ရက်ကွက်ထဲမှာတော့ဗျာ - ၁၅

မမအိုင်အိုရာ အညွှန်းကောင်းလို့ ပထမဦးဆုံးသော ကိတ်မုန့်လက်ရာ။ ကြက်ဥ ၃လုံး၊ ဆီ ဖန်ခွက်တဝက်၊ ရေ ဖန်ခွက်တခွက်နဲ့ ၂ဒေါ်လာတန် အဲဒီတံဆိပ်အမှုန့်ကို ရောသမမွှေ။ ဖုတ်မယ့်ဗန်းကို ထောပတ်သုတ်၊ ၃၅၀ ဒီဂရီနဲ့ ၄၅မိနစ်လောက် ထားလိုက်ရင် အရသာရှိလှတဲ့ ကိတ်မုန့်လေး ရပါပြီ။ မမအိုင်အိုရာ လေသံအတိုင်း ပြောရရင် စူပါအီးဇီး.. း )


နိုဝင်ဘာ ၁၀ မှာ ဖြေရမယ့် ကွန်ပျူတာဂရပ်ဖစ် ဘာသာအတွက် မှတ်စုထုတ်ရင်း စာအုပ်တခြား၊ အဖုံးတခြား ဖြစ်နေတဲ့ စာအုပ်အဖုံးလေးကို မြင်မိတော့ ဓာတ်ပုံရိုက်လိုက်တယ်။ စာတော့ မသိဘူး..စာအုပ်တော့ ကြေနေပြီ  း D ။ ဆူနမ်နဲ့ ရာမား ပေးထားတယ့် မိုင်သောင်းချီအဝေးကနေ သယ်လာတဲ့ ဗလာစာအုပ်။ နီပေါနိုင်ငံရဲ့ အမှတ်သင်္ကေတ ကမ္ဘာ့အမြင့်ဆုံးး ဧဝရက်တောင်၊  အတန်း၊ ခုံနံပါတ်၊ ဘာသာ၊ ကျောင်းနာမည်တွေ ရေးဖို့ နီပေါနိုင်ငံ မြေပုံလေးရယ်။


အလုပ်ဝင်တာ ခြောက်လပြည့်လို့ အမြဲတမ်းဝန်ထမ်းခန့်ဖို့ မေးကြည့်တာ စန်ထရယ်အင်ဂျင်နီယာဌာနကို ဘတ်ဂျက်ဖြတ်ထားလို့ မခန့်နိုင်ပါဘူးတယ့် ခင်ည။ အခုက ကျောင်းသားဗီဇာ F1 ။  Curricular Practical Training  (CPT)  အလုပ်အချိန်ပြည့်လုပ် Distance Education (DE) Courses တွေ တက်နေရတဲ့ W2 အလုပ်လုပ်ခွင့်ပါမစ်ကို ကျောင်းက စပွန်ဆာပေးထားတာပါ။ အဲဒါက ၂၀၁၃ ဒီဇင်ဘာဆို ကုန်ပြီ။ စတိတ်မှာ ဆက်နေချင်ရင် အလုပ်ရှင်က H1B စပွန်ဆာပေးတယ့် အလုပ်ကို ရှာနေရပါပြီ။ အင်တာဗျူးတွေမှာ H1B စပွန်ဆာပေးလား မေးလိုက်ရင် ဆောရီးတွေကများလို့ စန်းထွန်းတယောက် ဆယ့်တစ်ကျပ်ကျ အဲ စိတ်ဓာတ်ကျနေတာပေါ့ ခင်ညာ။ စလုံးမှာ အီးပီ၊ အက်စ်ပတ်စ်တို့ကို အလုပ်ရှင်က လျှောက်ပေးသလိုမျိုးပေါ့။ အလုပ်တူရင်တောင် ဂရင်းကဒ်၊ စီးတင်းဇင်တွေက လစာပိုများတယ်။ နိုင်ငံခြားသားဆိုတာ နိုင်ငံသားနဲ့ အခွင့်အရေး ကွာတယ်။


မြို့အသစ်၊ အလုပ်အသစ်၊ လူအသစ်တွေနဲ့ အသားကျဖို့ ခြောက်လလောက် အချိန်ယူရတယ်။ ဟော..အသားကျလို့ ဒီကုမ္ပဏီ၊ ဒီမြို့၊ ဒီလူတွေကို ကြိုက်ပါတယ်ဆိုကာမှ ရေစက်ကုန်လို့ ခွဲရပြန်ဦးမယ်။ ဘယ်ဆီဘယ်ဝယ်မှန်းမသိ။ ဆောင်းဦးကာလမှာ သစ်ရွှက်တွေက အဝါရောင်၊ လိမ္မော်ရောင်၊ အနီရောင်တွေပြောင်းတာ တော်တော်လှတယ်။ ရာသီဥတုကလည်း သိသိသာသာ အေးလာပြီ။ အခုတော့ အပင်တွေက ရိုးတံကျဲကျဲ  ဆောင်းလေအဝှေ့မှာ သစ်ရွှက်ကြွေတွေက ဝေ့ဝဲလို့။

တုပ်ကွေးရာသီချိန်မို့ တုပ်ကွေးကာကွယ်ဆေးတွေ စတိုးဆိုင်ကြီးတွေ၊ ရုံးတွေမှာ အခမဲ့ ထိုးပေးနေပါတယ်။ တုပ်ကွေးဖြစ်တာကို ကာကွယ်ပေးပြီး တကယ်လို့ ကွေးခဲ့ရင်လည်း ကွေးချိန် တိုပါတယ်တဲ့။ အဲ နည်းနည်းတော့ ဟပ်ချိုးတယ်။ မတည့်တာကတော့ အတော့်ကို ဖြစ်နိုင်ချေ နည်းပါတယ်တဲ့။ အလကားဆို လက်မလွှတ်တယ့် စန်းထွန်းတယောက် ကာကွယ်ဆေးထိုးပါတယ်။ ပုရွှတ်ဆိတ်ကိုက်သလောက်သာ နာပေမယ့် နောက်နှစ်ရက်ကတော့ လက်မောင်း နာတယ်။ နမိုးနီးယားကာကွယ်ဆေးလည်း ထိုးလို့ရတယ်။ အိမ်ရှင်ရယ်၊ ပီတာရယ်က အားမပေးတာနဲ့ မထိုးလိုက်တော့ဘူး။


တုပ်ကွေးကာကွယ်ဆေးကို ဘယ်အချိန်လောက်ကစပြီး အမေရိကန်မှာ သုံးနေတာလဲဆိုတော့ ငါ ငယ်ငယ်ကတည်းကတဲ့။ အိမ်ရှင်က ၃၈ နှစ်။ မြန်မာပြည်မှာ တုပ်ကွေးချိန်ဆို ဟိုင်းကြီးတနယ်လုံးက ကလေးတွေ နယ်လုံးကျွှတ် ကွေးကြတာ သတိရတယ်။ တုပ်ကွေးပြင်းရင် အသက်ပါသွားနိုင်တယ်။ ဒန်းကီး(တုပ်ကွေး) ဖြစ်စေတဲ့ ခြင်၊ ပိုးဟပ်၊ ကြွက်၊ အကောင်ပလောင်တွေဆို စလုံးတွေက သိပ်ကြောက်ကြတာ။ ရွှေမြန်မာတွေကတော့ လာထား တုတ်နဲ ရိုက်၊ တစ်ရှူးနဲ့ ဖမ်း ။  ခြင်ကိုသာမက ကိုယ့်ကိုကိုယ်ပါ ဆော်တတ်တယ့် သူတွေမလား ဒီလောက်တော့ အပျော့။ တွေးမိတယ် အဲဒီတုပ်ကွေးကာကွယ်ဆေးသာ မြန်မာတနိုင်ငံလုံးက ကလေးတွေကို အခမဲ့ထိုးပေးနိုင်ရင် ဘယ်လောက်များ ကောင်းမလဲနော်။

