ရက်ကွက်ထဲမှာတော့ဗျာ - ၁၆
ရင်သားကင်ဆာ လမ်းလျှောက်ပွဲမှာ ပါဝင်မယ့် ကုမ္ပဏီကိုယ်စားပြ ုအသင်းအတွက် နာမည်ရွေးရာမှာ စန်းထွန်းရဲ့ Vogt Venus ၊ တခြားသူတွေရဲ ့ Team Ta Ta ၊ The Rack Pack ၊ The Boobie Brigade ၊ Bodacious Ta Tas ၊ Vogt Voluptuous Voom Vooms အမည်တွေကို ဒီမိုကရေစီနိုင်ငံပီပီ မဲပေးကာ ရွေးချယ်ပါတယ်။ မဲအများစုနဲ့The Rack Pack က အနိုင်ရသွားပါတယ်။ Rack ဆိုတာ ရင်သားကို ခေါ်တာပါတဲ့ ။  အရင်အသင်းနာမည်တွေကတော့ Vogt Vixens, Vogt's Voluptuous Vixens, Vogt's Breast Friends ပါတဲ့ ခင်ည။ ကြသပတေးနေ့အထိ ဒေါ်လာ ၈၆၀ ပဲ ရသေးတာမို့ ရည်မှန်းချက် ဒေါ်လာတစ်ထောင် ပြည့်မှီရေး လှုဒါန်းဖို့ နှိုးဆော်စာတွေ ရုံးရဲ့ထင်သာမြင်သာရှိတယ့် အိမ်သာတွေ၊ တံခါးတွေမှာ ကပ်ပြီး နှိုးဆော်ပါတယ်။
အောက်တိုဘာ ၂၈ တနင်္ဂနွေနေ့မှာတော့ ကန်တက်ကီပြည်နယ် လူဝီဗီလ်မြို့ရဲ့ Waterfront ပန်းခြံမှာ ရာသီဥတု အအေးဒဏ်ကို အံတုပြီး ကလေးတွေပါမက ခွေးလေးတွေကလည်း သခင်တွေနဲ့အတူ ၊ ယောကျ်ားလေးတွေကလည်း  I walk for Granny. In memory of ဘယ်သူဘယ်ဝါတွေအတွက် အောက်မေ့သတိရ လမ်းလျှောက်ပြီး Making Strides Against Breast Cancer ပွဲ ဆင်နွှဲပါတယ်။ ။ အသင်းအဖွဲ့လိုက် တူညီဝတ်စုံတွေလေးတွေနဲ့ ပန်းရောင်ကမ္ဘာလေး ဖန်တီးကြပါတယ်။ ရင်သားကင်ဆာကို အောင်မြင်စွာ တိုက်ပွဲဝင်ခဲ့နိုင်သူများကို Suvivor ပန်းရောင်စလွယ်လေးတွေ ဝတ်ဆင်စေပါတယ်။
We are survivors
credit to uploader Making Strides,Louisville,KY on facebook
Survivors
 credit to uploader Making Strides,Louisville,KY on facebook
ရင်သားကင်ဆာဟာ အမျိုးသမီးတွေရဲ့ အသက်ဇီဝိန်ခြွှေတယ့် ရောဂါဆိုးကြီးပါ။ စောစောသိရင် ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ အမျိုးသမီးတွေ အသက် ၄၀ ကျော်လာရင် မန်မိုဂရမ်လို့ခေါ်တယ့် ရင်သားစစ်ဆေးချက်ကို နှစ်စဉ် စစ်ဆေးသင့်ပါတယ်။ အိမ်ရှင်အစ်မကတော့ သူ့အဘွားက ရင်သားကင်ဆာနဲ့ ဆုံးသွားတာမို့ ၄၀ မတိုင်မှီ စစ်ဆေးနေရပါတယ်။ THC လို့ခေါ်တယ့် ဆေးရွက်ကြီးမှာ ပါတယ့် ဓာတ်တစ်မျိုးက ရင်သားကင်ဆာဖြစ်ပွားနူန်း မြှင့်စေပါတယ်။ အဲဒီဓာတ်ပါဝင်တယ့် ဆေးရွက်ကြီးကို ကန်တက်ကီပြည်နယ်မှာ တရားမဝင်ဖြစ်အောင် ပြည်နယ်အစိုးရက ကြိုးပမ်းနေပါတယ်။ အမျိုးသားတွေလည်း ရင်သားကင်ဆာ ဖြစ်ပွားနိုင်တယ်လို့ ကြေငြာတာ ကြားလိုက်ရတယ်။  အမျိုးသားတွေမှာသာ ဖြစ်ပွားတယ့် ကင်ဆာတစ်မျိုး (Prostate Cancer) အထိမ်းအမှတ်အတွက်  နိုဝင်ဘာလမှာ အမျိုးသားတွေဟာ မုတ်ဆိတ်မွှေးမရိတ်ဘဲ No Shave November ဆင်နွှဲပါသတဲ့။
