၂၀၂၄ ရေခြားမြေခြား ခရီးသွား - ၄

၂၀၂၄ ဖေဖေါ်ဝါရီ ၁၀ စနေနေ့ Central Park သွားပြီး လမ်းသွားလျှောက်တယ်။ ဆောင်းရာသီ သစ်ရွက်တွေမရှိတော့ မြင်ကွင်းကရှင်းနေတာပဲ။ ခြောက်သွေ့ရင့်ရော်နေတဲ့ မြင်ကွင်းကလည်း တမျိုးဆန်းတာပါပဲ။ ရှဥ့်တွေကို အစာကျွှေးရတာ ပျော်စရာ။ အသံပေးပြီး ခေါ်လိုက်တာနဲ့ ပြေးလာကြတယ်။ လူကိုချိတ်တတ်ပြီး တောင်းတော့မတတ်ဘဲ။ ငှက်လှလှလေးနှစ်ကောင် တွေ့ခဲ့တယ်။ ရေခဲပြင်စကိတ်စီးတဲ့သူတွေ၊ ပန်းချီကားတွေ ရောင်းတဲ့သူ၊ ပန်းချီဆွဲတဲ့သူ၊ သီချင်းဆိုတဲ့သူ၊ ခွေးကျောင်းသူ၊ လမ်းလျှောက်တဲ့သူတွေနဲ့ စည်ကားနေတာပါပဲ။

စန်းထွန်း

ဧပြီ ၃၊ ၂၀၂၄။

No comments: