ဟိုး မိုင်းသောင်းချီအဝေးကနေ ထိုမြို့လေးဆီသို့ သူမရောက်လာချိန်တုန်းက ဆောင်းအကုန် နွေအကူးကာလမို့ သစ်ပင်များ အရွက်မရှိ မဲခြောက်ခြောက်နဲ့ ရုပ်ဆိုးလွန်းလှသည်။ မိသားစုသိုက်မြုံကနေ မခွဲခွာဖူးသော သူမ ဝမ်းနည်းကြေကွဲမှုတွေနဲ့အတူ ကမ္ဘာသစ်ဆီသို့ စူးစမ်းချင်စိတ်တွေနဲ့ ပြည့်နှက်နေခဲ့သည်။
ထိုမြို့လေးသည် နိုင်ငံ၏ အလည်ဗဟိုတွင် ရှိသည်။ သူမ မွေးဖွားရာနိုင်ငံမှ မိုးများသော၊ ပင်လယ်များ ဝန်းရံနေသော၊ စပါးကျီဟု တင်စားရသောနယ်လေးမှ မြို့လေးတမြို့နှင့် ဆင်တူလွန်းလှသည်။ ကျေးလက်မြို့ငယ်လေးမို့ မြို့သူမြို့သားများသည် ရိုင်းပင်းကြသည်။ ကူညီကြသည်။ ပျူငှာကြသည်။ နွေးထွေးကြသည်။ ထိုမြို့လေးတွင် ကမ္ဘာအရပ်ရပ်မှ လူမျိုးပေါင်းစုံ ဆုံစည်းကြသည်။ မတူညီသော အသားအရောင်၊ ဓလေ့ထုံးစံ၊ လူမျိုး၊ သာသာစကား၊ ကိုးကွယ်ယုံကြည်မှုများ တူညီသွားကြသည်။
ရှုံးနိမ့်မှုနှင့်အတူ ဝမ်းနည်းကြွေကွဲစွာ ထိုမြို့လေးဆီက သူမ ထွက်ပြေးခဲ့ဖူးသည်။ နောင်ဘယ်တော့မှ ခြေဦးမလှည့်ဟုဆိုကာ ထိုမြို့လေးကို သူမ မုန်းတီးခဲ့ဖူးသည်။ ဖြူဖြူဖွေးဖွေး နှင်းစက်များသည် သူမအတွက် အေးစက်လွန်းလှသည်။ သည်းသည်းမဲမဲ ရွာသွန်းသော မိုးရေစက်များသည် သူမအတွက် စိုစွတ်လွန်းလှသည်။ တောက်ပသော နေရောင်ခြည်များသည် သူမအတွက် ပူလောင်လွန်းလှသည်။
ဒီအချိန်ဆို စာသင်ခန်းထဲမှာ၊ ဒီအချိန်ဆို ထမင်းစားဆောင်ထဲမှာ၊ ဒီအချိန်ဆို မြေအောက်ထပ်မှာ အရုပ်တွေနဲ့ ဘောလုံးကန်၊ ဘိလိယက်ထိုး၊ ဒီအချိန်ဆို တနေရာမှာ စုပေါင်းချက်ပြုတ်စားသောက်၊ ဒီအချိန်ဆို ဘိုးလင်းကစား၊ ဒီအချိန်ဆို ငါးသွားမျှားပြီး တကောင်တည်းရတဲ့ ငါးကို ကြည့်ပြီး ဟားနေကြမှာဖြင့် ထူးဆန်းစွာပင် ထိုမြို့လေးကို သူမ လွမ်းနေခဲ့သည်။
သူမ ပြန်လာတော့လည်း ထိုမြို့လေးက မိတ်ဆွေရင်းခြာတယောက်လို နွေးထွေးစွာ ကြိုဆိုခဲ့သည်။ နွေဦးကာလရောက်ပြီဖြစ်၍ စိမ်းလန်းဝေဆာနေသော သစ်ပင်များ၊ မွှေးထုံအီနေသော ပန်းရနံ့များဖြင့် ထိုမြို့လေးသည် ချစ်စရာကောင်းနေခဲ့သည်။
ထိုမြို့လေး၏ အဓိကလုပ်ငန်းမှာ စိုက်ပျိူးရေးလုပ်ငန်းဖြစ်သည်။ မြို့ပြင်ထွက်လိုက်လျှင် မျက်စိတဆုံး ကျယ်ပြန့်သော ပြောင်ဖူးစိုက်ခင်း၊ အလေ့ကျပေါက်နေသော ဝါရွှေနွယ်ပန်းခင်းကြီးကို တွေ့ရမည်။ ဥသြဆွဲပြီး ဖြတ်သန်းသွားသော ရထားသည် ထိုမြို့လေးတွင် ဘယ်သောအခါမှ မရပ်ပေ။
နေသာလိုက်၊ လေထန်လိုက်၊ မိုးရွာလိုက်၊ မြူခိုးဝေလိုက်၊ နှင်းကျလိုက်နှင့် ထိုမြို့လေးတွင် ရာသီဥတုမျိုးစုံ တွေ့ရသည်။ မြောက်ပိုင်းကျသောကြောင့် ထိုမြို့လေး၏ ဆောင်းတွင်းသည် အသည်းခိုက်အောင် အေးသည်ဟု နာမည်ကြီးလှသည်။ မုန်တိုင်းလမ်းကြောင်းကျသော်လည်း ထို မြို့လေးသည် မုန်တိုင်းဒဏ်မှ ကင်းလွတ်နေခဲ့သည်။
လစဉ်လတိုင်း ပထမပတ်၏ သောကြာနေ့၌ မြို့လယ်ကောင်ရင်ပြင်တွင် ပွဲတော်ဆင်ယင်ကျင်းပလေ့ရှိသည်။ သို့သော် သူမသည် ဘယ်သောအခါမှ ပါဝင်မဆင်နွှဲခဲ့။၂လတခါ နောက်ဆုံးပတ်၏ သောကြာနေ့တွင် ကျောင်း၌ Open Mic ကျင်းပလေ့ရှိသည်။ ကျောင်းသားကျောင်းသူများ၏ တင်ဆက်မှုကို လက်ခုပ်ပင်ဖြောင့်အောင် မတီးတတ်သော သူမ ဝေဖန်လေကန်လေ့ရှိသည်။ အလကား တီးခွင့်ရှိသော ပွဲတော်များကိုတော့ သူမ တက်ကြွစွာ မပျက်မကွက် တက်ရောက်လေ့ ရှိသည်။
သူငယ်ချင်းများနဲ့ အတူ ပြောစရာစကားတွေ မကုန်နိုင်အောင် ရှိနေခဲ့ဖူးသည်။ တရုတ်ဘူဖေးတဘူး၊ အိန္ဒိယဘူဖေးတဘူးဝယ်ကာ သူငယ်ချင်းများနှင့် မြိန်ရေရှက်ရေ စားခဲ့ဖူးသည်။ ဝိုင်သောက်ရင်း ပိုကာပါတီ ဆင်နွှဲခဲ့ဖူးသည်။ တခြားမြို့တွေဆီ လည်ပတ်ခဲ့ဖူးသည်။ လည်ပတ်စရာ သိပ်မရှိသော၊ သေးငယ်သော မြို့လေးတွင် ခြေရာများစွာထင်ကျန်ခဲ့သည်။
သစ်ပင်များ အဝါရောင်၊ အနီရောင်ပြောင်းကာ ရွှက်ဝါကြွေချိန် သူမ၏ ချစ်သူငယ်ချင်များသည်လည်း ဆောင်းလေနှင့်အတူ ထွက်ခွာသွားခဲ့သည်။ သူမ၏ ပျော်ရွှင်မှုရွက်ဝါလေးသည်လည်း ဖြုတ်ခနဲ ကြွေလွင့်ခဲ့သည်။ ရိုးတံကြဲကြဲ သစ်ပင်များ ဆောင်းဒဏ်ကြံ့ကြံ့ခံချိန် သူမသည်လည်း ဝမ်းနည်းအားငယ်မှုများကို ကြံ့ကြံ့ခံခဲ့သည်။
