နီပေါနိုင်ငံလေးက အိန္ဒိယ၊ တရုတ်၊ ဘူတန်နိုင်ငံကြားမှာ ရှိပြီး ကမ္ဘာ့အမြင့်ဆုံးတောင် ဧရဝတ်တောင်၊ ဘုရားရှင် မွေးဖွားတော်မူရာ လုမ္ဗနီဥယျာဉ် ရှိပါတယ်။ တိုင်းပြည်ရဲ့ အဓိကဝင်ငွေက ကမ္ဘာလှည့်ခရီးသည်လုပ်ငန်းကနေ ရတာပါ။ အိန္ဒိယနဲ့ တရုတ်ကြားမှာ ရှိတော့ မျက်နှာတွေကလည်း အိန္ဒိယနဲ့ တရုတ်ကြားက ရုပ်ထွက်တယ် ။ ဓားကောက်ကြီးတွေကိုင်တဲ့ ဂေါ်ရခါးလူမျိုးဆိုတာ နီပေါတွေပါ။ နီပေါအလံလေးကလည်း ထူးခြားပါတယ်။
အောက်တိုဘာ ၈ ရက်နေ့က ကျင်းပတဲ့ နီပါလီ Dashain ပွဲတော်မှာ ရိုးရာဝတ်စုံ ဝတ်လာတဲ့ ရာဘင်နဲ့အမ်းထရူး |
ဟိန္ဒူဘာသာနိုင်ငံဖြစ်လို့ တော်တော်များများက ဗုဒ္ဒဘာသာနဲ့ ဆင်တူပေမဲ့ နတ်၊ သရဲတွေ ပိုဇောင်းပေးသလားလို့။ ရာမားကိုးကွယ်တာက Ganesha လို့ ခေါ်တဲ့ မျက်နှာက ဆင်မျက်နှာရှိတဲ့ နတ်(မဟာပိန္နဲ)ပါ။
Elephant God လို့ သွားခေါ်မိရင် စိတ်ဆိုးတတ်သေးရဲ့။ ရာမား နင်ဘာလို့ ကိုးကွယ်တာလဲဆိုတော့ သူ့ရုပ်လေးက ချစ်စရာကောင်းလို့တဲ့ မှတ်ကရော ။ အာဘီဆစ်ကတော့ ကားပေါ်မှာ ဂီနေးနတ်ရုပ်လေးတင်ထားပြီး ကားမောင်းတိုင်း ခရစ်ယာန်တွေ ဘုရားသခင် စောင်မပါစေဆိုပြီး လုပ်သလိုမျိုး လုပ်တတ်လေရဲ့။ ရာမားဆီက ဂီနေးနတ်ရုပ်ကို ဓာတ်ပုံသွားရိုက်တာ စာအုပ်တွေနဲ့ ကွယ်နေလို့ နည်းနည်းရွေ့ပြီး ရိုက်လိုက်တယ်။ ဆူနမ်ရောက်လာတော့ နတ်ရုပ်ကို အလယ်ကိုရွေ့ပေးဆိုတော့ သူရွေ့ပေးလို့ မရဘူးတဲ့။ အမျိုးသမီးတွေ ရာသီလာနေချိန်မှာ နတ်ရုပ်ကို ထိလို့ မရဘူးတဲ့။ ဟေ ဟုတ်လား ဒုက္ခပဲ ငါ ခုနကပဲ ရွေ့လိုက်တယ်။ လက်အုပ်လေးချီပြီး ဆောရီးနော်၊ ခုနက မသိလို့ ထိလိုက်တာ ခွင့်လွှတ်နော်၊ ဘွာတေး ဆိုပြီး တောင်းပန်ပြီး အမြန်လစ်ခဲ့ရတယ်။
နီပေါမှာလည်း အိန္ဒိယနိုင်ငံလို ဇာတ်နိမ့်ဇာတ်မြင့် (cast) ခွဲခြားတာတွေ ရှိပါတယ်။ ဇာတ်ခြင်းတူမှ ယူလို့ရပါတယ်။ ရာမားတို့က ဗြဟ္မ အဆင့်အမြင့်ဆုံး။ Sanskrit နဲ့ ရေးထားတာတွေ သူတို့မျိုးနွယ်တွေပဲ ဖတ်တတ်တယ်။ နတ်တွေနဲ့ လူတွေကြား ဆက်သွယ်ပေးနိုင်တဲ့ မျိုးနွယ်မို့လို့တဲ့။ ရာမား မိသားစု နာမည်က ခနာ။ ဒီတော့ သူတို့က မိသားစုနာမည် ခနာပါတဲ့ ကောင်လေးမှန်သမျှ သူတို့အကိုတော်တယ်ဆိုပြီး လက်ထပ်လို့ မရဘူး။ ခနာကလွဲရင် ကျန်တဲ့ ဇာတ်တူတဲ့ ကောင်လေးကို လက်ထပ်လို့ ရပါသတဲ့။
ဆူနမ်ကတော့ ဂူရုန်းမျိုးနွယ်။ စစ်သားမျိုးရိုး။ ဂူရုန်းမျိုးနွယ်တိုင်းရဲ့ နာမည်မှာ ဂူရုန်းပါပါတယ်။ ဆူနမ်ဂူရုန်း၊ အမ်းထရူးဂူရုန်း ၊ ကယ်ဗင်ဂူရုန်း ၊ အဲရွန်ဂူရုန်း ။ မွန်ဂိုအနွယ်တွေမို့ ရုပ်ကလည်း မြန်မာနဲ့ တူပါတယ်။ လူမျိုးစုကြီးဖြစ်ပြီး စစ်သားကောင်းတွေမို့ ဂူရုန်းတွေက သူတို့မျိုးနွယ်ကို ဂုဏ်ယူတတ်ပါတယ်။ ဆူနမ့် အဘိုးက ဒုတိယကမ္ဘာစစ်အတွင်း အင်္ဂလိပ်စစ်တပ်မှာ စစ်မှုထမ်းတုန်းက မြန်မာပြည်ကို ရောက်ခဲ့ဖူးပါတယ်။ ဆူနမ့်အဖေက အိန္ဒိယစစ်တပ်မှာ စစ်မှုထမ်းခဲ့ပြီး ခုနီပေါမှာ စစ်မှုထမ်းနေတယ်။ အမ်းထရူးဂူရုန်းကတော့ သူ့အဖေတာဝန်ကျတဲ့ စင်္ကာပူကို လိုက်နေတော့ အယ်ဂျူးနစ်က မူလတန်းတက်ဖူးတယ်။ ဘရူနိုင်းလည်း ရောက်တယ်။ ဂူရုန်းတွေကတော့ ဂူရုန်းအချင်းချင်းပဲ ယူလို့ရပါတယ်။
နောက် နေဝမျိုးနွယ် အာဘီဆစ်၊ ဆူဘ။ သူတို့မျိုးနွယ်ကတော့ ပွဲတော်ဘယ်လောက်ကြိုက်လဲဆိုရင် တနှစ်မှာရှိတဲ့ ပွဲတော်အရေအတွက်က ၃၆၅ ထက် ပိုတယ်တဲ့။ ရာမားကို အာဘီဆစ်နဲ့ စတိုင်း ရာမားက ဘယ်လိုပြန်ပြောလဲဆိုရင် အာဘီဆစ်ကို ယူရင် သူသေပါလိမ့်မယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ အာဘီဆစ်တို့မျိုးနွယ်စုက ပွဲတော်တွေများလို့ သူ မီးဖိုချောင်ထဲက ထွက်ရမှာမဟုတ်တော့လို့တဲ့။ ရာဂျာလို အိန္ဒိယနဲ့တူတဲ့ လူမျိုးကတာ့ အဆင့်အနိမ့်ဆုံး။
နီပေါ အစားအသောက်ကတော့ ဟင်းတိုင်း အာလူးနဲ့ မဆလာပါတယ်။ စန်းထွန်းကတော့ မတီးနိုင်ပေမဲ့ မိုင်းကတော့ အကုန်စားနိုင်လေရဲ့။ ဟိန္ဒူဘာသာဝင်တွေမို့ အမဲသား မစားကြဘူး။ ဒါပေမဲ့ ကျွှဲသားကတော့ ပေါ်ပြူလာဖြစ်တယ်တဲ့။ ကုန်းတွင်းနိုင်ငံမို့ ပုဇွန်၊ ကဏ္ဏန်း၊ ခရု ရှားပါတယ်။ မိုင်းနဲ့စန်းထွန်းကတော့ ဂျပန်စာဆို အသေကြိုက်ပေမဲ့ ဆူနမ်နဲ့ ရာမားကတော့ အနံ့တောင် ခံလို့မရ။
နီပေါမှာလည်း ပြသနာမျိုးစုံ။ အရင်တုန်းက ဘုရင်စနစ် ရှိပေမဲ့ ၂၀၀၁ ခုနှစ်မှာ တမိသားစုလုံး လုပ်ကြံခံရပါတယ်။ ဆေးကြောင်နေတဲ့ သားတော်က တမိသားစုလုံးသတ်ပြီး နောက်ဆုံးမှာတော့ သေနတ်ကို နားထင်မှာတေ့ပြီး သူ့ဘာသာ အဆုံးစီရင်သွားတယ်လို့ သတင်းမှာ ဖော်ပြပေမဲ့ ဘယ်သူမှ မယုံပါဘူးတဲ့။ ဘုရင်ရဲ့ ညီတော်ကို သံသယရှိပေမဲ့ ရေငုံနှုတ်ပိတ်နေရတယ်။ သံသယဖြစ်တဲ့အကြောင်းပြောရင် ထောင်ထဲ ဆွဲထည့်မှာတဲ့ဗျား။
၂၀၀၈ ခုနှစ်မှာတော့ ဘုရင်စနစ်ချုပ်ငြိမ်းကာ ပြည်ထောင်စုသမ္မတနိုင်ငံတော် ထူထောင်ပါတယ်။ ဝန်ကြီးတွေရဲ့ သက်တမ်းဟာ ၆လကနေ ၁နှစ်လောက်ပဲ ခံပါသတဲ့။ ဝန်ကြီးတွေ လုပ်ပုံကိုင်ပုံမကြိုက်ရင် ဖြုတ်ချလိုက်၊ ဝန်ကြီးနောက်တယောက် တက်လာလိုက်၊ တက်လာတဲ့ဝန်ကြီးကလည်း ရတဲ့အချိန်လေးအတွင်းမှာ စားလို့ရတာ အကုန်စားလိုက်၊ ပြုတ်သွားလိုက်၊ နောက်တယောက် တက်လာလိုက်။ ဒီလိုနဲ့ သံသရာလည်နေတာ။ ဒီလိုမျိုး မတည်ငြိမ်တဲ့ အစိုးရ၊ ပြည်သူ့အတွက်မကြည့်တဲ့ အုပ်ချုပ်သူများကြောင့် တိုင်းပြည်က မွဲသထက် မွဲနေပါသတဲ့။ တတ်သိနားလည်တဲ့သူတွေကလည်း ထောင်ထဲမှာပါတဲ့။ တိုင်းပြည်တပြည်တိုးတက်ဖို့ဆိုတာ ခေါင်းဆောင်ကောင်းက အရေးကြီးသနော်။
ကျောင်းရောက်ပြီး နောက်တနေ့မှာပဲ ကျောင်းက Wal Mart ကို လိုက်ပို့ပေးပါတယ်။ ကျောင်းကားက လူပြည့်သွားလို့ အာဘီဆစ်ဟာဒါက သူ့ကားနဲ့ လမ်းကြံကြုံလိုက်ဖို့ ခေါ်ပါတယ်။ ၂နာရီကြာရင် ပြန်တွေ့မယ်လို့ ချိန်းလိုက်ပါတယ်။ Wal Mart ရောက်ပြီး ရှော့ပင်းလိုက်တာ (၂နာရီ မပြည့်ခင်) သတိရတဲ့အချိန်မှာ ကျောင်းကားရော၊ အာဘီဆစ်ကားရော မရှိတော့ဘူး။ Customer Service ကို တက္ကစီဘယ်လိုခေါ်ရလဲသွားမေးတော့ ဒီမြို့မှာ တက္ကစီ မရှိပါဘူးတဲ့။ မိုင်းနဲ့စန်းထွန်း ပန်လမ်လက်ရော။ ပစ္စည်းတွေ မပါရင် လမ်းလျှောက်ပြီး ပြန်လို့ရပေမဲ့ ခုက ဝယ်ထားတာက ဆပ်ပြာပုံးကြီးတွေ။ ရာသီဥတုကလည်း နှင်းထုက ၂လက်မ။