credit to uploader Making Strides,Louisville,KY on facebook
credit to uploader Making Strides,Louisville,KY on facebook
လမ်း‌လျှောက်လို့ရပြီ
credit to uploader Making Strides,Louisville,KY on facebook
ဖဲကြိုးဖြတ်ဖွင့်လှစ်လိုက်ပြီ
credit to uploader Making Strides,Louisville,KY on facebook
ပန်းခြံကနေ စကာ မြို့ထဲလမ်းတွေ ဖြတ်ပြီး ကန်တက်ကီပြည်နယ်နဲ့ အင်ဒီယားနားပြည်နယ်ကို ဆက်သွယ်ထားတယ့် တံတားကြီးကို ဖြတ်၊ တံတားဆုံးရင် ပြန်လှည့်ကာ ပန်းခြံမှာ ပန်းဝင်ရပါတယ်။ နေ့လည် ၁ နာရီမှာ စပြီး ၂နာရီခွဲမှာ ပြီးပါတယ်။ ကလေးတွေ ပါတော့ ၁နာရီခွဲသာသာ လျှောက်ရပါတယ်။ တံတားမှာ အဘွားတစ်ယာက် ပစ်လဲသွားလို့ ရဲကားက လမ်းရှင်းကာ လူနာတင်ယာဉ် ရောက်လာပြီး ကုသပါတယ်။ လူဝီဗီလ်မြို့ဂုဏ်ဆောင် ၁၉၆၃ ကတည်းက အိုဟိုင်းရိုးမြစ်တလျှောက် ပြေးဆွဲနေတယ့် အမေရိကန်နိုင်ငံရဲ့ နောက်ဆုံးလက်ကျန် ရေနွေးငွေ့နဲ့မောင်းတယ့် အပျော်စီးသင်္ဘောကြီး The Belle of Louisville ကလည်း တဘော်ဘော် အသံပေးကာ တံတားပေါ် လမ်းလျှောက်နေသူများကို ဂုဏ်ပြုပါတယ်။ တံတားအောက်က ဖြတ်မောင်းသွားတယ့် ကားတွေကလည်း တတီတီ ဟွန်းသံပေးကာ အားပေးပါတယ်။ အထက်တန်းကျောင်းသားတွေကလည်း ဗုံတွေ၊ ဘင်ခရာတွေ တီးကာ ကြိုဆိုပါတယ်။
ဒီလို ဆင်နွှဲကြတယ်
credit to cancer.org/stridesonline
တံတားဆီသို့
credit to uploader Making Strides,Louisville,KY on facebook
တရေွှ့ရေွှ ့ချီတက်
credit to uploader Making Strides,Louisville,KY on facebook
ဒီလို အားပေးကြတာ
credit to uploader Making Strides,Louisville,KY on facebook
လူဝီဗီလ်ရဲ့ မိန်းမပျို
၂၀၁၄ အောက်တိုဘာမှာ ရာပြည့်မွေးနေ့ဆင်နွှဲတော့မှာမို့လို့
အမေရိကန်နိုင်ငံရဲ့ ရေနွေးငွေ့သင်္ဘောသမိုင်းမှာ
သူမလောက် ဘယ်သူမှ အောင်မြင်မှု မရခဲ့ပါဘူးတယ့် ခင်ည
credit to Google
အိုဟိုင်းရိုးမြစ်ပေါ်က မိန်းမပျို
credit to Google
The Rack Pack team of Vogt Power International
credit to Robert C. Lescinski
