ဘာသာပြန်ခြင်း အနုပညာ…

နှစ်စဉ်နှစ်တိုင်း CTO (Chief Technology Officer) နဲ့ Assistant Director ဆီကနေ နယူးရီးယားကဒ်လေးတွေ ရတယ်။ ကဒ်လေးတွေကလှလို့ သိမ်းထားတယ်။ ဒီနှစ်တော့ CTO ဆီကနေ ထူးထူးခြားခြား လက်ရေးနဲ့ရေးထားတဲ့ နယူးရီးယားကဒ်ရတယ်။ ဆရာဝန်လက်ရေးလား မှတ်ရတယ် ဘာမှဖတ်လို့မရဘူး။ ဖေ့ဘွတ်ပေါ်တင်ပြီး အင်္ဂလိပ်လိုကနေ အင်္ဂလိပ်လို ဘာသာပြန်ပေးပါလို့ တောင်းဆိုတော့ ဝိုင်းက ဘာသာပြန်ပေးတယ်။ ဝိုင်းက သူဘာသာပြန်နိုင်မယ်လို့တောင် မထင်ဘူးတဲ့။ ကိုယ်ကတော့ ခုထိဖတ်လို့မရသေးဘူး။ ဖတ်ကြည့်နော် ဖတ်လို့ရတဲ့သူ one cent ဆုချမယ်...

စန်းထွန်း
ဖေဖေါ်ဝါရီ ၂၇၊ ၂၀၂၂။ 

Thank you for all your efforts to improve our digital offerings and to make it easier for our end users to make their own updates. Best wishes to you and your family for a happy healthy 2022 !

No comments: