Never say never...
အလုပ်ရှာတဲ့အချိန် အများဆုံး ဖုန်းခေါ်တဲ့သူတွေက ရီခရူတာတွေပါ။ ရီခရူတာအများစုက အိန္ဒိယတွေ။ အမေရိကန် ရီခရူတာတွေက ဟိုင်း ဟောင်းအာယူ၊ ဂွတ်၊ ဂရိတ် ဆိုပြီး နောက်တလလောက်မှ ပြန်ပေါ်လာတတ်တယ်။ ကလင်..ကလင် အီးမေးလ် ပို့လိုက်တယ်နော် ဖောင်ဖြည့်ပြီး ပြန်ပို့ပေးနော် ။ ကလင်..ကလင် အီးမေးလ် စစ်ပြီးပြီလား ဒီနေ့ညနေ နောက်ဆုံးထားပြီး ပြန်ပို့ပေးပါနော်။ ဖုန်း ဘယ်လောက်ခေါ်လဲဆိုရင် မိနစ် ၄၅၀ နဲ့ မလောက်လို့ မိနစ် ၉၀၀ ပလမ် ပြောင်းရတယ်။ ကိုယ် အီးမေးလ် အမြဲစစ်ပါတယ် အမြန်ဆုံး အီးမေးလ် ပြန်ပါ့မယ်။ ဖုန်းတဂွမ်ဂွမ် မဆက်ဘဲ အီးမေးလ်နဲ့ ဆက်သွယ်မယ်ဆိုရင်တော့ ကျေးဇူးအထူးတင်ပါမှာ ။ ဖုန်းဆက်မယ်ဆိုရင်တော့ နေ့လည် ၁၂ နာရီနဲ့ ၁ နာရီအတွင်းက အကောင်းဆုံးပါပဲ။
မနက်အစောကြီး ၆ နာရီ ကိုယ်တောင် အိပ်ယာက မနိုးသေးဘူး အိန္ဒိယကရီခရူတာ ဖုန်းခေါ်လို့ မျက်စိမဖွင့်ဘဲ ဖုန်းဖြေရဖူးတယ်။ ကိုယ့်ထက် သူတို့က ကိုယ့်ကို အလုပ်ပိုရစေချင်ကြတယ်။ ကိုယ်အလုပ်လုပ်နေသမျှ ကိုယ့်ဝင်ငွေထက် သူတို့က နှစ်ဆပိုရတော့ ကိုယ်က သူတို့အတွက် ငွေထုပ်ကြီးကိုး။ ခြင်္သေ့ကျွှန်းမှာ ကျောင်းသားဗီဇာကုန်သွားလို့ အလုပ်မရသေးရင် အလည်အပတ်ဗီဇာထုတ်ပေးပြီး အလုပ်ရတာနဲ့အက်စ်ပတ် S Pass ၊ အီးပီ EP (Employment Pass) ၊ ပီအာ PR (Perminent Residence) တန်းလျှောက်ရတယ်။ အလည်အပတ်ဗီဇာကုန်သွားလို့မှ အလုပ်မရသေးရင် long term pass EPEC (တစ်နှစ်နေထိုင်ခွင့်) လျှောက်ပြီး အလုပ်ကို အေးအေးဆေးဆေး ရှာပြီး  ကျောင်းကြွေး ဆပ်လို့ရတယ်။
ခု စတိတ်မှာက ကျောင်းသားဗီဇာ F1 နဲ့ အလုပ်လုပ်နေတာပါ ။ ကျောင်းမှာ အချိန်ပြည့် တစ်နှစ်တက်ပြီးတော့ အဝေးသင်တက်ရင်း အလုပ်လုပ် အင်တန်းဆင်းတာနဲ့ ခပ်ဆင်ဆင်ပါပဲ။ စတိတ်မှာတော့ အင်တန်းရှစ်လို့ မခေါ်ဘဲ အိုပီတီ၊ စီပီတီလို့ ခေါ်တယ်။ အလုပ်အော်ဖာက တစ်နှစ် ကွန်းထရပ်တူဟိုင်းရား  contract to hire ။ စီပီတီက ဒီနှစ် စက်တင်ဘာဆို ကုန်ပြီ ဘယ်လိုလုပ်မလဲလို့ ကျောင်းက မေးလာတယ်။ အလုပ်တဖက်နဲ့ ကျောင်းတက်ရတာကို အတော်ကြီး စိတ်ကုန်နေတဲ့သူ နောက်ထပ် ၃ ဘာသာ ထပ်ယူပြီး စီပီတီ တစ်နှစ်ထပ်တိုးတယ်။ ကျောင်းလခ အကြွေးကလည်း ထပ်တိုးသွားလို့ ဆပ်ပေဦးတော့ နောက်ထပ်တစ်နှစ်။
ကိုယ် ခုတက်နေတဲ့ စတိတ်က အမ်ယူအမ် MUM ကျောင်းကို လုံးဝလုံးဝ မကြိုက်ဘူး။ နောက်မှ အဲဒီကျောင်းအကြောင်း ရေးဦးမယ်။ အိုင်အိုဝါပြည်နယ် အိုင်အိုဝါစီးတီးက အိုင်အိုဝါတက္ကသိုလ် (မပန်ဒိုရာရဲ့  အိုင်အိုဝါရက်စွဲများထဲမှာ ပါတဲ့ကျောင်းကြီး)၊ အင်ဒီးယားနားပြည်နယ် ဖို့ဝိန်းမြို့က ပါဒူးတက္ကသိုလ်၊ အိုဟိုင်းရိုးပြည်နယ် စင်စင်နာတီမြို့က စင်စင်နာတီတက္ကသိုလ်၊ မန်ဆာချူးဆက်ပြည်နယ် ဘော့စတွန်မြို့က ဟားဗတ်တက္ကသိုလ်၊ ဒီစီပြည်နယ် ဂျော့တောင်းမြို့က ဂျော့တောင်းတက္ကသိုလ်တို့ကို သွားလည်တုန်းက အဲဒီတက္ကသိုလ်တွေမှာ ကျောင်းတက်ချင်စိတ် ပေါက်လာပြီး ကိုယ့်တက်နေတဲ့ တက္ကသိုလ်လေးသာ ဖြစ်လိုက်ပါတော့လို့ ဆန္ဒဖြစ်ခဲ့ဖူးတယ်။ အမ်ယူအမ်ကျောင်းကတော့ ကိုယ် ဂုဏ်ယူလောက်တဲ့ တက္ကသိုလ် မဟုတ်ဘူး။ ဘွဲ့ရရင်တောင် အဲဒီကျောင်းဘွဲ့ဝတ်စုံနဲ့ ဓာတ်ပုံရိုက်မှာ မဟုတ်ဘူး။ ကမ္ဘာပေါ်မှာ အဆင့် ၂၄ စင်္ကာပူက အန်ယူအက်စ် NUS ကျောင်းကိုတော့ ကိုယ်ဂုဏ်အယူရဆုံး  NUS  ကျောင်းထွက်ကွ း) ။ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် UCSY ထက်တော့ အမ်ယူအမ် MUM က ကောင်းတယ်။ အန်ယူအက်စ် NUS နဲ့အမ်ယူအမ်ကို သွားမယှဉ်နဲ့ မိုးနဲ့မြေလို ကွာတယ်။
ကျောင်းသားဗီဇာက နောက်နှစ်ဆိုကုန်မှာဆိုတော့ အိပ်ချ်ဝမ်းဘီ  H1B လို့ခေါ်တဲ့ အလုပ်ဗီဇာ စပွန်ဆာပေးမဲ့ ကုမ္ဗဏီကို ရှာရတာပါ။ အိပ်ချ်ဝမ်းဘီစပွန်ဆာပေးတဲ့ ကုမ္ဗဏီက အတော်ရှားတယ်။ အိပ်ချ်ဝမ်းဘီလျှောက်ဖို့ ရှေ့နေလိုသလို အစိုးရကိုလည်း ပိုက်ဆံအများကြီး ပေးရတော့ ကုမ္ဗဏီတွေကလည်း အမေရိကန်နိုင်ငံသားနဲ့ ဂရင်းကဒ်ပိုင်ရှင်တွေကိုပဲ အလုပ်ခန့်ချင်ကြတယ်။ အိပ်ချ်ဝမ်းဘီစပွန်ဆာကို ရီခရူတာကုမ္ဗဏီတွေကပဲ ပေးနိုင်တော့ အဲဒီရီခရူတာတွေနဲ့ မပတ်သက်ချင်လည်း ပတ်သက်ရတာပေါ့။
