ရပ်ကွက်ထဲမှာတော့ဗျာ - ၆
တောတွေ လားလိုက်တာနဲ့ ရက်ကွက်ထဲကို ခုမှပဲ ခြေဦးပြန်လှည့်ပါတော့တယ်။ Winter Break ၁၀ ရက် အားလပ်ရက်မှာ ခပ်ပျင်းပျင်းရှိ ရေးစရာလည်း  ရှားပါးနေတာနဲ့ ပရော်ဖက်ဆာ Seifu အတန်းမှာတုန်းက အကြောင်းတွေကို ပြန်တူးဆွလိုက်ပါတယ်။ ပိတ်သတ်ကြီး မှတ်မိမလားဘဲ။ ကျောင်းသားတိုင်း ဖိန့်ဖိန့်တုန်ကြတဲ့ ပရော်ဖက်ဆာ Seifu ဆိုတာ။ ရပ်ကွက်ထဲမှာတော့ဗျာ - ၅ မှာ သူ့အကြောင်း ရေးထားပါတယ်။
ကြုံတုန်း Software Engineering ဘာသာအကြောင်း ပြောပြချင်ပါတယ်။ SWE ၊ SE  လို့ အတိုကောက်ခေါ်ကြတဲ့ ဘာသာရပ်က ကွန်ပျူတာမှာ အဓိကကျတဲ့ ဘာသာရပ်ပါ။ ဆော့ဝဲတခုကို ဘယ်လို စနစ်တကျတည်ဆောက်မလဲ။ အင်ဂျင်နီယာတွေ အိမ်တလုံးကို ဘယ်လိုတည်ဆောက်မလဲလိုပေါ့။ ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှာ  Software Engineering ဘာသာရပ်သင်ခဲ့တုန်းက စာအုပ်ကြီးက အထူကြီး (ခေါင်းအုံး အုံးအိပ်ဖို့ အတော်ကောင်းတာ)။ ဆော့ဝဲတွေကိုလည်း စာရွှက်ပေါ်မှပဲ ဆောက်ခဲ့တာပါ။
NUS မှာတော့ စာတွေ့လက်တွေ့ တကယ်သင်တာပါ။ အင်တန်း မဆင်းခင်တလ ကျောင်းကို တကယ့်ရုံးတက်ချိန်အတိုင်း Formal ရုံးဝတ်စုံဝတ်ပြီး ကျောင်းတက်ရတယ်။ အဲဒီတုန်းက AD (Application Development) Project က Logic Universtiy Stationery Store Project ။ User ပေးတဲ့ System သဘောကို နားလည်အောင်ဖတ်၊ သူတို့ဘာလိုချင်တာလဲ၊ မရှင်းလင်းတာတွေ မေးခွန်းထုတ်။
Users တွေဖြစ်တဲ့ တီချယ် Megan ၊ Esther တို့နဲ့ အင်တာဗျူးတာကို ဗီဒီယိုရိုက်ပြီး ပရော်ဂျက်တာမှာ တိုက်ရိုက်ပြပါတယ်။ တီချယ်တွေက အရေးမကြီးတာတွေ မေးနေတယ်ဆိုပြီး အော်ရင် အပြင်က ကျောင်းသားတွေက ဒီ Customer အတော်အပေါက်ဆိုးတာပဲဆိုပြီး တအုန်းအုန်း။ အထဲက အင်တာဗျူးတဲ့ ကျောင်းသားတွေကတော့ ဟန်လုပ်အပြုံးမပျက်။ Customer is always right. User က အလုပ်ရှင်ပေကိုး။
team တွေအလိုက် အခန်းတွေ ခွဲထားပါတယ်။ ကျောင်းမှာပျော်တာများ အိမ်မှာ အိပ်ရုံသာအိပ်ပြီး တချိန်လုံး ကျောင်းမှာ။ ညဆိုလည်း နောက်ဆုံးဘတ်စ်ကားနဲ့မှ အိမ်ပြန်ကြတာ။ Locker ထဲမှာ ခေါက်ဆွဲခြောက်ဘူးတွေ၊ မုန့်တွေနဲ့ ရိက္ခာက အပြည့်။ ခေါင်းချင်းဆိုင်ပြီး Screen Design စဉ်းစားရပါတယ်။ ဘယ်နေရာမှာ ဘာတွေ ထားမယ်၊ ကလစ်နှိပ်ရင် ဘာတွေ ပေါ်လာမယ်၊ database မှာ ဘာ table ၊ field သိမ်းမယ်။ Designer က ဆိုဒ်ကလေး လှပအောင်၊ Database သမားက ဘာ data တွေသိမ်းမယ်၊ System Analyst က ဘယ်လို Screen Design၊ Software Engineer နဲ့Programmer က System ကြီး ဘယ်လို အလုပ်လုပ်မယ်ဆိုတာတွေ ဆွေးနွေးတိုင်ပင်ပါတယ်။ ငြင်းကြခုန်ကြပေါ့။
Screen Design အချောသပ် ထွက်လာရင် User တွေကို ပြပါတယ်။ မကြိုက်တာတွေဖြုတ်၊ လိုတာတွေထည့်လို့ User ကျေနပ်ရင် စကုတ်( Coding) ပါပြီ။ ကုတ်တာတော်သူတွေက ခက်တဲ့အပိုင်းယူလို့ တာဝန်ကိုယ်ဆီ ခွဲပါပြီ။ Documentation ကလည်း အရေးကြီးပါတယ်။ System မှာပါတဲ့ UseCase ( Main Function) ၊ Sequence Diagram (Program Flow) ၊ State Diagram (System Flow) ၊ Description တွေ ရေးရပါတယ်။  နောက် Maintainence လုပ်တဲ့သူက ဒါတွေ ဖတ်ပြီး နားလည်မှာကိုး။
Error ရှိတဲ့အပိုင်းတွေကို ကျော်ခွလို့ မနှိပ်နဲ့ ပြရုံပဲပြ။ နှိပ်ရင် Error တက်လိမ့်မယ်။ Project Presentation နေ့မှာ  ကိုယ်ဘာတွေ လုပ်ထားတယ်ဆိုတာ presentation လုပ်ပြီး ရှင်းပြပြီး စာအုပ်အပ်ရပါတယ်။ Presentation ပြီးတဲ့နေ့က East Coast Beach ကိုသွားကာ ဂိမ်းတွေဆော့၊ သီချင်းတွေ ဆိုကာ အတော့်ကို ပျော်ခဲ့ကြပါတယ်။
ISS ကျောင်း‌ရှေ့
East Coast Beach
Seifu က Problem Statement စာရွှက်တရွက် ပေးပါတယ်။ မနက်ကို စာသင်၊ နေ့လည်ဆို ပရောဂျက်လုပ်။ လိုတာထက်ကို ပိုသင်တာပါ။ တပတ်ပဲလုပ်ရတဲ့ ပရောဂျက် သေးသေးလေး။ ဒါပေမဲ့ သူသင်တာတွေ အကုန်ထည့်စေချင်တဲ့ Seifu ၊ ကိုယ်လည်း မသိ သူများလုပ်တာကိုလည်း မကြိုက်တဲ့ Tefsa ကြောင့် ခက်စေပါတယ်။ စန်းစန်း စွာတေးတာကိုပဲ လူတွေကြားတယ်  မေးပြီးသားကို ခဏခဏမေး၊ ဟိုလို လုပ်ပါလား၊ ဒီလိုလုပ်ပါလား၊ ငါတော့ မလုပ်တတ်ဘူးဆိုတဲ့ Tefsa ရစ်တာကိုတော့ လူမသိဘူးဗျား။
Midterm Exam တုန်းကတော့ ၇၇.၅ ရပြီး တတန်းလုံးမှာ အမှတ်အများဆုံးရပါတယ်။ I got the highest score in the SWE midterm exam because all the smart guys are in ASD class. ဆိုလို့ ဆူနမ်၊ ရာမား၊ မိုင်း မပြုံးဘဲ ဝါးလုံးကွဲ ရီလိုက်ကြတာ။ Seifu က အတော် အထင်ကြီးသွားတယ်။ နာကွ .........။ Sequence Diagram ကို လုံးဝမှန်အောင် ဆွဲနိုင်တာကိုး။ NUS မှာတုန်းက အမုန်းဆွဲခဲ့တဲ့ ကျေးဇူးတွေ။ Project Presentation နေ့မှာ Exception Sequence Diagram ကို အကြောင်းပြု၍ Esaya နဲ့ Seifu  ငြင်းခုန်လိုက်ကြတာ နာရီဝက်လောက် ကြာပါတယ်။ Seifu အကြောင်းသိတဲ့ စန်းထွန်းတို့တွေကတော့ လွဲနေတာလေး  ထောက်ပြရုံကလွဲရင် ဟုတ်ကဲ့ခင်ညာ လိုသွားပါတယ်၊ ဟတ်ကဲ့ ဒီလိုဖြစ်သင့်ပါတယ် ဆိုပြီး ခေါင်းတညိမ့်ညိမ့်။
Final Exam မှာ Eclipse IDE မှာ JUint create မရလို့ Lab Monitor က ကမ္ဘောဒီးယား Chantrea ကို လာကူညီပါတယ်။ Seifu ရောက်လာတော့ Lab Monitor ရှင်းပြသော်ငြား ဘာလို့ မပြင်ဆင်ထားတာလဲနဲ့ Chantrea ကို ဆူပါတယ်။ သူလည်း ဘာမှ မလုပ်ရဘဲ Chantrea ခမျာ အချောင်အဆူခံလိုက်ရပါတယ် ။ စက့်အပြစ်မဟုတ်ဘူး နင့်အပြစ်လို့  Chantrea ကို အားလုံးက ဝိုင်းစကြပါတယ်။ Seifu..Seifu ဒါကြောင့်လဲ ဖိန့်ဖိန့်တုန်ကြတာကိုး။
ဂျူနီယာ ဗီယက်နမ် ၊ ကမ္ဘောဒီယား
နောက်နေ့ ကားမောင်းလိုင်စင် ဒုတိယအကြိမ် သွားဖြေတော့ STOP Sign ရဲ့ far far away မှာ ရပ်လို့တဲ့။ ဘမ်းတော့ မဘမ်းလိုက်ဘူး။ လိုင်စင်ရှိတဲ့သူ နင့်အဖော် ဘယ်မှာလဲ မေးတော့ ဟိုနား ခဏသွားတယ်လို့ ညာလိုက်တယ်။ အမှန်က တယောက်တည်း သွားဖြေတာ။ ဘာအဖော်မှ မပါ။  အပြန်ကားမောင်းတာ တွေ့တော့ လိုင်စင်ရှိတဲ့သူ မပါဘဲ မောင်းနေတာ Illegal လို့ လှမ်းအော်ပါတယ်။ နောက်တခါဆို တဘွေထဲ ဒိုးလို့ မရတော့ဘူး။
ဒီဇင်ဘာလမှာတော့  Database Management System (DBMS) ကို ပရော်ဖက်ဆာ Bruce Lester နဲ့ သင်ရပါတယ်။ Greeting Email လေးက
Dear DBMS student:
ALL students in this course MUST have the textbook by the first day of class. Please buy it right away since it does take some time to ship and be received. If you have to, mail it Express so that you get it on time.
The textbook is Really excellent with a very large amount of practical knowledge that can be used in the marketplace.  You will always want to keep this book for your career.
We will use this textbook every day in class, and the exam questions will be based on the knowledge in this textbook.  You are spending many thousands of dollars on our courses, so it is wise to spend a few more dollars on a book which will help you gain the necessary knowledge, and thereby get a better grade in the course.
