၂၀၂၄ စက်တင်ဘာ ၂၁ Banff မြို့လေးကို သွားလည်တယ်။ မြို့လေးက သေးသေးလေး စည်လိုက်တာ ကြိတ်ကြိတ်တိုး။ ဟိုတယ်ခစျေးကြီးလွန်းလို့ နာရီဝက်အဝေးက Canmore တည်းတယ်။ မြို့ထဲက visitor center မှာ သွားလည်ရမဲ့နေရာတွေ သွားမေးတယ်။ Banff မြို့လေးကို အပေါ်စီးကနေမြင်ရတဲ့ ရှုခင်းတအားလှတဲ့ Tunnel Mountain ပေါ်တက်တယ်။ ဆင်းလာတဲ့သူတယောက်မေးကြည့်တော့ ၄၅ မိနစ်လောက်တက်ရတယ်၊ ရှုခင်းတအားလှတယ်တဲ့။ တက်လိုက် မောလို့နားလိုက်နဲ့ တောင်ထိပ်ရောက်သွားတယ်။ ပြန်ဆင်းတော့ ခုနကပြောသွားတဲ့သူ တက်လာတာနဲ့ဆုံတယ်။ ဟယ် နင်ပြန်တက်လာပြီနော် ၂ ခေါက်ရှိပြီ။ ပေးထားတဲ့ National Park fee တန်အောင်တက်တာတဲ့။ အမတွေက မြို့ထဲကိုကားနဲ့ဆင်း ကိုယ်နဲ့ကယ်လီက ခြေထောက်နဲ့ဆင်းတာ ၁၀ မိနစ်လောက်ပဲ။ ကိုယ်တို့က အရင်ရောက်နေလို့ အမတွေကို ပြန်စောင့်ရတယ်။ Bow မြစ်ဘေးတလျှောက်က ဟိုက်ကင်းထရေးမှာ လမ်းသွားလျှောက်တယ်။ ပြီးတော့ ဗီယက်နမ်ဆိုင်မှာ ဝင်စားတယ်။ Lake Minnewanka မှာ sunset ကြည့်ဆိုလို့ သွားကြည့်တာ နေဝင်တာတော့ မတွေ့ခဲ့ရဘူး။ ရေကန်ကတော့ အတော်လှတယ်။ Fairmont Banff Spring မှာရေသွားစိမ်ဖို့ ကားပါကင်ကျပ်လို့ သုံးပတ်လောက်ရှာယူရတယ်။ ရေကအတော်ပူတယ် ပူလို့ထထိုင်လိုက် အေးလို့ပြန်စိမ်လိုက်နဲ့။ hot spring package ဝယ်ထားတာ national park hot spring တွေမှာ စိမ်လို့ရတယ်။ ဒါတောင် Jasper hot spring က ပိတ်ထားလို့မစိမ်တာ။ ရေပူစိမ်တာ သိပ်ကြိုက်တယ် Costca Rica နိုင်ငံမှာတခါ၊ အလာစကာပြည်နယ် Fairbank မြို့က Chena hot spring မှာတခါ စိမ်ဖူးတယ်။ ဂျပန်သွားပြီး ရေပူစမ်းစိမ်ချင်တယ်။ ထိုင်ဝမ်ကအမက လက်ဆောင်ပေးဖို့ နာမည်ကျော် ice wine ဝယ်တယ်။ ကိုယ်ကတော့ magnet တခုဝယ်တယ် အဖေက သူ့သူငယ်ချင်းတွေ လက်ဆောင်ပေးဖို့ magnet ၂ ခုမှာတယ်။ သူလိုချင်တဲ့ပုံစံမတွေ့လို့ ထရန်စစ်တိုရွန်တိုမှာ ဝယ်တော့မယ်။ မကြာခင်အိမ်ပြန်တော့မှာဆိုတော့ ဘီယာ၊ ဝိုင်သောက်ပြီး celebrate လုပ်ကြတယ်။ လိပ်ပြာလုံစွာနဲ့ သောက်နေတယ်ဆိုပြီး ဗော်လန်တီယာဂရုထဲ ပို့လိုက်သေးတယ်။
Happy Traveling!
စန်းထွန်း
နိုဝင်ဘာ ၁၆၊ ၂၀၂၄။
Tunnel Mountain Submit |
Banff town |
Lake Minnewanka |
Fairmont Banff Springs Hotel |
No comments:
Post a Comment