ပေါ့‌ပေါ့ပါးပါး ဟာသများ ...



ဆရာဝန်က စိတ္တဇဝေဒနာသည်တွေ စိတ်အခြေအနေ တိုးတက်မှု ရှိမရှိ စမ်းသပ်ချက်တစ်ခု ပြုလုပ်ခဲ့တယ်။ ဆရာဝန်က နံရံတစ်ခုပေါ် တံခါးပေါက်ပုံဆွဲပြီး လူနာတွေကို "ဒီတံခါးပေါက် ဖွင့်နိုင်တဲ့သူကို ဒီအခန်းက လွတ်ပေးမယ်" လို့ ပြောပြီး စမ်းသပ်လိုက်တယ်။ ဆရာဝန်စကားကြားတာနဲ့ ရှိသမျှ လူတွေအားလုံး တံခါးပေါက်ကို ပြေးဖွင့်ကြတယ်။ ဒါပေမယ့် လူတစ်ယောက်က နေရာမှာတင် ထိုင်နေခဲ့လို့ ဆရာဝန်က သူ့စိတ်တိုးတက်မှုရှိပြီ ထင်ပြီး မေးလိုက်တယ်။

"ခင်ဗျား ဘာဖြစ်လို့ သူတို့လို တံခါးသွားမဖွင့်တာလဲ"

လူနာက ဆရာဝန်ကို တစ်ချက်စိုက်ကြည့်ပြီး ဖြေလိုက်ပါတယ်။

"အဲဒီတံခါးသော့က ကျွန်တော့်ဆီမှာဗျ..."


ဝေဒနာသည်တစ်ဦးက ကုတင်ပေါ်မှာ ပက်လက်လဲပြီး သီချင်းဆိုနေခဲ့တယ်။ သီချင်းဆိုရင်းဆိုရင်း ပက်လက်လှန်ဆိုနေရာက ရုတ်တရက် မှောက်ရက်လဲပြီး ဆက်ဆိုပြန်တယ်။ ဒါကို ဆရာဝန်က မြင်တော့ "ခင်ဗျား ဘာဖြစ်လို့ ဟိုလှန်ဒီလှန် လုပ်နေရတာလဲ" လို့ မေးလိုက်တယ်။

သူပြန်ဖြေလိုက်တာက "ခင်ဗျား သိပ်တုံးတာပဲ? အေဆိုက်ကုန်လို့ ဘီဆိုက်လှန်လိုက်တာပေါ့" ဟူတည်း။



တစ်နေ့မှာ ရုတ်တရက် မိုးရွာချလာလို့ စိတ္တဇဝေဒနာသည်တွေအားလုံး အင်္ကျီ၊ ဇလုံတွေ ယူပြီး မိုးရေဆင်းချိုးကြတယ်။ ဒါပေမယ့် လူတစ်ယောက်က ရေမဆင်းချိုးဘဲ ဝရန်တာမှာ ရန်နေတာတွေ့လို့ ဆရာဝန်က "ခင်ဗျားဘာဖြစ်လို့ သူတို့နဲ့အတူ ရေမဆင်းချိုးတာလဲ" လို့ မေးလိုက်တယ်။ လူနာပြန်ဖြေလိုက်တာက...

"ကျွန်တော် ရေနွေးတဲ့အထိ စောင့်နေတာပါ" ဟူတည်း။

စန်းထွန်း
ဖေဖေါ်ဝါရီ ၂၈၊ ၂၀၁၁။

No comments: