စပ်စုတတ်သူများ ...

ရုံးတက်ရက်တွေဆို ကိုယ်အိမ်ပြန်ရောက်တဲ့အချိန် ည ၇ နာရီလောက်မှာ အိမ်ရှင်မိသားစုက ချက်ပြုတ်စားသောက်ပြီးနေပြီ။ ကိုယ်ကလည်း တခါတလေမှ ချက်ပြုတ်တတ်တော့ အိမ်ရှင်အန်တီကြီးနဲ့ မဆုံဖြစ်ဘူး။ ကြသပတေးနေ့ဆို ဟင်းချက်ရောင်းတဲ့ မြန်မာဆိုင်ကနေ ဟင်းနှစ်ပွဲမှာ တနင်္ဂနွေနေ့ နေ့လည်ဆို သွားယူ။ တနင်္ဂနွေနေ့ နေ့လည်မှာ ဟင်းချက်ဖို့ မပျင်းရင် ကိုယ်စားချင်တဲ့ အသီးအရွက်တွေကို ချက်ပြုတ်တဲ့အခါ အိမ်ရှင်အန်တီကြီးနဲ့ဆုံတယ်။ အသက်ဘယ်လောက်ရှိပြီလဲ ၃၃နှစ် အိမ်ထောင်မပြုသေးဘူးလား နေမှမကောင်းတာ (အမှန်က ရည်းစားမှ မရှိတာ) ဘယ်လိုလုပ် အိမ်ထောင်ပြုမလဲ။ အစ်မလုပ်တဲ့ဆူရှီဆိုင်က ကောင်မလေးဆို ၁၈ နှစ်နဲ့ အိမ်ထောင်ကျတာ ခုဆိုကလေးနှစ်ယောက်နဲ့။ (ဟင် ... ၁၈ နှစ်နဲ့ အိမ်ထောင်ပြုတယ်ဆိုတော့ တက္ကသိုလ်မတက်ဘူးနဲ့တူတယ်) ။ ကိုယ်တို့အိမ်မှာတော့ ဘွဲ့ရပြီးမှ  ၂၈ လောက်မှ အိမ်ထောင်ပြုတယ်။ သူငယ်ချင်းမရှိဘူးလား သူငယ်ချင်းတွေက မေရီလန်းမှာ မြန်မာသူငယ်ချင်း မရှိဘူး။ (ရည်းစားရှိလားလို့ မေးချင်တာ မကောင်းတတ်လို့ ဖြစ်ရမယ်)။ ကိုယ့်ဇာတိ၊ ကိုယ့်မိဘ၊ မောင်နှမတွေအကြောင်းတော့ ကိုယ်ပြောပြပါတယ်။ ကိုယ့်မွေးစားအစ်မက ဘာလုပ်လဲ၊ စီတီဇင်လား မေးလာတာကတော့ တော်တော်စပ်စုတာပဲ ကိုယ်သိပ်မသိဘူးလို့ ပြောလိုက်တယ်။ စိတ်ပေါက်ပေါက်နဲ့ ကိုယ်တို့ကျောင်းမှာ ပထမဆုံး သင်ရတဲ့ အမေရိကန်ယဉ်ကျေးမှု သင်ခန်းစာအကြောင်း ပြောပြလိုက်တယ်။

အမေရိကန်တွေကို အသက်၊ အိမ်ထောင်ရှိလား၊ လစာဘယ်လောက်လဲလို့မေးတာ အရမ်းရိုင်းတယ်တဲ့။ သြော် ဟုတ်လား မြန်မာတွေကတော့ တွေ့တာနဲ့ အသက်၊ အိမ်ထောင်ရှိမရှိ၊ အလုပ်အကိုင်၊ လစာဘယ်လောက်လဲလို့ တန်းမေးကြတာပဲ။ မကြီးကို ပြောပြတော့ မသိဘူးလို့ ဖြေလိုက်တာမဟုတ်ဘူး အဲဒီလိုပြောတာကာမှ ရိုင်းတာတဲ့။ အိမ်ရှင်အန်တီကြီးက ကိုယ့်ကို စားစရာတွေ ပေးတယ်၊ အားမနာတတ်တဲ့ ကိုယ်ကလည်း စားချင်တာဆို ယူလေ့ရှိပြီး မစားချင်တာဆို အတင်းငြင်းတယ်။ သဘောမနောကောင်းတယ်၊ ကူညီတတ်တယ် ဆိုပေမဲ့ စပ်စုတာကို ကိုယ်မကြိုက်တာ။ ဂျပန်အိမ်မှာ နှစ်နှစ်ကျော်နေခဲ့တာ ဘယ်အလုပ်လုပ်လဲ၊ ဘယ်မှာလုပ်လဲ၊ လစာဘယ်လောက်ရသလဲလို့ သူတို့ကလည်း မမေးသလို ကိုယ်ကလည်း မမေးခဲ့ဘူး။ ဟိုင်း ဟောင်းအာယူ၊ လိုအပ်တာပဲပြောတယ်။ လစာမေးတာ ရိုင်းတာလို့ ပြောထားရက်သားနဲ့ လစာဘယ်လောက်ရလဲလို့ မေးလာတယ်။ ကိုယ်က ပြောလိုက်တယ် ပြောလို့မဖြစ်ဘူးလို့။ အစ်မတို့က မနာလိုမဖြစ်ပါဘူးတဲ့ သူ့အသိတစ်ယောက်ဆို တစ်နှစ်စာ ဘယ်နှစ်သောင်းရတာတဲ့။ အဲဒီလစာက တော်တော်များနေပြီ ကိုယ့်လစာ အဲဒီထက်များတယ်လို့။ ကိုယ် နယူးယောက်က အလုပ်အော်ဖာရတော့ နယူးယောက်မှာ အလုပ်လုပ်နေပြီဖြစ်တဲ့ ကိုယ့်ကျောင်းကစီနီယာကို လစာမေးဖူးတယ်။ ဒါကလည်း အလုပ်အော်ဖာက ကမ်းလှမ်းလာတဲ့လစာနဲ့ နယူးယောက်ကလစာ ချိန်ကြည့်ချင်လို့။

ကိုယ်နဲ့ခင်မင်ရင်းနှီးတဲ့သူတွေက လစာမေးလာရင် ကိုယ်လိုလိုလားလား ပြောပြတယ်။ ကိုယ်နဲ့လည်းမခင် သိပ်စပ်စုတဲ့သူတွေ လစာမေးလာတာကို ကိုယ်မဖြေချင်ဆုံးဘဲ။ ကံကောင်းထောက်မလို့ ကိုယ့်သူငယ်ချင်းတွေထဲမှာ ကိုယ်ကလစာအများဆုံးရပေမဲ့ ကိုယ့်ထက်လစာများတဲ့သူတွေ တပုံကြီး။ ကိုယ့်ပတ်ဝန်းကျင်မှာ ပရော်ဖက်ရှင်နယ် အလုပ်အကိုင်မဟုတ်ဘဲ လုပ်အားနဲ့လုပ်တဲ့သူတွေဆိုတော့ ဝင်ငွေနည်းတဲ့သူတွေလည်း အများကြီး။ အဖေက ကိုယ့်လစာကို သိပ်ကြွားချင်တာ လစာများတော့ အခွန်များများဆောင်ရတယ် အမြီးဖြတ်ခေါင်းဖြတ်နဲ့ ဘာမှကျန်တာမဟုတ်ဘူး။ အမေ့မောင် မင်းချေမိန်းမ ဒေါ်လေးကပြောတယ်တဲ့ ဒီလောက်လစာအများကြီးရတာ ထားစရာရှိတော့မှ မဟုတ်ဘူးတဲ့။ လစာများတယ်သာဆိုတာ ကိုယ်လား ကွန်ဒိုတိုက်ခန်းလည်း မဝယ်နိုင်၊ လုံးခြင်းအိမ်လည်း မဝယ်နိုင်သေးဘူ။ ကိုယ့်အိမ်ရှင်အန်တီကြီးက ကိုယ့်အသက် ဘယ်လောက်ရှိပြီလဲ၊ အိမ်ထောင်မပြုသေးဘူးလား၊ ကိုယ့်မွေးစားအစ်မအကြောင်း၊ ကိုယ့်လစာဘယ်လောက်ရလဲလို့မေးတယ်လို့ ဝိုင်းကိုပြောပြတော့ ဝိုင်းက နှုတ်ခမ်းကို မဲ့ရွဲ့လိုက်ပြီး နင့်အပူ တပြားမှမပါဘူး None of your business လို့ပြောလိုက်။ အသက်၊ လစာမေးတာ ရိုင်းတယ်လို့ အိမ်ရှင်အန်တီကြီးကို သွားပြောတာ ငါ့အစ်မက ငါ့ကို ရိုင်းတယ်တဲ့။ ဝိုင်းက ရိုင်းသင့်တယ်ထင်လို့ ရိုင်းတာလို့ပြောလိုက်တဲ့။

ဝိုင်းတို့ယူအန်ရုံးမှာ ဗီယက်နမ်တွေဆုံပြီး နေ့လည်စာစားကြတော့ အန်တီကြီးတစ်ယောက်က သက်လတ်ပိုင်းအရွယ် ကောင်မလေးတစ်ယောက်ကို လက်ညှိုးထိုးပြပြီး သူ့မှာကလေးနှစ်ယောက်နဲ့တဲ့။ ဆိုလိုချင်တာက အဲဒီကောင်မလေးက ဝိုင်းနဲ့သက်တူရွယ်တူ သူ့မှာ ကလေးနှစ်ယောက် ရနေပြီ ဝိုင်းက ဘာလုပ်နေတာလဲ‌ပေါ့။ ဝိုင်းတို့လို ဗီယက်နမ်မြောက်ပိုင်းသားတွေက စစ်ရှုံးတဲ့တောင်ပိုင်းသားတွေကို အထင်သေးတယ်။ တောင်ပိုင်းသားတွေကလည်း ဒင်းတို့ကြောင့် ငါတို့တိုင်းပြည်ကို စွန့်ပြေးရတာဆိုပြီး မြောက်ပိုင်းသားတွေကို မုန်းတယ်။ ရည်းစားမထားသေးဘူးလား၊ အိမ်ထောင်မပြုသေးဘူးလား၊ လစာဘယ်လောက်ရလဲ၊ ကလေးမယူသေးဘူးလား၊ နောက်ထပ်ကလေး ထပ်မယူဘူးလား၊ ကိုယ်နဲ့လည်းမဆိုင် နေရာတကာ သိပ်စပ်စုတဲ့ မေးခွန်းတွေမေးတဲ့သူတွေကို သိပ်အမြင်ကပ်တာပဲ။

စန်းထွန်း
မေ ၂၈၊ ၂၀၁၆။

4 comments:

Anonymous said...

same here :D

Anonymous said...

အေမရိကန္ေရာက္ျမန္မာေတာ္ေတာ္မ်ားမ်ား
အဲလိုုေတာ္ေတာ္စပ္စုုတယ္။ ပညာတတ္ေတြေတာ့ အဲလိုုသိပ္မစပ္စုုပါဘူး။ အထူးသျဖင့္အေျခက်ေနတဲ့ျမန္မာအမ်ဳိးသမီးေတြေပါ့။
ကုုိယ္လည္းအလြန္အျမင္ကပ္တယ္။
တခါတခါမ်ား လူခ်င္းခုုမွစေတြ ့တယ္။
အသက္ဘယ္ေလာက္ရွိျပီလဲ လခဘယ္ေလာက္ရလဲတန္းေမးတာရွိေသးတယ္။
၀ိုုင္းေျပာခုုိင္းသလိုုေျပာပစ္လိုုက္ခ်င္တာ။ မနည္းထိန္းထားရတယ္။
အုုိင္အိုုရာ



Lorem Ipsum said...

အဲဒါေတာ႔အမွန္ပဲ အမ၇ယ္...ျမန္မာေတြက materialism အရမ္းျဖစ္ၾကတာပဲ ။ လူကိုေတြ႔တာနဲ႔ အသက္ ၊ လစာ ၊ ဘာလုပ္လဲဆိုတာေတြအရမ္းေမးတာပဲ။ ညီမဆိုလည္းအဲလိုေမးတာမၾကိုက္ဘူး ။ ေနာက္တစ္ခုကရွိေသးတယ္ ျမင္တာနဲ႔ဝလာလိုက္တာ (ဝက္လိုစားေနလို႔လား) ၊ ပိန္လာလိုက္တာ (ဘာဒုတ္ခေတြေ၇ာက္ေနလဲမသိဘူး) အဲလိုေမးၿပီးအဲလိုေနာက္ဆက္တြဲအေတြးေလးေတြနဲ႔ ညီမကေလ အ၇င္က သိပ္ပိန္တာ ေပါင္တစ္ရာမျပည္႔ဘူး ေနာက္က်ေတာ႔ ေဟာ္မုန္းမညီညြႊတ္နဲ႔ ျပသနာျဖစ္ၿပီးေတာ႔ လူက ေတာ္ေတာ္ၾကီးဝလာတာ..ပိန္တဲ႔ဘဝကေနဝလာေတာ႔ ျမင္သမွ်လူက ဟမ္မေလးတေနၾကေတာ႔ ၾကာရင္လူေတာမတိုးေတာ႔ဘူး ဝိတ္လည္းခ်လို႔မက်ဘူး ။ေက်ာင္းနဲ႔မအားလို႔လည္းပါတယ္ေလ..။ ၾကာရင္လူကေလ ယံုၾကည္မႈမရွိေတာ႔ဘူး အဲလိုျဖစ္လာတာ ။ ေနာက္ပိုင္းက်မွ စိတ္ကိုထားတတ္ေအာင္ေလးျပင္ဆင္ရတယ္ ။ တကယ္ေတာ႔လူတစ္ေယာက္ကို ေမးတယ္ဆိုတာ မသိတာရွိရင္ သိေအာင္ ေမးရတာ ၊ ကိုယ္႔အတြက္လိုအပ္တာရွိလို႔ေမးရင္ ေျဖခ်င္ၾကပါတယ္။ အဲလိုမဆိုင္ဘဲ ထထစပ္စုတာေတာ႔ ဘယ္သူမွမၾကိဳက္ဘူး ။ လူတစ္ေယာက္ရဲ႕ တန္ဖိုးဟာ သူ႔ရုပ္ရည္ ၊ သူ႔အလုပ္ ၊ သူ႔မိဘအသိုင္းအဝိုင္း ၊ သူ႕လစာ ေတြနဲ႔မဆိုင္ဘူးဆိုတာကို ျမန္မာအသိုင္းအဝိုင္းကို မ်ားမ်ား educate လုပ္ မွရမယ္အမ၇ယ္..။ အိမ္ကအေမေတြကိုေျပာထားတယ္ အသက္ၾကီးလာေတာ႔ေလ လူေတြက သူမ်ားထင္ထင္ဘာဂရုမွမစိုက္ဘူး ေမးခ်င္ရာေမးတာပဲ သူမ်ားစိတ္အေႏွာင္႔ယွက္ျဖစ္လို႔ျဖစ္မွန္းမသိၾကေတာ႔ဘူး ။ လူေတြက အသက္ၾကီးလာတာနဲ႔အမွ် အတ္တၾကီးလာၾကတယ္လို႔ေျပာၾကတယ္ ။

San San Htun said...

Anonymous said...
အမေရိကန်ရောက်မြန်မာတော်တော်များများ
အဲလိုတော်တော်စပ်စုတယ်။ ပညာတတ်တွေတော့ အဲလိုသိပ်မစပ်စုပါဘူး။ အထူးသဖြင့်အခြေကျနေတဲ့မြန်မာအမျိုးသမီးတွေပေါ့။
ကိုယ်လည်းအလွန်အမြင်ကပ်တယ်။
တခါတခါများ လူချင်းခုမှစတွေ့တယ်။
အသက်ဘယ်လောက်ရှိပြီလဲ လခဘယ်လောက်ရလဲတန်းမေးတာရှိသေးတယ်။
ဝိုင်းပြောခိုင်းသလိုပြောပစ်လိုက်ချင်တာ။ မနည်းထိန်းထားရတယ်။
အိုင်အိုရာ
May 29, 2016 at 9:19 PM
ဆုမြတ်မိုး said...
အဲဒါတော့အမှန်ပဲ အမရယ်...မြန်မာတွေက materialism အရမ်းဖြစ်ကြတာပဲ ။ လူကိုတွေ့တာနဲ့ အသက် ၊ လစာ ၊ ဘာလုပ်လဲဆိုတာတွေအရမ်းမေးတာပဲ။ ညီမဆိုလည်းအဲလိုမေးတာမကြိုက်ဘူး ။ နောက်တစ်ခုကရှိသေးတယ် မြင်တာနဲ့ဝလာလိုက်တာ (ဝက်လိုစားနေလို့လား) ၊ ပိန်လာလိုက်တာ (ဘာဒုတ်ခတွေရောက်နေလဲမသိဘူး) အဲလိုမေးပြီးအဲလိုနောက်ဆက်တွဲအတွေးလေးတွေနဲ့ ညီမကလေ အရင်က သိပ်ပိန်တာ ပေါင်တစ်ရာမပြည့်ဘူး နောက်ကျတော့ ဟော်မုန်းမညီညွှတ်နဲ့ ပြသနာဖြစ်ပြီးတော့ လူက တော်တော်ကြီးဝလာတာ..ပိန်တဲ့ဘဝကနေဝလာတော့ မြင်သမျှလူက ဟမ်မလေးတနေကြတော့ ကြာရင်လူတောမတိုးတော့ဘူး ဝိတ်လည်းချလို့မကျဘူး ။ကျောင်းနဲ့မအားလို့လည်းပါတယ်လေ..။ ကြာရင်လူကလေ ယုံကြည်မှုမရှိတော့ဘူး အဲလိုဖြစ်လာတာ ။ နောက်ပိုင်းကျမှ စိတ်ကိုထားတတ်အောင်လေးပြင်ဆင်ရတယ် ။ တကယ်တော့လူတစ်ယောက်ကို မေးတယ်ဆိုတာ မသိတာရှိရင် သိအောင် မေးရတာ ၊ ကိုယ့်အတွက်လိုအပ်တာရှိလို့မေးရင် ဖြေချင်ကြပါတယ်။ အဲလိုမဆိုင်ဘဲ ထထစပ်စုတာတော့ ဘယ်သူမှမကြိုက်ဘူး ။ လူတစ်ယောက်ရဲ့ တန်ဖိုးဟာ သူ့ရုပ်ရည် ၊ သူ့အလုပ် ၊ သူ့မိဘအသိုင်းအဝိုင်း ၊ သူ့လစာ တွေနဲ့မဆိုင်ဘူးဆိုတာကို မြန်မာအသိုင်းအဝိုင်းကို များများ educate လုပ် မှရမယ်အမရယ်..။ အိမ်ကအမေတွေကိုပြောထားတယ် အသက်ကြီးလာတော့လေ လူတွေက သူများထင်ထင်ဘာဂရုမှမစိုက်ဘူး မေးချင်ရာမေးတာပဲ သူများစိတ်အနှောင့်ယှက်ဖြစ်လို့ဖြစ်မှန်းမသိကြတော့ဘူး ။ လူတွေက အသက်ကြီးလာတာနဲ့အမျှ အတ်တကြီးလာကြတယ်လို့ပြောကြတယ် ။
May 29, 2016 at 10:41 PM