နှစ်ကောင်သား ကားပါကင်နားမှာ အသိလေးများ တွေ့မလားလို့ လာသမျှလူတွေကို အလစ်မပေး လိုက်ကြည့်ရင်း လဒမှိုင် မှိုင်နေရှာပါတယ်။ ရောက်ပြီး နောက်တရက် ဘယ်လိုလုပ် အသိရှိပါ့မလဲနော်။ ကျောင်းက လုံခြုံရေးကို ဖုန်းလှမ်းခေါ်တော့ ကိုယ်တို့ရဲ ့Admission Representative ကြီးက နောက်၁၅မိနစ်လောက်မှာ လာကြိုပေးမယ်တဲ့။ ကျောင်းက Computer Science Department မှာ အလုပ်လုပ်နေတဲ့ အမတယောက်က လမ်းကြုံလိုက်မလား လာမေးတော့ ဝမ်းသားအားရပေါ့။ တော်သေးတယ် ကျောင်းသားကဒ် ကယ်ပေလို့။ ကျောင်းသားကဒ်ပြူးပြူးကြီး ဆွဲထားတာလေ။ အာဘီဆစ် ဒီကောင် တွေ့လို့ကတော့ အသေပဲ။ ဒီကတည်းက အာဘီဆစ်နဲ့ ကျောင်းတော်က ရန်စ။
အာဘီဆစ်က အစအနောက်သန်ပါတယ်။ သူ့ကို နိုင်အောင် ဘယ်သူမှ ပြန်မပြောနိုင်ဘူး။ ဆူနမ်တို့တွေမက စန်းထွန်းပါ ခံရတာပါ။ ကိုယ်တခွန်းပြောလိုက်ရင် သူက ဆယ်ခွန်း။ တနေ့တော့ ဆူနမ်က စန်းစန်း အာဘီဆစ်ကို နိုင်ချင်ရင် တခွန်းသင်ပေးမယ်။ အဲဒီတခွန်း ပြောလိုက်ရင် အာဘီဆစ် လက်မှိုင်ချသွားမယ်။ ဟေ ဟုတ်လား။ ဖဲ့ချင်ဇောနဲ့ သင်လို့လားမသိ ခဏလေးနဲ့ ရသွားရော။ ထမင်းစားဆောင်သွားတဲ့တလျှောက် ဆူနမ်တို့ကို ဆိုပြရသေးတယ်။ ထမင်းစားနေတုန်း အာဘီဆစ်လာစတော့ ဆူနမ်တို့က စန်းစန်းပြောလိုက်တဲ့။ နင်တော့ သေပြီဆိုတဲ့ မျက်နှာထားတဲ့ စန်းထွန်း ကြက်တူရွေးနှုတ်တိုက် ရွတ်လိုက်ပုံက
"အာဘီဆစ် ခီးနား ခီနား တမီးမိုင်လိုင် မန်ပါချာ"
အားလုံးက တိတ်ဆိတ်သွားပြီး စန်းထွန်းကို တအံ့သသြကြည့်ကာ
အာဘီဆစ်။ ။"စန်းစန်း နင် အဓိပ္ပာယ် သိလား"
စန်းစန်း။ ။"သိဝူး Bad Guy မလား"
အင်ဒရူး။ ။ Let me explain. Kena means why. TamiMili means don't I. ManParchar means love.
ဂင်္ဂါ။ ။It means Why .Why do I love you.
စန်းစန်း။ ။Why do I love you. It means...........I love you. Grrrrrrrrrrrrrrrrrrr. ဆူနမ်.
ဆူနမ်နဲ့ရာမားကို လက်သီးနဲ့ ထုရင်း အားလုံးကလည်း တသောသော၊ တအုန်းအုန်း ရယ်မောလို့။
ဒီကတည်းကစလို့ တယောက်ယောက်ကို ညစ်ချင်ရင် ဆူနမ်နဲ့ ရာမားက မျက်စပစ်လိုက်လို့ စန်းထွန်းကလည်း "ခီနား ခီနား တမီးမိုင်လိုင် မန်ပါချာ" လို့ အသံပြဲကြီးနဲ့ ဟစ်လိုက်ရင်ပဲ ဘသားချောတွေခမျာ နောက်လှည့်မကြည့်ဘဲ တချိုးတည်း သုတ်ချေတင်တော့တာပဲ။
ဘလော့ကြွလာ မိတ်သဟာများကိုလည်း ခီးနာ ခီးနာ တမီးမိုင်လိုင် မန်ပါချာ လို့...