မင်းကို ကိုယ်တို့က အိပ်ချ်ဝမ်းဘီ လျှောက်ပေးမှာ မပူနဲ့။ ကလိုင်းရင့်က ဖုန်းဆက်လာရင် မင်းမှာ အိပ်ချ်ဝမ်းဘီ ရှိတယ်လို့ပြော။ အင်တာဗျူးသူက ဘာလို့အလုပ်သစ် ရှာတာလဲလို့ မေးတော့ အိပ်ချ်ဝမ်းဘီစပွန်ဆာပေးမဲ့ အလုပ်ရှာနေတာဆိုတော့ မင်းမှာ အိပ်ချ်ဝမ်းဘီ မရှိဘူးလား။ မရှိဘူး ကျောင်းသားဗီဇာဆိုတော့ သြော် ဆိုပြီး ဖုန်းချသွားတယ်။ ရီခရူတာက ဖုန်းဆက်လာပြီး ဒေါသတကြီးနဲ့ မင်းမှာ အိပ်ချ်ဝမ်းဘီရှိတယ်လို့ ပြောခိုင်းထားတယ်မလား ဘာလားနဲ့ ပွမ်လာတယ်။ မင်း ကလိုင်းရင့်က ဘယ်အချိန် ဘယ်နံပါတ် ဘယ်သူဆိုပြီး ဆက်လာမယ်မှန်းမသိ ကိုယ်က လာသမျှဖုန်းကို အိပ်ချ်ဝမ်းဘီရှိတယ်လို့ ညာနေရမှာလား။ ဘယ်အချိန် ဘယ်နံပါတ် မပြောနိုင်တာ မင်းတို့အပြစ်။ ကိုယ် မင်းတို့နဲ့ အလုပ်နိုင်တော့ဘူး ဂွပ်။
မင်းက စင်္ကာပူနဲ့ စတိတ်မှာ အလုပ်လုပ်တယ်နော်။ တိုင်းပြည်တခုဆီမှာ နှစ်နှစ်လောက်ပဲ အလုပ်လုပ်တယ်နော်။ မင်းက နိုင်ငံပြောင်းရတာ ကြိုက်ပုံရတယ်နော်။ ကိုယ်တို့က ကိုယ်တို့ ကုမ္ဗဏီမှာ အကြာကြီးလုပ်မဲ့သူမျိုးကို လိုချင်တာ ။ ကိုယ်လား ပြောင်းရတာ ဘယ်ကြိုက်ပါ့မလဲ ကန်တက်ကီရုံးက ပီတာ့လို ၁၅ နှစ်၊ စင်္ကာပူရုံးက ဂျူရောင်း၊ အာမားလို ၁၀ နှစ် အဲဒီလို အကြာကြီး လုပ်ချင်တာ။ ကိုယ့်မှာ အဲဒီလို အခွင့်အရေး မရခဲ့ဘူး။ ကိုယ်က မင်းတို့လိုချင်တဲ့ အကြာကြီးလုပ်မဲ့ အရည်အချင်းနဲ့ မကိုက်ညီဘူးထင်တယ် ဆောရီး ဂွပ်။
အရင်နှစ်လက လစာပြေစာ pay stubs တောင်းလို့ ဒါ ကိုယ့်ရဲ့ ကွန်ဖီဒန်ရှယ် confidential လေ။ အင်တာဗျူးပြီး အော်ဖာရရင် ပြမယ်။ အဲဒီလစာပြေစာ မပြရင် မင်းကို ငါတို့ မားကက်တင်း မလုပ်တော့ဘူး။ အိုကေ နိုးပလော်ပလမ်။ မင်းကို ငါတို့ မားကက်တင်းမယ် ဒါပေမဲ့ ငါတို့ကုမ္ဗဏီနဲ့ပဲ အလုပ်လုပ် တခြားကုမ္ဗဏီနဲ့ မဆက်သွယ်နဲ့။ ဒီလောက် ရီခရူတာကုမ္ဗဏီ အများကြီးနဲ့ မားကက်တင်းနေတာတောင် အလုပ်မရသေးတာ သူတို့ကုမ္ဗဏီ တခုတည်းနဲ့ပဲ ဆက်သွယ်ရမယ်ဆိုတော့ ဆောရီး ။
ဖုန်းတဂွမ်ဂွမ် ဆက်တဲ့ ရီခရူတာတွေ၊ နောက်က ကျားလိုက်သလို စကားပြောမြန်တဲ့ ရီခရူတာတွေ၊ လစာကို အနည်းဆုံး ပေးတဲ့ ရီခရူတာတွေ၊ ရိုင်းပျတဲ့ ရီခရူတာတွေ၊ စကားပြောချို သဘောကောင်းတဲ့ ရီခရူတာတွေ။ သူတို့အကြောင်းရေးရရင် ကျွန်ုပ်နှင့် ရီခရူတာများ စီးရီးတွေ ရမယ်။ စနေနေ့ မနက်
စန်းထွန်း း ဟယ်လို စန်းစန်း စကားပြောနေပါတယ်...
ရီခရူတာ း ငါတို့မှာ urgent အလုပ်တခု ရှိတယ်...မင်း အလုပ်ရှာနေတာလား...
စန်းထွန်း း ငါ အိပ်ချ်ဝမ်းဘီ စပွန်ဆာ အလုပ်ပေးမဲ့ အလုပ်ရှာနေတာ....ငါ့ စီပီတီက နောက်နှစ်နိုဝင်ဘာဆို ကုန်ပြီ...နောက်နှစ် ဧပရယ်မှာ အိပ်ချ်ဝမ်းဘီ လျှောက်ရမှာ...
ရီခရူတာ း အိပ်ချ်ဝမ်းဘီကို မပူနဲ့ ငါတို့လျှောက်ပေးမယ်...
စန်းထွန်း း ရီလိုကေးရှင်း relocation နေရာပြောင်းရွှေ့ကတော့ အိုကေပါတယ်...ဒါပေမယ့် ငါက ၃ လ ၆ လ ကွန်းထရပ်ဆိုတဲ့ အလုပ်ကို မကြိုက်ဘူး...အမြဲတမ်း ဒါမှမဟုတ် ကွန်းထရပ်တူဟိုင်းရား  ဒါမှမဟုတ် ကွန်းထရပ်ဆိုရင်လည်း တစ်နှစ် အနည်းဆုံးမှ...
ရီခရူတာ း မင်းမှာ ဒီအခွင့်အရေး မရှိဘူး You have no choice right now .. အဲဒီလို ကန့်သတ်နေရင် ယူအက်စ်မှာ မင်း ဘယ်တော့မှ အလုပ်ရမှာ မဟုတ်ဘူး If you restrict like that, you will never get the job in US...မင်း flexible ဖြစ်သင့် You should be flexible...
ဂွပ်
စကားပြောနေတုန်း ဘာနှုတ်ဆက်စကားမှ မဆိုဘဲ ဖုန်းချတာ ရိုင်းပြရာရောက်ပေမဲ့ ဒီရီခရူတာကို ယဉ်ယဉ်ကျေးကျေး စကားဆက်ပြောနေဖို့တော့ သည်းခံစိတ်တွေကို ကိုယ့်မှာ မရှိခဲ့ဘူး။ အလုပ်ရှာနေတဲ့သူတယောက်မှာ သူကြိုက်တဲ့ လုပ်ငန်းခွင်၊ သူကြိုက်တဲ့ အလုပ်၊ သူကြိုက်တဲ့နေရာ ရွေးချယ်ခွင့် ရှိတယ်။ အလုပ်က အော်ဖာပေးလာခဲ့ရင်တောင် မကြိုက်ရင် ငြင်းပယ်ခွင့် ရှိတယ်။ တနေရာကနေတနေရာ ပြောင်းတယ်ဆိုတာ လွယ်တယ်များ ထင်နေလား မသိဘူး အရမ်းစိတ်ဖိစီးတာ။ နေရာအသစ်၊ အလုပ်အသစ်၊ မြို့အသစ်၊ လူအသစ်တွေနဲ့အသားကျဖို့ သုံးလကနေ ခြောက်လလောက် ကြာတယ်။
မေးလိုက်ချင်တယ် စတိတ်မှာ ကိုယ်အလုပ်မရနိုင်ဘူးလို့ ခင်ဗျား ဘာလို့ သေချာပေါက် ပြောနိုင်တာလဲ။ ခင်ဗျားမှာ ရှေ့ကိုကြိုမြင်နိုင်တဲ့ တန်ခိုးတွေ ရှိနေလို့လား။ ရှေ့ကို ကြိုမြင်နိုင်တယ် ဆိုရင်တောင် ခင်ဗျား မြင်တာတွေ မှားသွားအောင် ကိုယ် ပြောင်းလဲပစ်မယ်။ ကျောင်းက ထွက်ခွာပြီး ၃ ပတ်အတွင်း ကန်တက်ကီက အလုပ်ကို ရခဲ့တာ။ လေးအော့ဖ်ဖြစ်ပြီး ၃ လအတွင်း ခုအလုပ်ကို ရခဲ့တာ။ short term အလုပ်ကို လုပ်ဖို့ တိုက်တွန်းချင်ရုံ သက်သက်နဲ့တော့ You will never လို့ ခင်ဗျား ဘယ်တော့မှ မပြောသင့်ဘူး။
ဒီလို You will never လို့ ပြောတာ သူက ပထမဆုံးတော့ မဟုတ်ဘူး။ ၂၀၁၁ အမ်ယူအမ်ကျောင်း ပရော်ဖက်ဆာ ဂျိုးဇက်လာမန်ဆီကနေ You will never ဆိုတဲ့ စကားလုံးကို ကိုယ် ပထမဆုံး ကြားဖူးခဲ့တယ်။ ကျောင်းကိုရောက်ရောက်ချင်း ဝင်ခွင့်စာမေးပွဲဖြေတော့ သတ်မှတ်ထားတာထက် အမှတ်နည်းနည်းနဲပေမဲ့ ပရော်ဖက်ဆာလာမန်က ထောက်ခံပေးလို့ ကျောင်းဆက်တက်ရသွားတယ်။ အမှတ်နည်းတဲ့ ပါကစ္စတန်ကောင်လေးကတော့ ပြန်သွားရတယ်။ ကျောင်းရဲ့သတ်မှတ်ချက်အရ FPP နဲ့ MPP  ကို ဘီရမှ ဆက်တက်ရမှာပါ။ FPP  မစ်တန်းမှာ စီပလပ်ရတော့ ပရော်ဖက်ဆာက ခေါ်တွေ့တယ်။
ပရော်ဖက်ဆာ း ညဖက် ဘယ်အချိန်အိပ်လဲ
စန်းထွန်း း ၁၁ နာရီခွဲ
ပရော်ဖက်ဆာ း ည ၁၀ က အိပ်ဖို့ အကောင်းဆုံးချိန်..
စန်းထွန်း း ( ည ၁၀ နာရီ... ငါ့ဘဝမှာ ည ၁၀ နာရီ တခါမှ မအိပ်ဖူးဘူး...)
ပရော်ဖက်ဆာ း တီအမ် မှန်မှန် လုပ်လား..
စန်းထွန်း း လုပ်ပါတယ်...
( တီအမ် Trascendental Mediation ဆိုတာ ကျောင်းကို တည်ထောင်သူ မဟာရီသျှီယောဂီက တီထွင်ခဲ့တဲ့ တရားထိုင်နည်းပါ။ ကိုယ်ကတော့ ဖားအောက်နည်းအတိုင်း နှာသီးဝကိုစိုက်ပြီး တရားထိုင်တတ်တယ်။ တီအမ်က သျှရီလို့ ရွတ်ပြီး တရားထိုင်တာပါ။ ကျောင်းမှာ တီအမ်က မလုပ်မနေရ တနေ့နှစ်ကြိမ် ကျောင်းမှာ၊ အဆောင်မှာ မဖြစ်မနေ တရားထိုင်ရတယ်။ တီအမ်ကို မကြိုက်တဲ့ပုံစံပြရင် မကြိုက်ဘူး။ ဘာသာရေးကျောင်းဆန်တယ်။ ကိုယ်တို့ကျောင်းသားတွေကတော့ တီအမ်ချိန်ဆိုရင် မျက်စိမှိတ် အိပ်ကြပြီး တီအမ်ကို ကြိုက်ဟန် ဆောင်ကြတယ်။ ကွယ်ရာမှာဆိုရင် Close your eyes. Do you feel quietness ? This is how we meditate ဆိုပြီး ပြောင်လှောင်ကြတယ်။ ကိုယ် တီအမ်မလုပ်မှန်း ပရော်ဖက်ဆာ သိမှာပါ။ )
ပရော်ဖက်ဆာ း You will never be successful in US.
ပရော်ဖက်ဆာကို ဘာမှပြန်မပြောခဲ့ပေမဲ့ စိတ်ထဲမှာတော့ အတော်မကျေမနပ် ဖြစ်တယ်။ ဆူနမ်တို့ကို ပြောပြတော့ သူတို့လည်း မကျေမနပ် ဖြစ်ကြတယ်။ ဒါပေမဲ့လည်း ကိုယ်တို့ ဘာမှပြန်ပြောလို့မရ၊ ဘာမှလုပ်လို့မရဘူးလေ။ နောက်တကြိမ် FPP ပြန်တက်တော့ ပရော်ဖက်ဆာလာမန်နဲ့ ပြန်ဆုံတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အက်စ်တီရာရဲ့ အဖြေစာရွက်ကို ပရော်ဂျက်တာပေါ် တင်ပြီးရှင်းပြတော့ မေးခွန်းတခုမှာ အက်စ်တီရာရဲ့ အဖြေထက် ကျောင်းသားတယောက်ရဲ့ အဖြေကို ပိုကြိုက်တယ်လို့ ပြောတယ်။ ကိုယ်သိတယ် အဲဒီကျောင်းသားဟာ ကိုယ်ဆိုတာ။ အဲဒီအချိန် ပရော်ဖက်ဆာက ကိုယ့်ကိုကြည့်နေပြီး သူ့မျက်လုံးတွေက မင်းအဖြေလို့ ပြောနေသလို အဖြေလွှာမှာ Excellent ၊ The best answer in the class လို့ ရေးထားတာကိုး။ သူ့အတန်းကို အေမိုင်းနပ် ရပြီးကတည်းက ပရော်ဖက်ဆာ ကိုယ့်ကိုကြည့်တဲ့ အကြည့်တွေ ပြောင်းသွားတယ်။ တခါတလေဆုံရင် ကိုယ်တက်နေတဲ့ ဘာသာ၊ စာမေးပွဲတွေအကြောင်း ပြောကြရင်း ကိုယ်က မဖြေနိုင်ဘူးဆိုရင်တောင် ပရော်ဖက်ဆာက Oh You can do it. I believe you လို့ လေသံပြောင်းသွားတယ်။
မေးလိုက်ချင်တယ် ဘာအကြောင်းကြောင့် ကိုယ့်ကို ယူအက်စ်မှာ မအောင်မြင်နိုင်ဘူးလို့ သေချာပေါက် ပြောရဲတာလဲ။ အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာ ဘာနဲ့ တိုင်းတာတာလဲ။ စာမေးပွဲ အမှတ်တွေနဲ့လား။ ကိုယ်က ဗီယက်နမ်မလေး မိုင်းလို  အေကျောင်းသား မဟုတ်ဘူး။ အေရတဲ့ဘာသာရှိသလို၊ ဘီမိုင်းနပ်၊ ဘီပလပ်၊ စီပလပ်ရလို့ ကျတဲ့ဘာသာတွေ ရှိတယ်။ လစာနဲ့ တိုင်းတာတာလား။ ဒါဆိုရင်တော့ ကိုယ် အောင်မြင်တယ်။ ကိုယ်တို့အုပ်စုထဲမှာ ကိုယ်က လစာအများဆုံး။ ဒါပေမဲ့ ဝင်ငွေကြမ်းသလို ထွက်ငွေကြမ်းလို့ လစာနည်းတဲ့ ဆူနမ်လောက်တောင် ကိုယ့်လက်ထဲ ငွေမရှိဘူး း) ။ ရာထူးတွေနဲ့ တိုင်းတာတာလား။ ဘယ်ကုမ္ဗဏီမှာပဲဖြစ်ဖြစ် ကိုယ်က ဂျူနီယာ စီနီယာဖြစ်ဖို့ အဲဒီကုမ္ဗဏီမှာ အနည်းဆုံး ၃ နှစ်လောက် လုပ်ဖို့လိုတယ်။ ကုမ္ဗဏီကြီး၊ မြို့ကြီးတွေနဲ့ တိုင်းတာတာလား။ ကန်တက်ကီပြည်နယ်မှာ အကြီးဆုံးမြို့ လူဝီဗီလ်မြို့က သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ်တဲ့ Oil & Gas Mechanical Industry မှာ အစဉ်အလာကြီးတဲ့ ဘက်ကော့ပါဝါကုမ္ဗဏီအုပ်စုအောက်က ဗုတ်ပါဝါအင်တာနေရှယ်နယ်၊ ဝါရှင်တန်ဒီစီ မြို့တော်ကြီးရဲ့ ယူအက်စ်ကယ်ပီတယ်ဘေးနားက ဒက်ကာဒရန်ကိုအော်ပိုရေးရှင်းမှာ အလုပ်ရတယ်။
You will  never လို့ ပြောခဲ့ဖူးသူနှစ်ယောက်ကိုတော့ ကိုယ် ဘယ်တော့မှ မေ့မှာမဟုတ်သလို သူတို့ပြောတာတွေ မှားကြောင်း ကိုယ် သက်သေပြမယ်။ ကိုယ်ကိုတိုင်လည်း You will never လို့ တစုံတယောက်ကို ဘယ်လိုအကြောင်းနဲ့မှ ဘယ်တော့မှ မပြောမိဖို့ သတိထားရဦးမယ်။
စန်းထွန်း
အောက်တိုဘာ ၁၃၊ ၂၀၁၃။
၂၀၁၁ ပရော်ဖက်ဆာလာမန်  You will never be successful in US လို့ ပြောတုန်းက ရေးထားတဲ့ ပို့စ် လေးပါ။
ပန်းတွေကတော့ ဒီစီရုက္ခဗေဒဥယျာဉ်မှာ ရိုက်ထားတဲ့ ပုံလေးတွေပါ။ မနှစ်ကဒီဇင်ဘာ သွားလည်တုန်းကထက် ပန်းတွေ ပိုစုံတယ်။ အဲဒီပုံတွေ နောက်မှ တင်ပါဦးမယ်။
6 comments:
မီးမီးငယ် said...
လခကောင်းကောင်းရပါစေ..
Anonymous said...
Let me say...."you will never"
"""" YOU WILL NEVER FAIL"""""""
Love,
Ma Ma Iora
မလေး said...
ချစ်ခင်တဲ့
မလေးမြတ်
ဟန်ကြည် said...
ကြယ်ပြာ said...
San San Htun said...
မီးမီးငယ် said...
အမြဲတမ်းအလုပ်မြန်မြန်ရပါစေ၊
green card မြန်မြန်ရပါစေ
လခကောင်းကောင်းရပါစေ..
ကဲ...အမေရိကားမှမဟုတ်ပါဘူး..
ဘယ်နေရာမဆိုကောင်းတဲ့အလုပ်၊
စန်းထွန်းလေးနဲ့အကိုက်ဆုံးအလုပ်
အဲလိုအလုပ်မျိုးတွေနဲ့
မြန်မြန်တွေ့ပါစေနော်...
October 13, 2013 at 8:18 PM မလေး said...
စန်းထွန်းရေ ကိုယ်နဲ့ကိုက်ညီတဲ့ အလုပ် အမြန်
ဆုံးရပါစေလို့ဆုတောင်းပေးတယ်နော်ဒ
ချစ်ခင်တဲ့
မလေးမြတ်
October 14, 2013 at 2:18 AM
ဟန်ကြည် said...
ဖတ်ရင်းနဲ့ မျက်စိလည်သွားတယ်...ဘယ့်နှာဖြစ်လို့ အလုပ်ပြန်ရှာနေပါလိမ့်ပေါ့...အဟောင်းပြန်တင်ထားတယ်လို့တော့ စဉ်းစားမိသား...အောက်ဆုံးက မှတ်ချက်တွေ့မှ သေချာသွားတယ်...
လောကကြီးမှာ ဦးဟန်ကြည် အမုန်းဆုံးက you will never ဘာညာကွိကွ ပြောတာပဲ...ကိုယ့်ဘဝကို သူပိုင်တာမှ မဟုတ်ဘဲဗျာ...သူများကို မအောင်မြင်ဘူးပြောရအောင် သူ့ကိုယ်သူရော အာမခံနိုင်လို့လား...
စန်းထွန်း သေချင်သေသွားပါစေ...ဒီလိုပြောတဲ့လူ ကိုယ့်ကို ပြန်တောင်းပန်ရတဲ့ အခြေအနေမရောက်သရွှေ့ တောင့်ထား...ရုန်းထား...သူတောင်းပန်တဲ့အချိန်ရောက်မှ ကျေးဇူးပဲလို့ပြောပြီး လှလှလေး ပြုံးပြခဲ့...
October 15, 2013 at 4:34 PM
ကြယ်ပြာ said...
ကြယ်ပြာကတခြားတစ်မျိုးအပြောခံရတာ။ း)
October 16, 2013 at 12:33 AM