စနေ့နေ့ညနေ နယူးဂျာဆီပြည်နယ်က ဘလော့ဂါ မမီးငယ် အိမ်မှာ သွားအိပ်၊ နောက်နေ့ မနက်စောစော ဘုန်းကြီးကျောင်းသွားမယ်၊ စနေနေ့ညနေ အိန္ဒိယဘူးဖေးဆိုင် သွားစားမယ်လို့ တိုင်ပင်ထားတာ သောကြာနေ့ ညနေကျတော့ မမီးငယ် ချစ်ချစ်ကြီး နေမကောင်းလို့ မသွားဖြစ်တော့ဘူးတဲ့။ ဘုန်းကြီးကျောင်းကို ကားနဲ့ပဲ ရောက်နိုင်တာမို့ ကားမရှိတဲ့ကိုယ်က လမ်းကြုံလိုက်မှ ဖြစ်တာကိုး။ ဒါဆိုလည်း Meet up အဖွဲ့နဲ့ လမ်းပဲ သွားလျှောက်ပါတော့မယ်လေ။ စနေနေ့ ညနေ ၉ နာရီလောက်မှ မခိုင်က နယူးဂျာဆီကို ရထားစီးလာခဲ့ သူတို့လာခေါ်မယ်တဲ့။ ဘုန်းကြီးကျောင်းနဲ့ အနီးဆုံးဘူတာက နာရီဝက်လောက် ဝေးတယ်။ တခြားမြို့မှာ လာခေါ်ရမှာက လမ်းမှားမှာနဲ့ အရှင်းဆုံးက သူတို့မြို့ကို လာခဲ့။ အဲဒီကနေ ဘုန်းကြီးကျောင်းသွား အပြန် နယူးယောက် ကားကြုံရှိရင် ထည့်ပေးလိုက်မယ်။ မရှိရင် အနီးဆုံး ဘူတာ၊ ဘတ်စ်ကားဂိတ်မှာ ချပေးခဲ့မယ်။
ခရီးသည်က လေးယောက်ထဲ။ ဟိုင်းဝေးဘတ်စ်ကားမောင်းသူက ၉ နာရီ အနားယူရမယ်လို့ သတ်မှတ်ထားလို့ အနားယူနေရတာကြောင့် နောက်ကျတာပါလို့ တောင်းပန်ပါတယ်။ မက်ဟန်တန်နဲ့ နယူးဂျာဆီပြည်နယ်ကို ဆက်သွယ်ထားတဲ့ လင်းကွန်းမြေအောက်လှိုဏ်ခေါင်းမှာလည်း ကားတွေရှင်း၊ လမ်းမှာလည်း ကားတွေရှင်းလို့ ၇ နာရီ မထိုးခင်မှာပဲ နယူးဂျာဆီပြည်နယ် Newark ကို ဝင်တယ်။ သတ်မှတ်ချိန် ၇ ၁၅ အထိ Newark Penn Station ရှေ့မှာ ဘတ်စ်ကားကို ရပ်ထားတော့ မနှစ်က နယူးယောက်ကို လာတုန်းက မက်ဟန်တန်မှာ ကားမမောင်းရဲလို့ ကားကို Newark Penn Station နားက ပါကင်မှာ ထားခဲ့ပြီးတော့ Newark Penn Station ကနေ New York Penn Station ကို ရထားစီးကြတာကို သတိရမိတယ်။ မနှစ်က ခရီးတွေ အတူသွားခဲ့ကြတဲ့ ဆူနမ်တို့တွေ ခုတော့ ဆူနမ့် အဖေ၊ အဖေ၊ အဒေါ်ရောက်နေလို့ လက်စ်ဗီးကပ်ကို သွားလည်တာ ကိုယ့်ကိုလိုက်ခဲ့ဖို့ မခေါ်။ ခေါ်ဦးတော့ အရင်တုန်းကဆို နာရီဝက်အဝေးမှာဆိုတော့ အချိန်မရွေးသွားလို့ရတယ်။ ခုတော့ ၄ နာရီ မိုင် ၂၅၀ သွားမှာလာမှာနဲ့ ၆ နာရီလောက် အဝေးမှာဆိုတော့ သူတို့က ခေါ်ရင်တောင် ကိုယ်က လိုက်နိုင်ပါ့မလား။
ပန်ဆယ်ဗေးနီးယားပြည်နယ် Easton မြိ ု့ကိုရောက်တော့ မခိုင် လာကြိုတယ်။ မခိုင်တို့မြို့လေးက ချစ်စရာလေး။ မြစ်ဘေးတလျှောက် လမ်းလျှောက်လမ်း၊ စက်ဘီးလမ်း၊ သစ်ပင်တွေ စိမ်းစိမ်းစိုစို၊ တောရိပ်တောင်ရိပ်၊ ကျေးငှက်သံလေးတွေ တစီစီနဲ့ သာယာတယ်။ ကိုယ့်ဘလော့ကို ဖတ်လို့ ကိုယ့်ကို သိ၊ ကိုယ် မလာဖြစ်တော့ဘူးဆိုတော့ နယူးဂျာဆီကို ရထားစီးလာဖို့၊ ဘတ်စ်ကားစီးလာဖို့ မခိုင်ကို အကြံပေးပြီး ဖိတ်ခေါ်တာက မဆိုဖီပါ။ မဆိုဖီက ရန်ကုန်ကွန်ပျူတာတက္ကသိုလ် အမှတ်စဉ် ၈ ကိုယ်တို့က အမှတ်စဉ် ၁၁။ မဆိုဖီက တီချယ်ဒေါ်နေခြည်လဲ့လဲ့သိန်းတို့နဲ့ အတူတူတက်ခဲ့တာ။ ကိုယ်တို့ပထမနှစ် Data Structure ကို သင်တာက ဆရာမဖြစ်ခါစ တီချယ်နေခြည်။ ခရမ်းရောင် ဝတ်တဲ့နေ့ဆိုရင် မျက်လုံး၊ နှုတ်ခမ်းနီ၊ အိတ်၊ ဖိနပ်၊ အင်္ကျီ၊ ထမီ အားလုံးက ခရမ်းရောင်။ ခါးအထိရှည်တဲ့ ဆံပင်၊ ပိန်ပိန်လှပ်လှပ်၊ ကြေးရတတ် ဆရာမငယ်ငယ်ချောချောလေးဖြစ်ပြန် စာသင်လည်းကောင်းတော့ သူ့စာသင်ချိန်ဆို ခန်းပြည့်ခန်းလျှံ အားပေးကြတယ်။
တချို့ကောင်လေးတွေဆို တီချယ်နေခြည်ကို စာသွားသွား မေးရတာအမော။ တီချယ်ခမျာ နားလည်အောင် ရှင်းပြရတာထက် ကျောင်းသားတွေ ဝိုင်းအုံတာကို အတွေ့အကြုံ မရှိသေးတဲ့ ဆရာမ အသစ်စက်စက်ကလေးပီပီ အနေရအထိုင်ရ ခက်တယ်နဲ့ တူပါရဲ့ နဖူးမှာ ချွှေးတွေစို့လို့။ ရှေ့ဆုံးတန်းမှာထိုင်တဲ့ ကိုယ်တို့အုပ်စုထဲက သစ်သစ်က အလိုက်တသိ တစ်ရှူးကမ်းတော့ လှမ်းယူ နဖူးကိုသုတ်ပြီး အိုက်လိုက်တာနော်လို့ပြောတော့ မအိုက်တဲ့ကိုယ်တို့က ပြုံးစိစိ။ အဲဒီတုန်းက ဟစ်ဖြစ်တဲ့ ဇော်ပိုင်ရဲ့ မြို့အဝင်ည အခွေထဲက "ရွှေပုံပေါ်မှာ ပျော်ပါ နေခြည်... အမှောင်ယံတွေမှာ ကိုယ်တစ်ယောက်တည်း တခြားစီ" သီချင်းကို ကျောင်းသားတွေက "ရွှေပြည်သာမှာ ပျော်ပါ နေခြည် ...လှိုင်သာယာမှာ ကိုယ်တစ်ယောက်တည်း တခြားစီ" လို့ဆိုကြတယ်။ မာစတာတက်တော့ တီချယ်နေခြည်နဲ့ ပြန်ဆုံတယ်။
မော်လမြိုင်မှာ တာဝန်ကျပြီ ပီအိတ်ချ်ဒီပြီးလို့မာစတာမှာ ကိုယ်တို့ကို သင်တာ Artificial Intelligence ဘာသာ။ တီချယ်ရဲ့ ပီအိတ်ချ်ဒီစာတမ်းကို အိုင်စီစီအေဆိုလား ဘာဆိုလား နိုင်ငံတကာအဖွဲ့အစည်းကနေ လက်ခံတယ်လို့ ကြားလိုက်တယ်။ ကျောင်းသားတွေ ဝိုင်းကြည့်တာကို အနေရအထိုင်ရခက်တဲ့ တီချယ်ပေါက်စလေး မဟုတ်တော့ဘူး။ ကျောင်းသားတွေ စိတ်ဝင်စားအောင်၊ မငိုက်အောင် သင်နိုင်တဲ့သူ ဖြစ်လာတယ်။ အရင်ကထက် စာသင်တာ ကောင်းလာတယ်။ ဆံပင်ကတော့ မပြောင်းလဲဘူး အရင်လို ခါးအထိရှည်တုန်း၊ ပိန်လှပ်တုန်း။ အဲ..အရင်လို တကိုယ်လုံး ခရမ်းရောင်၊ အဝါရောင် မလုပ်နိုင်တော့ဘူး။ အဖြူနဲ့ စိမ်းပြာ ယူနီဖောင်း ဝတ်ရလို့။ တီချယ်နေခြည်နဲ့ တဘတ်ချ် batch တည်းဆိုတာနဲ့ တီချယ်နေခြည်အကြောင်း ရောက်သွားလိုက်တာ လိုရင်းမရောက်တော့ဘူး။
မဆိုဖီက မီချီကန်တက္ကသိုလ်တခုမှာ ကွန်ပျူတာသိပ္ပံ လာတက်ပြီး အလုပ်လုပ်နေတာဆိုတော့ ကိုယ့်နဲ့ UCSY ရန်ကုန်ကွန်ပျူတာတက္ကသိုလ်အကြောင်း၊ ယူအက်စ် ကျောင်းတွေအကြောင်း၊ အလုပ်အကိုင်အကြောင်း၊ ဗီဇာအကြောင်းတွေနဲ့ အတော်လေပေးဖြောင့်တယ်။ ကျောင်းတွေအကြောင်းရေးထားတဲ့ ပို့စ်တွေဆိုရင် ရန်ကုန်က သူ့ညီမကို ဖတ်ခိုင်းတယ်တဲ့။ ဘလော့ဂါဖြစ်ရတာ ဒီတစ်ခုတော့ ကောင်းသား။ ကိုယ့်ကိုသိကြတယ်၊ ကိုယ့်စာတွေဖတ်ပြီး ရင်းနှီးနေသလိုဖြစ်နေတော့ ကူညီချင်ကြတယ်။ မခိုင်အမျိုးသားက တီချယ်နေခြည်၊ မဆိုဖီ၊ ကိုထွန်းထွန်းဝင်းတို့ကို သင်တဲ့ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်က ဆရာ။ ကိုယ့်ဘလော့ကို ဖတ်ပြီး သိကျွှမ်းရ၊ သူ့တပည့်မဟုတ်ပေမဲ့ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ကျောင်းထွက်ဆိုတာနဲ့ သူ့တပည့်လို့ သဘောထားပြီး ကူညီစောင့်ရှောက်ကြတယ်။ ပန်ဆယ်ဗေးနီးယားပြည်နယ်ကနေ နယူးဂျာဆီ ဘုန်းကြီးကျောင်းကို ၁ နာရီလောက် ထပ်မောင်းရတယ်။ လမ်းရှင်းပေး၊ ပါကင်ညွှန်ပေးတဲ့ ဘဲဥတွေ ဘာတွေနဲ့။
သိမ်ဆင်းလောင်းနေတာကို မှီပေမဲ့ သိမ်ဆင်းလောင်းဖို့ ဘာမှပြင်ဆင်မလာတော့ မခိုင် သိမ်ဆင်းလောင်းတာကိုပဲ ဓာတ်ပုံရိုက်ဖြစ်တယ်။ ဆရာတော်ဦးကောဝိဒကို ဖူးရတယ်။ ဆရာတော်တစ်ပါးက ပြုံးပြနှုတ်ဆက်လို့ အတော်စဉ်းစားလိုက်ရတယ်။ ကိုထွန်းထွန်းဝင်းတို့ အလှုလုပ်တဲ့ ဘရွတ်ကလင်း မစိုးရိမ်ကျောင်း ဆရာတော်။ ငါ့နှယ်နော် မှတ်ညဏ်တွေ မကောင်းတော့ပါလား။ မေရီလန်းက အောင်မင်္ဂလာကျောင်း၊ နယူးယောက်အိမ်နားက သုံးပါးကျောင်းက ဆရာတော်တွေကို ဖူးရတယ်။ မုန့်တွေမှ အများကြီးပဲ။ ရွှေတိဂုံဘုရားပုံစံတူကို ဖူးရတော့ ရန်ကုန်ရွှေတိဂုံဘုရားကို သတိရတယ်။ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့၊ မေရီလန်းပြည်နယ် ဆေးဗာလ်းစပရင်းမြို့၊ ပန်ဆယ်ဗေးနီးယားပြည်နယ် ကန်နယ်ဘာ့ခ်မြို့က ဘုန်းကြီးကျောင်းတွေ ရောက်ဖူးပေမဲ့ ဒီလိုစေတီ ဖူးရတော့ မြန်မာပြည် အလွမ်းပြေတယ်။
ဖီလာဒဲပီးယားကို သွားတော့ ဂိုက်က ရှေးဟောင်းလမ်းကြားလေးတစ်ခုကို ခေါ်သွားတယ်။ အဲဒီလမ်းက အိမ်တွေက လန်ဒန်က အိမ်ပုံစံအတိုင်း ဆောက်ထားတာ။ ရေခြားမြေခြား ရောက်နေတဲ့ ဗြိတိသျှတွေ သူတို့ဇာတိက အိမ်ပုံစံအတိုင်း ဆောက်ပြီး အိမ်အလွမ်းဖြေကြတာ မြန်မာတွေ ရွှေတိဂုံစေတီပုံစံတူတည်ပြီး အလွမ်းဖြေကြတာနဲ့တူတူပါပဲ။ မေရီလန်းဘုန်းကြီးကျောင်းကို သွားတုန်းက အဘွားတင့်က ဘောင်းဘီတို (ဒူးခေါင်းလောက်) နဲ့လာတဲ့ ခလေးမလား၊ နောက်တစ်ခေါက်လာရင် ထမီဝတ်လာခဲ့ ဆိုလို့ အိမ်ကိုထမီမှာ။ ဘုန်းကြီးကျောင်းသွားရင် ထမီဝတ်ပေမဲ့ နယူးယောက်ကျတော့ ရထားစီးရ၊ လမ်းလျှောက်ရတော့ ထမီဝတ်သွားရင် လူတွေကြည့်ကြလွန်းလို့ မဝတ်ဖြစ်ဘူး။
မခိုင် အိမ်ရောက်မှ ဂျင်းဘောင်းဘီပေါ်မှာ ထမီထပ်ဝတ်တယ်။ ချိတ်နဲ့မဟုတ်ဘဲ ဒီအတိုင်း ရိုးရိုးပတ်ဝတ်ရတော့ ခဏခဏကျွှတ်လို့ မဝတ်ချင်တာလည်း ပါတယ်။ ဂျင်းဘောင်းဘီပေါ်က ထပ်ဝတ်တော့ ကျွှတ်ကျမှာလည်း မပူရသလို ခဏခဏလည်း မဝတ်ရဘူး။ အမေ ထည့်ပေးလိုက်တဲ့ ထမီဆင်လေးကို သဘောကျတယ်။ အမေစုက နိုင်ငံခြား သွားရင်လည်း ရိုးရာဝတ်စုံဝတ်တာ ချီးကျူးမိတယ်။ ကိုယ်တွေမှာတော့ သမင်လည်ပြန်၊ ခြင်္သေ့လည်ပြန် ကြည့်ကြတာကို မျက်နှာပူလို့။ ထမီဝတ်ထားရင် နယူးယောက်မှာ အထူးအဆန်း ငေးကြည့်ကြလွန်းလို့ မခိုင်လည်း မဝတ်ချင်ဘူးတဲ့။ ဘုန်းကြီးကျောင်းလာရင် ထမီဝတ်ဖို့ မမီးငယ်က တိုက်တွန်းတာမို့ ဒီတခါ သူလည်း ဝတ်လာတယ်။
မမီချီကို၊ စန်းထွန်း၊ မခိုင် |
ပြန်ခါနီး ကားကြုံရှာတော့ မခိုင်အသိ ဘရွှတ်ကလင်း ပြန်မယ့်ကားမှာ တနေရာရတယ်။ မထင်မှတ်ဘဲ မမီချီကိုနဲ့ဆုံတယ်။ မှတ်မိမလား မသိဘူး ကျွန်မနှင့်ဂျူး ပို့စ်ထဲက ဇာတ်လိုက်ကြီးလေ။ မရောက်လာနိုင်တဲ့ မမီးငယ် ဂျေဖြစ်အောင် တမင်တကာကို ဓာတ်ပုံရိုက်ကြတယ်။ မမီချီကို သမီး