ရာသီဥတုအေးလို့ ဟိုရိုက်ဒီရိုက်ဖို့ထား လက်တောင် အင်္ကျီထဲက မထုတ်ချင်တယ့် စန်းထွန်းတယောက် ဂူဂယ်လက်ရာတွေနဲ့ ဆားချက်ပါတယ် ခင်ညာ။  အောက်တိုဘာ ၃၁ မှာတော့ အမေရိကန်တဝှမ်း ဟောလိုဝင်းပွဲတော် ဆင်နွှဲကြပါတယ်။ အင်္ကျီဆန်းဆန်းလေးတွေ ဝတ်ဆင်ကာ တချို့ကလည်း မျက်နှာမှာ ကြောက်မက်ဖွယ် ဆေးရောင်တွေ ခြယ်လို့ အိမ်ပေါက်စေ့လိုက်ကာ Trick or Treat ဆိုပြီး သကြားလုံးတောင်းကြပါတယ်။
credit to google
credit to google
ဆောင်းဦးရဲ့ သင်္ကေတ ရွှေဖရုံသီး၊ ရိုးပြတ်၊ ပြောင်းဖူးခြောက်
credit to google
အောက်တိုဘာ ၃၀မှာ အမေရိကန် အရှေ့ဖက်ကမ်းခြေ နယူးဂျာစီပြည်နယ်ဖက်ကို အင်အားအလွန်ကောင်းတယ့် စန္ဒီမုန်တိုင်း ဝင်တိုက်ပါတယ်။ စန္ဒီမုန်တိုင်းဟာ မြောက်ဖက်က နှင်းမုန်တိုင်းနဲ့ ဆုံပြီး အမေရိကန်သမိုင်းမှာ မကြုံဖူးအောင် အားအလွန်ကောင်းတယ့် မုန်တိုင်းအဖြစ် ဝင်ရောက်မှာမို့လို့ သတိပေးမှုတွေ၊ ကြိုတင်ပြုဆင်မှုတွေ လုပ်ပါတယ်။ သမ္မတအိုဘားမားကတောင် မုန်တိုင်းဝင်တိုက်နေကျပေမယ့် ဒီမုန်တိုင်းက အားအလွန်ပြင်းတယ့် မုန်တိုင်းမို့လို့ ပြည်သူတွေကို မပေါ့ဆဖို့၊ ရွှေ့ပြောင်းရမယ့်ဇုန်က ပြည်သူတွေကို ရွှေ့ပြောင်းဖို့၊ ရထားတွေ၊ ဘတ်စ်ကားတွေကို ရပ်ဆိုင်းမှာမို့ အဲဒီအချိန်မတိုင်မှီ အဆင်သင့်ဖြစ်နေဖို့၊ ပြည်နယ်အုပ်ချုပ်ရေးမှုးတွေရဲ့ စကားကို လိုက်နာဖို့ အသေအချာ သတိပေးပါတယ်။ မဲဆွယ်ပွဲဖျက်သိမ်းလိုက်ရတော့ မဲနိုင်ရရှိရေးအတွက် စိတ်မပူဘူးလား မေးတော့ မဲဆွယ်ပွဲတွေထက် ပြည်သူတွေ မုန်တိုင်းကို ကောင်းကောင်းရင်မဆိုင်မှာကို စိတ်ပူမိပါတယ်လို့ သမ္မတအိုဘားမားက ဖြေကြားပါတယ်။ အရေးကြီးတယ့် မဲဆွယ်ပွဲတွေ ဖျက်သိမ်းကာ မုန်တိုင်းကို အနီးကပ် စောင့်ကြည့်ပြီး လိုအပ်တာတွေ  သမ္မတက အမိန့်ပေးပါတယ်။
credit to Google
လေတိုက်နှုန်း တနာရီ မိုင်၁၀၀ နီးနီး ရှိကာ သစ်ပင်တွေပြို၊ ရေတွေကြီး ၊ လျှပ်စစ်အားတွေ ပြတ်တောက်၊ နယူးယောက် မက်ဟန်တန်လို အနိမ့်ပိုင်းမှာ ရေတွေကြီး၊ မြန်မာတွေ အနေများတယ့် ကွင်းစ်ဖက်မှာ ထရန်စဖော်မာပေါက်လို့ မီးတွေလောင်၊ ၉၁၁ ကို ခေါ်ဆိုသူများလို့ တခြားလိုင်းကို ခေါ်ဆိုဖို့ ပြောရတယ့် အထိ။ နယူးဂျာစီပြည်နယ်မှာ ရေတွေကြီး၊ လေတွေထန်ပေမယ့် အနောက်ဗာဂျီးနီးယား ပြည်နယ်မှာတော့ နှင်းထု ၅လက်မ ကျပါတယ်။ မုန်တိုင်းကြောင့် ၈၀ကျော် သေဆုံးပြီး အများစုက နယူးယောက်ဖက်ကပါ။ အေးချမ်းတယ့်ရာသီမှာ သန်းချီတဲ့ ပြည်သူလူထုဟာ လျှပ်စစ်မီးမရရှိဘဲ နေရပါတယ်။
credit to Google
နယူးယောက်က ဘလော့ဂါ မမီးငယ် တယောက် အဆင်ပြေရဲ့လားမသိ ။ အခုအချိန်မှာတော့ နယူးယောက်ဖက်က ရထားလိုင်း၊ ဘတ်စ်ကားလိုင်း တော်တော်များများ ပြန်ဖွင့်ပါပြီ။ လျှပ်စစ်ကုမ္ပဏီတွေလည်း လျှပ်စစ်မီး အမြန်ဆုံးပြန်ရဖို့ အင်တိုက်အားတိုက် ဆောင်ရွက်နေပါတယ်။ မုန်တိုင်းဒဏ်ခံရတယ့် ပြည်နယ်တွေကို သမ္မတက အရေးပေါ်ပြည်နယ်အဖြစ် ကြေညာလိုက်တာမို့လို့ ပြန်လည်တည်ထောင်ရေး ရန်ပုံငွေတွေ ရရှိပြီး အရင်အခြေအနေ ပြန်ရောက်ဖို့ ကြိုးပမ်းပါတယ်။ မုန်တိုင်းဒဏ် ကင်းလွှတ်တယ့် အနောက်ဖက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ်ဖက်က လှုဒါန်းတာတွေ မုန်တိုင်းသင့် ပြည်သူတွေဆီ အမြန်ဆုံးရောက်ရှိဖို့ စစ်တပ်လေယာဉ်တွေ သုံးစွဲဖို့ သမ္မတက ညွှန်ကြားထားပါတယ်။ မုန်တိုင်းဒဏ်ခံရတယ့်ဒေသတွေကို မုန်တိုင်းပြီးနောက်နေ့မှာပဲ သမ္မတကိုယ်တိုင် သွားကြည့်ပါတယ်။
နယူးယောက်မြို့ကြီး အမှောင်ကျနေပုံ
credit to Google
မီးေဘးသင့်ရာနေရာ
credit to Google
credit to Google
သမ္မတရဲ့ဦးဆောင်မှု အရည်အချင်းကို မုန်တိုင်းတိုက်ချိန်မှာ ပြသလိုက်တာမို့ အရင်က ရီဘာပလင်ကန် အခုတော့ ဘယ်ပါတီမှ မဟုတ်တယ့် နယူးယောက်မြို့တော်ဝန်က သမ္မတအိုဘားမားကို ချီးမွမ်းပြောဆိုပြီး အမှတ်ပေးလိုက်ပါတယ်။ စန္ဒီမုန်တိုင်းကြောင့် မုန်တိုင်းသင့် ဒေသတွေမှာ သမ္မတအိုဘားမားက မဲဆွယ်စရာ မလိုဘဲ နိုင်သွားပြီလို့ ပြောဆိုကြပါတယ်။
နိုဝင်ဘာ ၄ ရက်က စပြီး မနက် ၇ ၁၅ ဆို နေထွက်၊ ည ၅ ၄၀ ဆို နေဝင်၊ ည ၆ နာရီဆိုရင် လုံးဝမှောင်သွားပြီ။ မတ်လ ၁၁ရက် မနက် ၂ နာရီမှာ  စတင်ခဲ့တဲ့ DayLight Saving Time ဟာ နိုဝင်ဘာ ၄ ရက် မနက် ၂ နာရီမှာ ကုန်ဆုံးတာမို့  DayLight Saving Time တုန်းက တနာရီ ရှေ့တိုးထားတာ အခုတော့ တနာရီ နောက်ဆုတ်ပါတယ်။ နိုဝင်ဘာ ၅ ရက်ကတော့ အမေရိကန် ဆရာများနေ့မို့ ကျောင်းတွေ ပိတ်ပါတယ်။ စန္ဒီမုန်တိုင်းမှာ ဦးဆောင်မှု အရည်အချင်း ပြသနိုင်လို့ အိုဘားမားက နိုင်မလား၊ စီးပွားရေး ကျွှမ်းကျင်လို့ သူ သမ္မတဖြစ်လာရင် စီးပွားရေးများ ဦးမော့လာမလားဆိုပြီး ရွှန်မနီက နိုင်မလား။ နိုဝင်ဘာ ၆ရက်နေ့မှာ အမေရိကန်ပြည်သူတွေရဲ့ ရွေးချယ်မှုက ဘယ်သူပါလဲ။
စန်းထွန်း
နိုဝင်ဘာ ၃၊ ၂၀၁၂။
8 comments:
ညိမ်းနိုင် said...
ညီလင်းသစ် said...
Anonymous said...
အိုင်အိုရာ
ညီရဲ said...
SML (The Chara Project) said...