နွေတုန်းက ဖူးပွင့်ခဲ့သော ပန်းပင်များ မြေကြီးအောက် ငှပ်လျှိုးကာ ဆောင်းအအေးဒဏ်နှင့် နေသားတကျရှိနေချိန် သူမသည်လည်း သူငယ်ချင်းအသစ်များနှင့် နေသားတကျရှိနေခဲ့သည်။ အအေးကြောက်သော သူမ ဆောင်းနှင်းပွင့် ဖြူဖြူဖွေးကို ချစ်သွားသလို သူငယ်ချင်းအသစ်များကိုလည်း ချစ်ခင်တွယ်တာသွားခဲ့သည်။
ထိုမြို့လေးတွင်ပင် သူမ ချစ်သူကို အမှတ်တမဲ့ တွေ့ဆုံခဲ့သည်။ ချစ်သူ၏ မျက်ဝန်းလဲ့လဲ့၊ အပြုံးတပွင့်၊ စကားတခွန်းသည်ကိုပင် ကော်ဖီပူပူလေးတခွက် သောက်ရသလို သူမ ခုံခုံမင်မင်၊ နှစ်နှစ်ခြိုက်ခြိုက်၊ မက်မက်မောမော သောက်သုံးနေခဲ့သည်။
ထိုမြို့လေးတွင် သူမ ပျော်ရွှင်ခဲ့သည်။ စိတ်ဓာတ်ကျခဲ့သည်။ မျှော်လင့်ချက်တွေနဲ့ တက်ကြွနေခဲ့သည်။ ဝမ်းနည်းကြေကွဲခဲ့သည်။ ရှုံးနိမ့်ခဲ့သည်။ အထီးကျန်နေခဲ့သည်။ ငိုကြွေးခဲ့သည်။ သူမအတွက်တော့ ထိုမြို့လေးသည် ချို၊ ချဉ်၊ ဖန်၊ ခါး၊ စပ် အရသာမျိုးစုံ ပေးစွမ်းနိုင်သာ ဟင်းတခွက် ဖြစ်သည်။
ခဏတာခိုနားခဲ့သော ထိုမြို့လေးသည် သူမအတွက် အိမ်ဖြစ်နေခဲ့သည်။ ထိုမြို့လေးသည် ရိုးစင်းသည်။ ပွင့်လင်းသည်။ ပကာသနကင်းသည်။ အေးချမ်းသည်။ ချစ်သူနေထိုင်သော မြို့ဖြစ်သောကြောင့်ပင် သူမကို ညှို့ငင်ဖမ်းစားနိုင်လွန်းသည်။ သူမအတွက်တော့ ထိုမြို့လေးသည် ကြီးကျယ်ခမ်းနားသည်။ ချစ်စရာကောင်းသည်။ ဂန္တဝင်မြောက် လှပသည်။
နေရောင်ခြည်များနှင့် နွေးထွေးလင်းလက်သည်။ ဆောင်းနှင်းပွင့်များနှင့် ဖြူဖွေးလှပသည်။ သစ်ပင်များနှင့် စိမ်းလန်းဝေဆာသည်။ ပန်းပွင့်များနှင့် မွှေးရနံ့ထုံအီသည်။ ငှက်ကလေးများ၏ တေးသံသာများနှင့် သာယာနာပျော်သည်။ စမ်းရေစီးသံ တသွင်သွင်နှင့် အေးချမ်းသည်။ ရေကန်များနှင့် ကြည်လင်သည်။ တောင်တန်းများနှင့် မြဲမြံသည်။
