ဒီတပတ်တော့ ဆူနမ်က စတော်ဘယ်ရီ သွားခူးရအောင်ဟု အဆိုတင်သွင်းသည်။ ရာမားက Global Food နဲ့ H Mart မှာ သွားခူးမယ်လေဟု ကန့်ကွက်တော့ ဆူနမ်တယောက် နားရင်းအုပ်ချင်စိတ် ပေါက်သွားသည်။ Global Food နဲ့ H Mart သည် အစားအသောက်များရောင်းသည့် စူပါမားကတ်ဖြစ်သည်။ ကျွှန်ုပ်က သွားမယ်လေလို့ အပီထောက်ခံသည်။ အမ်းထရူးကို နင် စတော်ဘယ်ရီ မခူးဖူးဘူးမလား သွားရအောင်လေ ပျော်ဖို့ကောင်းတယ်ဟဟု မဲဆွယ်သည်။ (အမ်းထရူး) ငါ ကျောင်းမှာ Forest Course ယူတုန်းက စတော်ဘယ်ရီသွားခူးဖူးတယ်။ အမ် ငါတို့မခူးရပါလား။ နင်တို့က Residence Course ယူပြီး အဆောင်မှာနှပ်ကြတာကိုး။ စတော်ဘယ်ရီ သွားခူးဖူးသည့် အမ်းထရူးက ထောက်လည်းမထောက်ခံ ကန့်လည်းမကန့်ကွက် ကြားနေမဲပေးသည်။ ရာမားကို စည်းရုံးကာ သုံးမဲတွင် နှစ်မဲရသောအခါ စတော်ဘယ်ရီခူးမည့် ဆူနမ့်အဆို အောင်မြင်သွားသည်။
ကားလမ်းလေးသည် စိမ်းညှို့နေသည့် သစ်တောအုပ်ထဲတွင်ရှိကာ နံဘေးတွင် စမ်းချောင်းလေး ရစ်ခွေစီးဆင်းနေသည်။ စတော်ဘယ်ရီသည် အမှည့်မြန်သည်မို့ စတော်ဘယ်ရီခူး ရာသီချိန်သည် တပတ်၊ နှစ်ပတ်သာ ကြာသည်။ မကြာခင် ဖွင့်လှစ်မည့် ဘလူးဘယ်ရီခူးချိန်ကိုလည်း အခွင့်သင့်လျှင် လာချင်ပါသေးသည်။ ခြင်းတောင်းလေးများဝယ်ပြီး စတော်ဘယ်ရီခင်းဆီ ထရပ်ကားကြီးက ခေါ်ဆောင်သွားသည်။ ဒီနေ့မှ စဖွင့်သော်ငြား အခင်းထဲတွင် စတော်ဘယ်ရီခူးကြသူများဖြင့် စည်ကားနေသည်။ အလံနီလေး ကိုင်ဆောင်ထားသည့် ဂိုက်က ဒီနားကနေစပြီး နောက်ဖက်ကို ခူးသွားပါဟု ညွှန်ကြားသည်။
အမှည့်လွန်နေသည့် အသီး၊ မမှည့်သေးသည့် အသီးများကြား အရွက်စိမ်းစိမ်းဖားဖားအောက်တွင် ပုန်းနေသည့် စတော်ဘယ်ရီ နီနီသီးများကို ခူးဆွတ်ကြသည်။ စတော်ဘယ်ရီနံ့မွေးအီအီ သင်းပျံ့နေပြီး စတော်ဘယ်ရီသီးတလုံး ပါးစပ်ထဲပစ်ထည့်လိုက်သောအခါ အားပါး...ချိုလိုက်တာ ဆွေမျိုးမေ့သွားသည် း) ။ ခြင်းတောင်းထဲရောက်သည်က နည်းနည်း ဗိုက်ထဲရောက်သည်က များများ။ စတော်ဘယ်ရီခူးနေကြ၊ ဓာတ်ပုံရိုက်နေကြသည့် ကလေးတွေ မြင်ရသောအခါ ဆွဲငင်အားပြင်းသည့်ဂိမ်းကို ဖြတ်ကျော်ကာ ကလေးများကို စတော်ဘယ်ရီခင်းထဲရောက်အောင် ခေါ်ဆောင်နိုင်သည့်မိဘများကို ချီးကျူးမိသည်။ မနှစ်က ဘော့စတွန် တွင် ရက်စ်ဘယ်ရီ ခူးကြသည်ကို သတိရမိသည်။ ရက်စ်ဘယ်ရီ၊ စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ မည်သည့်ဘယ်ရီပဲခူးခူး ပျော်ဖို့ကောင်းသည်မှာ သေချာသည်။
ကလယ်ရားက မေရီလန်းနှင့် ဗာဂျီးနီးယားပြည်နယ်ကြား ဖြတ်သန်းစီးဆင်းနေသည့် ပတ်တိုမတ်မြစ်ရှိသည့် ဂရိတ်ဖောပန်းခြံသို့ သွားလည်ရန် အကြံပေးသည်။ အမေရိကန်တနိုင်ငံလုံးတွင်ရှိသော အမျိုးသားပန်းခြံအားလုံးကို တနှစ်တာဝင်ရောက်ခွင့်လက်မှတ် ဝယ်ထားသည်မို့ ဂရိတ်ဖောသွားမည်ဆိုလျှင် သူ့လက်မှတ်သုံးရန် ကလယ်ရားက ပေးလိုက်သည်။ ပျော်ပွဲစားထွက်ကြသည့် မိသားစုများ၊ တောင်တက်ကြသူများ ခွေးကျောင်းကြသူများ၊ လမ်းလျှောက်ကြသူများဖြင့် စည်ကားနေသည်။ တောင်သည် စိမ်းညှို့နေပြီး နေပျောက်ပင်မထိုး။ စကားသံကြောင့် သိမ်းငှက်တကောင် ထပျံသွားသည်။ အန္တရာယ်မပေးမှန်း သိလို့လားမသိ ဝေးဝေးမပြေး။ ဆယ်မိနစ်ခန့် တောင်တက်ပြီး မောဟိုက်လာသောအခါ မြစ်တလျှောက် လမ်းလျှောက်နိုင်မည့် လမ်းကြောင်းက ပိုကာင်းသည်ဟုဆိုကာ တခြားပန်းခြံဆီသို့ ကားမောင်းကာ ချီတက်ကြပြန်သည်။
ဂရိတ်ဖောပန်းခြံအတွင်း ပန်းခြံပေါင်း ၁၀ ကျော်ရှိသည်။ သည်တခါ ပန်းခြံဂိတ်တွင် အစောင့်ရှိသည်။ ဝင်ခွင့်ကဒ်နှင့်အတူ အိုင်ဒီကဒ်ပြရမည်ဟု ကဒ်တွင်ပါရှိသည်။ ဝင်ခွင့်ကဒ်တွင်ရှိသော ကလယ်ရားလက်မှတ်နှင့် အိုင်ဒီတွင်ရှိသောကျွှန်ုပ်တို့လက်မှတ် မတူ။ ထိုအခါ လက်မှတ်နှစ်မျိုးရှိသည်ဟု ညာမည်ကြံစည်ထားသည်။ ဝင်ခွင့်လက်မှတ်မရှိလျှင် ကားတစီး ငွေသားငါးကျပ်ပေးကာ ဝင်ရောက်နိုင်သည်။ ဂိတ်တွင် ဝင်ခွင့်လတ်မှတ်နှင့် ဆူနမ့်အိုင်ဒီကဒ် ပေးသောအခါ ဂိတ်အစောင့်က အိုင်ဒီကဒ်မလိုဟုဆိုကာ ဝင်ခွင့်ကဒ်ကိုသာ အသေအချာ စစ်လေသည်။
ဂရိတ်ဖောပန်းခြံသည် အမှိုက်ပုံးကင်းသောပန်းခြံဖြစ်ပြီး မိမိအမှိုက်မိမိဘာသာသယ်ဖို့ ဆိုင်းပုဒ်များက ဆော်သြသလို အဝင်ဝတွင် ကျွှတ်ကျွှတ်အိတ်များ ထားပေးထားသည်။ အဝေးကပင် ရေစီးသံသဲ့သဲ့ ကြားရုံမျှဖြင့် အေးမြမှုကို ခံစားမိသည်။ လမ်းတလျှောက် ကျောက်ဆောင်များကြောင့် ချောမွေ့မနေ။ ကျောက်ဆောင် အတက်အဆင်းများဖြင့် သတိထားရသည်။ ငါးမျှားနေသော သမီးကြီးဖြစ်ပုံရသည့် ဆယ်ကျော်သက် ကောင်မလေး၊ ထိုကောင်မလေး၏ မောင်ငယ်ဖြစ်ပုံရသည့် သားငယ်ကို ငါးမျှားတံလွှဲပုံ သင်ကြားနေသည့် ဖခင်၊ အအေးဘူး၊ မုန့်ထည့်ထားပုံရသည့် ဘူးကို ကိုင်ဆောင်ရင်းစောင့်နေသည့် မိခင် ကိုရီးယားမိသားစု။
ရေဆော့ကစားနေသည့် ပြာလဲ့လဲ့မျက်ဝန်းပိုင်ရှင် ဂါဝန်ဖြူဖြူ ဝတ်ဆင်ထားသည့် ရှစ်နှစ်အရွယ်ခန့်ရှိ ကလေးမ၊ ကျောက်ဆောင်တခုဆီမှ တခုဆီသို့ ခုန်ပေါက်ကူးနေသည့် ငါးနှစ်အရွယ်ခန့်ကောင်လေး၊ ထိုမောင်နှမနှစ်ယောက်ကို အဝေးမှ စောင့်ကြည့်နေကာ ရေတံခွန်ကို ငေးနေတတ်သည့် ဖခင်။ ကျောက်ဆောင်တန်းမှ စီးကြနေသည့် ရေတံခွန်၊ ကျောက်ဆောင်များကြား စီးဆင်းသွားသော ဝါကျင်ကျင်မြစ်ရေ၊ ဟိုးအဝေး တောင်စောင်းဆီမှ ရေတံခွန်၊ မြစ်အလှကို အပြည့်အဝ ခံစားနိုင်သည့် အိမ်တလုံး။ ထိုအရာများကို ငေးကြည့်နေသော ကျောက်ဆောင်ပေါ်မှ ကျွှန်ုပ် တို့လေးယောက်။
ဂါဝန်ဖြူဖြူဝတ်ထားသည့် ကလေးမ ရေဆော့သည်ကို အားကျ၍ ဖိနပ်ချွှတ်ကာ ရေထဲဆင်းသောအခါ အေးမြသော ရေများတိုးဝှေ့သွားကာ အေးမြမူသည် ခြေဖဝါးမှ တကိုယ်လုံး ဖြန့်ကျက်သွားသည်။ ကျွှန်ုပ် ရေဆော့သည်ကို မြင်သောအခါ ကျန်သူများလည်း ခြေအိတ်၊ ဖိနပ်ချွှတ်ကာ ရေထဲဆင်းကြတော့သည်။ ကျောက်ဆောင်ပေါ်တွင်ထိုင်ရင်း ရေများခြေထောက်ကို တိုးဝှေ့စီးဆင်းသွားကာ ကျောက်ဆောင်များကြား တသွင်သွင်းစီးဆင်းနေသော မြစ်ရေပြင်ကို ကြည့်ရင်း မြစ်ရေစီးသံ တဝုန်းဝုန်းသံကို နားဆင်ရသည်မှာ တပတ်လုံး ပင်ပန်းနွယ်နယ်ထားသမျှ မြစ်ရေနှင့်အတူ မျောပါသွားနှင့်သလို ခံစားမိသည်။
ချိုမြနေသော စတော်ဘယ်ရီ၊ အေးစိမ့်နေသော တောတောင်၊ စိမ်းညှို့နေသော သစ်ပင်၊ အေးမြနေသော မြစ်ရေတို့က ပင်ပန်းနွမ်းနယ်မှုများကို ပြေပျောက်သွားစေကာ နောင်တွင်ရင်ဆိုင်ရမည့် အခက်အခဲများကို ရင်ဆိုင်ဖို့အားသစ်လောင်းပေးခဲ့သည်။
Photo from Google |
Photo from Google |
စန်းထွန်း
ဇွန် ၂၉ ၊ ၂၀၁၃။
Photos - credit to Andrew
7 comments:
သူရို႕စေတာ္ဘယ္ရီပင္ေတြ ႀကီးလွေခ်လား စန္းထြန္း...ဦးဟန္ၾကည္တို႔ ျပင္ဦးလြင္ဘက္က စေတာ္ဘယ္ရီေတြကေတာ့ ခပ္ပုပုေတြမ်ားတာပဲ...အခင္းထဲသြား စေတာ္ဘယ္ရီတစ္လံုးျဗဳတ္ခနဲခူး...ကပ္ေနတဲ့ ဖုန္ေတြကို ေဘာင္းဘီနဲ႔သုတ္ၿပီး ပါးစပ္ထဲပစ္ထည့္လိုက္...ခ်ဳိခ်ဥ္ေမႊးတဲ့အရသာကိုေတာင္ ျပန္လြမ္းသြားတယ္...
မေန ့ကတည္းကအသစ္တင္မလားနဲ ့ေမ်ွာ္ေနတာ။
ေပ်ာ္စရာလွုုပ္ရွားမွုုေလးေတြကုုိေပ်ာ္ရႊင္စြာဖတ္သြားတယ္စန္းထြန္းေရ။
ခ်င္းေတာင္တန္းေတြမွာကြင္းဆင္းတုုန္းက ရက္စ္ဘယ္ရီပင္ေလးေတြေတြ ့ရင္ေရွ ့ ဆက္မေလွ်ာက္ဘူး။ အဲနားမွာပတ္ျခာရမ္းျပီး အသီးေလးေတြရွာခူးျပီး စားေနတာ။ ေမာေနတဲ့အခ်ိန္စားလိုုက္ရင္သိပ္အေမာေျပတာဘဲ။ စန္းထြန္းေျပာသလိုုအစပိုုင္းမွာမမွည့္ေသးတာေတြစားမိေတာ့ခ်ဥ္တဲ့အရသာေတြရခဲ ့ တာပါျပန္သတိရမိတယ္။ ဖရက္ရွ္စားရင္ေတာ့ စတေရာ္ဘယ္ရီထက္ရက္စ္ဘယ္ရီရဲ ့ အရသာကိုုပုုိသေဘာက်မိတယ္။
ရက္စ္ဘယ္ရီေအာက္ကေက်ာက္ေဆာင္နဲ ့ျမစ္ပံုု၂ပံုုကိုုေတြ ့ျပန္ေတာ့
ရဲရြာပရုုိဂ်က္အတြက္ ဒုုတၳ၀တီျမစ္ကိုု အပ္ အန္ ေဒါင္း ကြင္းဆင္းခဲ့ရတာေတြျပန္သတိရမိတယ္။
ခုုဆုုိရင္ေတာ့အဲဒီေက်ာက္ေဆာင္ေတြဆည္ေအာက္မွာျမဳပ္သြားေရာေပါ့။
အေပ်ာ္ေလးေတြမွ်ေ၀ေပးလိုု ့ေက်းဇူးဘဲစန္းထြန္းေရ။
ခ်စ္ေသာမမအိုုင္အိုုရာ
ၾဆာဟန္ စတိတ္မွာ အသီးအႏွံေတြက ၾကီးထြားတယ္...မ်ိဳးဗီဇကိုု သုုေတသနလုုပ္ၾကၿပီး ဒီမ်ိဳးစိတ္ရဲ ့ေကာင္းတာ ဟိုုမ်ိဳးစိတ္ရဲ ့ေကာင္းတာေတြ ယူၿပီး အေကာင္းဆံုုးထုုတ္ၿပီး စိုုက္ၾကလိုု ့နဲ ့ တူတယ္...
မမအိုုင္အိုုင္ရာ ခ်င္းေတာင္တက္တယ့္အေၾကာင္း၊ ရဲရြာအေၾကာင္း ပိုု ့စ္ေတြ ေရးပါလား...အေနာ္တိုု ့ မသိေသးတာေတြ သိရ ဗဟုုသုုတ တိုုးတာေပါ့...
စေတ္ာဘယ္ရီသီးေတြက အယ္ေနတာပဲဗ်ာ...၊ေပ်ာ္စ
ရာေကာင္းလိုက္တာ....၊အဲဒီကမ်ဳိးေတြယူလာၿပီး
ျပင္ဦးလြင္မွာ စိုက္လို႕ရမလားမသိဘူးေနာ္....။
စတိတ္က မ်ိဳးေစ့ေတြကို တၿခားတိုင္းၿပည္ သယ္ခြင့္ရိွမရိွေတာ့ မသိ...တၿခားတိုင္းၿပည္ကေန စတိတ္ကို သယ္တာကိုေတာ့ အေသအခ်ာ စစ္တယ္...သစ္ရြက္ေလးေတာင္ သယ္လို ့မရ
အဟီး ဘူးေစ့ေတြ ခုိးသယ္လာတယ္ အေနာ္ကေတာ့ :) အဲလုိ စေတာ္ဘယ္ရီျခံ မသြားဖူးေသးဘူး၊၊ သြားအံုးမယ္၊၊
တိမ္ျပာ(မေနာေျမ)
ဟန်ကြည် said...
သူရို့စတော်ဘယ်ရီပင်တွေ ကြီးလှချေလား စန်းထွန်း...ဦးဟန်ကြည်တို့ ပြင်ဦးလွင်ဘက်က စတော်ဘယ်ရီတွေကတော့ ခပ်ပုပုတွေများတာပဲ...အခင်းထဲသွား စတော်ဘယ်ရီတစ်လုံးဗြုတ်ခနဲခူး...ကပ်နေတဲ့ ဖုန်တွေကို ဘောင်းဘီနဲ့သုတ်ပြီး ပါးစပ်ထဲပစ်ထည့်လိုက်...ချိုချဉ်မွှေးတဲ့အရသာကိုတောင် ပြန်လွမ်းသွားတယ်...
June 30, 2013 at 7:06 AM
Anonymous said...
မနေ့ကတည်းကအသစ်တင်မလားနဲ့မျှော်နေတာ။
ပျော်စရာလှုပ်ရှားမှုလေးတွေကိုပျော်ရွှင်စွာဖတ်သွားတယ်စန်းထွန်းရေ။
ချင်းတောင်တန်းတွေမှာကွင်းဆင်းတုန်းက ရက်စ်ဘယ်ရီပင်လေးတွေတွေ့ရင်ရှေ့ ဆက်မလျှောက်ဘူး။ အဲနားမှာပတ်ခြာရမ်းပြီး အသီးလေးတွေရှာခူးပြီး စားနေတာ။ မောနေတဲ့အချိန်စားလိုက်ရင်သိပ်အမောပြေတာဘဲ။ စန်းထွန်းပြောသလိုအစပိုင်းမှာမမှည့်သေးတာတွေစားမိတော့ချဉ်တဲ့အရသာတွေရခဲ့ တာပါပြန်သတိရမိတယ်။ ဖရက်ရှ်စားရင်တော့ စတရော်ဘယ်ရီထက်ရက်စ်ဘယ်ရီရဲ့ အရသာကိုပိုသဘောကျမိတယ်။
ရက်စ်ဘယ်ရီအောက်ကကျောက်ဆောင်နဲ့မြစ်ပုံ၂ပုံကိုတွေ့ပြန်တော့
ရဲရွာပရိုဂျက်အတွက် ဒုတ္ထဝတီမြစ်ကို အပ် အန် ဒေါင်း ကွင်းဆင်းခဲ့ရတာတွေပြန်သတိရမိတယ်။
ခုဆိုရင်တော့အဲဒီကျောက်ဆောင်တွေဆည်အောက်မှာမြုပ်သွားရောပေါ့။
အပျော်လေးတွေမျှဝေပေးလို့ကျေးဇူးဘဲစန်းထွန်းရေ။
ချစ်သောမမအိုင်အိုရာ
June 30, 2013 at 12:05 PM
San San Htun said...
ဆြာဟန် စတိတ်မှာ အသီးအနှံတွေက ကြီးထွားတယ်...မျိုးဗီဇကို သုတေသနလုပ်ကြပြီး ဒီမျိုးစိတ်ရဲ့ကောင်းတာ ဟိုမျိုးစိတ်ရဲ့ကောင်းတာတွေ ယူပြီး အကောင်းဆုံးထုတ်ပြီး စိုက်ကြလို့နဲ့ တူတယ်...
မမအိုင်အိုင်ရာ ချင်းတောင်တက်တယ့်အကြောင်း၊ ရဲရွာအကြောင်း ပို့စ်တွေ ရေးပါလား...အနော်တို့ မသိသေးတာတွေ သိရ ဗဟုသုတ တိုးတာပေါ့...
June 30, 2013 at 5:47 PM
ညိမ်းနိုင် said...
စတေ်ာဘယ်ရီသီးတွေက အယ်နေတာပဲဗျာ...၊ပျော်စ
ရာကောင်းလိုက်တာ....၊အဲဒီကမျိုးတွေယူလာပြီး
ပြင်ဦးလွင်မှာ စိုက်လို့ရမလားမသိဘူးနော်....။
July 1, 2013 at 2:37 AM
San San Htun said...
စတိတ်က မျိုးစေ့တွေကို တခြားတိုင်းပြည် သယ်ခွင့်ရှိမရှိတော့ မသိ...တခြားတိုင်းပြည်ကနေ စတိတ်ကို သယ်တာကိုတော့ အသေအချာ စစ်တယ်...သစ်ရွက်လေးတောင် သယ်လို့မရ
July 2, 2013 at 9:11 AM
Anonymous said...
အဟီး ဘူးစေ့တွေ ခိုးသယ်လာတယ် အနော်ကတော့ :) အဲလို စတော်ဘယ်ရီခြံ မသွားဖူးသေးဘူး၊၊ သွားအုံးမယ်၊၊
တိမ်ပြာ(မနောမြေ)
July 2, 2013 at 9:38 PM
Post a Comment