အိုဘားမာနိုင်ပြီကွ၊၊ ဘားမားအတွက် ဝမ်းသာစရာ :D စာပိလို့ မရောက်ဖြစ်တာ ကြာပြီ စန်းထွန်းရေ၊၊ နေများကောင်းပါလေစ :)
San San Htun said...
ညိမ်းနိုင် said...
လမ်းလျှောက်ပွဲလေးက ကြည်နူးစရာပဲဗျ....၊မိစန္ဒီရက်စက်
ချက်ကတော့ ဆိုးသဗျာ....၊နယူးယောက်မြို့ဖြစ်နေပုံကို
ကြည့်ရတာ ၂၀၁၂ တို့ the day after tomorrow တို့
လို ရုပ်ရှင်တွေကိုတောင် ပြေးသတိရမိရဲ့....၊အင်း...
အိုဘားမား အဲ့ပြည်နယ်တွေမှာ နိုင်မယ်ဆိုရင်လည်း နိုင်
သင့်ပါတယ်....၊သူအတော်လေး လုပ်ပေးတာပဲကို...နော့။
November 3, 2012 at 9:20 PM
ညီလင်းသစ် said...
အိုဘားမားက သူအနိုင်ရရေး ဘေးချိတ်ပြီး မုန်တိုင်းအတွက် အားသွန်ခွန်စိုက် လုပ်နေတာကို တွေ့တော့ ၂၀၀၈ တုန်းက နာဂစ်ဒဏ် ခံရသူတွေကို ဂရုမစိုက်ဘဲ ဖွဲ့စည်းပုံ အတည်ဖြစ်ရေးကိုပဲ မဲနေတဲ့ လူကြီးတွေကို သွားသတိရမိတယ်၊ သြော်..ကွာပုံများတော့...၊
ရင်သားကင်ဆာကို လူတွေပိုပြီး သတိပြုမိလာစေတဲ့ အခုလို လမ်းလျှောက်ပွဲတွေကို သဘောကျမိတယ်...။
November 4, 2012 at 9:56 AM
Anonymous said...
ကိုယ်ကတော့အိုဘားမားမှအိုဘားမားဘဲ။
ကိုယ်တော့ဟော်လဝင်းလဲမနွှဲနိုင်သီတင်းကျွတ်ပွဲလည်းမနွှဲနိုင်ဒီကဂျိုင့်ရန့်ပွဲလည်းမနွှဲနိုင်လောက်အောင်ရှုတ်ရှက်ခတ်နေတယ်။ း)
အိုင်အိုရာ
November 5, 2012 at 7:33 AM
ညီရဲ said...
အိုဘားမားနဲ့မြန်မာနိုင်ငံ ဆက်ဆံရေးက လမ်းပွင့်နေပြီဆိုတော့ တို့ကတော့ အိုဘားမားကိုဘဲ ပြန်ရစေချင်တယ်...
November 5, 2012 at 11:42 AM
ချော (အစိမ်းရောင်လွင်ပြင်) said...
မြန်မာပြည်သူတွေကလည်း လက်ရှိအစိုးရနဲ့ ဆက်ဆံရေး လမ်းကြောင်းပွင့်နေတဲ့ အိုဘားမားကိုဘဲ ပိုလိုလားကြပါတယ်
ခုတော့လည်း အဖြူအမည်း သည်းကွဲသွားပြီမို့ အနိုင်ရတဲ့ အိုဘားမားအတွက် ဝမ်းသာစရာပါဘဲ စန်းထွန်းရေ.
အစစ အဆင်ပြေတယ် မဟုတ်လား။
အားလုံး အဆင်ပြေ ချောမွေ့ပါစေလို့နော်။
November 7, 2012 at 1:56 PM
တိမ်ပြာ(မနောမြေ) said...
အိုဘားမာနိူင်ပြီကွ၊၊ ဘားမားအတွက် ဝမ်းသာစရာ :D စာပိလို့ မရောက်ဖြစ်တာ ကြာပြီ စန်းထွန်းရေ၊၊ နေများကောင်းပါလေစ :)
November 15, 2012 at 12:21 PM
Angelhlaing(May everybody be happy and healthy! said...
နောက်ကျမှ ရောက်တဲ့သူဆိုတော့ သူများတွေလည်း ပြောပြိးသွားပြီမို့ ဘာမှမပြောတော့ဘူးနော် စန်းထွန်း ...:P ပုံလေးတွေ နောက်တစ်ကြိမ် ထပ်ကြည့်ဖြစ်တယ်... ဗဟုသုတလေးတွေအတွက် ကျေးဇူး...လို့ ..:)
November 28, 2012 at 4:24 PM