မျှော်လင့်ချက်၊ စိတ်ကူးယဉ်အိမ်မက် တပွေ့တပိုက်ဖြင့် ထိုမြို့လေးမှ သူမ ထွက်ခွာခဲ့ပြန်သည်။ ချစ်သူ၏မြို့လေးသည်ကား ရောက်လာသူများ၊ ထွက်ခွာသူများကို အမြဲတစေ နွေးထွေးစွာ ကြိုဆိုနေမည်။
စန်းထွန်း
ဖေဖေါ်ဝါရီ ၅၊ ၂၀၁၂။
26 comments:
သူမ လြမ္းေနတ့ဲ ျမိဳ႕ေလး၊ ခ်စ္သူနဲ႔ အမွတ္တမ့ဲ ဆုံခ့ဲတ့ဲ ျမိဳ႕ေလး အေႀကာင္း ဖတ္သြားတယ္။ ဘယ္ျမိဳ႕ေလးပါလိမ့္....။
လြမ္းေမာစရာ အၿပည့္နဲ႕ပါလား စန္းထြန္းေရ...ဖတ္ရသူေတာင္ ဒီေလာက္လြမ္းရရင္ စန္းထြန္း ရင္ထဲ ဝင္မၾကည့္ပဲ ၿမင္ေယာင္မိပါတယ္...
ပန္း႐ိုင္း၊ ပန္းယဥ္ေတြနဲ႔ ၿမိဳ႕ကေလးက လွေနမယ္ ထင္တယ္၊ ၿမိဳ႕ကေလး အေၾကာင္း ပို႔စ္ကလည္း ၿမိဳ႕ကေလးလိုပဲ အေရာင္စံု၊ အရသာစံု....။ း)
လွလိုက္တဲ႕ပန္းေတြပါလားစန္းထြန္းေရ
ခ်စ္သူရဲ႕ ျမိဴ႕ကေလးက ပန္းေတြနဲ႕ေ၀ပါလားကြယ္ း)
ခ်စ္တဲ႕
မဒိုးကန္
အဲဒီျမိဳ႕ေလးကို ျပန္မသြားရေတာ့ဘူးေပါ့။ စာေရးေတာ္ေတာ္ေကာင္းတယ္။ မစန္းထြန္းလိုပဲ ျမိဳ႕ေလးမွာ မစန္းထြန္းရဲ့ေျခရာေလးေတြ ထင္က်န္ေနခဲ့မွာပါ။ :')
သစ္သားခံုေလးရယ္.. သစ္ရြက္ေတြ မရွိေတာ႔တဲ႔ သစ္ပင္ေလးရယ္.. ရပ္ေနတဲ႔ ေကာင္မေလးရယ္ .. အဲဒီပံုေလးကို ႏွစ္သက္တယ္။
ခင္တဲ႔
ျမတ္
ခ်စ္စရာ ျမိဳ ့ေလးပါလား... ဓာတ္ပံုေလးေတြလဲ လွလိုက္တာ...
အရမ္းလွတဲ႔ပန္းေတြရယ္ ခ်စ္စရာေကာင္းတဲ႔ျမိဳ႕ေလးရယ္ စိတ္၀င္စားေနျပီေနာ္
ခ်စ္သူရဲ့ျမိဳ႕ေလးလား
ခ်စ္သူပုံက်ပါဘူးေနာ္
ခ်စ္သူရဲ ့ျမဳိ ့ေလးကခ်စ္စရာေကာင္းလိုုက္တာေနာ္။
အုုိင္အိုုရာ
ခ်စ္သူရဲ႕ၿမိဳ႕ေလးကိုတေငးတေမာၾကည့္သြားတယ္
စန္းစန္းေရ။ ထူးထူးျခားျခားပန္းေလးေတြလွမွလွ။
ရႈခင္းေလးလည္းၾကည့္ရတာၾကည္ႏူးစရာ။
စိတ္ဓာတ္အစဥ္ၾကည္လင္ေအးျမပါေစကြယ္။
ေမတၱာျဖင့္
အန္တီတင့္
အထြန္း
ဘယ္ျမိဳ႕ေလးလဲ
ပန္းေလးေတြကလွတယ္
ရို ့စ္၊ ပစ္ပစ္ အသက္သာ အေသခံမယ္ ဘယ္ၿမိ ု ့လဲလို ့ လံုးဝေၿပာဘူး..:P
ဂ်က္ဂ်က္ အသက္သာ အေသခံမယ္ ခ်စ္သူပံု လံုးဝၿပဘူး..:P
ဒီလိုေရးထားေတာ့လည္း လြမ္းဖို႕ေကာင္းလိုက္တာ...
