Canadian Rockies Mountain သွား တောလား - ၁၀

၂၀၂၄ စက်တင်ဘာ ၂၂ Marble Canyon ဆီသွားလည်တယ် တော်တော်လှတယ်။ ကိုရီးယားတိုးကားနဲ့ဆုံတယ်။ စက်တင်ဘာ ၂၃ ဟိုတယ်ကနေထွက်ပြီး Canmore မြို့ post office ဆီဝင်ပြီး ထိုင်ဝမ်အမက postcard ပို့ချင်တယ်။ ကိုယ်က magnet တခုဝယ်တယ်။ နေ့လည်တနာရီ ထိုင်ဝမ်အမကို လေဆိပ်ဆီပို့ပေးပြီး လျှော့ပင်းမောလ်မှာ သွားပတ်တယ်။ နေ့လည်နဲ့ညစာပေါင်းစားတယ် ဂျပန်ဆိုင်မှာ။ ကိုယ်တို့လေယာဥ်မှ ညသန်းခေါင်မှဆိုတော့ အေးဆေး။ Global Entry member ကိုမလာခင်ကမှ လျှောက်ထားတာဆိုတော ကဒ်မရသေးလို့ TSA check in ကိုပုံမှန်လိုဝင်ရတယ်။ အမတွေက Global Entry member ဝင်ထားလို့ ဖိနပ်လည်းမချွှတ်ရ စောင့်လို့မစောင့်ရ။ အမတွေမှာ lounge ဝင်ခွင့်ကဒ်တွေရှိလို့ lounge သွားနားတယ်။ အဖေလိုချင်တဲ့ magnet ရှာမတွေ့ဘူး။ Calgary ကနေ Toronto ငါးနာရီလောက်စီးရတယ်။ တိုရွန်တိုမှာတွေ့တဲ့ magnet ၂ ခုဝယ်လိုက်ရတယ်။ လေဆိပ်မှာဆိုတော့ စျေးကလည်းကြီး ဒီဇိုင်းကလည်းမလှ။ Banff မှာဝယ်ခဲ့ရင်အကောင်းသား။ အဖေက အဆင်ပြေပါတယ်လို့ပြောပါတယ်။ Toronto ကနေ LaGuardia လေဆိပ်ကို တနာရီလောက်စီးရပါတယ်။ နယူးယောက်ကို မနက် ၉ နာရီခွဲလောက် ပြန်ရောက်တယ်။ နေ့တဝက်ပဲ ခွင့်ယူထားတော့ ရုံးပြန်တက်တယ်။ အိပ်ရေးမဝလို့ ခေါင်းကိုက်တယ်။ အိမ်ကနေအလုပ်လုပ်ရလို့ ခိုးအိပ်မယ်လို့ ကြံစည်သော်ငြား အလုပ်တွေပိနေလို့ ခိုးမအိပ်လိုက်ရဘူး။ ညကျတော့ ည ၈ နာရီကနေအိပ်လိုက်တာ မနက် ၈ နာရီအထိ တရေးပဲ။ ဒီခရီးစဥ်ဟာ ကိုယ့်အကြိုက်ဆုံးခရီးစဥ်ထဲပါသွားပြီ။ ပထမအကြိုက်ဆုံးခရီးက ပီရူး၊ ဘိုလီးဘီးယား၊ ချီလီ။ ဒုတိယအကြိုက်ဆုံးခရီးက အလာစကာ။ တတိယအကြိုက်ဆုံးခရီးက ကနေဒါရော့ကီးတောင်။

Happy Traveling!

စန်းထွန်း

နိုဝင်ဘာ ၃၀၊ ၂၀၂၄။

No comments: