၂၀၂၃ နိုဝင်ဘာ ၂၂ မနက်စာပြီး အပေါ်ဖက်ကို သွားလည်တယ်။ မီးပြတိုက်တွေ့ တော့ ဝင်လည်တယ် အပေါ်တက်ရင် ပိုက်ဆံပေးရမှာ။ ပိုက်ဆံပေးပြီး တက်မလားတိုင်ပင်ကြတော့ မတက်ချင်ကြဘူး။ ကျွှန်းတလျှောက် ကားလျှောက်မောင်း။ ပင်လယ်ကမ်းခြေတလျှောက်မောင်းဖို့ 4 wheels မဟုတ်လို့ ပြန်လှည့်လာရတယ်။ ဗာဂျီးနီးယားနဲ့နီးရင် ဓာတ်ဆီစျေးသက်သာပြီး တောင်ပိုင်းရောက်လေ စျေးကြီးလေ။ အလာစကာလို ပြည်မကပို့ရတော့ အကုန်စျေးကြီးတယ်။ oyster seafood ပဲ စျေးသက်သာတယ်။ ဆိုင်မှာ oyster အစိမ်းဝယ်ပြီး နယူးယောက်ကို သယ်မလားလို့ မေးကြည့်တာ မသယ်ပါနဲ့တဲ့။ ကားလမ်းမကြီးကနေ ပင်လယ်ကမ်းခြေအထိ နာရီဝက်လောက်လမ်းလျှောက်။ ကိုယ်တွေလို လမ်းလျှောက်နေတဲ့ ကလေးတွေနဲ့ golden retriever နဲ့ မိသားစုတစုတွေ့တယ်။ ပင်လယ်ကမ်းစပ်မှာ ဖိနပ်မပါဘဲလမ်းလျှောက်။ လှိုင်းတွေလာရင် ပြေးတက်လိုက် လှိုင်းပုတ်သံတွေ နားထောင်လိုက်နဲ့ တကယ်တိတ်ဆိတ်အေးချမ်းတယ်။ surfing လုပ်နေတဲ့သူတွေတွေ့တော့ surfing လုပ်ချင်သား။ နေဝင်ချိန်မှန်းပြီး ဟိုဖက်ခြမ်းက တံတားမှာ နေဝင်တာသွားကြည့်တယ်။ မြစ်ထဲက ရေကိုပုံးနဲ့ခပ်ပြီး ရေထဲမှာ pH ဘယ်လောက်လဲဆိုတာ တိုင်းတာပြပြီး ရှင်းပြတဲ့တိုးအုပ်စု ဖြတ်သွားတယ်။ တံတားအဆုံးလျှောက်ပြီးပြန်လှည့် ညနေစာ ပင်လယ်စာစား။ နိုဝင်ဘာ ၂၃ မနက်စောစောထပြီး နေထွက်တာ သွားကြည့်တယ်။ တံတားပေါ်ကကြည့်ရင် ပိုက်ဆံပေးရမှာစိုးလို့ အောက်ကနေကြည့်တယ်။ အဲ့ဒီနေ့က တိမ်ဖုံးနေလို့ နေထွက်တာ ကောင်းကောင်းမမြင်ရဘူး။ မေရီလန်းမှာ ပင်လယ်စာဝင်စား ဒယ်လာဝဲယားက ကော်စကိုမှာ ပစ္စည်းဝင်တယ်ကြတယ်။ Sales Tax မပေးရလို့ ချောကလက်၊ အုန်းသီးခြောက်၊ လိုရှင်း ဝယ်ခဲ့တယ်။ အိမ်ကိုညဥ့်နက်မှရောက်တယ်။ နိုဝင်ဘာ ၂၄ ကျေးဇူးတော်နေ့ ကိုယ့်မွေးနေ့ တူတော်မောင်က ပီယာနိုတီးပြီး ဘတ်ပီးဘတ်ဒေးသီချင်းဆိုပေးတယ်။ ဝိုင်းက အရမ်းဘီးစီးတာနဲ့ ခရီးကပင်ပန်းလို့ ဘယ်မှမသွားဖြစ်ဘူး။ မွေးနေ့အကြောင်းကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။
Happy Traveling!
စန်းထွန်း
ဇွန် ၂၁၊ ၂၀၂၃။
 |
Reflection |
 |
Panorama |
 |
Surfer |
 |
ငါးမျှားကြသူများ |
 |
ဒီကနေ နေဝင်တာစောင့်ကြည့် |
 |
တံတားပေါ်ကနေကြည့်ရင် ပိုက်ဆံပေးရမှာမို့ တံတားအောက်ကနေ နေထွက်တာကြည့် |
 |
မိုးအုံ့နေလို့ နေထွက်တာ အဲ့လိုပဲမြင်ရ...ပင်လယ်ထဲကနေ နေထွက်လှတာ သိပ်လှမှာ |
 |
မေရီလန်းက နာမည်ကျော် ဂဏ္ဏန်း |
No comments:
Post a Comment