မာစတာက စင်္ကာပူဒေါ်လာ ၆၀၀၀ လောက်ပေးရချိန်မှာ အက်ယူအက်စ်က ဘွဲ့လွန်ဒီပလိုမာတစ်နှစ်သင်တန်းဆိုပေမဲ့ ၁၈၀၀၀ ပေးရတယ်။ ကျောင်းလခ ဈေးတက်သွားလို့ အစိုးရက Service Obligation ( စင်္ကာပူကုမ္ဗဏီမှာ သုံးနှစ်လုပ်ဖို့) ထိုးခိုင်းပြီး ၆၀၀၀ ထောက်ပံ့တယ်။ စင်္ကာပူကုမ္ဗဏီမှာ ၃ နှစ်လုပ်ရင် အဲဒီ ၆၀၀၀ အစိုးရကို ပြန်ပေးစရာစလို။ ဘဏ်ကနေ ၆၀၀၀ ချေးလို့ရတယ်။ ဒီလို ချေးဖို့ ထောက်ခံပေးသူ နှစ်ယောက်လိုရာမှာ သူငယ်ချင်းတွေ အချင်းချင်း တယောက်တလှည့် လက်မှတ်ထိုးပေးလေ့ ရှိကြတယ်။ ချေးငွေးပြန်မဆပ်ရင် လက်မှတ်ထိုး ထောက်ခံပေးသူ ပြန်ဆပ်ရတဲ့သတင်း တလောက အင်တာနက်မှာ ဖတ်လိုက်ရတယ်။ ကျောင်းပြီဖို့ သတ်မှတ်ထားတဲ့ အမှတ်ရပြီဆိုရင် ဘွဲ့တခါတည်း တန်းပေးပါတယ်။ ပြီးမှ တလ ၁၀၀ ဆပ်၊ အတိုးနှုန်းကလည်း အင်မတန်သက်သာပါတယ်။ ခုတက်နေတဲ့ ယူအက်စ်ကျောင်း ပရိုက်ဗိတ်ကျောင်းမို့လို့ သတ်မှတ်ထားတဲ့ အမှတ်ရရင်တောင်မှ ကျောင်းအကြွေးတွေ ကြေမှ ဘွဲ့ယူလို့ရပါတယ်။ ကျောင်းအကြွေး ၄၀၀၀၀ ရှိတယ်အစ်မရေလို့ ညည်းရင် ကလေး ၃ ယောက် မာစတာ ၂ ခု ယူထားတဲ့ အစ်မက ၈၀၀၀၀၊ ပါရဂူဘွဲ့ယူထားတဲ့အစ်မက တသိန်းရှိတယ်လို့ ပြန်ညည်းတယ်။ အကြွေးကို မကြောက်နဲ့အလုပ်ရရင် ပြန်ဆပ်နိုင်ပါတယ်တဲ့။
ယူအက်စ်မှာ ကျွန်မတက်နေတဲ့ ကျောင်းက မာစတာကို ၃၀၀၀၀ လောက် ကုန်ပါတယ်။ ဒါတောင် နာမည်ကြီးကျောင်း မဟုတ်လို့ ပုံမှန်က ၆၀၀၀၀၊ ၈၀၀၀၀ ကုန်ပါတယ်။ အမေရိကန်နိုင်ငံသားတွေက ၁၅၀၀၀ ပဲ ပေးရတယ်။ ပြည်နယ်၊ ဘာသာရပ်၊ နာမည်ကြီးတာကို မူတည်ပြီး ကျောင်းလခတွေလည်း ဈေးကွာပါတယ်။။ Fanancial Aid ရှိလို့ စတက်တာနဲ့ ၆၀၀၀ ချက်ချင်းလက်ငင်း ပေးရပြီး အဆောင်မှာ နေစရိတ်၊ စားစရိတ်၊ သင်ကြားစရိတ်တွေကို Student Loan ထဲ ပေါင်းထည့်သွားပါတယ်။ တစ်နှစ်ကျောင်းပြီးလို့ အင်တန်းဆင်းတဲ့အခါကျမှ တလကို ၁၃၀၀ နဲ့ နှစ်နှစ် ပြန်ဆပ်ရတယ်။ ကျောင်းလခ ၆၀၀၀၊ လေယာဉ်ခ ၁၅၀၀၊ ဘာကြေးညာကြေးနဲ့ အမ်ယူအမ်မှာ ကျောင်းတက်ဖို့ ၁၀၀၀၀ လောက် လိုပါတယ်။ ကျောင်းရောက်တော့ ပရိုဂရမ်းမင်းစာမေးပွဲ ထပ်ဖြေရတယ်။ ၇၀ ဘီ ရမှ အောင်ပါတယ်။ မအောင်ရင် အရည်အချင်းမမှီလို့မိခင်နိုင်ငံ ပြန်ပို့တယ်။ ကျောင်းက ဘာသာရေးကျောင်း နည်းနည်းဆန်တယ်။ ကျောင်းတည်ထောင်သူ မဟာရီချီရောဂီရဲ့ တရားထိုင်နည်း Trasncendeantal Meditation မနက်တချိန်၊ ညတချိန် မဖြစ်မနေ ထိုင်ရတယ်။
ဆရာတွေ၊ သက်ဝင်ယုံကြည်သူတွေက တော်တော်ယုံကြည်သက်ဝင်ကြပေမဲ့ ကျွန်မတို့ ကျောင်းသားတွေကတော့ Do you fell quietness ? Do you see how simple is it? This is how we meditate လို့ နောက်ပြောင်ကြတယ်။ တီအမ်ချိန်ဆို ခုံပေါ်မှာ သက်တောင့်သက်သာထိုင်၊ မျက်စိကိုမှိတ်လို့ အနားယူ။ စိတ်နဲ့ခန္ဓာကိုယ် တကယ် Relax ဖြစ်တဲ့အချိန်မှာ အိပ်ပျော်တာ၊ အိပ်ပျော်သွားတာဟာ တရားထိုင်တာရဲ့ ကောင်းတဲ့အချက်၊ တီအမ်ထိုင်လို့ အိပ်ပျော်သွားရင် မနိုးပါနဲ့တဲ့။ တီအမ်ချိန်မှာ ဟောက်သံထွက်လာရင် အစကတော့ ပြုံးစိစိ လုပ်နေကြတယ်။ နောက်တော့ မပြုံးဘဲ ဝါးလုံးကွဲ ရယ်ကြတော့တာပဲ။ တကယ်လည်း တရားထိုင်တာမှ မဟုတ်တာ။ မှော်ဘီဝါးနက်ချောင်း ဗောဓိရိပ်ငြိမ်တောရမှာ သင်္ကြန်တွင်း တရားစခန်း ဝင်ဖူးပါတယ်။ နှာသီးက လေအဝင်အထွက်ကို သိနိုင်ဖို့ သုံးရက်လောက် ကြာတယ်။ ညောင်းညာကိုက်ခဲလိုက်တာလည်း မပြောပါနဲ့တော့။ နှာသီးဝက လေအဝင်အထွက်ကို နည်းနည်းလေး ခံစားမိရုံပဲ ရှိသေးတယ် တရားစခန်းက ပြီးသွားပြီး။ တရားထူးကတော့ ဝေးပါသေးတယ်။ နှာသီးဝက လေအဝင်အထွက် သိဖို့တောင် မနည်း။