The textbook is:
Database Systems - A Practical Approach to Design, Implementation, and Management
Authors - Thomas Connolly and Carolyn Begg
FIFTH Edition
Publisher - Addison Wesley
သင်တန်းအတွက် ပိုက်ဆံထောင်ချီကုန်ထားပြီကာမှ ပညာတွေ အများကြီးတိုးကာ အမှတ်အတွက် အထောက်အကူဖြစ်မဲ့ စာအုပ်အတွက် ပိုက်ဆံနည်းနည်းလေး အကျိုးရှိစွာ အကုန်ခံလိုက်ပါတဲ့။ စန်းထွန်းကတော့ ၈၀ ပေးရတဲ့ 5th edition အစား စီနီယာတွေဆီက ၁၅ ကျပ် ပေးကာ 4th edition ဝယ်လိုက်ပါတယ်။ သူပြောသလို စာအုပ်က အရမ်းကောင်းတော့ သူ့ဆီကထက် စာအုပ်ဆီက ပညာပိုရပါတယ်။
Database ကလည်း ကွန်ပျူတာမှာ အရေးကြီးပါတယ်။ data ဖြစ်တဲ့ bank account ကို ပြိုင်တူ access သုံးရင် ဘယ်လို control မလဲ။ Concurrency Control ၊ Lock အတွေအကြာင်း သင်ရပါတယ်။ ကုမ္ပဏီကြီးတွေမှာဆိုရင် Database Administrator သပ်သပ်ရှိပါတယ်။ Lester သင်တာ ပျင်းစရာကောင်းတော့ ကျောင်းသားတွေလည်း ပျင်းကြတာပေါ့။
Telephone System Indivial Project လုပ်ရပါတယ်။ team တုန်းက ခက်တာတွေ သူများကို ပစ်ပေး၊ လွယ်တာကို အပိုင်စီးတဲ့ စန်းထွန်းတယောက် တယောက်တည်းလုပ်ဆိုတော့ ပစ်ပေးရမဲ့သူ မရှိလို့ ဖိစီးပြန်ရော။ Reference လုပ်စရာလည်း မရှိ၊ ဘယ်လိုစလုပ်ရမယ်မှန်း မသိလို့ စိတ်တွေဖိစီးကာ အန်၊ စားမဝင်၊ အိပ်မပျော်။ မကြီးက ဘာမှမလုပ်ဘဲ ဝထ္ထုဖတ်ပြီး အိပ်ပျော်အောင် အိပ်လိုက်။ နောက်နေ့ အဆင်ပြေသွားလိမ့်မယ်။ ဒီလိုနဲ့ လက်ပစ်ကူးရင်း ပြီးသွားပြန်ရော။
ရှေ့လက အမှတ်စာရင်း ထွက်လာပါပြီ။ အားလုံးက စန်းထွန်းအမှတ်ကို စိတ်ဝင်စားကြပါတယ်။ ပရော်ဖက်ဆာက ၅ခါလောက် အတန်းထဲမှာ ချီးကျူးထားတာကိုး။ နောက်ဆုံးဘိတ်မှာ ချော်သွားကာ State Pattern မေးတာကို Singleton နဲ့ ရောသွားလို့ ဘီပဲ ရပါတယ်။
ASD (Advanced Software Development) အမှတ်စာရင်း ထွက်လာတဲ့နေ့ကတော့ အတော့်ကို အုတ်အော်သောင်းနင်း ဖြစ်ပါတယ်။ ကျလိုက်ကြတာ သောက်သောက်လဲ။ ၆၀ % ကျပါတယ်။ သူ့ကိုယ်သူ ကျမယ် နောက်ထပ်တလ ကျောင်းမှာ ဆက်နေမယ်လို့ တွေးထားတဲ့ Yanzi  ဘီရပြီး အောင်ပါတယ်။ အဲဒီနေ့က Yanzi ပါးစပ် နားရွှက်ချိတ်လို့ ပြုံးဖြီးဖြီးဖြစ်နေတာများ ကိုယ်A ရတုန်းက သူ့လိုဖြစ်နေခဲ့မှာလို့ တွေးပြီးပြုံးမိသေးတယ် ။ တော်တဲ့သူတွေ၊ ကျမယ်လို့ လုံးဝမထင်ထားတဲ့သူတွေက ကျ။ မျက်နှာ မကောင်း။
Chantrea က SWE မှာ C+ ရလို့ ကျောင်းမှာ တလဆက်နေပြီး Course တခု ဆက်ယူရပါတယ်။  ဇန်နဝါရီလလယ်မှာ Course ၂ခုပဲ ရှိပါတယ်။ ASD  နဲ့Software Testing ။ အကျများတဲ့ ASD ကို ရှောင်ကာ Software Testing ယူမှာမို့ Seifu နဲ့ ထပ်တွေ့ပါဦးမယ်။ Seifu နဲ့ ရေစက် အတော်ပါတယ်။
DBMS စာမေးပွဲပြီးလို့ ကားမောင်းလိုင်စင် တတိယအကြိမ် သွားဖြေတော့ မအောင်ပြန်ပါ။ Parallel Parking မကျွှမ်းလို့။ ကားချင်းဘေးချင်းယှဉ်ရပ်ပြီး ကားနောက်ကို ပါကင်ထိုးရတဲ့ Parallel Parking က အလေ့အကျင့်လိုပါတယ်။ တခါတုန်းက Yanzi နဲ့Parallel Parking ကျင့်နေတုန်း အန်ကယ်တယောက်က သူတို့ကားကို တိုက်ပြီး ထွက်ပြေးသွားလို့ ဖြစ်နိုင်မယ်ဆိုရင် တခြားမှာ သွားကျင့်ပါလားလို့ တောင်းဆိုလာပါတယ်။
ကားပိုင်ရှင် မသိအောင် ခိုးကြောင်ခိုးဝှက် Parallel Parking ကျင့်ရတဲ့ အဖြစ်။ ကိုယ်သာဆိုရင်လည်း လိုင်စင်မရသေးတဲ့ဟာလေးတွေ ကိုယ့်ကားဘေးနားမှာ လာလေ့ကျင့်ရင် ဘယ်တော့များ ဝင်အောင်းမလဲလို့ ရင်တမမ ဖြစ်နေမဲ့အဖြစ်။ ကားကောင်းကောင်းတွေနား သွားမကျင့်ရဲဘူး။ ကိုယ့်ကားအာမခံက မဖြစ်ညစ်ကျယ်။ ကားအစုတ်ဆုံးကို ပတ်ရှာပြီး ကျင့်ရတာကလား။
အစကတော့ နှင်းမကျမှီ လိုင်စင်ရရေး တို့အရေး။ နှင်းကျလို့ လိုင်စင်မရရော ကျောင်းကမထွက်ခွာမှီ လိုင်စင်ရရေး တို့အရေး ဖြစ်ပြန်ရော။ ဒါကြောင့် ပြောပါတယ်။ New Year Resolution တွေ ချလိုက်၊ ဖြစ်မလာလိုက်၊ ပြန်ချလိုက်နဲ့ မုန့်လုံး စက္ကူကပ်ပါတယ်လို့။ ယုံပြီလား  ပိတ်သတ်ကြီး :P ။
နောက်တနှစ်ကူးတော့မယ်။ အချိန်တွေကလည်း အကုန်မြန်လိုက်တာ။ ဘာလိုလိုနဲ့ နောက်တလဆို ကျောင်းပြီးလို့ အင်တန်းဆင်းရပါတော့မယ်။ Winter Party က ဓာတ်ပုံလေးတွေကို  အမှတ်တရအဖြစ် ဒီပို့စ်မှာရော၊ ရို့စ်နဲ့ သမံစီး တဂ်တဲ့ ဒီဇင်ဘာပိတ်ရက်မှာ ဘာလုပ်မယ် ပို့စ်မှာရော မှတ်တမ်းတင်လိုက်ပါတယ်။ တချိန်ကျရင် ဒီဓာတ်ပုံလေးတွေကြည့်ကာ စိတ်ဖိစီးခဲ့တာတွေ၊ ပင်ပန်းခဲ့တာတွေ၊ သူငယ်ချင်းတွေနဲ့ နောက်ပြောင်ပျော်ရွှင်ခဲ့တာတွေကို ပြန်ပြောင်းအောက်မေ့သတိရနေမိမှာပါ။
ဒီဓာတ်ပုံ၌ စန်းထွန်း ပါ မပါ။ ဘာအရောင် ဝတ်ထားသနည်း။ ဒက်ထိမှန်သောသူများအား 1 cent တိတိ ချီးမြှင့်ပါမည် :P
Friday နေ့တဝက်မို့ Holiday Mood ဝင်ကာ ဖလမ်းဖလမ်းထနေကြတဲ့  ကမ္ဘာ့အရှေ့ခြမ်းဆီက သူငယ်ချင်းတွေကို ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေလို့...
