၂၀၂၂ အောက်တိုဘာ ၈ ကိုလံဘီယာမြစ်ဘေးတလျှောက်က ဟိုင်းဝေးလမ်းမကြီးအတိုင်းမောင်းပြီး အော်ရီဂွန်ပြည်နယ်ရဲ့ သမိုင်းကြောင်းတွေ ရှင်းပြတယ်။ ပထမနေ့တိုးဂိုက် ရှင်းပြတာ ပိုကောင်းတယ်၊၊ ဒုတိယနေ့တိုးဂိုက်ကတော့ စကားတွေအများကြီး ပြောလို့လား မသိဘူး ဘာမှမမှတ်မိဘူး။ မြစ်တဖက်ခြမ်းက ဝါရှင်တန်ပြည်နယ် Sale Tax စျေးကြီးလို့ တက်စ်မပေးရတဲ့ အော်ရီဂွန်ပြည်နယ်မှာ စျေးလာဝယ်ကြတယ်တဲ့။ အော်ရီဂွန်ပြည်နယ်သားတွေက ဒုတိယနေရာနဲ့ ကျေနပ်တယ်ဆိုပဲ။ ဒုတိယအကြီးဆုံးမြစ်၊ ဘာထုတ်တာလဲ ဒုတိယ။ တောတောင်ရေမြေ စိမ်းလန်းနေပြီး မြေသြဇာကောင်းလို့ စိုက်ပျိုးလို့ကောင်းတဲ့ပုံပဲ။ မြို့လေးတမြို့မှာ နေ့လည်စာစားဖို့ ရပ်ပေးတယ်။ အေးရှန်းစာရှာပြီး ဂျပန်ဆိုင်မှာ သွားစားတယ်။ အကွေ့အကောက်လမ်းတွေနဲ့ ပေ ၇၀၀ အမြင့်က Rowena Crest Viewpoint မှာ ဓာတ်ပုံရိုက်ဖို့ ရပ်ပေးတယ်။ အော်ရီဂွန်ပြည်နယ်နဲ့ ဝါရှင်ပြည်နယ်ကြားက ကိုလံဘီယာမြစ် ရှုခင်းလှတယ်။ Mount Hood ကို ပျပျလေးမြင်ရတဲ့နေရာကနေကြည့်ဖို့ ရပ်ပေးတယ်။ ကိုယ်တို့ပဲ ဆင်းကြည့်ကြတယ်။ Mount Hood စကီးပြိုင်ပွဲတွေ လုပ်တဲ့နေရာ။ ၁၉၃၇ က တည်ဆောက်ထားတဲ့ Timberline lodge ဒုတိယထပ်ကနေကြည့်ဖို့မှာလို့ လှေကားရှာကြည့်တာလည်းမတွေ့။ ဘေးကိုဆင်းပြီး ပတ်ကြည့်တော့မှ တောင်ကိုမြင်ရတယ်။ ဓာတ်ပုံထဲမှာတော့ လှလိုက်တာ အပြင်မှာအဲ့ဒီလောက် မလှဘူး။ တယောက်တည်းလာတဲ့ကောင်လေးကလည်း အဲ့လိုပြောနေတာကြားတယ်။ တောင်က ပေ ၆၀၀၀ လောက်မြင့်တယ် ဆောင်းရာသီဆို ရေခဲတွေဖုံးပြီး လှမှာပေါ့ ခုတော့ တောင်ကတုံးနဲ့ မလှဘူး။ အိမ်သာရှိတဲ့အဆောက်အဦးကိုသွားတာ လေတိုက်လို့ လွှင့်ပါသွားမလား ထင်ရတယ်။ ညနေ ၆ နာရီလောက် ပို့လန်းမြို့ထဲ ပြန်ရောက်တော့ KEEN ဆိုင် ဝင်ကြည့်တယ်။ ဟိုက်ကင်းဖိနပ် ၅၀% ချ $၉၀ နဲ့ရလို့ ဝိုင်းက ဝယ်တယ်။ Sale Tax မပေးရလို့ အတော်သက်သာတယ်။ နယူးယောက်မှာဆိုရင် Sale Tax က ၈.၈၇၅% ဆိုတော့ $၉၈ ပေးရမှာ။ ယိုးဒယားဆိုင်ဝင်ပြီး ညစာစား။ နောက်နေ့ကျတော့ တိုးနဲ့မဟုတ်ဘဲ ဘော်ဒနစ်ကယ်ဂါးဒင်း သွားလည်မှာ။ အဲ့ဒီအကြောင်း နောက်ပို့စ်မှပဲ တင်ပါတော့မယ်။
Happy Travelling!
စန်းထွန်း
မတ် ၁၈၊ ၂၀၂၃။
https://www.viator.com/tours/Portland/Mt-Hood-Day-Trip-from-Portland-to-Multnomah-Falls-and-Hood-River/d5065-5765MTHOOD
 |
Rowena Crest Viewpoint |
 |
ဘယ်ဖက်က ဝါရှင်တန်ပြည်နယ် ညာဖက်က အော်ရီဂွန်ပြည်နယ် အလယ်က ကိုလံဘီယာမြစ် |
 |
လေတိုက်ရင်ချမ်းလို့ အနွေးထည် ထုတ်ဝတ်ရတာပါပဲ |
 |
အကွေ့အကောက် တောင်တက်လမ်းက အသည်းယားစရာ...ရခိုင်ရိုးမ၊ ရှမ်းရိုးမလည်း အဲ့လိုပဲ |
 |
ပန်းသီးပင် ပန်းသီးတော့မတွေ့ |
 |
Mount Hood |
No comments:
Post a Comment