ELS အင်္ဂလိပ်စကားပြောသင်တန်း၊ အမေရိကန် ယဉ်ကျေးမှုသင်တန်းတွေ တက်ရပါတယ်။ တလ တဘာသာသင်တဲ့ကျောင်းမို့ အသားကုန်မောင်းပါတယ်။ ည ၁၀၊ ၁၁ အိပ်ဖို့ တီအမ်ဆရာတွေက တိုက်တွန်းပေမဲ့ အိမ်စာတွေ ဒီလောက်များတာ ည ၁၁ နာရီ အိပ်ရင် ဘယ်လိုလုပ် Homework တွေ ပြီးတော့မှာလဲ။ အမြဲတမ်း မနက် ၁ နာရီထိ စာလုပ်တာတောင် မပြီးတာ။ တီအမ်စစ်တဲ့အချိန်မှာ ည ၁၁ နာရီ အိပ်တယ်လို့ ညာရတယ်။ သင်ကြားပို့ချတဲ့ ဘာသာတွေကို Priority တွေသုံးပြီး Register လုပ်ရပါတယ်။ ကျောင်းသားတွေ အများကြီးတက်မဲ့ ဘာသာတွေဆို Priority အမြင့်ဆုံးသုံးပြီး လျှောက်ရတာမျိုး၊ ကျောင်းသားမများတဲ့ ဘာသာတွေဆို Priority လျှော့ပြီး လျှောက်တာမျိုး၊ ဘွဲ့ရဖို့ 500 level course ၃ ခု ယူရတာမျိုး၊ ASD (Advanced Software Developement) ဘာသာရပ်ကို ကျောင်းမှာ ကျောင်းအုပ်ကြီး ဂပ်သရီ သင်ရင် ၃ ပုံ ၂ ပုံ ကျတာမို့ အဝေးသင်မှာမှ ယူပြီး ရှောင်ရတာမျိုး။
ဒီလိုအရာတွေမှာ ဆရာကျတဲ့ မိုင်းဖန်ကို ဆရာတင်ပြီး မိုင်းဖန် ရွေးပေးတဲ့ဘာသာတွေကို သူရွေးပေးတဲ့ Priority တွေအတိုင်းလျှောက်တာ ကွက်တိရတယ်။ တချို့ဆို လိုချင်တဲ့ဘာသာမရလို့ အတန်းမှာ နေရာလွတ်ရှိသေးရင်၊ ပရော်ဖက်ဆာကို ရီကွက်လုပ်လို့ ခွင့်ပြုရင် တက်ရောက်နိုင်ပါတယ်။ ကွန်ပျူတာဘာသာရပ်တွေကတော့ မဆိုးပေမဲ့ Forest ၊ Residence Course မဖြစ်မနေ ယူရတဲ့ ဘာသာတွေလည်း ရှိပါသေးတယ်။ Forest ဘာသာရပ်ကတော့ ကျောင်းစိုက်ခင်းတွေမှာ လေ့လာရပြီး Residence Course ကတော့ အင်တာနက်မရှိတဲ့အဆောင်တွေမှာ ည ၁၁ နာရီထိုးရင် အိပ်၊ နေ့လည်ဖက်ကို တီအမ်ထိုင်၊ တီအမ်အကြောင်းဆွေးနွေး။ တခါတလေမှာ ဒီလို မော်ဒန်လောကကြီးနဲ့ အဆက်အသွယ် ဖြတ်ပေးမှ ကောင်းတယ်ဆိုပေမဲ့ ကျွန်မ အတွက်တော့ တကယ့်ကို အာပလာ အကျိုးမရှိတဲ့ သင်တန်းတွေ။
ကျောင်းက ကျွေးတဲ့ သက်သက်လွတ်အော်ဂင်းနစ် အစားအသောက်ဆိုတာ ဘယ်သူမှ မစားတဲ့ ကျွန်မလက်ရာထက် ဆိုးတယ်။ မနက် ၉ နာရီခွဲ မနက်စာ နွားနို့၊ ပေါင်မုန့်၊ ငှက်ပျောသီး၊ ဆန်းကစ်၊ လိမ္မော်ရည် ရှိတယ်။ နေ့လည်စာချိန်မှာ အရွက်၊ ပန်းသီး၊ ပေါင်မုန့်၊ ကိတ်မုန့်တွေ သယ်ပြီး ညနေစာ ခေါက်ဆွဲပြ ုတ်စားတယ်။ နောက်တော့ မီးဖိုချောင်ရှိလာပေမဲ့ အသားဟင်း ချက်လို့မရ၊ ချက်ပြုတ်ပြီး မရှင်းလင်းတဲ့ တရုတ်မတွေကြောင့် သိပ်မချက်ဖြစ်ပါဘူး။ စနေနေ့ နေ့လည် ကျောင်းဆင်းရင် ဘူဖေးသွားစား။ မြို့သေးသေးလေးဆိုတော့ ဆိုင်လည်း သိပ်မရှိ၊ ကားမောင်းလေ့ကျင့်ဖို့ စုပေါင်းစပ်ပေါင်း ဝယ်ထားတဲ့ ကားဖွတ်ချက်လေး မအားရင် ဘတ်စ်ကားမရှိတဲ့ မြို့ငယ်လေးမို့ ဈေးဝယ်ဖို့ လမ်းလျှောက်ရတယ်။ အုပ်တောင့်တဲ့ နီပေါ၊ တရုတ်၊ ဂျော်ဒန်၊ အီသီယိုးပီးယားကျောင်းသားတွေကို အားကျတယ်။ မြန်မာဆိုလို့ တစ်ယောက်တည်းရှိတဲ့ အရပ်မှာ နေရတဲ့အခါ ၊ သူငယ်ချင်းတွေ အများကြီး ဝန်းရံနေပေမဲ့ တစ်ယောက်တည်းလို့ ခံစားရတာတွေကို ကြံ့ကြံ့ခံနိုင်ရပါတယ်။
ကျောင်းက နာမည်မကြီးတော့ ယူအက်စ်မှာ အလုပ်ရနိုင်မဲ့ အင်တာနေရှင်နယ် ကျောင်းသားတွေကို ခေါ်၊ တစ်နှစ်လောက် ကျောင်းတက်ခိုင်း၊ နှစ်နှစ်အလုပ်လုပ် အဝေးသင်တက်ခိုင်းပြီး ကျောင်းအကြွေးတွေဆပ်ဆိုင်း။ ကျောင်းသားတွေကလည်း တစ်နှစ်လောက်ပဲ ကျောင်းတက်၊ အလုပ်လုပ်၊ အလုပ်ဗီဇာစပွန်စာ ရှာမယ်ဆိုတဲ့ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ အတွေးတွေနဲ့ပေါ့။ သေချာတာကတော့ အမ်ယူအမ်ဟာ ကျွန်မ တက်ချင်တဲ့ ကျောင်းမဟုတ်ခဲ့ဘူး။ အချိန်၊ ပိုက်ဆံ၊ လူ သုံးနှစ်လာက် ရင်းနှီးပြီးမှ ရလာတဲ့ ဘွဲ့တစ်ခုကို တခြားတက္ကသိုလ်က အသိအမှတ်မပြုဘူးဆိုတာ အတော်ဝမ်းနည်းစရာပဲ။ ကျောင်းကို ထည့်မတွက်ဘူး ယူအက်စ်က ဘွဲ့ဆိုပြီးရော၊ ယူအက်စ်မှာ အလုပ်အတွေ့အကြုံရဖို့က အဓိကလို့ တွေးရင်တော့ တစ်မျိုးပေါ့။ နာမည်ကြီးကျောင်း တက်ချင်တာလား၊ ကျောင်းတွေ၊ ဘွဲ့တွေ သိပ်မဂရုစိုက်ပါဘူး ယူအက်စ်ကဘွဲ့ဆိုရင် ပြီးရောလား၊ ဘယ်ဘာသာရပ်ကို သင်ချင်တာလဲ ကိုယ့်ရွေးချယ်မှုပေါ် မူတည်ပါတယ်။
အလုပ် ဘယ်လိုလျှောက်ရမလဲ...
ခြင်္သေ့ကျွှန်းက အလုပ်ကိုရဖို့ ရေးဖြေစာမေးပွဲ၊ ပရောဂျက်စာမေးပွဲ အောင်တော့မှ လူတွေ့အင်တာဗျူး ခေါ်ပါတယ်။ ယူအက်စ်မှာတော့ တချို့က ဖုန်းနဲ့၊ စကိုက်နဲ့ အင်တာဗျူးတယ်။ တချို့က ဖေ့စ်တူဖေ့စ်အင်တာဗျူး တခါတည်း ခေါ်တယ်။ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့မှာ ရေးဖြေစာမေးပွဲ၊ ဖုန်းအင်တာဗျုး၊ မိုင် ၁၀၀ ၊ ၂ နာရီအဝေး ကန်တက်ကီပြည်နယ် လူဝီဗီလ်မြို့မှာ ဖေ့စ်တူဖေ့စ်အင်တာဗျူး အောင်တော့မှ ကန်တက်ကီအလုပ်ကို ရတယ်။ မေရီလန်းကနေ ဝါရှင်တန်ဒီစီကိုသွား ဖေ့စ်တူဖေ့စ်အင်တာဗျူး အောင်တော့ ဒီစီအလုပ်ကို ရတယ်။ ဖုန်းအင်တာဗျူးအောင်၊ မေရီလန်းကနေ မိုင် ၂၃၀ ဘတ်စ်ကား ၄ နာရီစီးပြီး ဖေ့စ်တူဖေ့စ်အင်တာဗျူးအတွက် နယူးယောက်ကိုလာ။ ရေးဖြေစာမေးပွဲ၊ ဆူပါဗိုက်ဆာ၊ မန်နေဂျာတွေနဲ့ ဗျူးပြီးတော့မှာ နယူးယောက်အလုပ်ကို ရတယ်။
ကျောင်းသားအများစုက မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းတွေရှိတဲ့ မြို့တွေဆီသွားပြီး အလုပ်ရှာကြတယ်။ ကျောင်းမှာနေပြီး အလုပ်ရှာလို့လည်း ရပါတယ်။ မြို့ငယ်လေးဆိုတော့ အလုပ်အကိုင် ရှားတယ်။ မြို့ကြီးတွေမှာတော့ အလုပ်အကိုင်ပေါသလို ဖေ့စ်တူဖေ့စ်အင်တာဗျူး သွားနိုင်တာမို့ အလုပ်ရဖို့ အခွင့်အရေး များတယ်။ အိုင်အိုဝါ၊ အင်ဒီယားနား၊ အိုဟိုင်းရိုး၊ ကန်တက်ကီ၊ တန်နက်ဆီ အနောက်အလယ်ပိုင်းဒေသထက် မေရီလန်း၊ ဒီစီ၊ နယူးယောက်ဖက်က အလုပ်ပိုပေါတာ ကိုယ်တွေ့ပါပဲ။ နေထိုင်မဲ့ မိသားစု၊ မိတ်ဆွေ၊ သူငယ်ချင်းကောင်း အိမ်တွေရှိရင် အဆင်ပြေပေမဲ့ မရှိရင်တော့ အလုပ်ရှာနေချိန် နေထိုင်စားသောက် ကုန်ကျစရိတ်ကို စဉ်းစားဖို့ လိုပါတယ်။ အလုပ်ဆိုတာ ဘယ်ဆီဘယ်ဝယ် ရမယ်မှန်းမှ မသိတာ။
ထူးချွှန်တဲ့ကျောင်းသားတွေကတော့ အလုပ်ရဖို့ လွယ်ပါတယ်။ Algorithm ဘာသာရပ်မှာ သက်မှတ်ထားတဲ့ အမြင့်ဆုံး A+ ထက်ကျော်ပြီး A Hons ရတဲ့ ကျောင်းသားနှစ်ယောက် ပရော်ဖက်ဆာရဲ့ ထောက်ခံချက်နဲ့ ဂူဂယ်ကို အင်တာဗျူးဖို့ တန်းသွားရတယ်။ တရုတ်ကလေး ယမ်ယမ်ဆိုရင် စာတော်ပေမဲ့ ၈ လလောက်ကြာမှ အလုပ်ရတယ်။ တရုတ်ကြီး ကျူန်းရှီးက ဂျပန်မှာ လုပ်သက် ၁၅ နှစ်၊ တရုတ်ပြည်မှာ လုပ်သက် ၁၀ နှစ် ။ တရုတ်ကျောင်းသားတွေအားလုံး မသိတာမှန်သမျှ သူ့ကို ဆရာတင်ရတယ်။ တရုတ်ကျောင်းသားတွေက သူ့သားအရွယ်လောက် ရှိတာကိုး။ သူက တော်ပေမဲ့ သူ့အင်္ဂလိပ်စကားကို ဘယ်သူကမှ (သူတို့တရုတ်အချင်းချင်းတောင်) နားမလည်လို့ အတော်ကြီးကြာမှ အလုပ်ရတယ်။ ESL တီချယ် ကာရိုလိုင်းဆို ကျူန်းရှီးကို စိတ်ပူတာ အလုပ်တောင် ရပါ့မလားလို့။ ESL သင်တန်းမရှိတဲ့ရက်တွေမှာတောင် ကျူန်းရှီးကို သီးသန့်ဖိတ် အလ္လာဘသလ္လာဘ ပြောခိုင်းတယ် အင်္ဂလိပ်စကားပြော သွက်အောင်လို့။
အရည်အချင်း၊ အတွေ့အကြုံ၊ Networking လို့ခေါ်တဲ့ အပေါင်းအသင်းမိတ်ဆွေတွေရဲ့ အကူအညီကလည်း အရေးပါပါတယ်။ ရာဂျက်တယောက် အိုင်ဘီအမ်မှာ အလုပ်ရတော့ ကျွန်မတို့အားလုံး အံ့သြသွားကြတယ်။ အိုင်ဘီအမ်ဆိုတာ အလုပ်ရဖို့ အင်မတန့် အင်မတန် ခက်တာ။ မာစတာဘရိန်း မိုင်းဖန် အင်တာဗျူး ၃ ဆင့်မှာ ကျတယ်။ ကန်တက်ကီအလုပ်က စီနီယာ ဝီလီယမ်ဂရင်း အင်တာဗျူး ၂ ဆင့်မှာ ကျတယ်။ သူတို့အားလုံးက အိုင်ဘီအမ် အင်တာဗျူး အရမ်းအရမ်း ခက်တယ်လို့ ပြောပါတယ်။ ရာဂျက်တစ်ယောက် အိုင်ဘီအမ်မှာ ဘယ်လိုများ အလုပ်ရသွားပါလိမ့်။ ရာဂျက်ဆိုတာ အမ်းထရူးနဲ့ တန်နက်နက်ဆီပြည်နယ် မန်းဖစ်မြို့က ဖက်ဒက်စ်ရုံးမှာ တရုံးတည်း၊ တဋ္ဌာနတည်း အတူတူ လုပ်ခဲ့တဲ့သူတွေဆိုတာ့ ရာဂျက်အကြောင်း အမ်းထရူး ကောင်းကောင်းသိတာပေါ့။ ဆူပါဗိုက်ဆာကို သူ သိပ်မတတ်လို့ လွယ်တာတွေပဲ ခိုင်းပါလို့ ရီကွက်လုပ်တဲ့သူပါ။
နောက်မှ သိရတယ် အိုင်ဘီအမ်မှာ အလုပ်လုပ်နေတဲ့ သူ့သူငယ်ချင်းက သွင်းပေးတာပါ။ အဲဒီလို ထောက်ခံပေးရင် အလုပ်ရဖို့ လွယ်ပါတယ်။ ၃ လ ကြာတဲ့အထိ အလုပ်မရသေးတဲ့ ဆူနမ်ကို ကုမ္မဏီမှာ အလုပ်သစ်ခေါ်တာနဲ့ မိုင်းဖန်က ထောက်ခံပေးတယ်။ ၃ လ ကြာတဲ့အထိ အလုပ်မရသေးရင် ကျောင်းကိုပြန်ပြီး စီမီနာသင်တန်း သုံးပတ် ပြန်တက်ရမှာ။ ပရိုဂရမ်းမင်း သိပ်မကွျှမ်းတဲ့ ဆူနမ်အတွက် မိုင်းဖန်က စိတ်ပူတယ်။ ဆူနမ်ကလည်း အလုပ်သွင်းပေးတဲ့ မိုင်းဖန် မျက်နှာမပျက်ရအောင် ကြိ ုးစားရတာ အလုပ်စဝင်ခါစ လတွေမှာ ဆူနမ်ခမျာ ပြုံးတောင်မပြုံးနိုင်ဘူး။ မိုင်းဖန်က ဆူနမ်ကို ညတိုင်း သင်ပြပေးတယ်။ ကျွန်မနဲ့ ရာမားကသာ လေးအော့ဖ်လို့ အလုပ်ပြောင်း၊ ပြည်နယ်ပြောင်းရပေမဲ့ ဆူနမ်နဲ့မိုင်းဖန်ကတော့ အဲဒီကုမ္မဏီမှာ ခုထိ မြဲနေတုန်း။
မြို့ရွေးမယ်ဆိုရင် အလုပ်ရဖို့ ခက်ပါတယ်။ open for relocation ပြည်နယ်၊ မြို့မရွေးရင် အလုပ်မြန်မြန် ရနိုင်တယ်။ တကိုယ်ရည် တကာယသမားတွေကတော့ ပြောင်းဖို့ရွှေ့ဖို့ လွယ်ပေမဲ့ မိသားစုရှိတဲ့သူတွေကတော့ နေသားကျနေတဲ့ မြို့ကနေ ခွာပြီး နေရာသစ်ကို ပြောင်းဖို့ကလည်း စွန့်စားရာ ရောက်ပြန်တယ်။ အလုပ်ရဖို့ဆိုတာ အရည်အချင်း၊ အတွေ့အကြုံ အပေါင်းအသင်းပေါ် မူတည်သလို ကံပေါ်လည်း မူတည်ပြန်တယ်။
ဘာသာစကား...
သွားမဲ့နိုင်ငံပေါ် မူတည်ပါတယ်။ ဂျပန်သွားရင် ဂျပန်စကားပြောတတ်မှ ဖြစ်မှာပါ။ တချို့က ပြောကြတယ် ဘွဲ့ရဖြစ်ပြီးတော့ အင်္ဂလိပ်စကား မပြောတတ်ဘူးလားတဲ့။ အင်္ဂလိပ်စကား ပြောတတ်တာ ဘွဲ့တွေနဲ့ မဆိုင်ပါဘူး။ အင်္ဂလိပ်စကားကို လေ့လာရင်၊ လေ့ကျင့်ရင် ဖြစ်ပါတယ်။ ကျောင်းပိတ်ရင် လှည်းတန်းက ဆရာကြီး ဦးမြကြိ ုင်၊ ဘဝသစ် ဦးအောင်ကျော်၊ တိုဖယ် ဦးသိန်းဝင်း၊ မြေနီကုန်း ဆရာနယ်ဆင်ကျောင်းတွေကို မကြီး တက်ခိုင်းလို့ တက်ရ၊ မြန်မာရုပ်မြင်သံကြားသတင်းထက် စီအန်အေ ( Channel News Asia ) ကနေလွှင့်တဲ့သတင်းတွေကို စိတ်ဝင်စားတဲ့ အမေ့ကို ဘာသာပြန်ရ၊ အင်္ဂလိပ်စာကို စိတ်ဝင်စားတဲ့ ကျွန်မအတွက် နိုင်ငံခြားကျောင်း လျှောက်တဲ့အခါ အင်္ဂလိပ်စာ အခက်အခဲ မရှိခဲ့ဘူးပေမဲ့ အင်္ဂလိပ်စာသင်တန်းတွေတက်ဖို့ အပ်ပေးရင် တရက်သာတက်ပြီး နောက်နေ့ဘယ်လိုပြောပြော သွားမတက်တာက မောင်မောင်။
မောင်မောင် း Thanks for wedding gift.
စန်းထွန် း You are welcome.
မောင်မောင် း No I stay here ! I like my country .
စန်းထွန်း း OMG !
ဇဝေဇဝါတောင် ဖြစ်သွားတယ်။ ငါ ဘာများ ပြောမိပါလိမ့်။ မြန်မာပြည်မှာပဲ နေတော့မှာလား၊ နိုင်ငံခြားထွက်ဖို့ မလုပ်တော့ဘူးလားလို့ ပြောမိလေသလား။ နောက်မှ စဉ်းစားမိတယ် You are welcome လို့ ပြောတာကို သူ့ကို နိုင်ငံခြား ထွက်ခိုင်းတယ် ထင်နေတာကိုး။ နဖူးကို လက်ဝါးနဲ့ ရိုက် သေလိုက်ပါတော့ဟ ဘာသာပြန်တာ သောက်တလွဲ။ ဟဲ့အဲဒါ အမေရိကန်လေသံနဲ့ ကိစ္စမရှိပါဘူးလို့ ပြောတာ။ No Problem ၊ Nerver Mind နဲ့ အတူတူပဲ။ How are you doing today ဆိုတာ Hi နဲ့တူတယ်။
အင်္ဂလိပ်စကားဆိုပေမဲ့ တနိုင်ငံနဲ့ တနိုင်ငံ လေယူလေသိမ်း ကွဲပါတယ်။ ခြင်္သေ့ကျွှန်းမှာဆို OK lah ၊ Nerver mind lah ၊ တ Lah လားနဲ့ Singlish လို ပြောကြတယ်။ ဆရာနေဝင်းမြင့်ရဲ့ ရေနံ့သာ ကြာတိုင်အေး ဘာသာပြန်စာအုပ်လေးက သီပေါမင်း ပါတော်မူချိန်မှာ တွေ့လိုက်ရတဲ့ နန်းတွင်းသူလေး ဒေါ်လီကို ချစ်သက်ဝင်သွားတဲ့ အိန္ဒိယသား ကူးမား၊ သစ်လုပ်ငန်းနဲ့ ချမ်းသာလာပြီး ရတနာဂီရီမှာ ပြန်ဆုံတွေ့တဲ့ သူတို့ဇာတ်လမ်း၊ ရန်ကုန်ကို ပြန်အခြေချ၊ သူ့ဆရာ စင်္ကာပူနိုင်ငံသား မလေးတရုတ်၊ ရတနာဂီရိမှာ တာဝန်ကျတဲ့ အိန္ဒိယအရာရှိရဲ့ ဇနီး ဥမ္မာနဲ့ ဒေါ်လီတို့ရဲ့ သူငယ်ချင်းမေတ္တာ၊ သူတို့ သားသမီးတွေအကြောင်း၊ မျိုးဆက်နှစ်ဆက် မိသားစုသုံးခု၊ အိန္ဒိယ၊ မြန်မာပြည်၊ စင်္ကာပူ၊ ပီနန် ၊ အမေရိကန်အကြောင်းရေးထားတာ အတော်စိတ်ဝင်စားဖို့ ကောင်းတယ်။ ဘားမီးလ်ကလပ်စင်စာအုပ်ကနေ ဒေါင်းဖတ်တာပါ။ (အဲ စာအုပ်အညွှန်း ရောက်သွားပြန်ပြီ း)
အဲဒီစာအုပ်ထဲမှာ ကူးမားက ပီနန်က သူ့ဆရာရဲ့ ရာဘာစိုက်ခင်းကို သွားလည်တော့ သူတို့ပြောတဲ့ အင်္ဂလိပ်စကားမှာ လားဆိုတာ အမြဲပါတယ်လို့ ဖတ်ရတော့ ပြုံးမိသေးတယ်။ ခြင်္သေ့ကျွှန်းသားတွေက စကားကို နောက်က ကျားလိုက်မတတ် အမြန်ပြောကြပေမဲ့ အမေရိကန်တွေက နှေးနှေး အသံနေ အသံထားနဲ့ ပြောတယ်။ အင်္ဂလိပ်စကား ဘယ်လိုလေ့လာရမလဲလို့ မေးကြတယ်။ အကောင်းဆုံးကတော့ သတင်းနားထောင်၊ တီဗွီကြည့်၊ ဒေသခံတွေနဲ့ စကားများများ ပြောပါ။ အင်္ဂလိပ်စကား အခြေခံလောက် နားလည်ပေမဲ့ မပြောတတ်၊ သိပ်အများကြီး မဖတ်နိုင်၊ မရေးနိုင်တဲ့သူတစ်ယောက်က ကျောင်းသားတွေကို မြင်ရင် အားကျတယ်၊ သူတို့လို ကျောင်းတက်ချင်လိုက်တာတဲ့။ သင်ချင်တတ်ချင်တာတော့ ကောင်းပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်ဘာသာနဲ့ သင်ကြားပို့ချ၊ ဆရာတွေ၊ ကျောင်းသားတွေနဲ့ အင်္ဂလိပ်လို ဆွေးနွေးရတဲ့ ကျောင်းကို ဘယ်လိုမျိုးများ တက်မှာပါလိမ့်လို့ တွေးမိတယ်။
လစာ....
လစာက ပညာ၊ အလုပ်အတွေ့အကြုံ၊ အရည်အချင်း၊ ကံပေါ် မူတည်ပါတယ်။ သေချာတာကတော့ အလုပ်ခြင်းတူတာတောင် စီတင်းဇင်လောက် လစာမရပါဘူး။ ယူအက်စ်လစာက ခြင်္သေ့ကျွှန်းထက် များသလို တက်စ်လည်းများတယ်။ စတိတ်တက်စ်၊ ဖယ်ဒရယ်တက်စ်၊ ကားအားမခံ၊ ကျန်းမာရေးအာမခံ၊ ကျောင်းလခအကြွေး၊ ခရက်ဒစ်ကြွေး၊ ဖုန်း၊ အိမ်ငှားခ၊ အစားအသောက်။ အလုပ်အဆင်ပြေရင် ပုံမှန်ဝင်ငွေ ရှိပေမဲ့ လေးအော့ဖ်ရင်၊ နေထိုင်မကောင်းရင် စုဆောင်းထားတာတွေ ကုန်တော့တာပဲ။ ရီခရူတာကုမ္ဗဏီဆီမှာ အလုပ်ရတာဆိုရင် လစာနည်းတယ်။ အမေရိကန်ရီခရူတာတွေက ဂွတ်၊ ဂရိတ်ဆိုပြီး တလလောက်နေမှ ပေါ်လာတတ်တယ်။ လစာနည်းနည်းပဲ ပေးချင်တဲ့ အိန္ဒိယရီခရူတာတွေက မနက်အိပ်ယာက မနိုးသေးဘူး ဒင်းတို့က ဖုန်းတဂွမ်ဂွမ် ခေါ်နေပြီ။ ရိုင်းလိုက်တာလဲ လွန်ပါရော။ တိုက်ရိုက်ကုမ္မဏီဆီက အလုပ်ရဖို့ခက်တော့ အလုပ်ရလွယ်တဲ့ ရီခရူတာတွေနဲ့ မကင်းနိုင်ပြန်ဘူး။
မှီခိုခေါ်ခွင့်...
ကျောင်းသားဗီဇာဆိုပေမဲ့ မှီခိုခေါ်ခွင့် ရှိပေမဲ့ အလုပ်လုပ်ခွင့် မရှိဘူး။ ခေါ်ခွင့်ကလည်း နိုင်ငံပေါ် မူတည်ပါတယ်။ တရုတ်ကျောင်းသားအများစုက ဇနီးခေါ်လို့ရပေမဲ့ ကျွန်မ သူငယ်ချင်း ပန်ဒါသုံးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ကမ္ဘောဒီကျာင်းသားလေး ချန်ဒရီယာက သူ့ဇနီးကို ခေါ်ဖို့ ကြိုးစားရာမှာ ဗီဇာ ရီဂျက်ထိပါတယ်။ ယူအက်စ်ဗီဇာကို ကျွန်မက တစ်နှစ်၊ နီပေါ၊ တရုတ်၊ မလေးရှားတွေက ငါးနှစ် ရချိန်မှာ ကမ္ဘောဒီယားတွေက သုံးလပဲရတယ်။ ယူအက်စ် မလာခင် သုံးလလောက်ကမှာ လက်ထပ်ထားတဲ့ ချန်ဒီရီယာခမျာ သူ့ဇနီးကို လွမ်းနေရှာတာပေါ့။ ကျောင်းသာအများစုက အလုပ်ရတော့မှ ခေါ်ကြတယ်။
လည်လည်ပြန်မယ်ဆိုရင်....
ယူအက်စ်ရောက်တာ သုံးနှစ်ကျော်ပြီဖြစ်တဲ့ ကျွန်မ မြန်မာပြည်ကို နောက်ထပ် တစ်နှစ်၊ နှစ်နှစ်လောက်မှ ပြန်နိုင်မယ် ထင်တယ်။ ယူအက်စ်ဗီဇာတစ်နှစ်က ကုန်သွားပြီမို့ ယူအက်စ်နေထွက်ရင် ပြန်ဝင်ဖို့ကို ဗီဇာပြန်လျှောက်ရမှာ။ သိတဲ့အတိုင်း ယူအက်စ်ဗီဇာဆိုတာ အင်မတန် ခက်ပါဘိ။ ဗီဇာအပြင် နောက်တစ်ခုက လေယာဉ်ခပါ။ ကယ်လီဖိုးနီးယားဖက်ကနေဆို ၈၀၀၊ ၁၀၀၀ လောက်ပဲ ရှိပေမဲ့ အရှေ့ဖက်ခြမ်းကဆို ၁၅၀၀ လောက် ရှိတယ်။ ၂၀၁၁ ယူအက်စ်ကို လာတုန်းက ယူနိုက်တက်အဲလိုင်း ဟောင်ကောင်မှာ တနာရီ၊ ချီကာဂိုမှာ လေးနာရီ ထရန်စစ် လေယာဉ်လက်မှတ်က ၁၅၀၀ ကျပါတယ်။ ယူအက်စ်ကနေ ဆိုရင်တော့ ခြင်္သေ့မှီခိုခေါ်ခွင့်...
ကျောင်းသားဗီဇာဆိုပေမဲ့ မှီခိုခေါ်ခွင့် ရှိပေမဲ့ အလုပ်လုပ်ခွင့် မရှိဘူး။ ခေါ်ခွင့်ကလည်း နိုင်ငံပေါ် မူတည်ပါတယ်။ တရုတ်ကျောင်းသားအများစုက ဇနီးခေါ်လို့ရပေမဲ့ ကျွန်မ သူငယ်ချင်း ပန်ဒါသုံးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ကမ္ဘောဒီကျာင်းသားလေး ချန်ဒရီယာက သူ့ဇနီးကို ခေါ်ဖို့ ကြိုးစားရာမှာ ဗီဇာ ရီဂျက်ထိပါတယ်။ ယူအက်စ်ဗီဇာကို ကျွန်မက တစ်နှစ်၊ နီပေါ၊ တရုတ်၊ မလေးရှားတွေက ငါးနှစ် ရချိန်မှာ ကမ္ဘောဒီယားတွေက သုံးလပဲရတယ်။ ယူအက်စ် မလာခင် သုံးလလောက်ကမှာ လက်ထပ်ထားတဲ့ ချန်ဒီရီယာခမျာ သူ့ဇနီးကို လွမ်းနေရှာတာပေါ့။ ကျောင်းသာအများစုက အလုပ်ရတော့မှ ခေါ်ကြတယ်။
လည်လည်ပြန်မယ်ဆိုရင်....
ယူအက်စ်ရောက်တာ သုံးနှစ်ကျော်ပြီဖြစ်တဲ့ ကျွန်မ မြန်မာပြည်ကို နောက်ထပ် တစ်နှစ်၊ နှစ်နှစ်လောက်မှ ပြန်နိုင်မယ် ထင်တယ်။ ယူအက်စ်ဗီဇာတစ်နှစ်က ကုန်သွားပြီမို့ ယူအက်စ်နေထွက်ရင် ပြန်ဝင်ဖို့ကို ဗီဇာပြန်လျှောက်ရမှာ။ သိတဲ့အတိုင်း ယူအက်စ်ဗီဇာဆိုတာ အင်မတန် ခက်ပါဘိ။ ဗီဇာအပြင် နောက်တစ်ခုက လေယာဉ်ခပါ။ ကယ်လီဖိုးနီးယားဖက်ကနေဆို ၈၀၀၊ ၁၀၀၀ လောက်ပဲ ရှိပေမဲ့ အရှေ့ဖက်ခြမ်းကဆို ၁၅၀၀ လောက် ရှိတယ်။ ၂၀၁၁ ယူအက်စ်ကို လာတုန်းက ယူနိုက်တက်အဲလိုင်း ဟောင်ကောင်မှာ တနာရီ၊ ချီကာဂိုမှာ လေးနာရီ ထရန်စစ် လေယာဉ်လက်မှတ်က ၁၅၀၀ ကျပါတယ်။ ယူအက်စ်ကနေ ဆိုရင်တော့ ခြင်္သေ့မှီခိုခေါ်ခွင့်...
ကျောင်းသားဗီဇာဆိုပေမဲ့ မှီခိုခေါ်ခွင့် ရှိပေမဲ့ အလုပ်လုပ်ခွင့် မရှိဘူး။ ခေါ်ခွင့်ကလည်း နိုင်ငံပေါ် မူတည်ပါတယ်။ တရုတ်ကျောင်းသားအများစုက ဇနီးခေါ်လို့ရပေမဲ့ ကျွန်မ သူငယ်ချင်း ပန်ဒါသုံးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ကမ္ဘောဒီကျာင်းသားလေး ချန်ဒရီယာက သူ့ဇနီးကို ခေါ်ဖို့ ကြိုးစားရာမှာ ဗီဇာ ရီဂျက်ထိပါတယ်။ ယူအက်စ်ဗီဇာကို ကျွန်မက တစ်နှစ်၊ နီပေါ၊ တရုတ်၊ မလေးရှားတွေက ငါးနှစ် ရချိန်မှာ ကမ္ဘောဒီယားတွေက သုံးလပဲရတယ်။ ယူအက်စ် မလာခင် သုံးလလောက်ကမှာ လက်ထပ်ထားတဲ့ ချန်ဒီရီယာခမျာ သူ့ဇနီးကို လွမ်းနေရှာတာပေါ့။ ကျောင်းသာအများစုက အလုပ်ရတော့မှ ခေါ်ကြတယ်။
ဗီဇာကုန်သွားရင်...