စန်းထွန်း
ဒီဇင်ဘာ ၂၉၊ ၂၀၁၁။
16 comments:
မဒမ္ကိုး said...
San San Htun said...
Iora said...
စန်းထွန်းပုံပါတယ်။ ၁ ဆင့်။
အိုင်အိုရာ
San San Htun said...
Iora said...
black.
TZH1985 said...
စံပယ်ချို said...
တွက်သာကြည့်တော့
Anonymous said...
အတိအကျပြောရသော်..
လည်ပင်းအစ်နေပုံရသည်။
မဟုတ်တုံလော..;)
မေးခွန်းပြန်ထုတ်မည်
အသူနည်း.....
အဖြေမှန်လျှင်..
ဘိုဖြူ said...
သေချာပါတယ်
ညိမ်းနိုင် said...
San San Htun said...
Anonymous said...
...အလင်းစက်များ said...
mstint said...
Happy New Year !!!
မေတ္တာဖြင့်
အန်တီတင့်
San San Htun said...
မဒမျကိုး said...
မဖလမ်းနိုင်ပါဘူးကွယ် ဘီးဇီးနေလေ ရဲ့ း)
December 30, 2011 at 1:05 AM
San San Htun said...
ဘီးဇီးတယ်လည်း ပြောသေး ဘလော့ဂင်းနိုင်သေးတယ်ဆိုတော့ ယုံဘူး..ဘီးဇီးတယ်ဆိုတာ..:P
December 30, 2011 at 1:16 AM
Iora said...
ကိုယ်ကျောင်းတက်တုန်းက အမြဲအချိန်မလောက်တော့ အချိန်ကုန်တာမြန်လိုက်တာမြန်လိုက်တာလို့တချိန်လုံးညီးနေတာ။ ဒီကနာရီ ကပိုမြန်မြန်သွားနေသလားလို့တောင်ထင်ခဲ့တယ်။ း)
ကျောင်းပြီးခါနီးတော့ပျော်နေမှာပေါ့။
စန်းထွန်းပုံပါတယ်။ ၁ ဆင့်။
အိုင်အိုရာ
December 30, 2011 at 1:46 AM
San San Htun said...
ဘာအရောင်ဝတ်ထားသနည်း...၁ဆင့် :P
December 30, 2011 at 1:55 AM
Iora said...
black.
December 30, 2011 at 2:05 AM
TZH1985 said...
ဟိုတလောကပဲ အဲဒီဘာသာကြီး စာမေးပွဲဖြေထား ပါသေးတယ်ဗျာ... openbook ဖြေရတာ စာအုပ်မဝယ် ကျောင်းက ထုတ်ထား နုတ်ကို ပရင့်ထုတ်ပြီး ကိုးကားလိုက်တာ... လုံလောက်လို့ တော်တော့တယ်။ လွယ်မလိုနဲ့ ခက်တာ Database Management .. query .. algebra expression အမုန်းဆုံးပဲ...
December 30, 2011 at 2:28 AM
စံပယ်ချို said...
စန်းထွန်းရေ ဂျက်က မှုန်ရွှေရည်ဆိုတော့
အဲဒီလောက် အမြင်မရှိပါဘူးနော်
မျက်မှန်တက်တဲ့နှစ် ၄ တန်းကစတပ်တာလေ
တွက်သာကြည့်တော့
နှစ်သစ်မှာပျော်ရွှင်ပါစေ
December 30, 2011 at 7:07 AM
Anonymous said...
အတိအကျပြောရသော်..
လည်ပင်းတွင်.ပါဝါရှည်ရှည်ပတ်ထားသည်
လက်နှစ်ချောင်းထောင်ထားသည်
(အတိတ်စိမ်းပေးထားသည်ဟုယူဆသည်။)
မျက်နှာအနေအထားမှာ.အတော်အတန်
လည်ပင်းအစ်နေပုံရသည်။
အားလုံးထဲတွင်.ရုပ်အဆိုးဆုံး.အဲ.အဲ
အချောဆုံး.အာရှမယ်ဖြစ်သည်။
မဟုတ်တုံလော..;)
မေးခွန်းပြန်ထုတ်မည်
အီcommentပိုင်ရှင်သည်
အသူနည်း.....