လြမ္းစရာေလးဆန္းထြန္းေရ ... ခ်စ္သူပံုုကိုုမျပလည္း နာမည္ေလးေတာ့ေျပာပါ့လား..ခိခိ
မေရာက္ျဖစ္တာ ၾကာဘီ ခုမွလာရတယ္ အစ္ကို ဆန္းထြနး္ရယ္ :P
ဖတ္ရတာ ခံစားခ်က္ေတြ နည္းနည္း နက္ ေနသလိုပဲ။ က်ေနာ့ဘ၀ မွာလည္း အလယ္ပိုင္းက ျမိဳ့တစ္ျမိဳ့ကို ခုထိ စြဲလန္းေနတုနး္ပဲ။ ဘယ္ျမိဳ့လို ့ေတာ့ မေျပာ ျပ ေတာ့ပါဘူး။ ခုထိေတာ့ အိမ္မက္ထဲ မက္ေနတုန္းပဲ။ မုန္းလို ့ စိတ္ညစ္လုိ ့ ထြက္ခြာခဲ့တာလည္း မဟုတ္ပါဘူး။ အေျခအေန အရ ပါ။ လြမ္းတယ္။ ျပန္အုန္းမယ္။ တစ္ေန ့။
အသက္ခ်ည္းပဲအေသခံေနေတာ့တာ
တစ္ခါတစ္ေလေလး.ကိုယ့္အသက္ကိုယ္
သနားၾကည့္ပါအုံးလား း)
ခ်စ္သူက..ဘယ္သူေလးတုန္း
မေျပာရင္ေမာင္ေမာင့္ကိုသိမ္းလိုက္မွာေနာ္ :P
လွလိုက္တဲ့.ရႈခင္းေလးေတြနဲ႔
ေအးခ်မ္းေနတဲ့ၿမိဳ႕ေလးပုံေဖာ္ၾကည့္ရင္း
ကာယကံရွင္မေျပာနဲ႔..ကိုယ္ေတာင္လြမ္းပါတယ္ း)
တိတ္တိတ္ေလးေတာင္းတဲ့ဆုေတြအျမန္ျပည့္ပါေစ။
ခ်စ္ခင္လွ်က္
မိစံ
ေကာင္းလိုက္တဲ့ အက္ေဆးေလး.. ျမိဳ႕ေလးကို တကယ္ပံုေဖာ္သြားႏိုင္တယ္....
ခင္မင္လ်က္
ေန၀သန္
ေအာ္..ေတာ္ေတာ္နစ္နာေနဦးမယ္ သမံစီးေရ..စန္းထြန္းရဲ ့ၿမိ ု ့ဆိုေတာ့ ဘယ္သူက စိတ္ဝင္စားမွာတုန္းဟ..ခ်စ္သူရဲ ့ၿမိ ု ့ဆိုေတာ့မွ စိတ္ဝင္စားမွာေပါ့..ညည္းတို ့ကို ရွင္းၿပေနတာနဲ ့ ဖီးလ္ပ်က္ပါတယ္ေအ...
ေရးထားပံုေလးက ခ်စ္စရာေလး စန္းထြန္းရယ္
ဒီလိုမ်ိဳးေလးေတြလည္း အေရးေကာင္းသားေနာ္..
ပန္းလွလွေလးေတြ ျမင္ေယာင္မိတယ္
အေတာ္ခ်စ္ဖို႔ေကာင္းတဲ႔ျမိဳ႕ကေလး။
ျမိဳ႕ကေလးမွာ ခ်စ္သူနဲ႔အတူ ေပ်ာ္ပါေစ စန္းထြန္းေရ။
ပ်ိဳးယုေရ..မရိွတဲ့ ခ်စ္သူကို နာမည္ေၿပာဆိုေတာ့..ခက္လွခ်ည္ရဲ ့..ေအာင္မငီးလို ့သာ ငိုလိုက္ခ်င္ေတာ့တယ္...
စန္းထြန္းေလးေရ ... အမလဲ ျမိဳ႕ေသးေသးေလးတခုမွာ ေက်ာင္းတက္ခဲ့ရတုန္းက အဲဒီျမိဳ႕ေလးအေၾကာင္း စာတပုဒ္ေရးမယ္လို႔ စိတ္ကူးခဲ့မိေသးတယ္။ ခုထိ မေရးျဖစ္ေသးဘူး။
ၿမိဳ႕ေလးကို ခြဲခြါၿပီး ေက်ာင္းကထြက္သြားတဲ့ စန္းထြန္းေလး အလုပ္ေကာင္းေကာင္းရပါေစ ... ။
ၿမိဳ႕ကေလးအေပၚမွာရွိေနတဲ့ သံေယာဇဥ္အစိုင္အခဲေတြကို စကားလံုးေလးေတြနဲ႔ ေသေသသပ္သပ္ ထုဆစ္ထားလိုက္တာ..။
ပန္ေလးေတြလည္း လွတယ္။ စာေရးတဲ.သူလည္းေခ်ာတယ္။ စာအေရးအသားလည္းေကာင္းတယ္။
မင္းရွင္
လြမ္းေမာရပါသည္
rose said...
သူမ လွမ်းနေတဲ့ မြို့လေး၊ ချစ်သူနဲ့ အမှတ်တမဲ့ ဆုံခဲ့တဲ့ မြို့လေး အကြောင်း ဖတ်သွားတယ်။ ဘယ်မြို့လေးပါလိမ့်....။
February 5, 2012 at 1:27 PM
Angelhlaing(May everybody be happy and healthy! said...
လွမ်းမောစရာ အပြည့်နဲ့ပါလား စန်းထွန်းရေ...ဖတ်ရသူတောင် ဒီလောက်လွမ်းရရင် စန်းထွန်း ရင်ထဲ ဝင်မကြည့်ပဲ မြင်ယောင်မိပါတယ်...
February 5, 2012 at 2:26 PM
ညီလင်းသစ် said...
ပန်းရိုင်း၊ ပန်းယဉ်တွေနဲ့ မြို့ကလေးက လှနေမယ် ထင်တယ်၊ မြို့ကလေး အကြောင်း ပို့စ်ကလည်း မြို့ကလေးလိုပဲ အရောင်စုံ၊ အရသာစုံ....။ း)
February 5, 2012 at 5:42 PM
မဒမ်ကိုး said...
လှလိုက်တဲ့ပန်းတွေပါလားစန်းထွန်းရေ
ချစ်သူရဲ့ မြိူ့ကလေးက ပန်းတွေနဲ့ဝေပါလားကွယ် း)
ချစ်တဲ့
မဒိုးကန်
February 5, 2012 at 8:33 PM
Mrs. Bagel said...
အဲဒီမြို့လေးကို ပြန်မသွားရတော့ဘူးပေါ့။ စာရေးတော်တော်ကောင်းတယ်။ မစန်းထွန်းလိုပဲ မြို့လေးမှာ မစန်းထွန်းရဲ့ခြေရာလေးတွေ ထင်ကျန်နေခဲ့မှာပါ။ :')
February 5, 2012 at 8:34 PM
မြတ်ပန်းနွယ် (Myat Pan Nwe) said...
