စနေနေ့က...
ဟိုရေးလျှင် ဒီရောက်ခြင်း၊ ဂျပိုးကို လိပ်ဖြစ်အောင် အဲလေ အပင်ပေါ်၌ သူ့ဘာသာနေသော ပန်းသီးအပြွတ်ချင်း စစ်ခင်း၊ စစ်ရှုံးပန်းသီး မြေပေါ်သက်ဆင်း ကြွေကျခြင်းကိုတောင် အလွတ်မပေး ပို့စ်ကောင်းလေးတပုဒ်ဖြစ်အောင် ရေးနိုင်ခြင်း၊ ဘော်ဒါတွေအကြောင်း ဖွလျှင်ဖွ၊ ဖွစရာမရှိလျှင် ကိုယ့်အကြောင်းပြန်ဖွခြင်းသည် ဘလော့ဂါ မည်သည်ဟူသောထုံးကို နှလုံးမူ၍  ဤပို့စ်ကို ရေးပါအံ့...။
Stop လို့ဆိုရင် နောက်တစ်မိနစ်လောက်မှ စတော့လို့ တိုက်လုနီး၊ စက်ဘီး၊ လူတွေ မြင်ရင် အရှိန်မလျှော့ဘဲ အရှိန်ထပ်တင်၊  မိုင်၂၅ ဆို ၃၀လောက် မောင်း၊ အဝေးကြီးကတည်းက ဘရိတ်မအုပ်ဘဲ ကွေ့ခါနီးမှ ကပ်အုပ်၊ တည့်တည့်မမောင်းဘဲ  မြွေလိမ်မြွေကောက်မောင်း၊ စတီရင်ယာတိုင်ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတာများ ဆူနမ်က ဝင်တည့်ပေးတာတောင် မရ။ ဒီလို ချောချောမွေ့မွေ့ မောင်းတော်မူလို့ ဆရာဆူနမ်ကလည်း အန္တရာယ်ကို ကြိုမြင်ရှာကာ မြို့ထဲမှာ လိမ်းချိန်းတာကို သင်ဖို့ ဂင်္ဂါကို သေဖော်သေဖက်ညှိပါတယ်။ ဒီလိုနဲ့ စနေနေ့ ညနေစောင်းမှာ ဆရာနှစ်ယောက်နဲ့ မြို့ထဲကို ချီတက်ခဲ့ပါတယ်...။
လမ်းချိန်းတော့မယ်ဆိုရင် အဝါရောင် solid ဆိုရင် ဝင်လို့မရသေးဘဲ အဖြူရောင်၊ အဝါရောင်တုံးလေးတွေမှ ဝင်လို့ရပါတယ်။ ပထမ စစ်ကနယ်ပြ၊ ဒုတိယ မှန်တွေကို check၊ တတိယ ဘလိုင်းစပေါ့ check (နောက်ကားက ကိုယ့်ကားနဲ့ အရမ်းကပ်နေရင် မှန်မှာ မပေါ်ပါဘူး။ နောက်ကို လှည့် check တာကို blind spot လို့ ခေါ်ပါတယ်။)  ၊ အားလုံး အိုကေရင် အရှိန်မလျှော့ဘဲ ညင်ညင်သာသာလေး ဝင်၊ ပြီးရင် အရှိန်လျှော့လို့ရပါတယ်။
ကွေ့တဲ့ လမ်းသွယ်ရှိတာ မသိဘဲ အစောကြီး ကွေ့မဲ့စစ်ကနယ် သွားပြတော့ တကယ်လည်းကွေ့ရော နောက်ကားက ဝင်မအောင်းရုံတမယ်။ လမ်းသွယ်မှာ ကွေ့မယ်ထင်လို့ သူက ကပ်လိုက်လာတာကိုး။ အဝါရောင်ဆိုးလစ်လိုင်းဆိုရင် တခြားလိမ်းက ကွေ့လို့ရပြီး ကိုယ်က ကွေ့လို့ရတဲ့ အဖြူရောင်၊ အဝါရောင်တုံးဆိုရင် တခြားလိမ်းက မကွေ့အောင် လုပ်ထားတာကို မကွေ့ရတဲ့ အဝါရောင်ဆိုးလစ်လိုင်းမှာ သွားကွေ့တော့ တခြားလိမ်းကနေ ကိုယ့်လိမ်းကို ကွေ့လာတဲ့ ကားနဲ့ ခေါင်းချင်းဆိုင်သွားတယ်။
ရင်တွေ တဒိန်းဒိန်းခုန်တာများ Stop ဆိုင်းတွေ့တာတောင် မစတော့လို့ ဆရာနှစ်ယောက်က စတော့လို့ ဝိုင်းအော်မှပဲ စတော့လေရဲ့။ လမ်းမကြီးက ကားတွေကို ဦးစားပေးကာ စတော့ရတဲ့ 2 Way Stop မှာ လမ်းမကြီးက နှစ်သွယ်သော ကားတွေကို မကြည့်ဘဲ ဖြတ်မောင်းဖို့ ကြံစည်နေတာကိုး။  ဆရာနှစ်ယောက်ခမျာလည်း အသက်ကို ဖက်နဲ့ထုပ်ရင်း သင်ပေးနေရရှာတာ။ ပြီးတော့မှ McDonald က မိုကာတိုက်ပြီး ဆရာနှစ်ယောက်ကို မျက်နှာချိုပြန်သွေးရတယ်... း)။
