကျော်တွေ ခရူသင်္ဘောတွေ စီးနေကြတာပေါ့။ မနက်ဖြန်ဆိုရင် မန်ဆာချူးဆက်ပြည်နယ်က Marthas Vineyard ကျွှန်းကို သွားလည်ပြီး နယူးယောက်ကို ပြန်ပါတော့မယ်။ မာတာဗင်းရပ်ကျွှန်းသွားတဲ့အကြောင်းကိုတော့ အပိုင်း ၄ မှပဲ တင်ပါတော့မယ်။ ဘလော့မှာ ပို့စ်အသစ်တွေ မတင်တာ ၂ လလောက် ရှိပြီဆိုတော့ နေများမကောင်းဘူးလားလို့ စိတ်ပူနေကြတဲ့သူတွေ ရှိကောင်းရှိပါလိမ့်မယ်။ နေကောင်းပါတယ် အဖေနဲ့အဖေ လာလည်လို့ မအားတာနဲ့ ပို့စ်တွေ မတင်ဖြစ်တာပါ။ အဖေ၊ အမေတို့နဲ့ ဂရိတ်စမုတ်ကီတောင်တန်းတွေရှိတဲ့ တန်နက်စီပြည်နယ်ဖက်ကို ၃ ညအိပ်၊ ၄ ရက်ခရီး၊ ဝါရှင်တန်ဒီစီက ကယ်ပီတယ်ကို သွားလည်တဲ့အကြောင်း၊ လူးပက်အကြောင်း ရေးစရာတွေတော့ ရှိတယ်။ မကြာမှီလာမည် မျှော် .....။

စန်းထွန်း
သြဂုတ် ၆၊ ၂၀၁၇။

ကိုယ်တို့စီးတဲ့ ဝေလငါးကြည့်သင်္ဘော
ပင်လယ်ထဲကို ထိုးထွှက်နေတဲ့ သဲသောင်ပေါ်က အိမ်ကလေးတွေ
လှိုင်းပုတ်လို့ ကင်မရာရေစိုသွားတော့ Plymouth မြို့က ဝါးတားတား 
နေဝင်ချိန် တံလျှပ်
နယူးအင်္ဂလန်ဒေသရဲ့ လော်စတာနဲ့ ချောင်ဒါ