အရင်ပို့တုန်းက လာဗင်ဒါလို့နာမည်ပေးထားတဲ့ မြက်ပင်တွေ ခုတော့ အသီးသီးနေကြပြီ
ရှေ့တပတ်ကတော့ ဆူပါဗိုက်ဆာကို စိတ်ဆိုးလွန်းလို့ နေ့လယ်စာလည်း မစားနိုင်၊ အသားတွေ အဆတ်ဆတ်တုန်၊ ခေါင်းတွေကိုက်။ တူရကီလေး မူဆာဖာ အလုပ်မရှိလို့ အလုပ်တောင်းတာ သူက တူရကီကို မကြာမှီ ပြန်တော့မှာ ပရောဂျက်တန်းလန်းဖြစ်နေမှာမို့လို့ အလုပ်မပေးနိုင်ပါဘူးတဲ့။ ပြီးတော့ ပိုက်ဆံလေလွင့်တယ်လို့ပြောလိုက်သေးတယ်။ အလုပ်မပြီးရင် သူ့အပြစ်၊ အလုပ်မရှိတာက သူ့အပြစ်မဟုတ်ဘဲ ပြောခံရတော့ မူဆာဖာ ဒေါသအမျက် ခြောင်းခြောင်းထွက်။ ဒါပေမယ့် သူက ဂျရတ်ကို ဘာမှမပြောဘူး။ ကိုယ့်အဖြစ်ကလည်း မူဆာဖာနဲ့ ထူးမခြားနား။ မဟုတ်မခံ ဆတ်ဆတ်ကျဲ စန်းထွန်းကတော့ မူဆာဖာလို ငြိမ်ခံမနေဘူးဗျ။ သွားချဲပစ်လိုက်တယ်။ မန်နေဂျာကိုပါ သွားတိုင်ပစ်လိုက်တယ်။ ကိုယ်မှန်လို့ကတော့ ဘူလီ လာမလုပ်နဲ့။ လုံးဝ ခံဘူး။ ခုတော့ ဂျရတ်တယောက် စန်းထွန်းကို မော်မကြည့်ရဲဘူး။ အဲ.. ငုံ့တော့ ကြည့်ရတယ်  း ) ။


အိမ်ရှင်မိဘတွေက လယ်လုပ်ကြတာမို့ သူတို့နိုင်ငံက စိုက်ပျိုးနည်းစနစ်ကို စပ်စုကြည့်ပါတယ်။ ဒီနှစ် ဒီလယ်ကွက်မှာ ပြောင်းစိုက်ရင် နောင်နှစ်မှာ မြေပဲ၊ ဝါဂွမ်း အလှည့်ကျ စိုက်ပျိုးနည်းစနစ်ကို သုံးပါတယ်။ လယ်ကွက်ထဲကမြေကို သုတေသနဌာနကို ပို့လိုက်ရင် မြေဆီလွှာမှာ ဘာဓာတ်တွေ၊ ဘယ်လောက်အချိုးအစား ရှိနေတာမို့ ဘယ်အပင်စိုက်သင့်တယ်လို့ ညွှန်ကြားပါတယ်။ သဘာဝဘေးဒဏ်ကြောင့် အသီးအနှံမအောင်ရင် အစိုးရက ရင်းနှီးစိုက်ပျိုးသမျှ ကျသလောက်ကို ပြန်ပေးပါတယ်တဲ့။ ရှုံးလို့ လယ်သမားတွေ လယ်မစိုက်တော့ရင် ဘယ်သူတွေ စိုက်ပျိုးကြမလဲနော့။ လယ်သမားတွေရဲ့ ထုတ်ကုန်တွေ ဈေးကွက်ထဲမြန်မြန်ဆန်ဆန် ရောက်ဖို့လည်း ကူညီပါတယ်။ ကုန်စည်စီးဆင်းမှု မကောင်းလို့ အသီးအနှံတွေ ပုပ်သိုးပြီးမှ ဈေးကွက်ထဲရောက်ရင် စိုက်ပျိုးသမျှ အလကားပါပဲ။ စတိတ်က အသီးအနှံတွေက ကြီးပေမယ့်လည်း နူးညံ့တယ်။ ဒီမျိုးစေ့က အရသာ၊ ဒီမျိုးစိတ်က အနံ့၊ ဒီမျိုးစိတ်က ရောဂါခံနိုင်မှု အကောင်းဆုံးဆိုတာတွေယူပြီး မျိုးစိတ်ကို ပြုပြင်ပါတယ်။

မွှေးထုံအီလို့ ပျားပိတုန်းတကောင်က ဝတ်ရည်သောက်သုံးလို့

သမ္မတရွှေးကောက်ပွဲအတွက် အမေရိကန်တဝှမ်း မဲဆွယ်ပွဲတွေ ပြင်းထန်နေပါတယ်။ ရီဘာပလင်ကန် သမ္မတလောင်း ရွမ်နီနဲ့ ဒီမိုကရက်တစ် လက်ရှိသမ္မတ အိုဘားမားတို့ စကားစစ်ထိုးပွဲတွေ၊ သူတို့ သမ္မတဖြစ်ရင် ချမှတ်မဲ့ စီးပွားရေး၊ နိုင်ငံရေး ပေါ်လစီတွေ၊ ပြိုင်ဘက်ရဲ့ အမှားတွေထောက်၊ သာသာနဲ့နှာနှာလေးနှက်ကာ မဲဆန္ဒရှင်တွေကို ဆွဲဆောင်နေပါတယ်။ မဲအရေအတွက်က သိပ်မကွာနိုင်တော့ အကြိတ်အနယ် ရှိလှပါတယ်။ တိုင်းပြည်ရဲ့အနာဂတ်ဆိုတော့ အမေရိကန်ပြည်သူတွေလည်း စိတ်ဝင်တစားရှိလှပြီး ပြည်သူတွေကို အကောင်းဆုံးလုပ်ပေးနိုင်မယ်ထင်တယ့် သမ္မတကို ရွေးချယ်ကြတော့ပါမယ်။


ရီဘာပလင်ကန် အမာခံ တက္ကဆက်က လာတယ့် အိမ်ရှင်က အရင်က အိုဘားမားကို မဲပေးခဲ့ပေမယ့် ခုတော့ ရွမ်နီတဲ့။ သမ္မတရွှေးကောက်ပွဲဆိုတာ မမြင်ဘူးတဲ့ စန်းထွန်းတယောက် စတိတ်မှာ မဲပေးခွင့်မရှိပေမယ့်လည်း သမ္မတလောင်းတွေ အကြိတ်အနယ်မဲဆွယ်ကြတာ နားဆင်ရင်း တို့ရွှေမြန်မာပြည်ကြီးလည်း တနေ့နေ့တော့...

စန်းထွန်း
အောက်တိုဘာ ၂၈၊ ၂၀၁၂။

18 comments:

စံပယ္ခ်ိဳ said...

သူ႔ရာသီနဲ႔သူ အပင္ေလးေတြၾကည္႔ရတာပဲ
စန္းထီန္းဆီလာရတာ ေက်နပ္ပါျပီ
သေဘာက်တယ္ အဲလုိအပင္ေတြကုိေလ
မဲေပးခြင္႔ရွိတာပဲ သြားေပးလုိက္ပါဒါလဲဗဟုစုတတမ်ဳိးရ
တာပဲေလေနာ္ ေနာက္ျပီးပုိစ္႔ေလးလဲေရးေပါ႔
ဂ်က္တုိလဲ သိရတာေပါ႔
ခ်စ္တဲ႔ sis jasmine
အာဘြားးးးးးးးးးး

စံပယ္ခ်ိဳ said...

စန္းထြန္းလုိ႔ေရးတာပါ
ညကအိပ္ေရးမ၀လုိ႔ထင္တာပဲ စန္းထီန္းတဲ႔
ကုိယ္တုိင္ၾကည္႔ျပီးရယ္လုိက္ရေသးတယ္

ေခ်ာ(အစိမ္းေရာင္လြင္ျပင္) said...

လွလိုက္တဲ႕ ရာသီပါလားစန္းထြန္းရယ္
ဒီရႈခင္းမ်ိဳးသာ ဦးၾကင္ဥတို႕ နတ္ရွင္ေနာင္တို႕ ေတြ႔လိုက္ရင္ ကဗ်ာစပ္၊ ရတုေတြ စပ္လို႕ ေကာင္းလိုက္မဲ႕ျဖစ္ခ်င္း..
အဲဒီျမင္ကြင္းေလးေတြ မ်က္စိနဲ႕ ကိုယ္တိုင္ျမင္လိုက္ခ်င္တာ..
ခုေတာ႕ ပံုေတြဘဲ ၾကည္႕ေနရတယ္။
စန္းထြန္းေတာင္ ကိတ္မုန္႕ ေအာင္ျမင္သြားျပီ တို႕မွာ မုန္႕ဖုတ္မယ္ေျပာေနတာ ႏွစ္နဲ႕ခ်ီေနျပီ
ခုထိ မစရေသးဘူး :P

ပန္းခ်ီ said...

စုံတကာစိေနေအာင္ ဖတ္ရတာအားရလုိက္တာ စန္းထြန္းေရ..အလကားရတာေတြကုိ လက္မလႊတ္တတ္တာေတာ့ ကုိယ္နဲ႔တူေနၿပီ :D အပင္ေလးေတြလည္း တကယ္လွ :)

ညိမ္းႏိုင္ said...

ကိတ္မုန္႕ဖုတ္ရာကေန အလုပ္အေၾကာင္းေရာ၊ကာကြယ္
ေဆးေရာ၊စိုက္ေရးပ်ဳိးေရးအေၾကာင္ေရာ....၊ေနာက္ဆံုး
အေမရိကန္သမၼတေရြးေကာက္ပြဲနဲ႕ ဂိတ္ဆံုးပါေလေရာ
လား....:))))။အဲ့လို အစံုသုတ္ေလးေတြကို သေဘာက်
သဗ်...၊ဘာလို႕ဆို ကိုယ္မေရာက္ဖူးတဲ့ေနရာက အေၾကာင္း
ေလးေတြကို စံုစံုလင္လင္ေလးသိရလို႕....။ၿပီး ပန္းပင္ေလး
ေတြကလည္း လွမွလွဗ်ား....။

မမိုး said...

စန္းထြန္း အျမန္ဆုံး အလုပ္ရွာေတြ႔ပါေစ.....

sosegado said...

အဆင္ေျပပါေစ ဆုေတာင္းေပးပါတယ္

ညီလင္းသစ္ said...

တစ္ပုဒ္ထဲနဲ႔ သိလိုက္ရတာေတြ အမ်ားႀကီးပဲ..၊ ေဆာင္းဦးေပါက္ကေတာ့ ဘယ္ေနရာ ၾကည့္လိုက္၊ ၾကည့္လိုက္ ေရာင္စံု႐ြက္ေႂကြေတြနဲ႔ လွတယ္ေနာ္..၊ H1B ေပးတဲ့ အလုပ္နဲ႔ ေတြ႔ပါေစလို႔ ဆုေတာင္းေပးပါတယ္ ညီမေရ...။

Anonymous said...

ဆက္ကိုုဖတ္ခ်င္ေနတာစန္းထြန္းေရ..း)
ကိတ္မုုန္ ့ေလးတစ္ေယာက္ထဲဆိုုေတာ္ေတာ္စားယူရမယ္္ေနာ္။
အျမန္ဆံုုးအလုုပ္ရပါေစလိုု ့......
မမအိုုင္အိုုရာ

San San Htun said...

ဂ်က္
ဒါ သက္သက္မဲ့..း)

မေခ်ာ
ဒီလို လွပတယ့္ရာသီမွာ ကဗ်ာဆရာေတြဆီက ကဗ်ာလွလွေလးေတြ ထြက္လာမွာ သိပ္ေသခ်ာတာေပါ့..ကဗ်ာမြဲလွတယ့္ စန္းထြန္းခမ်ာမွေတာ့..

မပန္းခ်ီ
အေဖာ္ရိွေတာ့ အားရိွတာေပါ့ ခင္ည..

ကိုညိမ္းႏိုင္
အစံုသုတ္တဲ့..ဟင္း တူမ်ားကို..

မမိုး၊ ကိုဆိုဆီ၊ ကိုညီလင္းသစ္
ေတာင္းေပးတယ့္ဆုနဲ ့ အၿမန္ၿပည့္ေစဗ်ား

မမအိုင္အိုရာ
တပတ္ေတာင္ မခံပါဘူးခင္ညာ..သာမီးက အဲဒီိလို အစားအေသာက္ပ်က္၊ အစားနည္းတာ..း)

ဟန္ၾကည္ said...

ဘေလာ့ရြာ နဲ႔ အဆက္ျပတ္ခ်က္ကေတာ့ ရပ္ကြက္ထဲမွာဗ်ာေတာင္ အပိုင္း ၁၅ ေရာက္သြားပါပေကာလား...ဦးဟန္ၾကည္တို႔ ရပ္ကြက္ထဲမွာေတာ့ ဒီေန႔ သီတင္းကၽြတ္လျပည့္ေန႔ဆိုေတာ့ မူးၾက၊ ရြဲၾက၊ ေျဗာက္အိုးေဖာက္ၾကနဲ႔ ဆူလို႔ ညံလို႔ဗ်ား...

ေခတ္ေတြ ေခတ္ေတြေျပာင္းသြားေတာ့လည္း ခဏႀကံဳ၊ ခဏခြဲနဲ႔ သံသရာက လည္တာ ျမန္လြန္းေနတာေပါ့ စန္းထြန္းေရ... Alvin Toffler ရဲ႕ Third wave နဲ႔ Future shock ကိုသာ ရွာဖတ္ၾကည့္ဖို႔ တိုက္တြန္းရေတာ့မွာပဲ...

စကားမစပ္ သူရို႕ဆီက ဧရ၀တ္ေတာင္က ဦးဟန္ၾကည္တို႔သိတဲ့ ဧ၀ရက္ေတာင္နဲ႔ ခပ္ဆင္ဆင္ရယ္ေနာ္ း)

San San Htun said...

ၾဆာဟန္
ဟုတ္ပါ့..ဧဝရက္ေတာင္လို ့ေရးတာ ဘယ့္လိုၿဖစ္ၿပီး ဧရဝတ္ေတာင္ ၿဖစ္သြားပါလိမ့္..း) ၿပင္လိုက္ၿပီ ၾဆာဟန္..

Anonymous said...

တုတ္ေကြးကာကြယ္ေဆးထိုးတာ စလံုးမွာေတာ့ ၂၀ ေက်ာ္ေက်ာ္ပဲ GST နဲ႔ ေပါင္းလိုက္ရင္ ၂၅ ေဒၚလာေလာက္က်တယ္... ၾကိဳက္တဲ႔ ေဆးခန္းဝင္ထိုးလို႔ရတယ္... တႏွစ္ခံဆိုေပမယ့္ ၂ ႏွစ္နီးပါးခံတယ္ မမ

San San Htun said...

အမည္မသိ
စလံုးမွာ တုတ္ေကြးကာကြယ္ေဆးထိုးလို ့ရမွန္း မသိခဲ့ဘူး..ေၿပာၿပေပးတာ ေက်းဇူးပါ ခင္ည..အမည္မသိနဲ ့ မန္ ့ေပမယ့္လည္း နာမည္ေလးေတာ့ ခ်န္ထားခဲ့ပါေနာ္..ႏို ့မို ့ကိုအမည္မသိ၊ မအမည္မသိ ေခၚရမွာလား မသိ..း)

အလင္းသစ္ said...

ဓာတ္ပံုေလးေတြ လွလိုက္တာ... ကိုယ္ေတြ ရပ္ကြက္ထဲမွာေတာ့ဗ်ာ... ေျပာမေျပာခ်င္ေတာ့ပါဘူး... :P :P

San San Htun said...

ေမာင္ေမာင္တေယာက္ ေပ်ာက္လွခ်ည္လား..ကိုယ္ေတြ ရက္ကြက္ထဲမွာေတာ့ မေၿပာပါနဲ ့ေတာ့..း)

Angelhlaing(May everybody be happy and healthy! said...

တုတ္ေကြးဆိုလို႕ အကိုဆူးသစ္ေရးတဲ႕ ပို႕စ္ေလးနဲ႕ ဆပ္စပ္မိသြားတယ္ ... ဒါနဲ႕ စကားမစပ္ ဓါတ္ပံုေလးေတြ လွလိုက္တာ..ရီုက္တဲ႕သူေတာ္လို႕ ..ေနမွာ..:)

San San Htun said...

စံပယ်ချို said...
သူ့ရာသီနဲ့သူ အပင်လေးတွေကြည့်ရတာပဲ
စန်းထီန်းဆီလာရတာ ကျေနပ်ပါပြီ
သဘောကျတယ် အဲလိုအပင်တွေကိုလေ
မဲပေးခွင့်ရှိတာပဲ သွားပေးလိုက်ပါဒါလဲဗဟုစုတတမျိုးရ
တာပဲလေနော် နောက်ပြီးပိုစ့်လေးလဲရေးပေါ့
ဂျက်တိုလဲ သိရတာပေါ့
ချစ်တဲ့ sis jasmine
အာဘွားးးးးးးးးးး
October 28, 2012 at 1:09 AM
စံပယ်ချို said...
စန်းထွန်းလို့ရေးတာပါ
ညကအိပ်ရေးမဝလို့ထင်တာပဲ စန်းထီန်းတဲ့
ကိုယ်တိုင်ကြည့်ပြီးရယ်လိုက်ရသေးတယ်
October 28, 2012 at 1:11 AM
ချော(အစိမ်းရောင်လွင်ပြင်) said...
လှလိုက်တဲ့ ရာသီပါလားစန်းထွန်းရယ်
ဒီရှုခင်းမျိုးသာ ဦးကြင်ဥတို့ နတ်ရှင်နောင်တို့ တွေ့လိုက်ရင် ကဗျာစပ်၊ ရတုတွေ စပ်လို့ ကောင်းလိုက်မဲ့ဖြစ်ချင်း..
အဲဒီမြင်ကွင်းလေးတွေ မျက်စိနဲ့ ကိုယ်တိုင်မြင်လိုက်ချင်တာ..
ခုတော့ ပုံတွေဘဲ ကြည့်နေရတယ်။
စန်းထွန်းတောင် ကိတ်မုန့် အောင်မြင်သွားပြီ တို့မှာ မုန့်ဖုတ်မယ်ပြောနေတာ နှစ်နဲ့ချီနေပြီ
ခုထိ မစရသေးဘူး :P
October 28, 2012 at 3:27 AM
ပန်းချီ said...
စုံတကာစိနေအောင် ဖတ်ရတာအားရလိုက်တာ စန်းထွန်းရေ..အလကားရတာတွေကို လက်မလွှတ်တတ်တာတော့ ကိုယ်နဲ့တူနေပြီ :D အပင်လေးတွေလည်း တကယ်လှ :)
October 28, 2012 at 4:18 AM
ညိမ်းနိုင် said...
ကိတ်မုန့်ဖုတ်ရာကနေ အလုပ်အကြောင်းရော၊ကာကွယ်
ဆေးရော၊စိုက်ရေးပျိုးရေးအကြောင်ရော....၊နောက်ဆုံး
အမေရိကန်သမ္မတရွေးကောက်ပွဲနဲ့ ဂိတ်ဆုံးပါလေရော
လား....:))))။အဲ့လို အစုံသုတ်လေးတွေကို သဘောကျ
သဗျ...၊ဘာလို့ဆို ကိုယ်မရောက်ဖူးတဲ့နေရာက အကြောင်း
လေးတွေကို စုံစုံလင်လင်လေးသိရလို့....။ပြီး ပန်းပင်လေး
တွေကလည်း လှမှလှဗျား....။
October 28, 2012 at 4:57 AM
မမိုး said...
စန်းထွန်း အမြန်ဆုံး အလုပ်ရှာတွေ့ပါစေ.....
October 28, 2012 at 5:37 AM
sosegado said...
အဆင်ပြေပါစေ ဆုတောင်းပေးပါတယ်
October 28, 2012 at 10:31 AM
ညီလင်းသစ် said...
တစ်ပုဒ်ထဲနဲ့ သိလိုက်ရတာတွေ အများကြီးပဲ..၊ ဆောင်းဦးပေါက်ကတော့ ဘယ်နေရာ ကြည့်လိုက်၊ ကြည့်လိုက် ရောင်စုံရွက်ကြွေတွေနဲ့ လှတယ်နော်..၊ H1B ပေးတဲ့ အလုပ်နဲ့ တွေ့ပါစေလို့ ဆုတောင်းပေးပါတယ် ညီမရေ...။
October 29, 2012 at 7:29 AM
Anonymous said...
ဆက်ကိုဖတ်ချင်နေတာစန်းထွန်းရေ..း)
ကိတ်မုန့်လေးတစ်ယောက်ထဲဆိုတော်တော်စားယူရမယ်နော်။
အမြန်ဆုံးအလုပ်ရပါစေလို့......
မမအိုင်အိုရာ
October 29, 2012 at 11:43 AM
San San Htun said...
ဂျက်
ဒါ သက်သက်မဲ့..း)

မချော
ဒီလို လှပတယ့်ရာသီမှာ ကဗျာဆရာတွေဆီက ကဗျာလှလှလေးတွေ ထွက်လာမှာ သိပ်သေချာတာပေါ့..ကဗျာမွဲလှတယ့် စန်းထွန်းခမျာမှတော့..

မပန်းချီ
အဖော်ရှိတော့ အားရှိတာပေါ့ ခင်ည..

ကိုညိမ်းနိုင်
အစုံသုတ်တဲ့..ဟင်း တူများကို..

မမိုး၊ ကိုဆိုဆီ၊ ကိုညီလင်းသစ်
တောင်းပေးတယ့်ဆုနဲ့ အမြန်ပြည့်စေဗျား

မမအိုင်အိုရာ
တပတ်တောင် မခံပါဘူးခင်ညာ..သာမီးက အဲဒီလို အစားအသောက်ပျက်၊ အစားနည်းတာ..း)
October 29, 2012 at 8:59 PM
ဟန်ကြည် said...
ဘလော့ရွာ နဲ့ အဆက်ပြတ်ချက်ကတော့ ရပ်ကွက်ထဲမှာဗျာတောင် အပိုင်း ၁၅ ရောက်သွားပါပကောလား...ဦးဟန်ကြည်တို့ ရပ်ကွက်ထဲမှာတော့ ဒီနေ့ သီတင်းကျွတ်လပြည့်နေ့ဆိုတော့ မူးကြ၊ ရွဲကြ၊ ဗြောက်အိုးဖောက်ကြနဲ့ ဆူလို့ ညံလို့ဗျား...

ခေတ်တွေ ခေတ်တွေပြောင်းသွားတော့လည်း ခဏကြုံ၊ ခဏခွဲနဲ့ သံသရာက လည်တာ မြန်လွန်းနေတာပေါ့ စန်းထွန်းရေ... Alvin Toffler ရဲ့ Third wave နဲ့ Future shock ကိုသာ ရှာဖတ်ကြည့်ဖို့ တိုက်တွန်းရတော့မှာပဲ...

စကားမစပ် သူရို့ဆီက ဧရဝတ်တောင်က ဦးဟန်ကြည်တို့သိတဲ့ ဧဝရက်တောင်နဲ့ ခပ်ဆင်ဆင်ရယ်နော် း)
October 30, 2012 at 9:44 AM
San San Htun said...
ဆြာဟန်
ဟုတ်ပါ့..ဧဝရက်တောင်လို့ရေးတာ ဘယ့်လိုဖြစ်ပြီး ဧရဝတ်တောင် ဖြစ်သွားပါလိမ့်..း) ပြင်လိုက်ပြီ ဆြာဟန်..
October 30, 2012 at 7:39 PM
Anonymous said...
တုတ်ကွေးကာကွယ်ဆေးထိုးတာ စလုံးမှာတော့ ၂၀ ကျော်ကျော်ပဲ GST နဲ့ ပေါင်းလိုက်ရင် ၂၅ ဒေါ်လာလောက်ကျတယ်... ကြိုက်တဲ့ ဆေးခန်းဝင်ထိုးလို့ရတယ်... တနှစ်ခံဆိုပေမယ့် ၂ နှစ်နီးပါးခံတယ် မမ
November 1, 2012 at 4:48 AM
San San Htun said...
အမည်မသိ
စလုံးမှာ တုတ်ကွေးကာကွယ်ဆေးထိုးလို့ရမှန်း မသိခဲ့ဘူး..ပြောပြပေးတာ ကျေးဇူးပါ ခင်ည..အမည်မသိနဲ့ မန့်ပေမယ့်လည်း နာမည်လေးတော့ ချန်ထားခဲ့ပါနော်..နို့မို့ကိုအမည်မသိ၊ မအမည်မသိ ခေါ်ရမှာလား မသိ..း)
November 1, 2012 at 11:49 PM
အလင်းသစ် said...
ဓာတ်ပုံလေးတွေ လှလိုက်တာ... ကိုယ်တွေ ရပ်ကွက်ထဲမှာတော့ဗျာ... ပြောမပြောချင်တော့ပါဘူး... :P :P
November 2, 2012 at 2:27 PM
San San Htun said...
မောင်မောင်တယောက် ပျောက်လှချည်လား..ကိုယ်တွေ ရက်ကွက်ထဲမှာတော့ မပြောပါနဲ့တော့..း)
November 4, 2012 at 11:45 PM
Angelhlaing(May everybody be happy and healthy! said...
တုတ်ကွေးဆိုလို့ အကိုဆူးသစ်ရေးတဲ့ ပို့စ်လေးနဲ့ ဆပ်စပ်မိသွားတယ် ... ဒါနဲ့ စကားမစပ် ဓါတ်ပုံလေးတွေ လှလိုက်တာ..ရီုက်တဲ့သူတော်လို့ ..နေမှာ..:)
November 28, 2012 at 4:27 PM