အိမ်သို့ရောက်သည်နှင့် ကင်မရာယူကာ အိမ်အနီးတွင်ရှိသော မတ်သရူးဟန်ဆန် တောလမ်းသို့ လမ်းလျှောက်ထွက်ခဲ့သည်။ တချို့သစ်ပင်များက တပင်လုံး အနီရောင်၊ အဝါရောင်၊ တချို့သစ်ပင်များက အစိမ်းရောင်၊ အဝါရောင်၊ အနီရောင်၊ ပန်းချီဆရာတစ်ဦး လက်စွမ်းပြထားသည့်အလား။ လွန်ခဲ့သော တလခွဲခန့်က နေပြောက်မထိုးနိုင်အောင် စိမ်းလန်းနေသည့် တောအုပ်လေးသည် ယခုအခါ ရွက်ကြွေတော ဖြစ်နေသည်။ သစ်ရွက်များ နည်းပါးသွားသောကြောင့် မွေးမြူရေးခြံမှ အစာစားနေကြသော နွားများ ၊ မြင်းများကို တွေ့နိုင်သည်။ တသွင်သွင် စီးဆင်းနေသော စမ်းချောင်းလေးကို အတော်အဝေးအထိ မြင်နိုင်သည်။ သမင်များ အေးအေးလူလူ မြက်စားနေကြသည်။ ရှဉ့်ကလေးများက သစ်ပင်ပေါ်တက်လိုက် ခုန်ပေါက်လိုက် ဆော့ကစားနေကြသည်။
တံတားပေါ်ရှိ ရွက်ကြွေများကို နင်းမိသောအခါ တချွှပ်ချွှပ်မြည်သံ ။ ဆောင်းလေညှင်း သွဲ့သောအခါ ရွက်ကြွေများ၏ တရှဲရှဲမြည်သံ။ ငှက်ကလေးများ၏ တကျီကျီမြည်သံ။ အပြေးလေ့ကျင့်သူ၊ လမ်းလျှောက်သူ၊ ခွေးကျောင်းသူ၊ စက်ဘီးစီးသူများ ဖြတ်ကျော်ချိန် နှုတ်ဆက်စကား ဆိုကြခြင်း၊ အဝေးမှ တခါတရံ လွင့်ပါးလာသော စကားသံများကို ကြားရသည်မှလွဲ၍ တောအုပ်လေးသည် တိတ်ဆိတ်အေးချမ်းသည်။ နေခြည်ဖြာကျသောအခါ တောအုပ်တခုလုံး ရွှေဝါရောင်လင်းလက်နေသည်။ လေပြေညှင်း တိုက်ခတ်သောအခါ အေးစိမ့်သွားသောကြောင့် ဆွယ်တာဇစ်ကို လည်ပင်နားအထိ ဆွဲတင်ရသည်။ ဖြတ်ကျော်သွားသော အဘိုး၊ အဘွားက နှုတ်ဆက်သွားချိန် တစ်ယောက်သူကို သတိရမိသည်။
ဒီအချိန် သူ ဘာတွေ လုပ်နေမလဲ။ သေချာသည်ကတော့ သစ်တောအုပ်လေးတွင် သူ လမ်းလျှောက်နေလိမ့်မည်တော့ မဟုတ်ပါ။ ချမ်းစိမ့်သောကြောင့် ကျင်တက်လာသော လက်အစုံကို နွေးစေဖို့ အင်္ကီျအိတ်ထဲ ထည့်လိုက်ချိန် နူးညံ့သွယ်လျသော လက်တစုံကို သတိရမိသည်။
ထိုလက်တစုံသည် တေးသီချင်းများကို တီးခတ်တတ်သည်...
ထိုလက်တစုံသည် သစ်ပင်ကလေးများကို စိုက်ပျိုးတတ်သည်...
ထိုလက်တစုံသည် ကာတွန်းရုပ်လေးများကို ရေးဆွဲတတ်သည်...
ထိုလက်တစုံသည် စားမြိန်ဖွယ်များကို ချက်ပြုတ်တတ်သည်...
ထိုလက်တစုံသည် ဘိုးလင်းဘောလုံးကို တည့်မတ်အောင် ပစ်တတ်သည်...
မြူနှင်းဝေသည့် ဆောင်းမနက်တွင် သူ အရင်လို စက်ဘီးစီးနေမလား....
နဖူးပေါ်ဝဲနေသည့် ရွှေညိုရောင်ဆံနွယ်လေးများကို အရင်လို ခေါင်းလေးငဲ့ကာ သပ်တင်နေမလား...
နွေရာသီဆိုလျှင် နစ်ကတိုင်ဆန်းဆန်း ဝတ်ဆင်တတ်ပြီး ဆောင်းရာသီဆိုလျှင် ဆွယ်တာလှလှလေး အရင်လို ဝတ်နေတုန်းလား...
အရင်လို လိမ္မော်ရောင် မာဖလာ တခုတည်းကိုပဲ စွဲစွဲမြဲမြဲ ဝတ်ဆင်နေတုန်းလား...
အရင်လို ဂိမ်း အသည်းအသန် ကစားနေတုန်းလား...
အရင်လို စာအုပ်ထူကြီးတွေ ဖတ်နေတုန်းလား....
ဖေ့ဘွတ်၊ တွစ်တာ မကြိုက်သော သူတယောက်...
စုံထောက်ဝထ္တုများလို လျှို့ဝှက်သော သူတယောက်...
ဗယ်လယ်တိုင်းဒေးအကြိုနေ့တွင် မွေးနေ့ပွဲဆင်နွှဲရသူတယောက်...
သူ့နိုင်ငံက ဘောလုံးခရေဇီပေမဲ့ ဘောလုံးကို လုံးဝစိတ်မဝင်စားသော သူတယောက်...
ကြယ်စင်လင်းလက်သော သူ့မျက်ဝန်း...
ဖြောင့်စင်းပေါ်လွင်သော သူ့နှာတံ...
တိုးတိတ်ညင်သာသော သူ့အသံ...
ယဉ်ကျေးသိမ်မွေ့သော သူ့ဟန်ပန်...
လေပြေညှင်းလေးရယ်...
အကယ်၍များ သူ့ကိုတွေ့ခဲ့ပါလျှင် တစုံတယောက် သူ့ကို သတိတရရှိနေတတ်သည့်အကြောင်း...
ရွက်ဝါကြွေချိန် သစ်တောအုပ်လေးထဲ သူနှင့်အတူ လမ်းလျှောက်ချင်သည့်အကြောင်း...
လက်ကလေးများ အေးစက်လာခဲ့လျှင် သူ့လက်ကလေးကို ဆုပ်ကိုင်ကာ နွေးထွေးစေချင်သည့်အကြောင်း...
တိုးတိတ်ညင်သာသော သူ့အသံလေးကို ကြားချင်မိသည့်အကြောင်း...
နူးညံ့နွေးထွေးသော မျက်ဝန်းနက်နက်လေးများကို လွမ်းနေမိသည့်အကြောင်း တိုးတိုးလေး ပြောပြပေးခဲ့စေချင်ပါသည်။
သစ်ရွက်လေးတွေ တဖြုတ်ဖြုတ်ကြွေ
အလွမ်းလေးတွေ တဖြုတ်ဖြုတ်ဝေ
ဆောင်းဦးရွက်ကြွေ အလွမ်းဝေ...
စန်းထွန်း
နိုဝင်ဘာ ၈၊ ၂၀၁၃။
ဒီအက်ဆေးကိုပဲ ပထမဆုံး စာရွတ်သံအဖြစ် SoundCloud နဲ့ အသံသွင်းထားပါတယ်။ အချိန်ရရင် နားဆင်သွားပါဦးနော်။
13 comments:
hey..
bae thu lae taw ? sut su thwar ba thee..
ဟား...လွလိုုက္တဲ့ဓါတ္ပံုုေတြစန္းထြန္းေလးရယ္။
တကယ္..တကယ္..သိပ္သေဘာက်တယ္။
မခ်ီးမြန္းပဲကိုုမေနႏုုိင္ေအာင္ဘဲ။
ပရင့္ထုုတ္ျပီးနံရံအျပည့္ေဘာင္တပ္ျပီးေတာင္ထားလိုုက္ခ်င္တယ္။ အဲလိုုလုုပ္ရင္ေကာခြင့္ျပဳမွာလား။
ကုုိယ္ကသစ္ပင္ေတြသစ္ရြက္ေတြလမ္းေလးေတြခံုုတန္းေလးေတြခ်စ္တတ္ေတာ့သိပ္ကိုုသေဘာက်တယ္။
အသံသြင္းထားတာစန္းထြန္းအသံမဟုုတ္ဖူးလိုု ့ထင္မိတယ္။ ဘာလိုု ့လဲဆုုိတာကုုိေတာ့ ဟုုတ္မဟုုတ္သိမွပဲ ေျပာျပခ်င္တယ္။
ခ်စ္ေသာမမအိုုင္အိုုရာ
ေရးထားတာေလး သေဘာက်တယ္။ ပုံေတြလည္း အရမ္းႀကည့္လို႔ေကာင္းတယ္။ ခ်မ္းေျမ႕ပါေစ စန္းထြန္းေရ...
သစ္ရြက္ေတြက အရမ္းလွတာပဲ။
မၾကာခင္ ေၾကြက်ေတာ့မွာ။ တစ္နွစ္ကုန္ေတာ့မွာပါလား။
သူလည္း အသက္တစ္နွစ္ ၾကီးလာေတာ့ မွာပါလား။ :)
TTW
ေဖေဖာ္၀ါရီ ၁၃ ဖြားဆိုေတာ့ ဗိုလ္ခ်ဳပ္နဲ႕ ေမြးရက္တူေပါ့
ေလၿပည္ညွင္းေလးေတြရယ္ စန္းထြန္းေလး လြမ္းေနတာကို တဆင့္ၿပန္ေၿပာေပးလိုက္ပါေနာ္ ...
အမမယ္သံ
စန္းထြန္းေလးက
ကဗ်ာဆန္လိုက္တာ...
ဓါတ္ပုံေတြလည္းလွလိုက္တာ..
စာလည္းေရးတတ္လိုက္တာ...
တာတာတာတာတာ..
ဟင္း...နာ့နဲ ့မ်ားကြာလိုက္တာေနာ္...
(ဘာမွေသေသခ်ာခ်ာမတတ္တဲ့မယ္မီးေပါ့)
:))
ဟိုဆရာပဲလား အစ္မဆန္းထြန္း း)
ညီမစန္းထြန္းေရ ဓါတ္ပံုေတြကလွလိုက္တာ။ မေလးေတာ့ အဲလိုအပင္ေလးေတြၿမင္ရင္ စိတ္ကိုၾကည္ႏူးသြားေစတာ။
ခ်စ္ခင္တဲ့
မေလးၿမတ္
Anonymous : pyaw bu .. :P
မမအိုုင္အိုုရာ း ခြင့္ၿပ ုုပါတယ္...ခြင့္ေတာင္းစရာေတာင္ မလိုုေပါင္...အသံက ညီမအသံပါ.. အသံတိမ္ထဲက အသံနဲ ့ အၿပင္ကအသံ တၿခားစီၿဖစ္ေနလိုု ့ ကိုုယ့္ဘာသာေတာင္ ငါ့အသံ ဟုုတ္မွဟုုတ္ပါေလစလိုု ့ထင္မိတယ္...
ဘုုန္းေတာက္ း ဘေလာ့ဂင္းႏိုုင္ပံုုေထာက္ေတာ့ မုုန္တိုုင္းရန္က ကင္းေဝးတယ္ ထင္ပါရဲ ့ ဘုုရား...
TTW : သစ္ပင္ေတြလည္း အသက္တစ္ႏွစ္ၾကီး ကိုုယ္ေတြလည္း တစ္ႏွစ္ၾကီးေပါ့..
မမယ္သံ း မမန္ ့စဘူး အမန္ ့ထူး...
မမီးငယ္ း မမီးငယ္ရဲ ့ ေပါက္ကရ ေရးတာပါဆိုုတဲ့ဟာေတြကမွ စိတ္ဝင္စားဖိုု ့ တအားေကာင္းတာ...
ၿမတ္ၾကည္ း ၿမတ္ၾကည္ေလးက မွတ္မိေသးသကိုုး..
မေလးၿမတ္ း ၾကည္ႏူးတယ္ၾကားလိုု ့ ဝမ္းသာေၾကာင္းဗ်ား...
စန္းထြန္းေလး..
ကုုိယ္အရင္တုုန္းကအလုုပ္ထဲမွာမၾကာခဏnarration
ဖတ္ရတဲ့အစီအစဥ္ေတြလုုပ္ရတယ္။ ျမန္မာလုုိေရာဘုုိလိုုေရာဖတ္ခဲ့တယ္။ကုုိယ္တုုိင္လည္းေရးရတယ္။ ေရးျပီးဖတ္ဖုုိ ့ျပင္ဆင္ရတယ္။ ပံုုေတြနဲ ့ကိုုက္ေအာင္ဖတ္ႏုုိင္ဖုုိ ့အခ်ိန္ေပးျပီး အျဖတ္ေတြမွတ္ရတယ္။ သတ္မွတ္တဲ့အခ်ိန္အတုုိင္းအတာအတြင္း၀င္ေအာင္ ျဖတ္တန္ျဖတ္ ထဲ့တန္ထဲ့ ျပန္ျပန္လည္းျပင္ရေသးတယ္။ ဘယ္တုုန္းကမွကုုိယ့္အသံကုုိသေဘာမက်ခဲ့ဖူးဘူး။ ျမန္မာ့အသံကအသံေတြေတာ္ေတာ္ေလ့လာနားေထာင္ခဲ့ဖူးတယ္။ အဲလိုုလုုိက္ေျပာၾကည့္ေတာ့နားေထာင္လိုု ့ေတာ့ေကာင္းသလုုိလိုု။ ကုုိယ့္အသံနဲ ့ေတာ့လံုုး၀မတူဘူး။
(ပေရာ္ဖက္ရွင္နယ္ဖတ္သူကိုုငွားျပီးဖတ္ေစေတာ့လည္းပုုိ္က္ဆံသာသံုုးလိုုက္ရတယ္။ ကုုိယ္မၾကိဳက္ပါဘူး။)
အသံနားေထာင္ျပီးလုုိက္ခံစားရတာကပိုုခက္တာေပါ့။
စန္းထြန္းအသံကိုုမၾကားဖူးေပမဲ့အဲဒီအသံကုုိစန္းထြန္းအသံနဲ ့မတူဖူးလုုိ ့ထင္ေနမိတယ္။ း)
ကုုိယ့္အသံကုုိမၾကိဳက္လိုု ့အသံခ်ဳိတဲ့သူငယ္ခ်င္းတစ္ေယာက္ကိုုအကူအညီေတာင္းျပီး စတူဒီယိုုမွာ ညလံုုးေပါက္ ရီေကာဒင္းလုုပ္ခဲ့တယ္။ ေနာက္ခံတီးလံုုးမ်ဳိးစံုုနားေထာင္ခဲ့တယ္။ စႏၵယား၊ ပတၱလား၊ ေစာင္း၊ စံုုလိုု ့ဘဲ။
ကုုိယ့္အေတြ ့အၾကံဳအရေရာ
နားဆင္သူပရိသတ္တစ္ေယာက္အေနနဲ ့ေရာ
ေဆြးေႏြးရရင္ေတာ့
အသံခ်ဳိေလးမိုု ့နားေထာင္ရတာႏွစ္သက္ဖုုိ ့ေကာင္းပါတယ္။
ဖတ္တဲ့ေနရာမွာ သဘာ၀က်ေအာင္ အျဖတ္ေတြကိုုသူ ့ေနရာနဲ ့သူျဖတ္ရင္နားေထာင္ရတာပိုုခံစားရျပီးသဘာ၀က်တဲ့ခံစားခ်က္ကုုိတီးတိုုးေရရြတ္တာေလးကုုိနားေထာင္ေနရသလိုုျဖစ္မယ္ထင္ပါတယ္။
ဥပမာ.."အိမ္အၿပင္ မထြက္သည္မွာ အတန္ၾကာၿပီ ၿဖစ္ေသာေၾကာင့္"..ကိုု အိမ္အျပင္....သပ္သပ္ မထြက္သည္မွာ သပ္သပ္..အတန္ၾကာျပီ...သပ္သပ္ ခဲြဖတ္ထားေတာ့ တစ္မ်ဳိးျဖစ္ေနပါတယ္။
မွတ္မိတာေလးေတြ ျပန္ေျပာျပတာေနာ္။
" ရြက္ေၾကြမ်ား၏ တရွဲရွဲၿမည္သံ။ ငွက္ကေလးမ်ား၏ တက်ီက်ီၿမည္သံ။"..မွာ..ရြက္ေၾကြမ်ား၏..တရွဲရွဲ.....ျပီးမွ..ျမည္သံ လုုိ ့ၾကားရေတာ့ ဖတ္ထားလိုု ့ရထားတဲ့အရသာကိုု..ေပါ့သြားေစတယ္။
စိတ္ထဲရင္းႏွီးေနတဲ့သူေလးမိုု ့
ေသေသခ်ာခ်ာဖတ္ျပီးနားေထာင္ျပီးမွခံစားရတာကိုုေျပာျပတာပါ။
ခ်စ္ေသာမမအိုုင္အိုုရာ
ွ
စာဖတ္ရာမွာလည္း သဘာဝက်ေအာင္ အၿဖတ္ေတြကိုု သူ ့ေနရာနဲ ့သူ ၿဖတ္တတ္ဖိုု ့ လိုုေသးပါလား..စာအရွည္ၾကီးေရးၿပီး ေထာက္ၿပသင္ၿပေပးတာ ေက်းဇူးအမ်ားၾကီး တင္ပါတယ္ မမအိုုင္အိုုရာ...
သင္ေပးရေလာက္ေအာင္ကုုိယ္မတတ္ပါဘူးစန္းထြန္းေရ။
အေတြ ့အၾကံဳေလးဖလွယ္တာပါ။
မမအိုုင္အိုုရာ
Anonymous said...
ဟား...လှလိုက်တဲ့ဓါတ်ပုံတွေစန်းထွန်းလေးရယ်။
တကယ်..တကယ်..သိပ်သဘောကျတယ်။
မချီးမွန်းပဲကိုမနေနိုင်အောင်ဘဲ။
ပရင့်ထုတ်ပြီးနံရံအပြည့်ဘောင်တပ်ပြီးတောင်ထားလိုက်ချင်တယ်။ အဲလိုလုပ်ရင်ကောခွင့်ပြုမှာလား။
ကိုယ်ကသစ်ပင်တွေသစ်ရွက်တွေလမ်းလေးတွေခုံတန်းလေးတွေချစ်တတ်တော့သိပ်ကိုသဘောကျတယ်။
အသံသွင်းထားတာစန်းထွန်းအသံမဟုတ်ဖူးလို့ထင်မိတယ်။ ဘာလို့လဲဆိုတာကိုတော့ ဟုတ်မဟုတ်သိမှပဲ ပြောပြချင်တယ်။
ချစ်သောမမအိုင်အိုရာ
November 8, 2013 at 11:18 AM
ဘုန်းဘုန်းတောက် said...
ရေးထားတာလေး သဘောကျတယ်။ ပုံတွေလည်း အရမ်းကြည့်လို့ကောင်းတယ်။ ချမ်းမြေ့ပါစေ စန်းထွန်းရေ...
November 8, 2013 at 1:49 PM
goldfish said...
သစ်ရွက်တွေက အရမ်းလှတာပဲ။
မကြာခင် ကြွေကျတော့မှာ။ တစ်နှစ်ကုန်တော့မှာပါလား။
သူလည်း အသက်တစ်နှစ် ကြီးလာတော့ မှာပါလား။ :)
TTW
November 8, 2013 at 1:53 PM
Anonymous said...
ဖေဖော်ဝါရီ ၁၃ ဖွားဆိုတော့ ဗိုလ်ချုပ်နဲ့ မွေးရက်တူပေါ့
လေပြည်ညှင်းလေးတွေရယ် စန်းထွန်းလေး လွမ်းနေတာကို တဆင့်ပြန်ပြောပေးလိုက်ပါနော် ...
အမမယ်သံ
November 8, 2013 at 9:17 PM
မီးမီးငယ် said...
စန်းထွန်းလေးက
ကဗျာဆန်လိုက်တာ...
ဓါတ်ပုံတွေလည်းလှလိုက်တာ..
စာလည်းရေးတတ်လိုက်တာ...
တာတာတာတာတာ..
ဟင်း...နာ့နဲ့များကွာလိုက်တာနော်...
(ဘာမှသေသေချာချာမတတ်တဲ့မယ်မီးပေါ့)
:))
November 8, 2013 at 10:33 PM
Mrs. Bagel said...
ဟိုဆရာပဲလား အစ်မဆန်းထွန်း း)
November 8, 2013 at 11:45 PM
မ said...
ညီမစန်းထွန်းရေ ဓါတ်ပုံတွေကလှလိုက်တာ။ မလေးတော့ အဲလိုအပင်လေးတွေမြင်ရင် စိတ်ကိုကြည်နူးသွားစေတာ။
ချစ်ခင်တဲ့
မလေးမြတ်
November 9, 2013 at 9:58 AM
San San Htun said...
Anonymous : pyaw bu .. :P
မမအိုင်အိုရာ း ခွင့်ပြ ုပါတယ်...ခွင့်တောင်းစရာတောင် မလိုပေါင်...အသံက ညီမအသံပါ.. အသံတိမ်ထဲက အသံနဲ့ အပြင်ကအသံ တခြားစီဖြစ်နေလို့ ကိုယ့်ဘာသာတောင် ငါ့အသံ ဟုတ်မှဟုတ်ပါလေစလို့ထင်မိတယ်...
ဘုန်းတောက် း ဘလော့ဂင်းနိုင်ပုံထောက်တော့ မုန်တိုင်းရန်က ကင်းဝေးတယ် ထင်ပါရဲ့ ဘုရား...
TTW : သစ်ပင်တွေလည်း အသက်တစ်နှစ်ကြီး ကိုယ်တွေလည်း တစ်နှစ်ကြီးပေါ့..
မမယ်သံ း မမန့်စဘူး အမန့်ထူး...
မမီးငယ် း မမီးငယ်ရဲ့ ပေါက်ကရ ရေးတာပါဆိုတဲ့ဟာတွေကမှ စိတ်ဝင်စားဖို့ တအားကောင်းတာ...
မြတ်ကြည် း မြတ်ကြည်လေးက မှတ်မိသေးသကိုး..
မလေးမြတ် း ကြည်နူးတယ်ကြားလို့ ဝမ်းသာကြောင်းဗျား...
November 9, 2013 at 5:51 PM
Anonymous said...
စန်းထွန်းလေး..
ကိုယ်အရင်တုန်းကအလုပ်ထဲမှာမကြာခဏnarration
ဖတ်ရတဲ့အစီအစဉ်တွေလုပ်ရတယ်။ မြန်မာလိုရောဘိုလိုရောဖတ်ခဲ့တယ်။ကိုယ်တိုင်လည်းရေးရတယ်။ ရေးပြီးဖတ်ဖို့ပြင်ဆင်ရတယ်။ ပုံတွေနဲ့ကိုက်အောင်ဖတ်နိုင်ဖို့အချိန်ပေးပြီး အဖြတ်တွေမှတ်ရတယ်။ သတ်မှတ်တဲ့အချိန်အတိုင်းအတာအတွင်းဝင်အောင် ဖြတ်တန်ဖြတ် ထဲ့တန်ထဲ့ ပြန်ပြန်လည်းပြင်ရသေးတယ်။ ဘယ်တုန်းကမှကိုယ့်အသံကိုသဘောမကျခဲ့ဖူးဘူး။ မြန်မာ့အသံကအသံတွေတော်တော်လေ့လာနားထောင်ခဲ့ဖူးတယ်။ အဲလိုလိုက်ပြောကြည့်တော့နားထောင်လို့တော့ကောင်းသလိုလို။ ကိုယ့်အသံနဲ့တော့လုံးဝမတူဘူး။
(ပရော်ဖက်ရှင်နယ်ဖတ်သူကိုငှားပြီးဖတ်စေတော့လည်းပိုက်ဆံသာသုံးလိုက်ရတယ်။ ကိုယ်မကြိုက်ပါဘူး။)
အသံနားထောင်ပြီးလိုက်ခံစားရတာကပိုခက်တာပေါ့။
စန်းထွန်းအသံကိုမကြားဖူးပေမဲ့အဲဒီအသံကိုစန်းထွန်းအသံနဲ့မတူဖူးလို့ထင်နေမိတယ်။ း)
ကိုယ့်အသံကိုမကြိုက်လို့အသံချိုတဲ့သူငယ်ချင်းတစ်ယောက်ကိုအကူအညီတောင်းပြီး စတူဒီယိုမှာ ညလုံးပေါက် ရီကောဒင်းလုပ်ခဲ့တယ်။ နောက်ခံတီးလုံးမျိုးစုံနားထောင်ခဲ့တယ်။ စန္ဒယား၊ ပတ္တလား၊ စောင်း၊ စုံလို့ဘဲ။
ကိုယ့်အတွေ့အကြုံအရရော
နားဆင်သူပရိသတ်တစ်ယောက်အနေနဲ့ရော
ဆွေးနွေးရရင်တော့
အသံချိုလေးမို့နားထောင်ရတာနှစ်သက်ဖို့ကောင်းပါတယ်။
ဖတ်တဲ့နေရာမှာ သဘာဝကျအောင် အဖြတ်တွေကိုသူ့နေရာနဲ့သူဖြတ်ရင်နားထောင်ရတာပိုခံစားရပြီးသဘာဝကျတဲ့ခံစားချက်ကိုတီးတိုးရေရွတ်တာလေးကိုနားထောင်နေရသလိုဖြစ်မယ်ထင်ပါတယ်။
ဥပမာ.."အိမ်အပြင် မထွက်သည်မှာ အတန်ကြာပြီ ဖြစ်သောကြောင့်"..ကို အိမ်အပြင်....သပ်သပ် မထွက်သည်မှာ သပ်သပ်..အတန်ကြာပြီ...သပ်သပ် ခွဲဖတ်ထားတော့ တစ်မျိုးဖြစ်နေပါတယ်။
မှတ်မိတာလေးတွေ ပြန်ပြောပြတာနော်။
" ရွက်ကြွေများ၏ တရှဲရှဲမြည်သံ။ ငှက်ကလေးများ၏ တကျီကျီမြည်သံ။"..မှာ..ရွက်ကြွေများ၏..တရှဲရှဲ.....ပြီးမှ..မြည်သံ လို့ကြားရတော့ ဖတ်ထားလို့ရထားတဲ့အရသာကို..ပေါ့သွားစေတယ်။
စိတ်ထဲရင်းနှီးနေတဲ့သူလေးမို့
သေသေချာချာဖတ်ပြီးနားထောင်ပြီးမှခံစားရတာကိုပြောပြတာပါ။
ချစ်သောမမအိုင်အိုရာ
ှ
November 10, 2013 at 12:58 PM
San San Htun said...
စာဖတ်ရာမှာလည်း သဘာဝကျအောင် အဖြတ်တွေကို သူ့နေရာနဲ့သူ ဖြတ်တတ်ဖို့ လိုသေးပါလား..စာအရှည်ကြီးရေးပြီး ထောက်ပြသင်ပြပေးတာ ကျေးဇူးအများကြီး တင်ပါတယ် မမအိုင်အိုရာ...
November 10, 2013 at 7:45 PM
Anonymous said...
သင်ပေးရလောက်အောင်ကိုယ်မတတ်ပါဘူးစန်းထွန်းရေ။
အတွေ့အကြုံလေးဖလှယ်တာပါ။
မမအိုင်အိုရာ
November 13, 2013 at 8:36 PM
Post a Comment