မြန်မာပြည်က ပိုက်ဆံ ...




မမြင်ဘူးရင် သေခြာကြည့်ထား အဲတာ မြန်မာပြည်က ပိုက်ဆံ။

"ပိုက်ဆံကြီ:က ဟောင်းနေပြီ၊ ပြဲနေပြီ၊ တိတ်နဲ. ကတ်ထားတယ်။ သုံးမရတော.ဘူ:။ လဲပေး။"
နောက်တော.
"အကြွေ မပါဘူးလား။ အကြွေ မရှိလို့ပါ ။ ဪ ပြဲနေလို့လား။ ရတယ်။ အကြွေဆို ပြီ:ရော။"
အခုတော.
"အကြွေ မရှိဘူးတော.ရေ ။ ၅၀ မှတ်ထား။ နောက်နေ့ ဈေးလာတော.မှ ယူ။"
ဒါကတော. မြန်မာပြည်က ဈေးမှာ ကြားရမယ်. မရိုးနိုင်တယ်. စကားတွေပါ။

မြန်မာပြည်မှာ အကြွေရှားပါးနေတာ ကြာပါပြီ။ ပိုက်ဆံ စုတ်နေရင်၊တိတ်ကတ်ထားရင် သုံးလို့ မရတယ်. အခြေအနေကနေ အကြွေဆိုရင် ပြီ:ရော တိတ်ဘယ်လောက်ပဲ ကပ်ထားထား၊ဘယ်လောက်ပဲ စုတ်စုတ် ယူတယ်.ဘဝကနေ အကြွေမရှိလို့ မှတ်ထား နောက်နေ့ ပေါင်းယူတယ်. အခြေအနေတွေ တိုးတက်လာတာပါ။ တို.များ ပိုက်ဆံက ရေစိုခံနော်။ မခံနိုင်ရိုးလား တိတ်အထပ်ထပ် ကပ်ထားလို့လေ။ မြန်မာပြည် ပြန်လာခဲတယ်. သူငယ်ချင်းတယောက် အကိုက မျက်လုံးပြူးပြီ: တအံ.တဩနဲ. ဒီပိုက်ဆံ တကယ်သုံးလို့ရတာ သေချာလို့လားလို့ အမေးကို ကျွန်မတို.မှာ ရယ်လိုက်ကြတာ ဝက်ဝက်ကွဲ။ ပြောင်မြောက်တယ်. ဟာသတခု ကြားရဘိ အလား။

စူပါမားကတ်တွေ၊ ဈေးဆိုင်တွေက သကြားလုံးတို.၊ တစ်ရှူ:တို.ကို အကြွေအဖြစ် အမ်းသလို ကုန်စိမ်: ရောင်းတယ်.သူတွေကလည်: အားကျမခံ သူတို.ကုန်စိမ်:တွေကို ပြန်အမ်:ကြလေရဲ.။ ငရုတ်သီးစိမ်: ၅၀ဖိုး၊ နံနံပင် ၃၀ဖိုး။ အမ်:တယ်. သကြားလုံးတို.ကို စုပြီ: ဈေးဝယ်ရင်တော. လက်မခံပါ။ ဝယ်သူဖက်က နစ်နာလိုက်တာ။

ပိုက်ဆံတွေကလည်: ပုံပါအတိုင်း ရှူကြလော.။ ဘတ်တီးရီးယားများ ပြန်.ပွါးရေး ပိုက်ဆံများများ ကိုင်ပေး။ ဂျာနယ်တစောင်မှာ ဖတ်လိုက်ရတယ်။ ကလေးငယ်တွေကို ပိုက်ဆံ မကိုင်ခိုင်းသင်.ကြောင်း ရေးရှာပါတယ်။ ဒါပေမယ်.လည်: ဘယ်လိုလုပ်မလဲ အနုတ်မပေးဘဲ သစ်တယ်. အတန်ကြီ: ပေးလို့ကလဲ မဖြစ်။

Singaporeမှာ ပိုက်ဆံကို တပြားမကျန် ပြန်ပေးတာကို သဘောခွေ့ မနောခွေ့။ အဲဒီမှာ စုတ်နေတယ်. ပိုက်ဆံတောင် မတွေ့ခဲ.ဘူး။ ၅ဆင့် မပေးလို့ ကွန်ပလိမ်:တတ်တယ်. စလုံးတွေ ရန်ကုန်ရဲ. အကြွေပြန်အမ်:စနစ်ကို သိသွားရင် မြန်မာတွေဟာ တယောက်ကိုတယောက် တော်တော် ယုံကြမယ်လို့ မှတ်ချတ်ပြုလိမ့်မယ်။

2010 ဒီဇင်ဘာ ရန်ကုန်ပြန်တုန်းကတောင် မုန့်ဟင်းခါးဆိုင်က အကြွေမရှိလို့ ၁၀၀ မှတ်ထား၊နောက်နေ့မှ ယူလို့ ပြောတာကို ဥစာခြောက် စန်:ထွန်းက နောက်နေ့ ပြန်လာတောင်းရင် မှတ်မိပါ့မလားနဲ. စိတ်ပူနေတာ။ နောက်နေ့ သွာ:တောင်းတော.လည်: ပေးတာပါပဲ။ သူ့အရပ်နဲ. သူဇာတ်နဲ. ဟုတ်ေနေ တာပဲ။ တကယ်မဟုတ်တယ်. သူတွေ လာတောင်းရင် သူတို.မှတ်မိပါ့မလားလို့ စိတ်ပူနေတယ်. ကျွန်မကို အမေက ဈေးဆိုတာ သူများထက် အတွက်အချက် တော်တယ်၊ လည်တယ်၊ မှတ်ညဏ်ကောင်းပါတယ် စိတ်ပူမနေနဲ.တဲ။ ဟုတ်သားပဲနော်။ တခါတလေ ၃၅ ကျပ်သားကို Caculater မပါဘဲ တွက်ချက်နေတာ မပြီ:တော.ဘူ: ။ သူတို. တွက်ရင် မြန်မှမြန်။

မြန်မာပြည်က ပိုက်ဆံကို လုပ်ဖော်ကိုင်ဖက် နိုင်ငံခြားသားကို ပြဖို. ဓာတ်ပုံရိုက်တော. အဖေကတော. ပြောရှာပါတယ်။ မပြပါနဲ. ရှက်စရာကြီ:တယ်.။ တကယ်လည်: ပြရမှာ ရှက်စရာကာင်းလို့ မပြဖြစ်တယ်. ဓာတ်ပုံကို ဘလော့ပေါ်ကနေပဲ ရှက်ရှက်နဲ.ပဲ ပြလိုက်ပါတယ်။

အစိုးရက အတန်ကြီ: ငါးထောင်တန်၊ တစ်သောင်းတန်တွေ ထုတ်မယ်. အစား ဘာလို့ အနုတ်တွေ မထုတ်ပါလိမ့် ?။

မြန်မာပြည်သူပြည်သားများ အကြွေ ဒုက္ခမှ ကင်းဝေးပြီ: သစ်လွင်တောက်ပသော ပိုက်ဆံများကို ကိုင်သုံးနိုင်ကြပါစေ။

စန်းထွန်း
‌ဖေဖေါ်ဝါရီ ၂၆၊ ၂၀၁၁။

1 comment:

Anonymous said...

As the cost to produce a big note is same as small one. That's why the government only produces a big note and they can use it at higher value. More useful for them! :)