မေကဆုန်မေဆဲမိုးလေးက မြန်မာစကား ပြောတာများ မွှတ်နေတာပဲ။ ခြေအိတ်ရေစိုလို့ဖျားရင် ရှမ်းကု ကုထည့်လိုက်မှာလို့ အကြမ်းနည်း၊ အနုနည်းနဲ့ ဆုံးမတာများ လက်ဖျားခါတယ်။ နိုင်ငံရပ်ခြားမှာမွေး၊ ဗမာသွေးတဝက်ပါတဲ့ ကပြားကလေးတစ်ယောက်ကို ဗမာစကားမွှတ်နေအောင် ပြောတတ်အောင် သွန်သင်နိုင်တာ ချီးကျူးပါပေတယ်။ မနက် ၄ နာရီ အိပ်ယာထ၊ ၃ နာရီ ကားစီးရလို့ ပင်ပန်းလို့အပြန်မှာ အိမ်ငိုက်မလား အောက်မေ့တယ်။ ရှမ်းပြည်ကို တာဝန်ကျတဲ့ ဆရာဝန်၊ ဆရာမတွေကို သူပုန်တွေ အပိုင်စီးတဲ့အကြောင်း၊ ရှမ်းပြည်က အကြောင်းတွေကို နားထောင်ရတာ မျက်စိစင်းပြီး ငိုက်ဖို့နေနေသာသာ စိတ်ဝင်စားလို့ မျက်စိတောင် ကျယ်နေတော့တာပဲ။
မိုးရွာမယ်လို့ ခန့်မှန်းထားပေမဲ့ ပွဲမပျက်တဲ့မိုးကြောင့် နေသာသာ တိမ်ပြာပြာ ဆန်းဒေးမှာ မြန်မာလူမျိုး၊ မြန်မာအစားအစာ၊ စေတီနဲ့ စည်ကားတဲ့ နယူးဂျာဆီသွား တောလားလေးပါ။ မန်မိုရီယမ်ဒေးမှာ ယူအက်စ်မြို့တော်ဟောင်း၊ ပန်ဆယ်ဗေးနီးယားပြည်နယ်ရဲ အကြီးဆုံး ဖီလာဒဲဖီးယားမြို့၊ လျှပ်စစ်မီး၊ တီဗွီ၊ ဗီဒီယိုဂိမ်းမရှိတဲ့ ဒေသလေးတစ်ခုကို သွားရောက်လည်ပတ်တဲ့ ဖီလာဒဲပီးယားသွား တောလားကို နောက်အပတ်မှ ရေးပါဦးမယ်။
Happy Traveling !
စန်းထွန်း
မေ ၃၁၊ ၂၀၁၄။
မခိုင်အမျိုးသား ဥ◌ီးရွှေကို ရိုက်ပေးတာ |
6 comments:
Very Beautiful Day!! On NJ
Ma Khine
နာလိုဘူးဟေ့
အဟဲ..အလကားပြောတာပါ
ထမိန်ဝတ်လာကြတာကိုဘဲ
မမအိုင်အိုရာ
တကယ်ကြီးပေါ့။း)
မမအိုင်အိုရာ
မီးမီးငယ် said...
နာလိုဘူးဟေ့
အဟဲ..အလကားပြောတာပါ
ထမိန်ဝတ်လာကြတာကိုဘဲ
တကယ်ဘဲကိုယ့်စကားနားထောင်လို့
ကြည်နူးမိတာအမှန်ဘအမြဲတမ်းသွားလည်နိုင်ပါစေကွယ်
May 31, 2014 at 10:18 PM
Anonymous said...
စန်းထွန်းလေးပိုလှလာတယ်။
မမအိုင်အိုရာ
May 31, 2014 at 11:23 PM
San San Htun said...
မခိုင် း တကယ့်ကို Last minute trip ပဲ...တော်သေးတယ် အားလုံးအဆင်ပြေလို့...
မမီးငယ် း ထမီ ဝတ်ချင်ပါတယ် ..လူတွေကြည့်ကြလို့..
မမအိုင်အိုရာ း တကယ်ကြီးလားဟင် ;)
June 1, 2014 at 7:52 PM
Anonymous said...
တကယ်ကြီးပေါ့။ း)
မမအိုင်အိုရာ
June 1, 2014 at 11:30 PM
Post a Comment