စန်းထွန်း
အောက်တိုဘာ ၉၊ ၂၀၁၁။
24 comments:
ဒုတိယ ကမ္ဘာစစ်မှာ မြန်မာပြည်ကို အင်္ဂလိပ်နဲ့ေ၇ာက်လာတဲ့ နီပေါလ်တပ်က ဂေါ်ရခါးတပ်ပါ။
ဒါကြောင့် မြန်မာမှာ ရှိတဲ့ နေပါလီ(နေပေါလ် လူမျိုး)
ကို ဂေါ်ရခါးလို့ခေါ်ပြီး နေပေါလ်မှာ ရှိတဲ့နေပေါလ်လူမျိုးကိုတော့ နေပါလီလို့ပဲ ခေါ်တယ်
ထင်တယ် ချွေးမလေးး)
ဆင်မျက်နှာနဲ့ နတ်ဘုရားကို မဟာပိန္နဲလို့ မြန်မာက
ခေါ်ကြပြီ တော်များများ မြန်မာတွေလည်း ကိုးကွယ်
ကြပါတယ်။ ဇာတ်နှိမ့် ဇာတ်မြင့်တော့ လူတွေရဲ့
စိတ်ဓာတ်နဲ့ပဲ ဆိုင်မယ်ထင်တယ်။ အသိတရား
မဖွင့်ဖြိုးကြလို့ပဲ ယူဆမိတယ်း) Gurung တွေကလည်း တခြားကောင်လေးတွေ ကြိုက်ရင်
ယူလို့ ရပါတယ် အကြိုက်မတွေ့ကြလို့နေမှာပါး)
ဒီတခါ အဘီဆစ်ခ့်ကို ပြောလိုက်လေ အာဘီဆစ်ခ့် သီမီလိုင် မို မန်ပေါရ်ချော သော်ရောပေါနီ အာလူ ခါနူသော ဒေါရ်လာခ်ချောလို့း)
ယောက္ခမကြီး
ဟုတ်တယ်..သူတို့ ကို နီပါလီ Nepali လို့ ခေါ်တယ်။ ဘာသာပြန်ပေးလေး)
အဘီဆစ်ခ့် သီမီလိုင် မို မန်ပေါရ်ချော
သောရော်ပေါနီ အာလူ ခါနူဒေါရ် လာခ်ချောတဲ့
အဘီဆစ်ခ့် ရှင့်ကို ကျမချစ်ပေမဲ့ အာလူး စားရမှာတော့
ကြောက်တယ်လို့း) ချွေးမလေးက ပြောတယ်လေ အာလူး မပါရင် မပြီးဘူးဆို ဟင်းတိုင်းး)
သူ့စာလည်း လာဖတ်၇သေးတယ်..
လာဖတ်တဲ့သူ ခါးနာ ခါးနာ ဆိုတော့..
ငါ့နှယ် မဟုတ်သေးပါဘူး ..:D
ဗဟုသုတလေးတွေရသွားတယ် စန်းစန်းရေ။ ကျေးဇူးပါ။
လူတစ်ယောက်ခံယူချက်တစ်မျိုးနော်။ ကိုယ့်အယူအဆနဲ့ ကိုယ်ပေါ့လေ။ Lady First ပို့စ်လေးပါ ဝင်ဖတ်သွားတယ်။
ဒီခေတ်ကြီးမှာတော့ သူ့အလုပ်ကိုယ့်အလုပ်ခွဲနေလို့ မရဘူးလေ။ ဦး နယ်ဘက်တာဝန်မကျခင်ကာလမှာ မီးဖိုချောင်မှာလိုအပ်တဲ့ ဆန် ဆီလိုမျိုးကအစ ဦး ကိုယ်တိုင်သွားဝယ်ပြီး ဖြည့်ပေးလေ့ရှိခဲ့တား)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
တာမီးက မလိုင်တော့ကြိုက်တယ် မန်မန်တော့ချားတော့ပါဝူးး)
ခင်တဲ့
မဒိုးကန်
ခီးနာ ခီးနာ တမီးမိုင်လိုင် မန်ပါချာ too, sis!
Mon Petit Avatar
ဟား...ဟား...စန်းထွန်းပို့စ်လေးတွေက ရီလည်းရီရ....
ဗဟသုတုတွေလည်းအားကြီးရသဗျ...၊စနေနေ့က ကုလား
က ကကြတာကိုလည်း တဟားဟားနဲ့ ဖတ်သွားတယ်...၊
အတော်ဗရုတ်ကျတဲ့စန်းထွန်းတို့အုပ်စု.....။ခိနား....ခိနား.....:P
ဒီပို့စ်လေးဖတ်ပြီး ကျေးဇူးတင်လိုက်တာ...နီပေါဆိုတာ မြန်မာနဲ့အိမ်နီးချင်း၊ ဘုရားပွင့်တဲ့ ဒေသဖြစ်ပေမယ့် သူရို့ရိုးရာ၊ သူရို့ယဉ်ကျေးမှုအကြောင်းက လူသိနည်းနေသလို ဖြစ်နေတယ်...စန်းထွန်းရေးထားတာဖတ်ရတော့မှ တော်တော်များများသိရတော့တယ်...ကိုယ်တွေ့လေးတွေကို သွက်သွက်လက်လက် ရွှင်ရွှင်ပြပြနဲ့ ဘ၀င်ကျအောင်ရေးတတ်တဲ့ စန်းထွန်းတစ်ယောက် အိုင်ယာလန်ထီကြီး ပေါက်ပါစေဗျား...
ဦးဟန်ကြည်ကြီး မန့် ကို ဖတ်ရတော့မှ သတိရတယ်ဗျို့ ။ ဘုရား မွေးဖွားရာ လုမ္ဗနီဥယျဉ် ရှိတယ်။ ပို့ စ်ထဲ ပြန်ထည့်လိုက်ဦးမှ။ သိုင်းကျူး ဦးဟန်ကြည်။
နီပေါနိုင်ငံလည်း တို့နိုင်နဲ့ မခြားပါလားလို့ တွေးလိုက်မိသေး
ကိုယ်နေထိုင်တဲ့ တိုင်းပြည်က ရသမျှ အကုန်ယူမယ် စားမယ်ဆိုပြီး ကိုယ့်ဖို့ဘဲကြည့်တဲ့ အုပ်ချုပ်သူတွေက နီပေါမှာလည်း ရှိတာပါဘဲလား
ဗဟုသုတတွေရသွားတယ် စန်းထွန်းရေ
ပျော်ရွှင်အဆင်ပြေပါစေ
မချောရေ
မဖွံ့ ဖြိုးမတိုးတက်တဲ့ နိုင်ငံတိုင်း အဲဒီလို အုပ်ချုပ်သူတွေ ရှိတာပါ။ တိုးတက်ဖွံ့ ဖြိုးတဲ့ နိုင်ငံတိုင်းမှာတော့ ကောင်းမွန်တဲ့ အုပ်ချုပ်သူတွေ ရှိတယ်။ နိုင်ငံသေးတာ၊ သဘာဝသယံဇာရှိတာတွေနဲ့  မဆိုင်ပါဘူး။
စာမေးပွဲက ကျောင်းသားရဲ့  အရည်အချင်းကို ပြသလို တိုင်းပြည် တိုးတက်မတက်ကလည်း အုပ်ချုပ်သူတွေရဲ့  အရည်အချင်းကို ပြတယ်။
ဗဟုသုတတွေအတွက် ကျေးဇူးပါ စန်းထွန်းရေ...
... မမဘေဘီပြောသလို အာာလူးစားရမှာတော့ .. ကြောက်လယ်လို့..:P
ပျော်စရာကြီးပါလား။
ဖတ်ရင်း ပျော်သွားတယ်။း)
ခင်မင်လျှက်
စကားမစပ်၊ ကိုကြီးကျော်လည်း Nepali ဘဲကိုကြီးရေ။ နာမည်က Aroon Gurung တဲ့ ခင်ဗျ။ Post ထဲထည့်ရေးချင် ထည့်ရေးရအောင် ဖွသွားတယ်။
ဟေ ဟုတ်လား ညီလေးရ။ Kelvin Gurung ဆိုပြီး ကိုကြီးကျော်ကို ပို့ စ်ထဲ ထည့်ထားတာ။ ပြန်ထည့်ဦးမှ။
Gurung တွေကတော့ Gurung အချင်းချင်းပဲ ယူလို့ ရပါတယ်။..............
ထုံးစံအရတော့ဟုတ်ပါတယ်။
မစန်းထွန်းသူငယ်ချင်း Kelvin Gurung လဲအဗေးလဲဘယ် ဖြစ်နေပါတယ်လို့
သီတင်းထူးပါးပေးပါ။
ဟာဟာ့။
မစန်းထွန်း ဂေါ်ရခါး စကားသင်ချင်ရင် ကျနော်သင်ပေးမယ်။း
အောင်မလေးဗျာ...ကိုကြီးကျော်တို့ များ ကြော်ငြာဝင်ချက်က မြဝတီမှာ ကြော်ငြာတွေ ကောင်းနေတုန်း ကိုရီးယားကား ဝင်တဲ့အတိုင်းပါလားနော်...းD
ဆူနမ်၊ ရာမားတို့ နဲ့  ပေါင်းလို့  ဒီကလည်း နီပါလီ စကားတတ်ပါတယ်နော်။ ပြန်သင်ပေးလိုက်မယ်။ ခီးနား ခီးနား Why Why။ ဂျမ်း ဂျမ်း Go Go။ ဟိုး ဟိုး ဟိုး...လား လား လား yes။ ဘိုကလာယို့  hungry။ ဒွိတာ two။ ငှဲ..ငှဲ..ငှဲး)းDးP
ဟာဟား တော်တော်တတ်နေပီပဲ။
ပို့(စ) ဖတ်လို့ကောင်းတယ်။
နဲနဲ ရှာရှည်ကြည့်လိုက်အုံးမယ်။
Dashain ပွဲတော်ဆိုတာ ဘုရားပွဲ ၁၀ ရက်တိတိလုပ်တာ။
အဲ့ဒီနေ့မှာ ကျနော်တို့က (အဖိုး၊အဖွား)(ဖဖေ၊မေမေ)၊(ဦးလေ၊အဒေါ်)၊ (အကို၊မရီး)၊ (အစ်မ၊ယောက်ဖ)
အားလုံးကို ကန်တော့ရတယ်။ကိုယ့်ထက်အသက်ကြီးတဲ့ မိသားစု၊ဆွေမျိုး အားလုံးပါပဲ။ သူဒို့က ကျနော်တို့ရဲ နဖူးမှာ ဆန်ကပ်ပေးရင်းနဲ့ ဆုတောင်းပေးတယ်။
အကိုကြီးတွေက အငယ်တွေကို မုန့် ဖိုးပေးတယ်လို့  ကြားမိသလိုပဲ...းD
ဟာဟား
အဲ့တာ ချန်ထားပြီးပြောထားတာ။
ဟုတ်တယ် မုန့် ဖိုးပေးတယ်။
ဗဟုသုတလေးတွေတိုးရတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ကျောင်းတက်ရတဲ့ဘဝက ပျော်စရာပါပဲ။
ဘယ်ကလာ ပေါ့ပါးပါ့မလဲ ကိုမြစ်ရယ်...သူများကျောင်းက ၆လသင်တာကို ဒီကျောင်းက တလနဲ့  ဖြတ်တာ...လူကို ဂျွှမ်းပစ်နေတာပဲ...
ကျောင်းသားဘဝက ပျော်စရာအကောင်းဆုံးအချိန်ပါပဲ။ ပြီးတော့ လေ့လာစရာတွေ အများကြီးကို သီးသန့်လေ့လာသင်ယုကြရတာ တကယ်ကို ကျေနပ်စရာကောင်းပါတယ်။ ဒီပို့စ်လေးဖတ်ပြီး အပျော်တွေကူးစက်သွားပါတယ်။
ခင်တဲ့
မေသိမ့်
Post a Comment