ကျောင်းပရဝုဏ်ထဲ ရောက်လာတော့ ဂင်္ဂါကို ၉၁၁ က ဖုန်းဆက်လာပါတယ်။ အစစ အဆင်ပြေရဲ့လား၊ ဘယ်ရောက်နေတာလဲနဲ့ မေးပါတယ်။ နှစ်ခါတောင်။ နောက်နှစ်မိနစ်လောက် အကြာမှာ ကျောင်းက လုံခြုံရေးကား ရောက်လာပါတယ်။ အဆင်ပြေတယ်ဆိုမှ ပြန်သွားလေရဲ့။ ကိုယ်တွေမှာ အူကြောင်ကြောင် ဖြစ်လို့။ ဖုန်းက Emergency Mode ကို မတော်တဆ On သွားတဲ့အချိန်မှာ ဘယ်ဖုန်းကိုဆက်ဆက် ၉၁၁ကို ရောက်သွားတယ်နဲ့ တူပါတယ်။
အောက်တိုဘာ ၁ ရက်နေ့က ကျောင်းမှာ အိန္ဒိယ Navatritri ပွဲတော် ရှိပါတယ်။ စမူဆာ အလကားကျွှေးတယ်ဆိုလို့ ချီတက်ကြလေရဲ့။ အခမ်းအနားကို ဆီမီးထွန်းညှိပြီး ဖွင့်လှစ်ပါတယ်။ အိန္ဒိယကျောင်းသားကျောင်းသူတွေနဲ့ ဘိုတွေပါ ပါဝင်အားဖြည့်ပြီး ကပြပါတယ်။ ပြီးတော့ Cafe မှာ မုန့်စားလို့ ရပါပြီဆိုတာနဲ့ Q တန်းကို အရင်ဆုံးပြေးစီတာ ဘယ်သူတွေ ရှိရမလဲ။ မုန့်ဝေပေရေး တာဝန်ယူထားတာက အခန်းထဲက အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် ကျောင်းသားတွေ။ သူငယ်ချင်းကောင်းတို့မည်သည် လည်ပင်းညှစ်ပြီး ပေါင်းရသည်ဟု ဆိုသောကြောင့် သူငယ်ချင်းကောင်းပီသစွာ ဟေ့နှစ်ခုထည့်လို့ လည်ပင်းညှစ်လိုက်ပါတယ်... းD။
ပြီးတော့ လူတိုင်း ဝင်ကလို့ရတဲ့ ပါတီရှိပါတယ်။ အတင်းဆွဲခေါ်လို့ လူအုပ်ထဲ အလိုက်သင့် စီးမျောရင်း... သူများတွေက တေးသားအလိုက် ကနေပေမဲ့ တို့များကတော့ ခုန်ပေါက်နေတာ။ ရာမားကသလို လိုက်ကလိုက်၊ ဝိုင်းကြီးပတ်ပတ်ဒူဝေလိုက်၊ တယောက်ကို တယောက် ဖင်နဲ့ ပေါက်လိုက်၊ လက်ကလေးထောင်ပြီး ကိုကြီးကျော်က ကလိုက်၊ ရှာရွတ်ခန်းစတိုင် လက်ကို ဖြန့်ကားပြီး ဟာ..ဟာ..ဟ လို အော်လိုက်၊ ကချင်သလို က၊ လှုပ်ချင်သလို လှုပ်၊ မောလာရင် လျှာကလေး တစ်လစ်ထုတ်ပြီး နားလိုက်၊ လာခေါ်ရင် ဝင်ကလိုက်၊ တီးလုံးကလည်း မြူးတာများ တဒုန်းဒုန်း။ ဆူနမ် လျှပ်တပြတ်ရိုက်ထားတဲ့ ဗီဒီယိုကို ကြည့်ပြီး တို့တွေရဲ့ အကစွမ်းရည်ကို အားလုံးက ဖျားသွားပါတယ်။ ခေမီကိုတောင် ထိုင်ငိုသွားမယ်..ဘာမှတ်သလဲ...ငှဲ...ငှဲ...ငှဲ...။
သူများနှင့် မတူ ထူးခြားစွာ ကနေသောသူများသည် စန်းထွန်းနှင့် သူ၏ ရောင်းရင်းများ ဖြစ်ပါသည်။
စန်းထွန်း
အောက်တိုဘာ ၅၊ ၂၀၁၁။
8 comments:
rose said...
