ရထားသံလမ်းက သတ္ထုရိုင်းတွေကို ချီလီနိုင်ငံအထိ ပို့ဆောင်ပေးတယ်။ ဘိုလီးဘီးယားသမ္မတတစ်ယောက်က မြေနေရာတွေကို စေ◌ျးသက်သက်သာသာနဲ့ တခြားနိုင်ငံတွေကို ရောင်းစားထားတယ်တဲ့။ ဒီတောင်က ဂျပန်၊ ဒီတောင်က ကနေဒါ၊ ဒီတောင်က ရုရှ ရသမျှသတ္ထုတွေကို ထုတ်ရောင်းကြတယ် ကိုယ်ပိုင်အစောင့်တပ်ရှိတယ်တဲ့။ ကြားရတာ ဝမ်းနည်းစရာပဲ ကိုယ့်နိုင်ငံမှာလဲ ဘာထူးလဲ တရုတ်ကို အကုန်ရောင်းစားတာပဲ။ ကိုယ်တို့က ရထားသံလမ်းမှာ ဓာတ်ပုံနည်းနည်းပဲရိုက်တယ် လှတယ်မထင်လို့။ ဘိုတွေကတော့ ရထားသံလမ်းနဲ့ ဓာတ်ပုံရိုက်ဖို့ကို တန်းစီနေလို့ ကိုယ်တွေမှာ အံ့တွေ့ြသလို့။ လမ်းက အတော်ဆိုးတယ် တတိယသွားရောက်တဲ့နေရာကတော့ အင်ဒီးတောင်တန်းဒေသမှာ ကျက်စားတဲ့ ပန်းရောင်ဖလမ်းမင်းဂိုး flammingos ငှက်တွေ။ တောင်တန်းဝါဝါ၊ ရေကန်စိမ်းဝါဝါ၊ ပန်းရောင်ဖလမ်းမင်းဂိုးငှက်တွေနဲ့ အင်မတန်သာယာတယ်။ ဟန်က အာဖရိကဆာဟာရမှာ ဖလမ်းမင်းဂိုးငှက်တွေ မြင်ဖူးတယ်။ ဟန်က တိဘက်၊ ဘူတန်လည်း ရောက်ဖူးတယ်။ တိဘက်ရောက်တာနဲ့ တိုးရစ်တိုင်း ဆေးထိုးရတယ် high altitude sickness ကို ခံနိုင်အောင်လို့။ သူ သွားဖူးသမျှခရီးထဲမှာ တိဘက်ကို အမှတ်အရဆုံးတဲ့။ ကမ္ဘာ့ခေါင်မိုး တိဘက်ကုန်းမြင့်မှာ ဘာအပင်မှမပေါက်ဘူး။ နေ့တိုင်း ပဲတမျိုးကိုပဲ စားရတယ်။ တိဘက်လူမျိုးတွေ ဘဝကို ခက်ခက်ခဲခဲ ဘယ်လိုရုန်းကန်စားသောက်ရသလဲဆိုတာ မြင်တွေ့ရပြီး သူ့အမြင်တွေ ပြောင်းသွားတယ်။ အစားအသောက်မကောင်းရင် တိဘက်ကအစားအသောက်ထက် အများကြီးသာတယ်လို့ တွေးမိသွားလို့ အရင်လို ကွန်ပလိမ်းမတက်တော့ဘူးတဲ့။ ကိုယ်လည်း အဲ့ဒီလိုအမြင်ပြောင်းသွားခဲ့ဖူးတယ်။ စာမေးပွဲကျ နောက်တတန်းစောင့်ရတုန်း စိတ်ဓာတ်တွေကျ လာမိတာမှားလေခြင်း ကံဆိုးလိုက်လေခြင်းလို့ တွေးနေတာ ဒုက္ခသည်တွေကိုတွေ့တော့မှ ကိုယ့်ဒုက္ခက သူတို့ဒုက္ခလောက် စာမဖွဲ့ပါလားလို့ အမြင်မှန်ရသွားတယ်။ အဲ့ဒါကြောင့် ခရီးသွားခြင်းက ဘဝအမြင်တွေ အတွေးအခေါ်တွေကို ပြောင်းလဲသွားစေနိုင်တယ်။ နေရာ၊ ယဥ◌်ကျေးမှု၊ ဘာသာစကား၊ အစားအသောက် အသစ်တွေက စိတ်ခွန်အားအသစ်တွေကို ပေးစေတယ်။ ခရီးသွားတဲ့သူတွေကို သိပ်အားကျတာပဲ။ ထီပေါက်လို့ကတော့ ကမ္ဘာအနှံ့ပတ်ပစ်မယ်။ တိုးဂိုက်က ဖလမ်းမင်းဂိုးငှက်တွေအကြောင်း ပြောပြတယ် သတ္ထုတွေနဲ့ အဆိပ်အတောက်ဖြစ်နေတဲ့ ရေကန်မှာတောင် အသက်ရှင်နိုင်တယ်တဲ့။ တိုးဂိုက်က တော်တော်များများရှင်းပြတယ် မေ့သွားပြီ။ နေ့လည်စာထမင်းစားတော့ မစားနိုင်ဘူး ဘာမဆိုစားကောင်းတဲ့ ကိုယ်တောင် မစားနိုင်ဘူးဆိုတော့ စဥ◌်းစားကြည့်တော့။ ကန်ဘေးနား လမ်းလျှောက်နေတုန်း လာမား၊ အပါကာ အကောင်လေးတွေ တွေ့တယ်။ ဘယ်ဟာ လာမား၊ ဘယ်ဟာ အပါကာမှန်း မခွဲတတ်ဘူး။ ဖြတ်သွားတဲ့ကောင်မလေးတယောက်က ကိုယ့်ကင်မရာ lens အကြောင်းမေးတယ်။ ကိုယ့်ကင်နွန်ကင်မရာက ရှုခင်းရိုက်လို့ ကောင်းတယ် lens ကောင်းတော့ ဘာရိုက်ရိုက်လှတယ်။ ကင်မရာကသာ ပရော်ဖက်ရှင်နယ် လူက ပရော်ဖက်ရှင်နယ် မဟုတ်ဘူး။ auto mode နဲ့ပဲ ရိုက်တတ်တယ်။ ဟန့်ကင်မရာ Nikon D7500 က အတော်ကောင်းတယ်။ ကိုယ်ဆို ကိုယ့်ကင်နွန်ထက် ဟန့်နီကွန်ကင်မရာထဲက ဓာတ်ပုံတွေကို ပိုကြိုက်တယ်။
Chiguana သဲကန္တရ |
ချီလီနိုင်ငံအထိ ဆက်သွယ်ထားတဲ့ ရထားလမ်း ဘိုတွေ ဓာတ်ပုံရိုက်ဖို့ တန်းစီကြတယ် |
လမ်းက အတော်ဆိုးတယ် |
သဲကန္တရထဲက ပန်းကလေးတွေ |
ကျောက်တောင်နောက်ကွယ်မှာ ကိစ္စရှင်းကြတယ် :) |
lima sausage, 5 Bolivianos |
နောက်ဆုံးသွားရောက်တဲ့နေရာကတော့ အနီရောင်ရေကန် Red Lagoon ပါ။ ဓာတ်သတ္ထုတွေကြောင့် အနီရောင်ဖြစ်နေတယ်။ ဖလမ်းမင်းဂိုးငှက်တွေကို အဝေးကနေ မြင်ရတယ်။ နေဝင်ခါနီးပြီမို့လို့ အေးလာပြီ လေကလည်း တဟူးဟူးတိုက်နေလို့ ဓာတ်ပုံတောင် ကောင်းကောင်းမရိုက်နိုင်ဘူး လူပါလွင့်ပါသွားမလား အောက်မေ့ရတယ်။ ဟိုတယ်နာမည်က Hotel San Marcelo တဲ့ အိမ်လေးပါပဲ။ ဗြိတိသျှမလေးသုံးယောက်နဲ့ ကိုယ်တို့သုံးယောက်က တခန်း။ ရေချိုးခန်း၊ အိမ်သာ အကုန်လုံးရှယ်သုံးရတယ်။ ရေပူမရှိဘူး ရေက အေးစက်နေတာပဲ။ ညစာက ပါစတာ ကိုယ့်လက်ရာအတိုင်းပဲ ဘာအရသာမှမရှိဘူး။ စားမကောင်းပေမဲ့ ဗိုက်ပြည့်အောင် စားရတယ်။ ကိုယ်တို့နဲ့အတူထိုင်တာက ပီရူးနိုင်ငံ လင်မာမြို့မှာ အင်္ဂလိပ်စာသင်ပေးတဲ့ စုံတွဲ ၂၅ နှစ်လောက်ပဲ ရှိသေးတယ်။ ဒီဗြိတိသျှကောင်မလေးက အမေရိကန်ကို မကြိုက်ဘူး။ ယူရီနီဆားကွင်းမှာ အုပ်စုလိုက်ဓာတ်ပုံရိုက်တော့ တိုးဂိုက်က ဆက်ဆီပို့စ်လုပ်ပါလို့ပြောတော့ အဲ့ဒါအမေရိကန်တွေလုပ်တာတဲ့။ လင်မာမှာ အငြိမ်းစားယူနေတဲ့ အမေရိကန်အိုကြီးတွေ အများကြီးပဲ။ သူတို့လောက် ကွန်ပလိမ်းတဲ့သူ သူတို့ပဲရှိတယ်။ မိုးရွာရင်ရွာပြန်ပြီ နေပူရင်ပူပြန်ပြီနဲ့ ပြီးတော့ လင်မာကနေ မခွာနိုင်ဘူး။ ကိုယ်တို့က အမေရိကန်ကနေလာတာဆိုတော့မှ အမေရိကန်မကောင်းကြောင်းပြောတာ ရပ်သွားတယ်။ မန်ချက်စတာဥ◌ီးထုပ်တွေ့လို့ အံ့ြသနေတာတဲ့။ ကိုယ့်အဖေက မန်ချက်စတာယူနိုက်တက် အမာခံပရိတ်သတ်။ ၂၀၁၈ အောက်တိုဘာလကုန် အင်္ဂလန်ကို တပတ်သွားလည်တယ်။ သူတို့က ချီလီနိုင်ငံ ဆန်ပတ်ထရိုအာတာကမာကိုသွားမှာ မဟုတ်ဘူး ယူရီနီကို ပြန်သွားမှာ။ နိုင်ငံတကာလေကြောင်းလိုင်းတွေ ပိတ်ထားတော့ ဘယ်လိုပြန်ထွက်မလဲမသိဘူး။ ကိုလံဘီယာကို လေယာဥ◌်နဲ့သွား အဲ့ဒီကနေ ပီရူးနိုင်ငံ လင်မာကိုသွားရမလား၊ လာပါ့ဇ်ကနေ လင်မာကို ဘတ်စ်ကားနဲ့သွားရမလား မသိသေးဘူးတဲ့။ ကိုယ်တို့လည်း စိတ်ပူတယ် ပြန်ထွက်လို့မရဘဲ ဘိုလီးဘီးယားမှာ ပိတ်မိနေမှဒုက္ခ။ ကိုယ်တို့က ချီလီနိုင်ငံ မြို့တော်ဆန်တီရေဂိုကနေ နယူးယောက်ကို ပြန်ရမှာ ဘာတွေဆက်ဖြစ်မလဲ မသိဘူး။ ည ၈ နာရီမှာ တိုးဂိုက်နဲ့ ကြယ်တွေသွားကြည့်ကြတယ်။ အေးလိုက်တာ အထပ်ထပ် ဝတ်ထားတာတောင် စိမ့်ပြီးအေးတယ်။ တိုးဂိုက်က ကင်မရာကို manual mode မှာထား aperture ၊ f ၊ shutter speed ဘယ်လောက်ထားဖို့ ပြောတယ်။ ကိုယ်က ကင်မရာကို manual mode နဲ့ တခါမှမရိုက်ဘူးလို့ အခက်တွေ့နေတယ်။ တိုးဂိုက်က ကင်မရာအကြောင်း နားလည်တယ်။ ညကောင်းကင်က ကြယ်တွေကိုရိုက်ဖို့ tripod လိုတယ်။ ရသလောက်စမ်းတာ ဓာတ်ပုံတွေမရဘူး။ တိုးဂိုက်က ချီလီနိုင်ငံ ဆန်ပတ်ထရိုအာတာကမာရောက်ရင် stars glazing tour ကြယ်တွေကြည့်ဖို့ပြောတယ်။ ကိုယ်တို့ဘွတ်တာ မရဘူး လပြည့်နားနီးနေလို့ ကြယ်တွေကို မြင်ရမှာမဟုတ်လို့ တိုးမရှိဘူး။ ဆန်ပထရိုအာတာကမာရောက်ရင် stars glazing tour ကြည့်ဖြစ်အောင်ကြည့်ဖို့ တိုက်တွန်းပါရစေ။ ဟိုတယ်ကိုအပြန် လမ်းမှားနေလို့ တခြားလူတွေနောက် လိုက်ရတယ်။ ဗြိတိသျှအတွဲတွေက ဘားသွားကြတယ်။ ကိုယ်တို့အခန်းထဲက ဗြိတိသျှမလေးတွေက ကိုယ်တို့အခန်းထဲပြန်ရောက်တော့ အိပ်နေကြပြီ။ အိပ်နေလည်းမတတ်နိုင်ဘူး မနက်ဖြန်အတွက် အထုပ်ပြင်ရတယ်။ မနက်ဖြန်မနက်လေးနာရီ ထရမှာ။ ဝိုင်းနဲ့ကိုယ်က အိပ်မပျော်ဘူး ဟန်နဲ့ဗြိတိသျှမလေးတွေကတော့ အိပ်လိုက်ကြတာ။ sleeping bag ၊ smart wool ကိုယ်ကျပ်၊ ေဒါင်းဂျက်ကက် ဝတ်အိပ်တာတောင် စိမ့်ပြီးအေးနေသေးတယ်။ မနက်ဖြန် တိုးခရီးစဥ◌်ပြီးပြီ ချီလီနိုင်ငံ ဆန်ပတ်ထရိုအာတာကမာမှာ ဆုံးမှာ။ မနက်ဖြန် ဘယ်တွေသွားလည်သလဲ ဆိုတာကတော့ နောက်ပို့စ်မှပဲ တင်ပါတော့မယ်။
Happy Traveling!
စန်းထွန်း
မတ် ၆၊ ၂၀၂၀။
lama လာမားလား alpaca အပါကာလား မသိဘူး |
ဖလမ်းမင်းဂိုးငှက်တွေ |
ညက်စိကို မဖွင့်ဘူး |
သစ်တောတွေပြုန်းတီး စားကျက်မြေတွေ ရှားပါးလာလို့ လူတွေဆီက အစာတောင်းရတဲ့ မြေခွေး |
မီးတောင်ချော်ခဲတွေနဲ့ သစ်ပင်ပုံစံဖြစ်နေတဲ့ ကျောက်ဆောင် |
Red Lagoon |
လေတဟူးဟူးတိုက်လို့ လွင့်ပါသွားမလား အောက်မေ့ရတယ် |
ကိုယ့်လက်ရာအတိုင်းပဲ စားမကောင်းဘူး :) ဒါပေမဲ့ ဗိုက်ဝအောင် စားရတယ် |
No comments:
Post a Comment