ခြင်္သေ့ကျွှန်းမှာ အိုဗာစတေးမိရင် ကြိမ်ဒဏ်ပေမဲ့ ယူအက်စ်မှာတော့ အိုဗာစတေး၊ တရားမဝင်တွေ များတယ်။ ယူအက်စ်ရောက်လာတဲ့ တချို့တွေက အဆိုင်လမ်ဆိုတဲ့ နိုင်ငံရေးခိုလှုံခွင့် လျှောက်ကြပါတယ်။ အဆိုင်လမ်ဆင်လျှောက်ဖို့ အက်ဆေးရေး၊ တရားရုံးမှာ တရာသူကြီးက မေးမြန်းပါတယ်တဲ့။ အရင်တုန်းက အဆင်ပြေပေမဲ့ အစိုးရသစ်လက်ထက်မှာတော့ ခက်တယ်၊ ဒီမိုကရေစီ အစိုးရဆိုပြီး ကချင်မှာ တိုက်ပွဲတွေ ဖြစ်နေလို့ ချပေးနေတယ်။ ဘယ်ဟာက မှန်လဲမသိ။ တချို့ကျတော့ ကျောင်းသားဗီဇာနဲ့လာ ကျောင်းမတက်လို့ ဗီဇာကန်ဆယ်၊ အိုဗာစတေးဖြစ်။ အလည်ဗီဇာအတွက် ကိုယ်ထောက်ခံစာပေးထားတဲ့သူက အိုဗာစတေးဖြစ်သွားရင် နောက်ထပ်ခေါ်ဖို့ ခက်ပါတယ်။ အိုဗာစတေးတွေက ကားမောင်းလိုင်စင်၊ ဘဏ်၊ ဆိုရှယ်လျှောက်ဖို့ ခက်တယ်။ နယူးယောက်လို ကားမလိုတဲ့ မြို့မှာတော့ အဆင်ပြေပေမဲ့ နယ်မှာတော့ ကားမမောင်းတတ်လို့ မရဘူး။ ရဲမြင်တိုင်း လန့်နေရမှာ။
ယူအက်စ်မှာ လိင်၊ အသားအရောင်၊ ဘာသာရေး ခွဲခြားမှု မရှိတာကို ကြိုက်တယ်။ ကိုယ်ကြိုးစားရင်၊ တော်ရင် အသိအမှတ်ပြုတယ်။ အမေရိကန်တွေက ကိန်းကြီးခန်းကြီး မနိုင်သလို ပွင့်လင်းတယ်။ မမီးငယ်က ရေခြား..မြေခြား...နိုင်ငံခြား အပိုင်း ၁ ပို့စ်ဖတ်ပြီးတော့ သတင်းပေးတယ်။ သူ့တူတစ်ယောက် လွန်ခဲ့တဲ့ ငါးနှစ်တုန်းကဆိုလား စင်္ကာပူကနေ အလုပ်ဗီဇာစပွန်ဆာနဲ့ ယူအက်စ်ကို ခေါ်တယ်တဲ့။ သူက မြန်မာပြည်မှာ ဆေးကျောင်းတက်၊ ခြင်္သေ့မှီခိုခေါ်ခွင့်...ကျောင်းသားဗီဇာဆိုပေမဲ့ မှီခိုခေါ်ခွင့် ရှိပေမဲ့ အလုပ်လုပ်ခွင့် မရှိဘူး။ ခေါ်ခွင့်ကလည်း နိုင်ငံပေါ် မူတည်ပါတယ်။ တရုတ်ကျောင်းသားအများစုက ဇနီးခေါ်လို့ရပေမဲ့ ကျွန်မ သူငယ်ချင်း ပန်ဒါသုံးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ကမ္ဘောဒီကျာင်းသားလေး ချန်ဒရီယာက သူ့ဇနီးကို ခေါ်ဖို့ ကြိုးစားရာမှာ ဗီဇာ ရီဂျက်ထိပါတယ်။ ယူအက်စ်ဗီဇာကို ကျွန်မက တစ်နှစ်၊ နီပေါ၊ တရုတ်၊ မလေးရှားတွေက ငါးနှစ် ရချိန်မှာ ကမ္ဘောဒီယားတွေက သုံးလပဲရတယ်။ ယူအက်စ် မလာခင် သုံးလလောက်ကမှာ လက်ထပ်ထားတဲ့ ချန်ဒီရီယာခမျာ သူ့ဇနီးကို လွမ်းနေရှာတာပေါ့။ ကျောင်းသာအများစုက အလုပ်ရတော့မှ ခေါ်ကြတယ်။
လည်လည်ပြန်မယ်ဆိုရင်....
ယူအက်စ်ရောက်တာ သုံးနှစ်ကျော်ပြီဖြစ်တဲ့ ကျွန်မ မြန်မာပြည်ကို နောက်ထပ် တစ်နှစ်၊ နှစ်နှစ်လောက်မှ ပြန်နိုင်မယ် ထင်တယ်။ ယူအက်စ်ဗီဇာတစ်နှစ်က ကုန်သွားပြီမို့ ယူအက်စ်နေထွက်ရင် ပြန်ဝင်ဖို့ကို ဗီဇာပြန်လျှောက်ရမှာ။ သိတဲ့အတိုင်း ယူအက်စ်ဗီဇာဆိုတာ အင်မတန် ခက်ပါဘိ။ ဗီဇာအပြင် နောက်တစ်ခုက လေယာဉ်ခပါ။ ကယ်လီဖိုးနီးယားဖက်ကနေဆို ၈၀၀၊ ၁၀၀၀ လောက်ပဲ ရှိပေမဲ့ အရှေ့ဖက်ခြမ်းကဆို ၁၅၀၀ လောက် ရှိတယ်။ ၂၀၁၁ ယူအက်စ်ကို လာတုန်းက ယူနိုက်တက်အဲလိုင်း ဟောင်ကောင်မှာ တနာရီ၊ ချီကာဂိုမှာ လေးနာရီ ထရန်စစ် လေယာဉ်လက်မှတ်က ၁၅၀၀ ကျပါတယ်။ ယူအက်စ်ကနေ ဆိုရင်တော့ ခြင်္သေ့ကျွှန်း၊ သြော်ဇီက လူတွေလို တဂျိမ်းဂျိမ်း ပြည်တော်ပြန်နိုင်မှာ မဟုတ်ဘူး။
ဗီဇာကုန်သွားရင်...
ခြင်္သေ့ကျွှန်းမှာ အိုဗာစတေးမိရင် ကြိမ်ဒဏ်ပေမဲ့ ယူအက်စ်မှာတော့ အိုဗာစတေး၊ တရားမဝင်တွေ များတယ်။ ယူအက်စ်ရောက်လာတဲ့ တချို့တွေက အဆိုင်လမ်ဆိုတဲ့ နိုင်ငံရေးခိုလှုံခွင့် လျှောက်ကြပါတယ်။ အဆိုင်လမ်ဆင်လျှောက်ဖို့ အက်ဆေးရေး၊ တရားရုံးမှာ တရာသူကြီးက မေးမြန်းပါတယ်တဲ့။ အရင်တုန်းက အဆင်ပြေပေမဲ့ အစိုးရသစ် လက်ထက်မှာတော့ ခက်တယ်၊ ဒီမိုကရေစီ အစိုးရဆိုပြီး ကချင်မှာ တိုက်ပွဲတွေ ဖြစ်နေလို့ ချပေးနေတယ်။ ဘယ်ဟာက မှန်လဲမသိ။ တချို့ကျတော့ ကျောင်းသားဗီဇာနဲ့လာ ကျောင်းမတက်လို့ ဗီဇာကန်ဆယ်၊ အိုဗာစတေးဖြစ်။ အလည်ဗီဇာအတွက် ကိုယ်ထောက်ခံစာပေးထားတဲ့သူက အိုဗာစတေးဖြစ်သွားရင် နောက်ထပ်ခေါ်ဖို့ ခက်ပါတယ်။ အိုဗာစတေးတွေက ကားမောင်းလိုင်စင်၊ ဘဏ်၊ ဆိုရှယ်လျှောက်ဖို့ ခက်တယ်။ နယူးယောက်လို ကားမလိုတဲ့ မြို့မှာတော့ အဆင်ပြေပေမဲ့ နယ်မှာတော့ ကားမမောင်းတတ်လို့ မရဘူး။ ရဲမြင်တိုင်း လန့်နေရမှာ။
ယူအက်စ်မှာ လိင်၊ အသားအရောင်၊ ဘာသာရေး ခွဲခြားမှု မရှိတာကို ကြိ ုက်တယ်။ ကိုယ်ကြိုးစားရင်၊ တော်ရင် အသိအမှတ်ပြုတယ်။ အမေရိကန်တွေက ကိန်းကြီးခန်းကြီး မနိုင်သလို ပွင့်လင်းတယ်။ မမီးငယ်က ရေခြား..မြေခြား...နိုင်ငံခြား အပိုင်း ၁ ပို့စ်ဖတ်ပြီးတော့ သတင်းပေးတယ်။ သူ့တူတစ်ယောက် လွန်ခဲ့တဲ့ ငါးနှစ်တုန်းကဆိုလား စင်္ကာပူကနေ အလုပ်ဗီဇာစပွန်ဆာနဲ့ ယူအက်စ်ကို ခေါ်တယ်တဲ့။ သူက မြန်မာပြည်မှာ ဆေးကျောင်းတက်၊ ခြင်္သေ့ကျွှန်းမှာ အိုင်တီတက် အရမ်းတော်လို့ ယူအက်စ်ကုမ္ဗဏီက ခေါ်တာတဲ့။ အဲဒီလိုမျိုးတွေ ကြားဖူးပေမဲ့ ကျွန်မ အပေါင်းအသင်း မိတ်ဆွေထဲမှာ မရှိဘူး။
အဖေ၊ မကြီး ခင်းပေးတဲ့ ချောမွေ့တဲ့လမ်းကိုပဲ လျှောက်ဖူးရာက မကြိုက်တဲ့ကျောင်းမှာ ပင်ပန်းဆင်းရဲ၊ အထီးကျန်စွာ ကျောင်းတက်၊ ပြည်နယ်ပြောင်း၊ အလုပ်ပြောင်း ယူအက်စ်ရောက်မှ ဒုက္ခပေါင်းစုံ နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရလို့ ခုတော့ ကြံ့ခိုင်လာပြီလို့ ဆိုရမယ်။ အလုပ်တဖက်နဲ့ ကျောင်းတက်ရတာ အင်မတန် ပင်ပန်းပါတယ်။ အလုပ်လုပ်၊ ကျောင်းတက်၊ ကလေးတွေရှိတဲ့ စူပါမိန်းမနှစ်ယောက်ကို အားကျတယ်။ ကျွန်မ သူတို့လောက် မလုပ်နိုင်ဘူး။ ခြင်္သေ့ကျွှန်းမှာဆို စရောက်တာနဲ့ နေသားကျသွားတာများ ရန်ကုန်လို့တောင် ထင်မိတယ်။ ယူအက်စ်ရောက်တာ သုံးနှစ်ကျော်ပြီပေမဲ့ ခုထိ အခြေကျပြီလို့ မခံစားမိသေးဘူး။ ဘယ်အချိန်မှာ ဘယ်မြို့ကို ပြောင်းရဦးမှာပါလိမ့်။ ပျော်နေပြီလို့ မထင်ပါနဲ့ ပျော်အောင် ကြိုးစားနေဆဲပါ။
ကျောင်းတက်မယ်ဆိုရင် တက်မဲ့ကျောင်း၊ ဘာသာရပ်၊ အလုပ်ရရှိနှုန်း၊ ကျောင်းတက်နေချိန်မှာ ကုန်ကျစရိတ်၊ အလုပ်ရှာနေချိန်မှာ ကုန်ကျစရိတ်တွေကို စဉ်းစားဖို့ လိုပါတယ်။ အဲဒီကျောင်း တက်ဖူးတဲ့ သူငယ်ချင်း၊ မိတ်ဆွေဆီက ရတဲ့ သတင်းတွေနဲ့ ဆုံးဖြတ်ပါ။ အလုပ်နဲ့ လာမယ်ဆိုရင် အလုပ်အကိုင်၊ မြို့၊ ရာသီဥတုတွေ ထည့်သွင်းစဉ်းစားဖို့ လိုပါတယ်။ ဘယ်နိုင်ငံမှာမဆို ကြိုးစားရမှာ အသေအချာပေမဲ့ ကိုယ်နဲ့ ကိုက်ညီမဲ့ ကျောင်း၊ နိုင်ငံကို ရွေးချယ်လို့ ရေခြားမြေခြား နိုင်ငံခြားမှာ အောင်မြင်တဲ့သူများ ဖြစ်ပါစေ။
စန်းထွန်း
မေ ၇၊ ၂၀၁၄။
3 comments:
thanks for sharing your experience.waiting for more ;).
မမအိုင်အိုရာ
Anonymous said...
ကျောင်းကဘာသာရေးဆန်တာတော်တော်ထူးဆန်းတယ်နော်။
မမအိုင်အိုရာ
May 11, 2014 at 9:33 AM
Post a Comment