ဘိုလီးဘီးယားသွား တောလား - ၅

၂၀၁၉ နိုဝင်ဘာ ၉ စနေနေ့ တိုးခရီးစဥ◌်နောက်ဆုံးနေ့ မနက် ၄ နာရီ အိပ်ယာထ မျက်နှာသစ်တော့ ရေက ရေခဲရေလို အေးစက်နေတယ်။ မနက် ၄ နာရီခွဲမှာ မနက်စာစား။ ဒီနေရာကို ပြန်မလာတော့ဘူးဆိုတော့ ပစ္စည်းတွေ မေ့မကျန်ခဲ့အောင် သေသေချာချာစစ်ဖို့ တိုးဂိုက်ကမှာတယ်။ ခရီးသွားနေကျ စေ့စပ်သေချာတဲ့သူတွေဖြစ်ပေမဲ့လည်း ထပ်စစ်ကြည့်တာ မမှားဘူးလေ။ မနက် ၅ နာရီဆိုတာနဲ့ စထွက်ပြီ ကားခေါင်မိုးပေါ် လက်ကေ့အိတ်ကို တင်ကြတဲ့အခါ အရပ်ရှည် စိတ်သဘောကောင်းတဲ့ ဗြိတိသျှမလေးက ကူညီပေးတယ်။ မီးတောင်ရွွှံ့ဗွက်နေရာကို သွားလည်တဲ့အခါ သတိထားဖို့ပြောတဲ့‌တော့ ဝိုင်းက ကြောက်ပြီးမသွားချင်ဘူး တယောက်သေဖူးတယ် ဆိုတော့လေ။ တိုးဂိုက်က သွားကြည့်ပါ နောင်တမရစေရဘူး သူ့ပြောတဲ့အတိုင်း လိုက်လုပ်ရင် အန္တရာယ်မရှိပါဘူးတဲ့။ ပထမဆုံးသွားရောက်တဲ့နေရာက Sol de Manana Geyser အမြင့်ပေ ၅,၀၀၀ မီတာ (၁၆,၄၀၄ ပေ) မှာ။ အပူချိန် ၁၅၀ နဲ့ ၂၀၀ စင်တီဂရိတ် ရွှံ့ဗွက်တွေ ပွက်နေပြီး ဂတ်စ်အနံ့တွေရလို့ နှာခေါင်းကို ပုဝါနဲ့ပတ်ထားရတယ်။ ရေခိုးငွေ့တွေ မြူငွေ့တွေကြားထဲမှာ ဘာမှသဲသဲကွဲကွဲ မမြင်ရ တိုးကားကလူတွေကို မတွေ့တော့လို့ ဓာတ်ပုံအရိုက်ကောင်းနေတဲ့ ဝိုင်းတို့ကို လှမ်းသတိပေးရတယ်။ လူအများစုရှိနေတဲ့နေရာကို သွားကြည့်တော့ ကိုယ်တို့တိုးကားက လူတွေမဟုတ်ဘူး။ အမလေး ဒုက္ခပါပဲ ဟိုးခပ်လှမ်းလှမ်း ကားဘေးမှာလားမသိဘူး။ သွားကြည့်တော့ ဟုတ်တယ် ကိုယ်တို့တိုးကား ကိုယ်တို့နောက်ဆုံးပဲ။ ဒုတိယသွားရောက်တဲ့နေရာကတော့ ရေပူစမ်း တိုးဂိုက်က ရေပူစမ်းမှာ ရေစိမ်ချင်တဲ့သူတွေ ရေကူးဝတ်စုံခံဝတ်ထားလို့ မှာထားတယ်။ ရေကူးဝတ်စုံပါလာပေမဲ့ ချမ်းလွန်းလို့ တကိုယ်လုံးခြုံ မျက်လုံးလေးပဲ မဖြစ်သာလို့ ဖေါ်ချင်တာ။ ရေပူစမ်းကို ကြည့်လိုက်တော့ သေးသေးလေး မစိမ်ချင်ဘူး။ ကိုယ်က ရေပူစမ်းစိမ်ရတာ ကြိုက်တယ် ကော့စကာရီကာနဲ့ အလာစကာ ချီနာရေပူစမ်းမှာ နှစ်နာရီစိမ်တယ်။ အိမ်သာတွေက ဟောင်းလောင်း အမေရိကန်က အမျိုးသားဥယျာဥ◌်တွေမှာလည်း အဲ့လိုမျိုးပဲ။ သူများတွေ ရေစိမ်နေတုန်း ရေကန်ဘေးနားလမ်းလျှောက်ကြတယ်။ နှစ်လက်မထက် ပိုမမြင့်တဲ့ အပင်ပုလေးတွေချည်းပဲ အတော်ခြောက်သွေ့ လွင်တီးခေါင်ပြင်ဒေသ။ နောက်သွားရောက်တဲ့ နေရာကတော့ Dali သဲကန္တာရ Salvador Dali က ဒီသဲကန္တာရထဲ ကျောက်တောင်ဆီကနေ စိတ်ကူးစိတ်သန်းတွေ ရခဲ့တာတဲ့။ မားစ်ဂြိုလ်နဲ့တူလို့ နာဆာက မားဂြိုလ်ခရီးစဥ◌်အတွက် ပြင်ဆင်လေ့လာစမ်းသပ်မှုတွေ လုပ်ခဲ့တယ်။ နာဆာက အကြံပေးလို့ နိုင်ငံ့သမိုင်းဝင်ထိမ်းသိမ်းစောင့်ရှောက်သင့်တဲ့ စာရင်းထဲပါသွားတယ်တဲ့။ နောက်ဆုံးသွားရောက်တဲ့နေရာကတော့ Green Lagoon အဆိပ်သင့်ကော့ပါးတွေကြောင့် မီးတောင်အောက်‌ေ‌ခြက ရေကန်ဟာ အစိမ်းရောင်ဖြစ်နေတယ်။ ဘိုလီးဘီးယား ချီလီနယ်စပ်ကနေ ကီလိုမီတာ အနည်းငယ်ပဲ ဝေးပါတယ်။ ဆင်းရဲတဲ့ဘိုလီးဘီးယားနိုင်ငံသားတွေဟာ မူးယစ်ဆေးဝါးတွေကို ချီလီနယ်စပ်ကနေတဆင့် ခိုးထုတ်ကြတယ်။ ချီလီတွေကတော့ ထုတ်ပြောမှာမဟုတ်ဘူး မူးယစ်ဆေးဝါးခိုးထုတ်တာတွေကို ရပ်တန့်အောင်လို့ နယ်စပ်မှာ မိုင်းထောင်တယ်ထားတဲ့။ ချီလီကိုဆက်သွားမဲ့သူတွေကို ကားဒရိုင်ဘာက ခေါ်သွားမှာဖြစ်ပြီး တိုးဂိုက်က ယူရီနီကိုပြန်မဲ့သူတွေကို ခေါ်ဆောင်သွားမှာမို့လို့ တိုးဂိုက်က တဥ◌ီးချင်းစီကို ပွေ့ဖက်နှုတ်ဆက်ပါတယ်။ တချိန်ကျရင် သားသမီးတွေနဲ့အတူ ဘိုလီးဘီးယားကို ‌နောက်တခေါက်ပြန်လာဖို့ မျှော်လင့်ပါတယ်တဲ့။

ဘိုလီးဘီးယားလူဝင်မှုကြီးကြပ်ရေးရုံးမှာ အခွန်ဆောင် တံဆိပ်တုံးထု။ ချီလီလူဝင်မှုကြီးကြပ်ရေးက အတော်တင်းကြပ်တဲ့ ကိုကာသကြားလုံး၊ ကိုကာတီး အကုန်လွှင့်ပစ်ဖို့ တိုးဂိုက်ကမှာထားတယ်။ ဆေးဝါး၊ မုန့်တွေကို သေချာကြေငြာခိုင်းတယ်။ ချီလီနယ်စပ်ကိုသွားဖို့ ဗန်ကားလေးပေါ် ပြောင်းရတယ်။ ကားဒရိုင်ဘာက လက်ကေ့အိတ်တွေ ချပေးတော့ သော့တခုတွေ့လို့ ဘယ်သူ့သော့လဲလို့ မေးတယ်။ အမလေး တော်သေးတယ် ကိုယ်အိမ်သော့၊ နယူးယောက်စာကြည့်တိုက်ကဒ်၊ ဝေါဂရင်းကဒ်တွေ ပါတယ်။ အိမ်တံခါးနားမှာ သော့အပိုတချောင်း လိုရမယ်ရ ထားပေမဲ့လည်း ပြန်တွေ့လို့ တော်သေးတာပေါ့။ ကိုယ့်အိမ်သော့က ဘယ်လိုဖြစ်ပြီး လက်ကေ့အိတ်အပြင် ရောက်နေလဲမသိဘူး ဇစ်ကို အဆုံးထိမဆွဲလိုက်တာနေမှာ။ ကားဒရိုင်ဘာကို တစ်ဖ်တယောက် ဘိုလီးဘီးယားနို ၃၀ ပေးလိုက်တယ်။ ဝိုင်းက တစ်ဖ်ကို တိုးဂိုက်ကိုပေးပြီးပြီ ဒါပေမဲ့ ကားဒရိုင်ဘာကို ပေးချင်လို့ထပ်ပေးတာလို့ စပိန်လို ရှင်းပြတယ်။ ချီလီနယ်စပ်မှာ အတော်စောင့်ရတယ် စောင့်နေတုန်း အကောက်ခွန်ကြေငြာစာရွက် ဖတ်ပြီးဖြည့်။ ချီလီအကောက်ခွန်ရုံးက ကြီးတယ်အကာတွေအပြည့်။ ဗီဇာပါတာတောင် မြန်မာဆိုတာမသိလို့ ဝန်ထမ်းအချင်းချင်း မေးကြတယ် ၇ ရက်ပဲနော်တဲ့။ ချီလီဗီဇာက အတော်ကြီးကျယ်တယ် background check  နောက်ကြောင်းရာဇဝင်စစ်ထားတာမရှိရင် ရဲဌာကနေ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာတောင်းတယ်။ ရဲဌာနမှာ ၅၀ ပေးပြီး လူကိုယ်တိုင်သွားတောင်းရမယ် ၁၀ ရက်ကြာတယ်။ တော်သေးတယ် အခုအလုပ်အသစ်က အစိုးရရုံးဆိုတော့ နောက်ကြောင်းရာဇဝင် စစ်ဆေးတာအောင်မှ အလုပ်လုပ်လို့ရတယ်။ နောက်ကြောင်းရာဇဝင်စစ်တာကို တောင်းတော့ တပတ်ကြာမယ်တဲ့။ ဂျမားက မင်းမှာ SWACC ကဒ်ရှိတယ်မလား အဲဒါတင်လိုက်ပါလားလို့ အကြံပေးတယ်။ ၂၀၁၅  ပီအေးရုံးမှာ  consultant လုပ်‌တော့ SWACC ကဒ်လုပ်ရတယ်။ SWACC ကဒ်က နောက်ကြောင်းရာဇဝင်စစ်ပြီးမှ ထုတ်ပေးတာ ၅၀၀ လောက်ကျတယ် ကုမ္ပဏီက အကုန်ခံပေးလို့ တော်သေးတယ်။ SWACC ကဒ်က ၂၀၁၅ မှာ ထုတ်ပေးပြီးတော့ ၂၀၁၇ မှာ သက်တမ်းကုန်တယ်။ နောက်ခံစစ်ဆေးတာ တပတ်ကြာမှရမယ် ရှိတဲ့ SWACC ကဒ် တင်လိုက်တော့မှ ချီလီဗီဇာ အဆင်ပြေသွားတယ်။ ဗီယက်နမ်တွေကတော့ ဗီဇာမလိုဘူး ဆိုက်ရောက်ဗီဇာ ရက် ၃၀ ရတယ်။ လက်ကေ့အိတ်ကိုဖွင့်ပြီး အကုန်စစ်ဆေးတယ် ကိုယ်တို့ကိုတော့ အေးဆေးဆေးဆေးပဲ။ တချို့ကိုတော့ အသေအချာစစ်တယ်။ အိမ်သာက ဘိုထိုင်အိမ်သာ သန့်ရှင်းတယ်။ ချီလီနိုင်ငံထဲဝင်လိုက်တာနဲ့ လမ်းမကြီးက ဖြောင့်ဖြူးနေတာပဲ ‌ေ‌ြေသာ် ချမ်းသာတဲ့နိုင်ငံနဲ့ ဆင်းရဲတဲ့နိုင်ငံ ကွာလိုက်တာ။ နယ်စပ်မှာ ကြာနေလို့ ညနေ ၃ နာရီတိုးကို မှီပါ့မလားလို့ စိတ်ပူတယ်။ ကားဒရိုင်ဘာကို မေးကြည့်တော့ ဆန်ပတ်ထရိုအာတာကမာက နာရီဝက်ပဲဝေးတယ်တဲ့။ ကားဂိတ်လေးက သေးသေးလေး ပူလိုက်တာ ရန်ကုန်အတိုင်းပဲ အနွေးထည်ချွှတ်ရတယ်။ ဟိုတယ်ကို မေးကြည့်လိုက်တော့ ၅ မိနစ်ပဲတဲ့ သူ့ငါးမိနစ်ကလည်း သုံးခါလောက် မေးရတယ် ဘယ်ကသာ ၁၅ မိနစ်လောက် လျှောက်ရတယ်။ ဟိုတယ်က အိမ်ပါပဲ ရေချိုးခန်း၊ အိမ်သာ ရှယ်သုံးရမယ်ဆိုတော့ ဝိုင်းက ဘွတ်တုန်းက ရေချိုးခန်း၊ အိမ်သာတွဲလျက်လေလို့ပြောတော့ ပြောင်းပေးတယ်။ ဗိုက်က အရမ်းဆာနေပြီ ရာသီဥတုက ပူလိုက်တာ ရန်ကုန်နွေရာသီကျနေတာပဲ။ အင်တာနက်က သိပ်မမိ ဟိုတယ်ပိုင်ရှင်အန်တီကြီးက အင်တာနက်ကို လာပြင်ဖို့ ဖုန်းဆက်ထားတယ်တဲ့။ တိုးဂိတ်က သိပ်မဝေးဘူးဆိုတော့ လမ်းလျှောက်သွားလို့ရကြမယ်။ တိုးဂိတ်မှာ အရင်ချက်ကင်ဝင်ပြီးမှ နေ့လည်စာစားကြမယ်။ ဘယ်ကိုသွားလည်ကြသလဲဆိုတာတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။

Happy Traveling!
စန်းထွန်း
မတ် ၁၃၊ ၂၀၂၀။

Sola de Mañana Geyser
Hot Springs  ရေပူစမ်း
Dali desert, where Salvador Dali found inspiration for his work from the scattered boulders in the middle of the desert
Group photo, good bye to tour guide and heading to San Pedro de Atacama, Chile, a few kilometers from the Bolivia-Chile border
Green Lagoon - toxic copper water a the foot of the big Licancabur volcano, which sits at 6000 meters, a few kilometers from the Bolivia-Chile border.
Goodbye Bolivia! !! Such an incredible, amazing country. Hope to come back again !!!

No comments: