အောက်တိုဘာ ၂၈ တနင်္ဂနွေနေ့မှာတော့ ကန်တက်ကီပြည်နယ် လူဝီဗီလ်မြို့ရဲ့ Waterfront ပန်းခြံမှာ ရာသီဥတု အအေးဒဏ်ကို အံတုပြီး ကလေးတွေပါမက ခွေးလေးတွေကလည်း သခင်တွေနဲ့အတူ ၊ ယောကျ်ားလေးတွေကလည်း I walk for Granny. In memory of ဘယ်သူဘယ်ဝါတွေအတွက် အောက်မေ့သတိရ လမ်းလျှောက်ပြီး Making Strides Against Breast Cancer ပွဲ ဆင်နွှဲပါတယ်။ ။ အသင်းအဖွဲ့လိုက် တူညီဝတ်စုံတွေလေးတွေနဲ့ ပန်းရောင်ကမ္ဘာလေး ဖန်တီးကြပါတယ်။ ရင်သားကင်ဆာကို အောင်မြင်စွာ တိုက်ပွဲဝင်ခဲ့နိုင်သူများကို Suvivor ပန်းရောင်စလွယ်လေးတွေ ဝတ်ဆင်စေပါတယ်။
We are survivors credit to uploader Making Strides,Louisville,KY on facebook |
Survivors credit to uploader Making Strides,Louisville,KY on facebook |
ရင်သားကင်ဆာဟာ အမျိုးသမီးတွေရဲ့ အသက်ဇီဝိန်ခြွှေတယ့် ရောဂါဆိုးကြီးပါ။ စောစောသိရင် ပျောက်ကင်းအောင် ကုသနိုင်ပါတယ်။ အမျိုးသမီးတွေ အသက် ၄၀ ကျော်လာရင် မန်မိုဂရမ်လို့ခေါ်တယ့် ရင်သားစစ်ဆေးချက်ကို နှစ်စဉ် စစ်ဆေးသင့်ပါတယ်။ အိမ်ရှင်အစ်မကတော့ သူ့အဘွားက ရင်သားကင်ဆာနဲ့ ဆုံးသွားတာမို့ ၄၀ မတိုင်မှီ စစ်ဆေးနေရပါတယ်။ THC လို့ခေါ်တယ့် ဆေးရွက်ကြီးမှာ ပါတယ့် ဓာတ်တစ်မျိုးက ရင်သားကင်ဆာဖြစ်ပွားနူန်း မြှင့်စေပါတယ်။ အဲဒီဓာတ်ပါဝင်တယ့် ဆေးရွက်ကြီးကို ကန်တက်ကီပြည်နယ်မှာ တရားမဝင်ဖြစ်အောင် ပြည်နယ်အစိုးရက ကြိုးပမ်းနေပါတယ်။ အမျိုးသားတွေလည်း ရင်သားကင်ဆာ ဖြစ်ပွားနိုင်တယ်လို့ ကြေငြာတာ ကြားလိုက်ရတယ်။ အမျိုးသားတွေမှာသာ ဖြစ်ပွားတယ့် ကင်ဆာတစ်မျိုး (Prostate Cancer) အထိမ်းအမှတ်အတွက် နိုဝင်ဘာလမှာ အမျိုးသားတွေဟာ မုတ်ဆိတ်မွှေးမရိတ်ဘဲ No Shave November ဆင်နွှဲပါသတဲ့။
credit to uploader Making Strides,Louisville,KY on facebook |
credit to uploader Making Strides,Louisville,KY on facebook |
လမ်းလျှောက်လို့ရပြီ credit to uploader Making Strides,Louisville,KY on facebook |
ဖဲကြိုးဖြတ်ဖွင့်လှစ်လိုက်ပြီ credit to uploader Making Strides,Louisville,KY on facebook |
ဒီလို ဆင်နွှဲကြတယ် credit to cancer.org/stridesonline |
တံတားဆီသို့ credit to uploader Making Strides,Louisville,KY on facebook |
တရေွှ့ရေွှ ့ချီတက် credit to uploader Making Strides,Louisville,KY on facebook |
ဒီလို အားပေးကြတာ credit to uploader Making Strides,Louisville,KY on facebook |
လူဝီဗီလ်ရဲ့ မိန်းမပျို
၂၀၁၄ အောက်တိုဘာမှာ ရာပြည့်မွေးနေ့ဆင်နွှဲတော့မှာမို့လို့
အမေရိကန်နိုင်ငံရဲ့ ရေနွေးငွေ့သင်္ဘောသမိုင်းမှာ
သူမလောက် ဘယ်သူမှ အောင်မြင်မှု မရခဲ့ပါဘူးတယ့် ခင်ည
credit to Google
|
အိုဟိုင်းရိုးမြစ်ပေါ်က မိန်းမပျို
credit to Google
|
The Rack Pack team of Vogt Power International credit to Robert C. Lescinski |
credit to google |
credit to google |
ဆောင်းဦးရဲ့ သင်္ကေတ ရွှေဖရုံသီး၊ ရိုးပြတ်၊ ပြောင်းဖူးခြောက်
credit to google
|
credit to Google |
လေတိုက်နှုန်း တနာရီ မိုင်၁၀၀ နီးနီး ရှိကာ သစ်ပင်တွေပြို၊ ရေတွေကြီး ၊ လျှပ်စစ်အားတွေ ပြတ်တောက်၊ နယူးယောက် မက်ဟန်တန်လို အနိမ့်ပိုင်းမှာ ရေတွေကြီး၊ မြန်မာတွေ အနေများတယ့် ကွင်းစ်ဖက်မှာ ထရန်စဖော်မာပေါက်လို့ မီးတွေလောင်၊ ၉၁၁ ကို ခေါ်ဆိုသူများလို့ တခြားလိုင်းကို ခေါ်ဆိုဖို့ ပြောရတယ့် အထိ။ နယူးဂျာစီပြည်နယ်မှာ ရေတွေကြီး၊ လေတွေထန်ပေမယ့် အနောက်ဗာဂျီးနီးယား ပြည်နယ်မှာတော့ နှင်းထု ၅လက်မ ကျပါတယ်။ မုန်တိုင်းကြောင့် ၈၀ကျော် သေဆုံးပြီး အများစုက နယူးယောက်ဖက်ကပါ။ အေးချမ်းတယ့်ရာသီမှာ သန်းချီတဲ့ ပြည်သူလူထုဟာ လျှပ်စစ်မီးမရရှိဘဲ နေရပါတယ်။
credit to Google
|
နယူးယောက်မြို့ကြီး အမှောင်ကျနေပုံ credit to Google |
မီးေဘးသင့်ရာနေရာ credit to Google |
credit to Google |
နိုဝင်ဘာ ၄ ရက်က စပြီး မနက် ၇ ၁၅ ဆို နေထွက်၊ ည ၅ ၄၀ ဆို နေဝင်၊ ည ၆ နာရီဆိုရင် လုံးဝမှောင်သွားပြီ။ မတ်လ ၁၁ရက် မနက် ၂ နာရီမှာ စတင်ခဲ့တဲ့ DayLight Saving Time ဟာ နိုဝင်ဘာ ၄ ရက် မနက် ၂ နာရီမှာ ကုန်ဆုံးတာမို့ DayLight Saving Time တုန်းက တနာရီ ရှေ့တိုးထားတာ အခုတော့ တနာရီ နောက်ဆုတ်ပါတယ်။ နိုဝင်ဘာ ၅ ရက်ကတော့ အမေရိကန် ဆရာများနေ့မို့ ကျောင်းတွေ ပိတ်ပါတယ်။ စန္ဒီမုန်တိုင်းမှာ ဦးဆောင်မှု အရည်အချင်း ပြသနိုင်လို့ အိုဘားမားက နိုင်မလား၊ စီးပွားရေး ကျွှမ်းကျင်လို့ သူ သမ္မတဖြစ်လာရင် စီးပွားရေးများ ဦးမော့လာမလားဆိုပြီး ရွှန်မနီက နိုင်မလား။ နိုဝင်ဘာ ၆ရက်နေ့မှာ အမေရိကန်ပြည်သူတွေရဲ့ ရွေးချယ်မှုက ဘယ်သူပါလဲ။
စန်းထွန်း
နိုဝင်ဘာ ၃၊ ၂၀၁၂။
8 comments:
လမ္းေလွ်ာက္ပြဲေလးက ၾကည္ႏူးစရာပဲဗ်....၊မိစႏၵီရက္စက္
ခ်က္ကေတာ့ ဆိုးသဗ်ာ....၊နယူးေယာက္ၿမိဳ႕ျဖစ္ေနပံုကို
ၾကည့္ရတာ ၂၀၁၂ တို႕ the day after tomorrow တို႕
လို ရုပ္ရွင္ေတြကိုေတာင္ ေျပးသတိရမိရဲ႕....၊အင္း...
အိုဘားမား အဲ့ျပည္နယ္ေတြမွာ ႏိုင္မယ္ဆိုရင္လည္း ႏိုင္
သင့္ပါတယ္....၊သူအေတာ္ေလး လုပ္ေပးတာပဲကို...ေနာ့။
အိုဘားမားက သူအႏိုင္ရေရး ေဘးခ်ိတ္ၿပီး မုန္တိုင္းအတြက္ အားသြန္ခြန္စိုက္ လုပ္ေနတာကို ေတြ႔ေတာ့ ၂၀၀၈ တုန္းက နာဂစ္ဒဏ္ ခံရသူေတြကို ဂ႐ုမစိုက္ဘဲ ဖြဲ႔စည္းပံု အတည္ျဖစ္ေရးကိုပဲ မဲေနတဲ့ လူႀကီးေတြကို သြားသတိရမိတယ္၊ ေၾသာ္..ကြာပံုမ်ားေတာ့...၊
ရင္သားကင္ဆာကို လူေတြပိုၿပီး သတိျပဳမိလာေစတဲ့ အခုလို လမ္းေလွ်ာက္ပြဲေတြကို သေဘာက်မိတယ္...။
ကုုိယ္ကေတာ့အုုိဘားမားမွအုုိဘားမားဘဲ။
ကုုိယ္ေတာ့ေဟာ္လ၀င္းလဲမႏႊဲႏုုိင္သီတင္းကၽြတ္ပဲြလည္းမႏႊဲႏုုိင္ဒီကဂ်ဳိင့္ရန္ ့ပဲြလည္းမႏႊဲႏုုိင္ေလာက္ေအာင္ရွုုတ္ရွက္ခတ္ေနတယ္။ း)
အိုုင္အိုုရာ
အိုဘားမားနဲ ့ျမန္မာႏိုင္ငံ ဆက္ဆံေရးက လမ္းပြင့္ေနျပီဆိုေတာ့ တုိ ့ကေတာ့ အိုဘားမားကိုဘဲ ျပန္ရေစခ်င္တယ္...
ျမန္မာျပည္သူေတြကလည္း လက္ရွိအစိုးရနဲ႕ ဆက္ဆံေရး လမ္းေၾကာင္းပြင္႕ေနတဲ႕ အိုဘားမားကိုဘဲ ပိုလိုလားၾကပါတယ္
ခုေတာ႕လည္း အျဖဴအမည္း သည္းကြဲသြားျပီမို႕ အႏိုင္ရတဲ႕ အိုဘားမားအတြက္ ဝမ္းသာစရာပါဘဲ စန္းထြန္းေရ.
အစစ အဆင္ေျပတယ္ မဟုတ္လား။
အားလံုး အဆင္ေျပ ေခ်ာေမြ႔ပါေစလို႕ေနာ္။
အုိဘားမာႏူိင္ၿပီကြ၊၊ ဘားမားအတြက္ ဝမ္းသာစရာ :D စာပိလုိ႔ မေရာက္ျဖစ္တာ ၾကာၿပီ စန္းထြန္းေရ၊၊ ေနမ်ားေကာင္းပါေလစ :)
ေနာက္က်မွ ေရာက္တဲ႕သူဆိုေတာ့ သူမ်ားေတြလည္း ေျပာၿပိးသြားၿပီမို႕ ဘာမွမေျပာေတာ့ဘူးေနာ္ စန္းထြန္း ...:P ပံုေလးေတြ ေနာက္တစ္ၾကိမ္ ထပ္ၾကည့္ျဖစ္တယ္... ဗဟုသုတေလးေတြအတြက္ ေက်းဇူး...လို႕ ..:)
ညိမ်းနိုင် said...
လမ်းလျှောက်ပွဲလေးက ကြည်နူးစရာပဲဗျ....၊မိစန္ဒီရက်စက်
ချက်ကတော့ ဆိုးသဗျာ....၊နယူးယောက်မြို့ဖြစ်နေပုံကို
ကြည့်ရတာ ၂၀၁၂ တို့ the day after tomorrow တို့
လို ရုပ်ရှင်တွေကိုတောင် ပြေးသတိရမိရဲ့....၊အင်း...
အိုဘားမား အဲ့ပြည်နယ်တွေမှာ နိုင်မယ်ဆိုရင်လည်း နိုင်
သင့်ပါတယ်....၊သူအတော်လေး လုပ်ပေးတာပဲကို...နော့။
November 3, 2012 at 9:20 PM
ညီလင်းသစ် said...
အိုဘားမားက သူအနိုင်ရရေး ဘေးချိတ်ပြီး မုန်တိုင်းအတွက် အားသွန်ခွန်စိုက် လုပ်နေတာကို တွေ့တော့ ၂၀၀၈ တုန်းက နာဂစ်ဒဏ် ခံရသူတွေကို ဂရုမစိုက်ဘဲ ဖွဲ့စည်းပုံ အတည်ဖြစ်ရေးကိုပဲ မဲနေတဲ့ လူကြီးတွေကို သွားသတိရမိတယ်၊ သြော်..ကွာပုံများတော့...၊
ရင်သားကင်ဆာကို လူတွေပိုပြီး သတိပြုမိလာစေတဲ့ အခုလို လမ်းလျှောက်ပွဲတွေကို သဘောကျမိတယ်...။
November 4, 2012 at 9:56 AM
Anonymous said...
ကိုယ်ကတော့အိုဘားမားမှအိုဘားမားဘဲ။
ကိုယ်တော့ဟော်လဝင်းလဲမနွှဲနိုင်သီတင်းကျွတ်ပွဲလည်းမနွှဲနိုင်ဒီကဂျိုင့်ရန့်ပွဲလည်းမနွှဲနိုင်လောက်အောင်ရှုတ်ရှက်ခတ်နေတယ်။ း)
အိုင်အိုရာ
November 5, 2012 at 7:33 AM
ညီရဲ said...
အိုဘားမားနဲ့မြန်မာနိုင်ငံ ဆက်ဆံရေးက လမ်းပွင့်နေပြီဆိုတော့ တို့ကတော့ အိုဘားမားကိုဘဲ ပြန်ရစေချင်တယ်...
November 5, 2012 at 11:42 AM
ချော (အစိမ်းရောင်လွင်ပြင်) said...
မြန်မာပြည်သူတွေကလည်း လက်ရှိအစိုးရနဲ့ ဆက်ဆံရေး လမ်းကြောင်းပွင့်နေတဲ့ အိုဘားမားကိုဘဲ ပိုလိုလားကြပါတယ်
ခုတော့လည်း အဖြူအမည်း သည်းကွဲသွားပြီမို့ အနိုင်ရတဲ့ အိုဘားမားအတွက် ဝမ်းသာစရာပါဘဲ စန်းထွန်းရေ.
အစစ အဆင်ပြေတယ် မဟုတ်လား။
အားလုံး အဆင်ပြေ ချောမွေ့ပါစေလို့နော်။
November 7, 2012 at 1:56 PM
တိမ်ပြာ(မနောမြေ) said...
အိုဘားမာနိူင်ပြီကွ၊၊ ဘားမားအတွက် ဝမ်းသာစရာ :D စာပိလို့ မရောက်ဖြစ်တာ ကြာပြီ စန်းထွန်းရေ၊၊ နေများကောင်းပါလေစ :)
November 15, 2012 at 12:21 PM
Angelhlaing(May everybody be happy and healthy! said...
နောက်ကျမှ ရောက်တဲ့သူဆိုတော့ သူများတွေလည်း ပြောပြိးသွားပြီမို့ ဘာမှမပြောတော့ဘူးနော် စန်းထွန်း ...:P ပုံလေးတွေ နောက်တစ်ကြိမ် ထပ်ကြည့်ဖြစ်တယ်... ဗဟုသုတလေးတွေအတွက် ကျေးဇူး...လို့ ..:)
November 28, 2012 at 4:24 PM
Post a Comment