၂၀၂၂ အောက်တိုဘာ ၇ ပင်လယ်ကမ်းခြေဘေးနားက မြို့သေးသေးလေးမှာ နေ့လည်စာစားကြတယ်။ အေးရှန်းဆိုင်မရှိလို့ ပထမဆုံးပင်လယ်စာဆိုင်၊ deli ဆိုင် ဝင်ကြည့်ပြီး ပင်လယ်စာဆိုင်မှာ ပုဇွန်ကြော်ဝယ်စားတယ်။ လေတိုက်လို့ အေးလိုက်တာ ဒါလားဟဲ့ ၇၀ ဒီဂရီဖာရင်ဟိုက် မှန်လိုက်တဲ့ weather forecast မြန်မာပြည်အတိုင်းပဲ။ ဝိုင်းတို့ဗီယက်နမ်မှာလည်း မုန်တိုင်းဝင်မယ်ဆိုပြီး နေရာတွေပြောင်းရွှေ့ထား ပြီးတော့မှ မိုးတစက်မှတောင် မရွာလို့ မိုးလေဝသဌာနကို ဝိုင်းဆဲကြတယ်ဆိုပဲ။ ဟေ ... မြန်မာပြည်အတိုင်းပဲဟဆိုပြီး ရယ်လိုက်ရတာ။ ပြီးတော့ စျေးဆိုင်လေးတွေဝင်ကြည့်။ ကမ်းခြေမှာ surfer တယောက်တွေ့တယ် surfing လည်း လုပ်ဖူးချင်တယ်။ ကားတွေရပ်ပြီးကြည့်နေကြတာတွေ့လို့ ကြည့်လိုက်တော့ သမင်ဒရယ်တွေ။ အေးအေးလူလူပဲ ဝပ်နေကြတယ်။ ယုန်တွေအများကြီးပဲ အော်ရီဂွန်ပြည်နယ်မှာ လူဦးရေထက် ယုန်အကောင်ရေက များတယ်တဲ့။ အော်ရီဂွန်ကမ်းခြေတလျှောက် National Park လုပ်ထားတယ်။ Costal highway ဆောက်ပြီး private property မဖြစ်အောင် ကာကွယ်ထားတယ်တဲ့။ တောင်ဘေးတလျှောက် ခက်ခက်ခဲခဲ ဖောက်ထားရတာ ကျွှမ်းကျင်တဲ့အီတလီတွေခေါ်ပြီး ဖောက်ထားတာဆိုပဲ။ သူတို့ကြောင့်ပဲ ကမ်းခြေတလျှောက်က သဘာဝအလှတွေကို ပတ်ကြည့်လို့ရတာပေါ့။ အော်ရီဂွန်ကမ်းခြေတလျှောက်မှာ တွေ့ရတဲ့ hampack ၊ whales ၊ ocra တွေအကြောင်း ရှင်းပြတယ်။ ၂၀၁၈ အလာစကာသွားတုန်က Kenai Fjords National Park မှာ Glacier Express ခရူသဘေင်္ာစီးတုန်းက အဲ့ဒါတွေအကုန်တွေ့ခဲ့တယ်။ အော်ရီဂွန်ပြည်နယ်ဟာ အလာစကာပြည်နယ် အသေးစားလိုပဲ။ တိုးမှာတော့ Cannon Beach ၊ Haystack Rock ၊ Hug Point State Park၊ Oswald West State Park၊ Neahkahnie Mountain ရောက်တယ်လို့ ရေးထားတာပဲ။ ဘယ်နေရာတွေမှန်း မမှတ်မိတော့ဘူး။ နောက်ဆုံးရောက်ခဲ့တဲ့ နေရာလေးက လူသိပ်မရှိဘူး သီးသန့်ဆန်တယ်။ တိုးဂိုက်က သူအကြိုက်ဆုံးနေရာလေးတဲ့။