သစ်သားခုံလေးရယ်.. သစ်ရွက်တွေ မရှိတော့တဲ့ သစ်ပင်လေးရယ်.. ရပ်နေတဲ့ ကောင်မလေးရယ် .. အဲဒီပုံလေးကို နှစ်သက်တယ်။
ခင်တဲ့
မြတ်
February 5, 2012 at 8:45 PM
ညီရဲ said...
ချစ်စရာ မြို့လေးပါလား... ဓာတ်ပုံလေးတွေလဲ လှလိုက်တာ...
February 6, 2012 at 12:27 AM
စံပယ်ချို said...
အရမ်းလှတဲ့ပန်းတွေရယ် ချစ်စရာကောင်းတဲ့မြို့လေးရယ် စိတ်ဝင်စားနေပြီနော်
ချစ်သူရဲ့မြို့လေးလား
ချစ်သူပုံကျပါဘူးနော်
February 6, 2012 at 2:51 AM
Iora said...
ချစ်သူရဲ့မြို့လေးကချစ်စရာကောင်းလိုက်တာနော်။
အိုင်အိုရာ
February 6, 2012 at 4:56 AM
mstint said...
ချစ်သူရဲ့မြို့လေးကိုတငေးတမောကြည့်သွားတယ်
စန်းစန်းရေ။ ထူးထူးခြားခြားပန်းလေးတွေလှမှလှ။
ရှုခင်းလေးလည်းကြည့်ရတာကြည်နူးစရာ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
February 6, 2012 at 11:29 AM
blackroze said...
အထွန်း
ဘယ်မြို့လေးလဲ
ပန်းလေးတွေကလှတယ်
February 6, 2012 at 12:46 PM
San San Htun said...
ရို့စ်၊ ပစ်ပစ် အသက်သာ အသေခံမယ် ဘယ်မြိ ု့လဲလို့ လုံးဝပြောဘူး..:P
ဂျက်ဂျက် အသက်သာ အသေခံမယ် ချစ်သူပုံ လုံးဝပြဘူး..:P
February 6, 2012 at 2:54 PM
အလင်းသစ် said...
ဒီလိုရေးထားတော့လည်း လွမ်းဖို့ကောင်းလိုက်တာ...
February 7, 2012 at 8:46 AM
ပျိုးယုဝသုန် (Pyo Yu Wathone) said...
လွမ်းစရာလေးဆန်းထွန်းရေ ... ချစ်သူပုံကိုမပြလည်း နာမည်လေးတော့ပြောပါ့လား..ခိခိ
February 7, 2012 at 10:39 PM
...အလင်းစက်များ said...
မရောက်ဖြစ်တာ ကြာဘီ ခုမှလာရတယ် အစ်ကို ဆန်းထွန်းရယ် :P
ဖတ်ရတာ ခံစားချက်တွေ နည်းနည်း နက် နေသလိုပဲ။ ကျနော့ဘ၀ မှာလည်း အလယ်ပိုင်းက မြို့တစ်မြို့ကို ခုထိ စွဲလန်းနေတုန်းပဲ။ ဘယ်မြို့လို့တော့ မပြော ပြ တော့ပါဘူး။ ခုထိတော့ အိမ်မက်ထဲ မက်နေတုန်းပဲ။ မုန်းလို့ စိတ်ညစ်လို့ ထွက်ခွာခဲ့တာလည်း မဟုတ်ပါဘူး။ အခြေအနေ အရ ပါ။ လွမ်းတယ်။ ပြန်အုန်းမယ်။ တစ်နေ့။
February 8, 2012 at 4:43 AM
Anonymous said...