San San Htun said...
ပျော်စရာကြီးပါလား
San San Htun said...
မချောနဲ့  လှိုင်
Mon Petit Avatar said...
Anonymous said...
ခုမှလာလည်ဖြစ်တား(
ချစ်ခင်စွာနဲ့
မိစံ
San San Htun said...
rose said...
ဟယ်.... :O ကနေကြတာ အားရပါရ... ပျော်စရာကြီး ခိခိ... ဆန်းထွန်းက ဘယ်မှာတုန်းးး
October 7, 2011 at 6:46 PM
San San Htun said...
အင်္ကျီအနီရောင် ဝတ်ထားတဲ့ မိုင်းက What are you doing လို့ ကင်မရာမင်း ဆူနမ်ကို လာမေးတယ် ပြီးတော့ သူလာဝင်ကတယ်။ ညာဖက်နားမှာ။ သုံးကောင်သား ဝိုင်းကြီးပတ်ပတ်ဒူဝေနေတာ စန်းထွန်းနဲ့ သူရဲ့ရောင်းရင်းများ ဖြစ်ပါတယ် း)
October 7, 2011 at 10:14 PM
ချော(အစိမ်းရောင်လွင်ပြင်) said...
ပျော်စရာကြီးပါလား
စန်းထွန်းမှာ သူငယ်ချင်းတွေ အများကြီးရနေတာ ဝမ်းသာစရာဘဲ
ကျောင်းသားဘဝမှာ ဝအောင်သာပျော်ခဲ့ ညီမရေ
နောင်တစ်ချိန်မှာ မမေ့နိုင်တဲ့ အမှတ်တရလေးတွေ ဖြစ်လာဦးတော့မှာနော်
October 8, 2011 at 2:37 AM
Angelhlaing(May everybody be happy and healthy! said...
ဆန်းထွန်းတို့ကို ကြည့်ပြိး အပျော်တွေ ကူးလာတယ်...:):) မမချောပြောသလိုပဲ အဝသာ ပျော်ခဲ့ စန်းထွန်းရေ ..နောင်တစ်ချိန် ပြန်တွေးစရာ အမှတ်တရတွေ အများကြိး ကျန်ခဲ့အောင် ..Cheer !!!
October 8, 2011 at 3:13 AM
San San Htun said...
မချောနဲ့ လှိုင်
ကျောင်းသားတွေများတဲ့ Compro မှာ တကယ်တွဲဖြစ်တာက ဆူနမ်၊ ရာမား၊ မိုင်း။ ဒီလမကုန်ခင် သူတို့က အင်တန်းဆင်းဖို့ ကျောင်းကနေ ခွာကြတော့မှာ။ ဂျူနီယာတန်းတက်နေတဲ့ စန်းထွန်းတယောက်တည်း ကျန်ခဲ့မှာမို့ ရင်ထဲမှာ ဟာတာတာကြီး...
October 8, 2011 at 8:29 AM
Mon Petit Avatar said...
ညီမလေးတို့ကနေတာမြင်ရတာပျော်စရာကြီးနော်။ အဲလိုတစ်ခါမှမပျော်ဖူးဘူး။ အားကျမိတယ်ညီမလေးရေ။
October 9, 2011 at 10:25 AM
Anonymous said...
ဟယ်တော့်..ပျော်စရာကြီးပါလားကွယ်
(ဘာမှတော့မြင်ရဘူးဟိဟိ၊
တိတယ်ဟုတ်မြန်မာပြည်လေ)
Blog Template ကိုကလိလိုက်တာ
link တွေပျောက်ကုန်လို့..
ခုမှလာလည်ဖြစ်တာ း(
ပျော်ပျော်သာနေ.ကောင်းတယ်သိလား
ချစ်ခင်စွာနဲ့
မိစံ
October 11, 2011 at 6:48 AM