တောင်တွေကြားထဲက ပစောက်ပုံကမ်းခြေလေး ခပ်ဝေးဝေးက ရေတံခွန်လေးဆီ အရောက်သွားပြီး ဓာတ်ပုံရိုက်။ တိုးအဖွဲ့ထဲမှာ တယောက်တည်းလာတဲ့တိုးရစ်မလေးလည်း ပါတယ်။ ည ၅ နာရီလောက် မြို့ထဲပြန်ရောက်တော့ အနီးအနားက အေးရှန်းဆိုင်မှာ စားကြတော့ ဆိုင်ရှင်အန်တီက ဗီယက်နမ်။ ဝိုင်းက ဗီယက်နမ်မှန်းသိတော့ ဗီယက်နမ်လိုမိတ်ဆက်ကြ။ ဝိုင်းက ဗီယက်နမ်လိုပြော အန်တီက ဘိုလိုမှုတ်။ ဝိုင်းရဲ့အင်္ဂလိပ်စာ ကောင်းတယ်လို့လည်း ပြောလိုက်သေးတယ်။ အန်တီက ဗီယက်နမ်တောင်ပိုင်းကတဲ့။ စကားပြောလိုက်တာနဲ့ တောင်ပိုင်းလား မြောက်ပိုင်းကလား သိတယ်တဲ့။ တောင်ပိုင်းလေသံ အင်မတန်ဆိုးတာ မြောက်ပိုင်းကိုပဲ ဗီယက်နမ်စကား လာသင်ကြတာတဲ့။ တောင်ပိုင်းလေသံ ဆိုးမဆိုးတော့မသိဘူး မြောက်ပိုင်းလေသံကတော့ အတော်နားထောင်ရဆိုးတာ။ ကျောင်းမှာသိတဲ့ မိုင်းဖန်၊ စီနီယာနား၊ ဟွားလဲ့ အကုန်မြောက်ပိုင်းက။ နီပေါလေသံက မဆိုးဘူး။ ဟိုတယ်နားမှာ မြန်မာဆိုင်တွေ့လို့ ဝိုင်းက နောက်နေ့ဝင်စားချင် ဝင်စားလေတဲ့။ မြန်မာစာနေ့တိုင်းစားနေတော့ တခြားဟာပဲစားချင်တာ။ ဝိုင်းလည်း အဲ့လိုပဲ ဗီယက်နမ်စာ သွားစားရအောင်လို့ တခါမှမပြောဘူး။ ဆူနမ်ကတော့ နီပေါစာ မစားရမနေနိုင်။ ၂၀၂၂ အောက်တိုဘာ ၈ မနက် ၉ နာရီ စုရပ်ဆီသွားနေတုန်း miss call တွေ့လို့ ပြန်ခေါ်တော့မှ တိုးဂိုက်က ၈ နာရီခွဲလာဖို့ ပြောထားတယ်တဲ့။ မတ်ဆေ့လည်း မရ နောက်ဆုံးမှ ဝင်ခေါ်လို့ ပြောလိုက်ရတယ်။ ကိုယ်တို့ကို ဝင်ခေါ်ပြီး နောက်ဆုံးတဖွဲ့ကို ၁၅ မိနစ်လောက် စောင့်ရတယ်။ ပထမဆုံးသွားရောက်တဲ့ နေရာကတော့ နာမည်ကျော် Multnomah Falls။ လူတော်တော်စည်တယ် မိနစ် ၄၀ ပဲ အချိန်ပေးတယ်။ ကားကနေ တောင်ခြေအထိတောင် ၁၀ မိနစ်လျှောက်ရတယ်။ ကိုယ်တွေအပြေးအလွှား တံတားပေါ်ရောက်တက်၊ ဓာတ်ပုံခပ်မြန်မြန်ရိုက်၊ အိမ်သာအမြန်ဝင်ပြီး ကားဆီပြေးတာ မိနစ် ၄၀ ကွက်တိ။ ကားထဲမှာ လမ်းမလျှောက်နိုင်တဲ့ အန်ကယ်တယောက်ပါတယ်။ ဒီတိုးဂိုက် အချိန်တွက်ချက်စီမံခန့်ခွဲတာ ညံ့လိုက်တာနဲ့ တိုးတိုးတိတ်တိတ် အတင်းချ။ နောက်ဘယ်တွေ သွားလည်သလဲဆိုတာကတော့ နောက်ပို့စ်တွေကျမှပဲ တင်ပါတော့မယ်။
Happy Travelling!
စန်းထွန်း
မတ် ၁၁၊ ၂၀၂၃။
Multnomah Falls |
No comments:
Post a Comment