အဖြေမှန်လျှင်..
လိုရာဆုတောင်းနိုင်သည် PP
December 30, 2011 at 7:34 AM
ဘိုဖြူ said...
သေချာပါတယ်
ကျွန်တော်ကလုံးဝမသိပါဘူး
နှစ်သစ်မှာပျော်ရွှင်ပါစေဗျာ
December 30, 2011 at 8:01 AM
ညိမ်းနိုင် said...
စန်းထွန်းတို့ကျောင်းတတ်ရတာကလည်း အတော်မလွယ်
လိုက်တာပဲနော်.....၊ဘာပဲဖြစ်ဖြစ်လေ...ကျောင်းတတ်ချိန်
အပင်ပန်းခံထားတော့ နောင်တစ်ချိန် သက်တောင့်သက်
သာနဲ့နေရမှာပေါ့လေ....နော့....၊စန်းထွန်းပုံလိုက်ရှာတာ
ပဲ...တွေ့ဘူးဟ....၊၁ဆင့်ကြီးများနဲ့ လွဲဘီ....:)
December 30, 2011 at 8:52 AM
San San Htun said...
အိုင်အိုရာ အဖြေမှန်၏..၁ဆင့် ချီးမြှင့်လိုက်သည်..
မောင်သန့် ဟုတ်တယ်ဗျ..realtional algebra တွေက လွယ်မယောင်နဲ့ ခက်တယ်..တိမ်မလိုနဲ့ နက်တယ်..အဖြေမှန်တာတောင် tuples နည်းနည်းနဲ့ memeory မှာ နေရာနည်းနည်းယူတာ performance ပေါ် မူတည်ပြီး Query ကောင်းမကောင်း ဆုံးဖြတ်သေးတာ
မိဂျက်..ယုန်ကလေး နှာစေးနေသည်..အဲလေ ယုန်ကလေး မျက်မှန်တပ်ထားသည်..
Anonymous သမံစီး ညီမလေး အဖြေမှားပါတယ်ကွယ်..အဲဒါ တရုတ်မလေးပါ..
လုံးဝမသိတာ သေချာတဲ့ ဘိုဖြ ူ same to u
ကိုညိမ်း ၁ဆင့်ကြီးနဲ့ လွှဲသွားလို့ စိတ်မကောင်း မဖြစ်ပါနဲ့ :P
December 30, 2011 at 11:53 AM
Angelhlaing(May everybody be happy and healthy! said...
:):) နောက်ကျမှ လာတဲ့သူဆိုတော့ မပင်ပန်းတော့ဘူးပေါ့.... :P:P
December 30, 2011 at 12:33 PM
Anonymous said...
result လာကြည့်သွားတယ်။ း)
နာကွ..လို့စန်းထွန်းလို ကြွေးကြော်သွားတယ်။
December 30, 2011 at 2:40 PM
...အလင်းစက်များ said...
ဒီတစ်ခေါက်သွားဖြေရင် အောင်ပါစေ၊ လိုင်စင် မြန်မြန်ရပါစေ လို့ ဆုတောင်ပေးလိုက်ရပါတယ်။ သူတို့ ကျောင်းလေး ပျော်စရာ ကောင်းလှတယ်။ :(
Happy New Year ပါခင်ဗျား။
December 30, 2011 at 11:38 PM
mstint said...
အတွေ့အကြုံလေးတွေဖတ်သွားတယ် စန်းစန်းရေ။
ပျော်ရွှင်ဖွယ်နှစ်သစ်နဲ့အတူ ကိုယ်စိတ်နှစ်ပါး
အေးချမ်းစွာဖြင့် လောကီလောကုတ္တရာ
နှစ်လီနှစ်ဝ လိုအင်ဆန္ဒများ ပြီးပြည့်စုံပါစေနော်။
Happy New Year !!!
မေတ္တာဖြင့်
အန်တီတင့်
January 1, 2012 at 3:38 AM