အသက်ချည်းပဲအသေခံနေတော့တာ
တစ်ခါတစ်လေလေး.ကိုယ့်အသက်ကိုယ်
သနားကြည့်ပါအုံးလား း)
ချစ်သူက..ဘယ်သူလေးတုန်း
မပြောရင်မောင်မောင့်ကိုသိမ်းလိုက်မှာနော် :P
လှလိုက်တဲ့.ရှုခင်းလေးတွေနဲ့
အေးချမ်းနေတဲ့မြို့လေးပုံဖော်ကြည့်ရင်း
ကာယကံရှင်မပြောနဲ့..ကိုယ်တောင်လွမ်းပါတယ် း)
တိတ်တိတ်လေးတောင်းတဲ့ဆုတွေအမြန်ပြည့်ပါစေ။
ချစ်ခင်လျှက်
မိစံ
February 8, 2012 at 7:24 AM
နေဝသန် said...
ကောင်းလိုက်တဲ့ အက်ဆေးလေး.. မြို့လေးကို တကယ်ပုံဖော်သွားနိုင်တယ်....
ခင်မင်လျက်
နေဝသန်
February 8, 2012 at 7:41 AM
San San Htun said...
အော်..တော်တော်နစ်နာနေဦးမယ် သမံစီးရေ..စန်းထွန်းရဲ့မြိ ု့ဆိုတော့ ဘယ်သူက စိတ်ဝင်စားမှာတုန်းဟ..ချစ်သူရဲ့မြိ ု့ဆိုတော့မှ စိတ်ဝင်စားမှာပေါ့..ညည်းတို့ကို ရှင်းပြနေတာနဲ့ ဖီးလ်ပျက်ပါတယ်အေ...
February 8, 2012 at 10:46 AM
ချော(အစိမ်းရောင်လွင်ပြင်) said...
ရေးထားပုံလေးက ချစ်စရာလေး စန်းထွန်းရယ်
ဒီလိုမျိုးလေးတွေလည်း အရေးကောင်းသားနော်..
ပန်းလှလှလေးတွေ မြင်ယောင်မိတယ်
အတော်ချစ်ဖို့ကောင်းတဲ့မြို့ကလေး။
မြို့ကလေးမှာ ချစ်သူနဲ့အတူ ပျော်ပါစေ စန်းထွန်းရေ။
February 8, 2012 at 10:52 AM
San San Htun said...
ပျိုးယုရေ..မရှိတဲ့ ချစ်သူကို နာမည်ပြောဆိုတော့..ခက်လှချည်ရဲ့..အောင်မငီးလို့သာ ငိုလိုက်ချင်တော့တယ်...
February 8, 2012 at 1:07 PM
မေဓာဝီ said...
စန်းထွန်းလေးရေ ... အမလဲ မြို့သေးသေးလေးတခုမှာ ကျောင်းတက်ခဲ့ရတုန်းက အဲဒီမြို့လေးအကြောင်း စာတပုဒ်ရေးမယ်လို့ စိတ်ကူးခဲ့မိသေးတယ်။ ခုထိ မရေးဖြစ်သေးဘူး။
မြို့လေးကို ခွဲခွါပြီး ကျောင်းကထွက်သွားတဲ့ စန်းထွန်းလေး အလုပ်ကောင်းကောင်းရပါစေ ... ။
February 8, 2012 at 4:21 PM
မြသွေးနီ said...
မြို့ကလေးအပေါ်မှာရှိနေတဲ့ သံယောဇဉ်အစိုင်အခဲတွေကို စကားလုံးလေးတွေနဲ့ သေသေသပ်သပ် ထုဆစ်ထားလိုက်တာ..။
February 9, 2012 at 4:50 AM
မောင်မောင် said...
ပန်လေးတွေလည်း လှတယ်။ စာရေးတဲ.သူလည်းချောတယ်။ စာအရေးအသားလည်းကောင်းတယ်။
February 10, 2012 at 3:09 AM
Anonymous said...
မင်းရှင်
လွမ်းမောရပါသည်
August 2, 2012 at 1:39 PM
Post a Comment